Showing posts with label ဖောက်ထွန်းမှု့. Show all posts
Showing posts with label ဖောက်ထွန်းမှု့. Show all posts

Saturday, October 8, 2016

မန္တလေးမြို့တွင် စတိုးဆိုင်တစ်ဆိုင် အတွင်းမှ ပစ္စည်းများကို အသက် ၁၂ နှစ်နှင့် ၁၆ နှစ်အရွယ် ကလေးများ ပါဝင်သည့် အဖွဲ့က ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ဖောက်ထွင်းသည့် ဖြစ်စဉ် ဖြစ်ပွား

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ ဇောတိက စတိုးဆိုင်ဟောင်း ဖောက်ထွင်းခံရ မှုဖြစ်ပွားပြီးနောက် အောက်တိုဘာ ၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ယဉ်မျိုးသွယ်)

မန္တလေးမြို့တွင် လူမနေသော စတိုးဆိုင်တစ်ဆိုင်ရှိ ပစ္စည်းများကို အသက် ၁၂ နှစ်မှ ၁၆ နှစ် အရွယ် လူငယ်များက ထော်လာဂျီ၊ ဆိုင်ကယ်များဖြင့် ဖောက်ထွင်းမှုတစ်ခု အောက်တိုဘာ  ၅ ရက် နံနက် ၁၀ နာရီခန့်က ၂၆ ဘီလမ်းနှင့် ၉၃ လမ်းထောင့်၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ် ၉၃ လမ်းနှင့် ၂၆ ဘီလမ်းထောင့်၊ သီရိဟေမာ အနောက်အကွက် (၂၂၇)၊ ပွဲကုန်းလမ်းမတန်းရပ်ရှိ ဇောတိက စတိုးဆိုင် အဟောင်းအတွင်းသို့ ၀င်ရောက်ဖောက်ထွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖောက်ထွင်းခံခဲ့ရသော စတိုးဆိုင်တွင် လူစောင့်မရှိဘဲ ကွန်ပျူတာ မိတ္တူဆိုင် ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ထားရှိကြောင်း၊ အဆိုပါ စတိုးဆိုင်နှင့် ကပ်လျက် လေးအိမ်ကျော်တွင် ပိုင်ရှင်တစ်ဦးတည်း နေထိုင်ပြီး ဖောက်ထွင်းခိုးယူမည့် သူတို့သည် အောက်တိုဘာ ၄ ရက် ညနေ ၃ နာရီ ကတည်းက သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီတို့ဖြင့် ပစ္စည်းများ သယ်ယူသွားခဲ့ပြီး နောက်တစ်ကြိမ် လာရောက် ခိုးယူစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်