Tuesday, July 21, 2015

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျသည့်နေရာနှင့် ကားလမ်းရေကျော်သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ========================================

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျသည့်နေရာနှင့် ကားလမ်းရေကျော်သည့်နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက် ======================================== နေပြည်တော် ဇူလိုင် ၂ဝ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးတစ်ဝိုက်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်ရင်ချောင်းနှင့် နမ့်ကောင်းချောင်းများတွင် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ ဇူလိုင် ၁၈ ရက် နံနက်ပိုင်းမှစ၍ ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော် သားများက ဒေသခံပြည်သူများနှင့် ပစ္စည်းများကို ကူညီရွှေ့ပြောင်းပေးခြင်း နှင့် နယ်လှည့်ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးကာ စောင်၊ ခြင်ထောင်၊ ဆန်အိတ်၊ ထမင်းထုပ်များ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းကြသည်။ ယခုအခါ မိုးရွာသွန်းမှုနည်းပါးသွားသော်လည်း အဆိုပါမြို့နယ်တွင် ရေဝင်ရောက်မှုမှာ အနည်းငယ်သာကျဆင်းသဖြင့် တပ်မတော်သားများက ကယ်ဆယ်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင် ရွက်ပေးလျက်ရှိသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် တောင်ပို့တစ်ရာ ကျေးရွာအုပ်စု ဝါသလကျေးရွာရှိ ဇလွန်-ဟင်္သာတရေကာတာ အဟောင်း မိုင်တိုင်အမှတ် (၁၈/ဝ) မှ (၁၈/ ၁) အကြားနှင့် မိုင်တိုင်အမှတ် (၁၈/၂) နှင့် (၁၈/၃)အကြားတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဇူလိုင် ၁၉ ရက်တွင် ရေကာတာအပြင်ဘက်မြစ်ကမ်းပါးသည် အလျားပေ ၆၅ဝ၊ အနံ ပေ ၃ဝဝ ခန့်အထိ ပြိုကျခဲ့ပြီး ရေကာတာနှင့် ၂၆ ပေခန့်အကွာအထိ နီးကပ်စွာ ရောက်ရှိခဲ့သဖြင့် ဝါသလကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ အိမ်ထောင်စု ၁၇၁ စု၊ လူဦးရေ ၆၉၂ ဦးကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ ပေးလျက်ရှိသည်။ ထို့အပြင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆည်မြောင်းဦးစီးဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ တာပေါင်ပြိုကျပျက်စီးမှု မရှိစေရေးအတွက် ငုတ်ရိုက်ခြင်း၊ မြေဖို့ခြင်း၊ သဲအိတ်ချခြင်းများ ကူညီဆောင်ရွက်ပေးပြီး နယ်မြေခံ တပ်မှ ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် မုံရွာမြို့နယ် စတဲချောင်းမှ အိုးဘိုတောင်အင်းအတွင်း ရေအဆက် မပြတ်စီးဝင်ပြီး အင်းရေမြင့်တက်လျက်ရှိရာ လူနေရပ်ကွက်အတွင်းသို့ ရေများ ဝင်ရောက်လာနိုင်သဖြင့် အင်းတာပေါင်ရေစိမ့်မှုမရှိစေရန်နှင့် ရေကျော်မှု မဖြစ်စေရန်အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာတပ်နယ်မှ တပ်မတော်သားများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဆည်မြောင်းတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ရေစိမ့်နိုင်သည့်နေရာများအား မြေသားများ ဖို့ခြင်းနှင့် သဲအိတ်များချခြင်းများ ဆောင်ရွက်သည်။ ၎င်းအပြင် အရာတော်မြို့နယ် အရာတော်-ရွာသာကြီး ကားလမ်းပေါ်ရှိ ဇရစ်ကျေးရွာနှင့် မူးမြစ်ကူး(သမရိုး)တံတားအကြား မူးမြစ်ရေလျှံမှုကြောင့် ကားလမ်းရေကျော်မှုဖြစ်ပေါ်လျက်ရှိရာ အရာတော်တပ်နယ်မှတပ်မတော် သားများက ကားလမ်းများပျက်စီးမှုမရှိစေရေးနှင့် ရေတိုက်စားမှုဒဏ်ခံ နိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မြေသားများဖို့ပေးခြင်းနှင့် သဲအိတ်များချပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။ (မြဝတီ)

No comments: