Monday, November 6, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ တွင် အနိုင်ရရှိခဲ့သည့် အောင်လအန်ဆန်အားဂုဏ်ပြု

ရန်ကုန် နိုဝင်ဘာ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်၌ MMA (ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ)One Hero’s Dream ပြိုင်ပွဲတွင် အနိုင် ရရှိခဲ့သည့် အောင်လအန်ဆန်အား ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ၍ ဂုဏ်ပြု အမှတ်တရ လက်ဆောင်ပေးအပ်သည်။

မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၃ ရက် က ကျင်းပခဲ့သည့် One Championship  Hero’s Dream Open Weight Super –Bout ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု Middle Weight တန်းမှ အောင်လအန်ဆန်က စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောင်ဆင် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီကို ပထမအချီ ၄ မိနစ် ၃၁ စက္ကန့်တွင်ထိုက်ထိုက်တန်တန်အနိုင်ရရှိခဲ့သည်။

No comments: