Showing posts with label ကားတိုက်မှု့. Show all posts
Showing posts with label ကားတိုက်မှု့. Show all posts

Saturday, October 8, 2016

အရက်သောက်စားပြီး အရှိန်ပြင်းစွာ မောင်းနှင်လာသည့်ကား ဆိုင်ကယ် ၃ စီးနှင့် ရဲကင်းတဲအား ၀င်တိုက်မိ ၂ ဦးသေဆုံး


 


၈.၁၀.၂၀၁၆ ရက်နေ့ နံနက်၎နာရီ အချိန်ခန့်တွင် စစ်ကိုင်း - မန္တလေး ရတနာပုံတံတား မန္တလေးဘက်အဆင်း ရဲကင်းနားတွင် ယာဉ်တိုက်မှုဖြစ်ကြောင်း ဖုန်းဆက်အကြောင်းကြားရာ သံဝေဂဥာဏ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်၂စီး နာရေးယာဉ် ၁စီးဖြင့် သွားရောက် ကူညီကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကူညီခဲ့ပါသည်။


ယာဉ်တိုက်မှုဖြစ်စဉ်တွင် ကားသမားလူငယ်မှာ အရက်သောက်စားပြီး ကားအား အရှိန်ပြင်းစွာ မောင်းလာ ကြောင်းသိရသည်။


အဆိုပါကားမှ စစ်ကိုင်းမြို့ ညောင်ကုန်းမှ ကုန်စိမ်းသည် မမွေးမွေး(သေဆုံး)နှင့် မရွှေစင်(သေဆုံး)တို့၏ ဆိုင်ကယ်အပါအ၀င် ဆိုင်ကယ် ၃စီးအား ဝင်တိုက်မိသည့်အပြင် ရတနာပုံရဲကင်းတဲအား ဝင်တိုက်ပြီး ရပ်သွားခဲ့ရာ လူနာ ၄ဦး သေဆုံး၂ဦးတို့ ဖြစ်ပါသည်။

သံဝေဂဥာဏ လူမှုကူညီရေးအသင်း
ရွှေကြက်ယက်

မန္တလေးတွင် ကိုးလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၅၀၀ ခန့်ရှိနေ


 မန္တလေးတိုင်းဒေသကြီး တွင် ၂၀၁၆ ကိုးလအတွင်း ယာဉ် တိုက်မှုများကြောင့် ထိခိုက်ဒဏ် ရာရရှိမှုနှင့် သေဆုံးမှု ယမန်နှစ် ထက် ပိုမိုများပြားလာကြောင်း တိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင် ဘာအထိ ယာဉ်တိုက်မှု ၁,၆၂၀ မှုဖြစ်ပွားပြီး ယာဉ်တိုက်မှုများ ကြောင့် ၄၉၂ ဦးသေဆုံးကာ ၂,၄၅၄ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ သိရ သည်။

၂၀၁၅ ဇန်နဝါရီမှ စက်တင် ဘာအထိ ယာဉ်တိုက်မှု ၁,၅၄၀ မှုဖြစ်ပွားပြီး ၄၄၀ ဦးသေဆုံးကာ ၂,၇၀၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့၍ ယခင်နှစ်ထက် ယာဉ်တိုက်မှုနှင့်သေဆုံးမှု ပိုမိုများပြားလာခြင်းဖြစ် သည်။

ယာဉ်တိုက်မှုများသည် မဆင်မခြင်မောင်းနှင်မှုကြောင့် အများဆုံးဖြစ်ပွားနေပြီး မန္တလေး မြို့တွင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းများ ပိုမိုကောင်းမွန်လာ စေရန် မြို့တွင်းမြို့ပြင် လမ်းပိုင်း အလိုက် စည်းကမ်းပျက်ယာဉ်များ ကို ဌာနစုံပူးပေါင်းအဖွဲ့ဖြင့် စစ် ဆေးအရေးယူနေကြောင်း ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ယာဉ်တိုက်မှုများ လျော့ကျစေရန် ၂၀၁၆ မေလ ၁ ရက်ကစတင်ကာ ရက် ၁၀၀ စီမံချက်အဖြစ် ဆောင် ရွက်ပြီးနောက် ယခုအခါ ယာဉ် တိုက်မှုလျော့နည်းရေး ခြောက်လ တာစီမံချက်ရေးဆွဲပြီး ဆက်လက် အကောင်အထည်ဖော်ဆောင် ရွက်နေကြောင်း ယာဉ်ထိန်းဒုတပ် ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိသည်။

Friday, October 7, 2016

ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ ( ၇)ဦးသေဆုံး ၊ ( ၅) ဦးပြင်းထန်စွာ ဒဏ်ရာရရှိ


 


အောက်တိုဘာလ (၇)ရက်နေ့ ယနေ့ ညနေ ၄ နာရီခန့် က ရန်ကုန် - ပုသိမ်လမ်း ဆားမလောက်နှင့် ရေနံမြေလမ်းဆုံးကြားမှာ  ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ ၍ ( ၇)ဦးသေဆုံး ၊ ( ၅) ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

Credit original up loader

ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ ( ၇)ဦးသေဆုံး ၊ ( ၅) ဦးပြင်းထန်စွာ ဒဏ်ရာရရှိ


 


အောက်တိုဘာလ (၇)ရက်နေ့ ယနေ့ ညနေ ၄ နာရီခန့် က ရန်ကုန် - ပုသိမ်လမ်း ဆားမလောက်နှင့် ရေနံမြေလမ်းဆုံးကြားမှာ  ကြယ်စင်လင်းမှန်လုံယာဉ်နှင့် အိမ်စီးကားလေး ( ၂ ) စီး တိုက်မိ ၍ ( ၇)ဦးသေဆုံး ၊ ( ၅) ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ကြောင်းသိရသည်။

Credit original up loader

တွံတေး၌ ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်၊ တစ်ဦးသေ ကိုးဦး ဒဏ်ရာရ


 


တွံတေး အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ကံရွာကျေးရွာအုပ်စု အိုင်ကြီးကျေးရွာ တွံတေး-လှိုင်သာယာကားလမ်းပေါ်၌ ယာဉ်နှစ်စီးမျက်နှင်ချင်းဆိုင် တိုက်မှု အောက်တိုဘာ ၆ ရက် နံနက် ၇ နာရီက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လှိုင်သာယာမှ တွံတေး- လှိုင်သာယာ ကားလမ်းအတိုင်း ယာဉ်မောင်း မောင်ဇော် (၃၆ နှစ်) အမှတ် (၄၃၇) တေးဥယျာဉ် (၃) လမ်း (၇) ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသော 4E/---- ပရိုဘောက် အငှားယာဉ်နှင့် တွံတေးမြို့ဘက်ခြမ်းမှ မောင်းနှင်လာသော ယာဉ်မောင်း ဝင်းဇော်ဦး(ခ) အညာသား (၂၅ နှစ်) လေးအိမ်တန်းကျေးရွာ ကျိုက်လပ်မြို့နယ် နေသူ မောင်းနှင်လာသော 1E/---- ယာဉ်တို့သည် တွံတေး-လှိုင်သာယာ ကားလမ်း အိုင်ကြီးကျေးရွာအနီး၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ပရိုဘောက် ယာဉ်မောင်း မောင်ဇော်တွင် ဒဏ်ရာ များ ရရှိကာ ယာဉ်ပေါ်ပါ ဦးသန်းဇော် (၄၂ နှစ်) အမှတ် ၄၂၈ (က) အောင်တံခွန်လမ်း (၇)ရပ်ကွက် လှိုင်သာယာမြို့နယ်နေသူမှာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ကာ ကျန်ခုနစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

အလားတူ 1E/--- ယာဉ်မောင်း ဝင်းဇော်ဦး(ခ) အညာသား တွင် (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ် ပို့ဆောင်ကုသခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နှစ်ဦးကို တွံတေးမြို့နယ် ခလောက်ချိုက် နယ်မြေရဲစခန်းက အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)
Myanmaalinn

Sunday, October 2, 2016

ဆင်စခန်းအား စုံစမ်းစစ်ဆေး



စက်တင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီလောက်မှာ ပြည်တွင်းပြေးဆွဲတဲ့ ဘန်ကောက်-ချင်းမိုင် အဲကွန်းဘတ်စ်ကားတစီးဟာ လန်းပန်း-ချင်းမိုင် ကားလမ်းကနေ မောင်းနေတုန်း ဟန်ချက်ဒေသထဲမှာ အသက် ၈ နှစ်အရွယ် ပလိုင်ဥဒမ်လို့ခေါ်တဲ့ ဆင်ကို တိုက်မိပြီး ဆင်သေသွားပါတယ် အဲ့ဒီနောက် ဆင်ထိန်းသိမ်းစခန်းတွေကို ဆင်တွေ ဒီလိုအကြောင်းမဲ့ လျှောက်သွားနေတာကို တားဆီးနိုင်ဖို့ နည်းလည်းရှာကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

လန်းပန်းရဲ့ ဒေသဆိုင်ရာကာကွယ်ရေးရုံးအမှတ်-၁၃၊ တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းရေးယူနစ်မှ အကြီးအကဲဖြစ်သူ ချနွမ်ဖမ်မ်ဂျွန်မ်တန်က အရင်ကလည်း ဒီလိုကိစ္စမျိုးရှိခဲ့လို့ ဆင်ထိန်းသိမ်းရေးစခန်းတွေအနေနဲ့ ဆင်တွေရဲ့သွားလာမှုအပေါ် တားမြစ်ရမယ်လို့ ပြောလိုက်တာပါ။

ဒီကားတိုက်မှုကြောင့် ဆင်အထီးတကောင် သေဆုံးခဲ့ပြီး ကားသမားလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တာပါ။

ခရီးသည်တွေကတော့ ဒဏ်ရာရခဲ့တာမရှိဘူးလို့ သိရပါတယ်။

ကားတိုက်မှုမိတဲ့ အရှိန်ကြောင့် ဆင်ဟာတိုက်မိတဲ့နေရာမှာပဲ သေဆုံးသွားပြီး ကားသမား နာရစ်တ်ဂျစ်ထရွန် အသက် ၄၅ နှစ်လည်း ဒရိုင်ဘာခုံနဲ့ ညှပ်မိပြီးဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

ကယ်ဆယ်ရေးတွေက သူကို ကယ်တင်နိုင်ခဲ့တာပါ။

မစ်စတာချနွမ်ဖမ်မ်ကတော့ ဆင်တွေက ဆင်ထိန်းသိမ်းစခန်းတွေကနေ အကာအရံတွေကို ချိုးဖျက်ပြီး လမ်းပန်း-ချင်းမိုင် ကားလမ်းနဲ့နီးတဲ့ မဲ့ပွန်စမ်းချောင်းကို လာတတ်ပါတယ်။

ဒါကြောင့် ဆင်ထိန်းသိမ်းစခန်းတွေအနေနဲ့ သစ်သားခြံစည်းရိုးအမြင့်ကြီးတွေ ကာရံထားသင့်တယ်လို့ အကြံပြုထားပါတယ်။

ဆင်ထိန်းစခန်းတွေကလည်း သူတို့အနေနဲ့ လျှစ်စစ်ဓာတ်အားတပ်ဆင်ထားတဲ့ သံဆူးကြိုးတွေနဲ့ ဆင်စခန်းတွေကို ကာရံချင်ကြောင်း ဒါပေမယ့်အဲဒီလိုလုပ်ဖို့ ငွေကြေးအထောက်အပံ့လိုတယ်လို့ ပြောပါတယ်။

မစ်စတာချနွမ်ဖမ်မ်ကတော့ ဒီပြဿနာကိုရှင်းဖို့ ဆွေးနွေးမှုတွေလုပ်ဖို့ လိုကြောင်းလည်းပြောလိုက်ပါတယ်။

“အာရှဆင်များရဲ့သူငယ်ချင်းများ” လို့အမည်ရတဲ့ အဖွဲ့အစည်း တည်ထောင်သူ မစ်စ်ဆိုရိုင်ဒါဆယ်ဝါလာက သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒီလိုဆင်တွေ လမ်းပေါ်မှာ လျှောက်သွားတာကို ကာကွယ်ဖို့နည်းလမ်းရှာကြရန်လည်း တောင်းဆိုလိုက်ပါတယ်။

မစစ်ဆိုရိုင်ဒါက “ဒါကပထမဦးဆုံးဖြစ်တာမဟုတ်ဘူးလေ တခါတုန်းကလည်း ဓာတ်ဆီကားက ဆင်ကို တိုက်မိပြီး လူ ၂ ယောက် သေခဲ့သေးတယ်” လို့ ပြောပါတယ်။

သူမဆက်ပြောတာက တောထဲကို လွှတ်ပေးလိုက်တဲ့ဆင်တွေ တောထဲကနေ မထွက်လာအောင် ကာကွယ်စောင့်ရှောက်ဖို့  လှုံ့ဆော်တဲ့လှုပ်ရှားမှုတွေ လုပ်ရန် လိုကြောင်းလည်း ပြောပါတယ်။

ဘာလို့လဲဆိုတော့ ဒီလိုဆင်တွေ တောထဲက ထွက်လာတာက ကားတိုက်မှုတွေကိုလည်း ဖြစ်စေသလို ဆင်တွေသေပြီး ဆင်အကောင်ရေ လျှော့ကျမှုလည်း ဖြစ်စေတယ်လို့ သူမက ဖြည့်ပြောလိုက်ပါတယ်။

ရဲတွေကလည်း ဘာလို့ ဆင်တွေလွတ်ထွက်လာပြီး လမ်းပေါ်လျှောက်သွားနေတာ လည်းဆိုတဲ့အကြောင်း စုံစမ်းမယ်လို့ ပြောပါတယ်။

ကားသမားကတော့ ခွန်တန်တောင်ပေါ်ကို ကားမောင်းတက်နေတုန်း အမှောင်ထဲမှာ ဆင်ကိုမမြင်လိုက်ဘူးလို့ ရဲတွေကို ပြောပြခဲ့တာပါ။

.

ရပ်ထားသောကားကို နောက်မှဝင်တိုက် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

 


သထုံ အောက်တိုဘာ ၁

မွန်ပြည်နယ် သထုံမြို့နယ် တံတားဦးကျေးရွာအတွင်း ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်း၌ အောက်တိုဘာ ၁ ရက် နံနက် ၃ နာရီခန့်က ရပ်တန့်ထားသောယာဉ်ကို ဆိုင်ကယ်ကနောက်မှ ဝင်တိုက်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၍ တစ်ဦးဒဏ်ရာရရှိကြောင်း သိရသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲအုပ်နေမျိုးသန့်နှင့် ရဲတပ်ဖွဲ့ဝင်များ သတင်းအရ သွားရောက်စစ်ဆေးရာ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း မိုင်တိုင်အမှတ် (၁၃၇/ဝ)နှင့် (၁၃၇/၁) ကြားတွင် ရန်ကုန်မြို့မှ သထုံမြို့ဘက်သို့ ယာဉ်မောင်း ဦးကျော်စွာ၊ လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 6D/--- NISAN ကုန်တင်ယာဉ်သည် ဘီးပေါက်၍ ဖြုတ်လဲနေစဉ် ဘီးလင်းမြို့မှ သထုံမြို့ ဘက်သို့ လားရာတူမောင်းနှင်လာသည့် စောဝီလျှံ(၂၄နှစ်) ကျွန်းကလေးကျေးရွာ သထုံမြို့နယ်နေသူမောင်းနှင်ပြီး နောက်မှ ဖြိုးအာကာ(၁၈နှစ်) လိုက်ပါစီးနင်းလာ သော နံပါတ်မပါ Wave Honda ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ကား၏နောက်ခြမ်းကို ဝင်ရောက်တိုက်မိသောကြောင့် စောဝီလျှံသည် ဒဏ်ရာရရှိပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် သေဆုံးသွားသည်။

 ဖြိုးအာကာတွင် ဒဏ်ရာများရရှိသဖြင့် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားရကြောင်း သိရ သည်။ အဆိုပါ ယာဉ်တိုက်မူဖြစ်စဉ်ကို သိမ်ဆိပ်နယ်မြေရဲစခန်းက အမှုဖွင့် စစ်ဆေး အရေးယူဆောင်ရွက်နေကြောင်း သိရသည် ။

 ခွန်(ဝင်းပ)
MOI Webportal Myanmar

ဝမ်းတွင်း၌ နောက်ကျောမှ ယာဉ်ဝင်တိုက်မှုကြောင့် လူနှစ်ဦးသေဆုံး နွားတစ်ကောင်ပေါင်ကျိုး

 


မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာရှိ ရန်ကုန် - မန္တလေး လမ်းဟောင်းတွင် ယာခင်းမှ နွားဆွဲပြန်လာသူ အမျိုးသားနှစ်ဦးအား နောက်ကျောမှ ကားဖြင့် မတော်တဆ ဝင်တိုက်မိသဖြင့် လူနှစ်ဦးလုံး သေဆုံးပြီး နွားတစ်ကောင် ပေါင်ကျိုးသွားကြောင်း သိရသည်။

“နွားကတော့ ပေါင်ကျိုးသွားတယ်။ လူနှစ်ဦးကတော့ နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ လူနှစ်ဦးကလည်း တောင်ဘက် မျက်နှာမူပြီး ငရုတ်ခင်းက ပြန်လာတာ။ ကင်တာကားနဲ့ လားရာဘက် အတူတူပါပဲ။ အရှိန်ပြင်းလွန်းတော့ နေရာမှာပဲ နှစ်ဦးလုံးသေသွားတယ်”ဟု ရွှေတောင်ကျေးရွာနေ ဦးကြည်မြင့်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ စက်တင်ဘာလ (၃၀) ရက် နေ့လယ် (၁၂) နာရီက ဖြစ်ပွားခဲ့ပြီး၊ ရွှေတောင်ကျေးရွာမှ အသက် (၃၅)နှစ်အရွယ် ကိုဆန်းဝင်းနှင့် အသက် (၄၇)နှစ်အရွယ် ကိုမောင်လွင် (ခ)ရှင်ကြီးတို့ သေဆုံးသွားကြောင်း သိရသည်။

"ကားမောင်းလာတဲ့ အရှိန်က သိပ်မြန်လွန်းတော့ ဖြစ်လိုက်တာ မျက်စိတမှိတ်ပဲဗျာ၊ လူနှစ်ယောက်လုံး သေသွားတယ်၊ မြင်မကောင်းဖူး"ဟု ဒေသခံ ကိုအုန်းကြိုင်က ပြောသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အသက် (၄၁)နှစ်အရွယ် ယာဉ်မောင်း ကိုအောင်မင်းအား ရွှေတောင်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၁၃/၂၀၁၆ ယာဉ်မဆင်မခြင် မောင်းနှင်၍ လူသေစေမှု ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုလင်း(TNA)
Tachileik News Agency

Friday, September 30, 2016

ဘီးပေါက်၍ရပ်ထားသည့်ယာဉ်အား ကုန်တင်ယာဉ်က နောက်မှဝင်တိုက်



ရေတာရှည် စက်တင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် မြို့လှမြို့တောင်ဘက် သုံးမိုင်ခန့်အကွာ ညောင်ကြပ်ကျေးရွာအနီး ရန်ကုန် - မ္တလေးကားလမ်း၌ စက်တင်ဘာ ၂၉ ရက် နံနက် ၆ နာရီခန့်က ဘီးပေါက်၍ ရပ်ထားသည့် ယာဉ်အား လမ်းကြောင်းတူ မှ မောင်းနှင်လာသော ကုန်တင်ယာဉ်ကဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းနှင်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မှ မ္တလေးဘက်သို့ မျိုးကျော်သူ (၃၂နှစ်) ဘုတလင်မြို့နယ် နေသူ မောင်းနှင်လာသော6D/------ဖူဆို ၁ဝ ဘီးယာဉ်သည် ရန်ကုန်-မ္တလေး ကားလမ်းမိုင်တိုင် ၂ဝ၇/၄ နှင့် ၅ အကြား တွင် နောက်ယာဘက်အတွင်း ဘီးပေါက် ၍ ယာဉ်အားရပ်တန့်ထားစဉ် လမ်း ကြောင်းတူမှ အောင်အောင်(၂၇နှစ်)မောင်းနှင်လာသော3J/--------ခြောက် ဘီး ကုန်တင်ယာဉ်က ရပ်တန့်ထားသည့် ယာဉ်၏နောက်ပိုင်းကို ဝင်ရောက်တိုက်မိ ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ခြောက်ဘီး ယာဉ်မောင်း အောင်အောင်(၂၇နှစ်)သည် ရရှိသော ဒဏ်ရာများဖြင့်နေရာ ၌ သေဆုံးသွားခဲ့ပြီး မြို့လှနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

ကိုလွင်(ဆွာ)
MOI Webportal Myanmar

ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တိုက်မိပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး

ခရီးသည်တင်အမြန်ယာဉ်နှင့် FAW အမျိုးအစား ကုန်တင်ယာဉ်တိုက်မိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

ပဲခူးတိုင်းဒေသကြီး ပြည် မြို့ နဝဒေးလမ်းဆုံနေရာတွင် စက်တင်ဘာ ၂၈ ရက်က ကုန်တင်ယာဉ်နှင့် ကြံတိုင်းအောင် ခရီးသည်တင်ယာဉ်တို့ တိုက်မိ၍ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

 ယာဉ်တိုက်မှုကြောင့် ခရီး သည်တင် အမြန်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ရှစ်ဦး နှင့် ဖောကားပေါ်၌ လိုက်ပါလာသူ လေးဦး စုစေုပါင်း ၁၂ ဦး ဒဏ်ရာရရှိပြီး ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ဦးစားပေး  လမ်းမကြီးကို ဦးစားမပေးဘဲ ယာဉ်မဆင်မခြင် မောင်းပြီး လမ်းမကြီးပေါ် ဖြတ် တက်တဲ့ ဖောကားယာဉ်မောင်းကို အမှုဖွင့်အရေးယူမှာဖြစ်ပါတယ်။ ယာဉ်မောင်းက တိမ်းရှောင်သွား တဲ့အတွက် စုံစမ်းဆဲပါ’’ဟု ပြည် မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းနိုင်ဦးက ပြောသည်။

 ဖောကားပေါ်တွင်  လိုက် ပါလာသည့် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးမှာ စိုးရိမ်ရပြီး ကျန်ဒဏ်ရာ ရရှိသူများမှာ မစိုးရိမ် ရကြောင်း၊ ကျန်ရှိသည့်ခရီးသည် များကို သက်ဆိုင်ရာ ယာဉ်လိုင်း က ခရီးဆုံးအထိ ပို့ဆောင်ပေးရန် စီစဉ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ် တိုက်မိပြီး လူ ၁၂ ဦး ဒဏ်ရာရ၊ ယာဉ်မောင်းထွက်ပြေး

ခရီးသည်တင်အမြန်ယာဉ်နှင့် FAW အမျိုးအစား ကုန်တင်ယာဉ်တိုက်မိပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)

ပဲခူးတိုင်းဒေသကြီး ပြည် မြို့ နဝဒေးလမ်းဆုံနေရာတွင် စက်တင်ဘာ ၂၈ ရက်က ကုန်တင်ယာဉ်နှင့် ကြံတိုင်းအောင် ခရီးသည်တင်ယာဉ်တို့ တိုက်မိ၍ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

 ယာဉ်တိုက်မှုကြောင့် ခရီး သည်တင် အမြန်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်ရှစ်ဦး နှင့် ဖောကားပေါ်၌ လိုက်ပါလာသူ လေးဦး စုစေုပါင်း ၁၂ ဦး ဒဏ်ရာရရှိပြီး ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

‘‘ဦးစားပေး  လမ်းမကြီးကို ဦးစားမပေးဘဲ ယာဉ်မဆင်မခြင် မောင်းပြီး လမ်းမကြီးပေါ် ဖြတ် တက်တဲ့ ဖောကားယာဉ်မောင်းကို အမှုဖွင့်အရေးယူမှာဖြစ်ပါတယ်။ ယာဉ်မောင်းက တိမ်းရှောင်သွား တဲ့အတွက် စုံစမ်းဆဲပါ’’ဟု ပြည် မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းနိုင်ဦးက ပြောသည်။

 ဖောကားပေါ်တွင်  လိုက် ပါလာသည့် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးမှာ စိုးရိမ်ရပြီး ကျန်ဒဏ်ရာ ရရှိသူများမှာ မစိုးရိမ် ရကြောင်း၊ ကျန်ရှိသည့်ခရီးသည် များကို သက်ဆိုင်ရာ ယာဉ်လိုင်း က ခရီးဆုံးအထိ ပို့ဆောင်ပေးရန် စီစဉ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Monday, September 26, 2016

ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ယာဉ်နှစ်စီးခေါင်းချင်းဆိုင်တိုက်မိမှုကြောင့် တစ်ဦးသေဆုံး


 


ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာနှင့် ဧကရာဇ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ခရီးသည်တင်ဟိုင်းလတ်ကားတစ်စီးနှင့် ကိုယ်ပိုင်အိမ်စီးကားတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိသဖြင့် တစ်ဦးသေဆုံးကာ ၁၂ ဦးထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဝေါမြို့မ ရဲစခန်းမှ သိရှိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၆၆/၅)နှင့်(၆၆/၆)ကြားတွင် စက်တင်ဘာ ၂၅ ရက်၊ ညနေပိုင်းက ကျိုက်ထိုဘက်မှ ဘုရားကြီးဘက်သို့မောင်းနှင်လာသော ခရီးသည်တင်ဟိုင်းလတ်ယာဉ်နှင့် ဘုရားကြီးဘက်မှ ကျိုက်ထိုဘက်သို့မောင်းနှင်လာသော SURF ကိုယ်ပိုင်အိမ်စီးကားတို့သည် အရှိန်မထိန်းနိုင် ဘဲ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်တိုက်မှုတွင် ခရီးသည်တင်ကားမှ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အရေးပေါ်လူနာအဖြစ်(၆)ဦးကို ပဲခူးဆေးရုံသို့ နာရေးကူညီမှုအသင်းမှ လိုက်လံပို့ဆောင်ကုသခဲ့သော်လည်း တစ်ဦးမှာ လမ်းခရီးတွင်သေဆုံးခဲ့ ကြောင်း သိရသည်။
“ကားကျော်တက်စဉ်အရှိန်လွန်ပြီး မျက်နှာချင်းဆိုင်ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။ ခရီးသည်တင်ဟိုင်းလတ်ကား မောင်းတဲ့ ယာဉ်မောင်းတော့ အခင်းဖြစ်ပွားပြီးထွက်ပြေးသွားပါတယ်။ ဒဏ်ရာအပြင်းအထန်ရရှိတဲ့သူတွေကို တော့ ဝေါပြည်သူ့ဆေးရုံကတဆင့် ပဲခူးဆေးရုံကိုတင်ပို့ကုသနေပါတယ်။”ဟု ဝေါမြို့မ ရဲစခန်းမှ တာဝန်မှူး ရဲအုပ်ကျော်မိုးကပြောသည်။

ဟိုင်းလတ်ယာဉ်မောင်းနှင့် ကိုယ်ပိုင်အိမ်စီး ကားယာဉ်မောင်းတို့နှစ်ဦးအား ဝေါမြို့မရဲစခန်းမှ ယာဉ်(ပ)၃၉/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၀၂ တို့ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ

Sunday, September 25, 2016

လိုက်ထရပ်ယာဉ် အရှိန်မထိန်းနိုင်၍ တိမ်းမှောက်၊ ၁ဝ ဦးဒဏ်ရာရ

 


နေပြည်တော် စက်တင်ဘာ ၂၄

ရန်ကုန်-မ္တလေး အမြန်လမ်းမကြီး၏ ပေပင်လေးအမြန်လမ်း ရဲစခန်းနယ်မြေ မိုင်တိုင်အမှတ် (၂၅၇/၇)အနီး၌ စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ဘက်မှ မ္တလေး ဘက်သို့ ယာဉ်မောင်း ကျော်ကျော် မောင်းနှင်လာသောလိုက် ထရပ်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားပေါ် ရောက်ရှိတိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်၌ ယာဉ်မောင်းပါ ၁၃ ဦးအနက် ၁ဝ ဦးမှာ ဒဏ်ရာများ(မစိုးရိမ်ရ)အသီးသီးရရှိခဲ့သည်။

ဒဏ်ရာရရှိသူများကို ပေပင်လေး အမြန် လမ်းရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ် ကျော်မင်းစိုး ကြီးကြပ်၍ တပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် ညောင်ကုန်း တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျော်ကျော်အား ပေပင်လေး အမြန်လမ်းရဲတပ်ဖွဲ့စခန်းက စစ်ဆေးအရေးယူထား ကြောင်း သိရသည်။
ထိုကဲ့သို့ ယာဉ်မတော်တဆမှုများ လျော့နည်းကျဆင်း ရေးအတွက် သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင် သော ယာဉ်များကို ဖမ်းဆီးလျက်ရှိရာ စက်တင်ဘာ ၂၃ ရက်က မိုင်တိုင်အမှတ် (၂ဝ၁)မိုင်၊ နေပြည်တော်တိုးဂိတ်၌ ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး စိုးမြင့်ဦး ဦးစီး၍လည်းကောင်း၊ ပလွေးအမြန်လမ်း မကြီး စခန်းပိုင်တွင် ရဲအုပ် ဇော်လှိုင်ထွန်းဦးစီး၍ လည်းကောင်း၊ သတ်မှတ်အမြန်နှုန်း ထက် ကျော်လွန်မောင်းနှင်သော မော်တော် ယာဉ်များကို ဖမ်းဆီးလျက်ရှိရာ ညနေ ၅ နာရီအထိ မော်တော် ယာဉ် ၁၉ စီးကို ဖမ်းဆီးအရေးယူပြီး ဇမ္ဗူသီရိမော်တော်ယာဉ် တရားရုံးသို့ မော်တော်ယာဉ် ၁ဝ စီး နေ့ချင်းပြီး တရားစွဲဆို ပေးပို့နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့အနီး အမှတ်(၃)လမ်းဆုံ တိုးဂိတ်တွင် ရဲမှူး ရန်နောင်စိုး ဦးစီးအဖွဲ့က သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော ယာဉ် ၁၆ စီးကို ဖမ်းဆီးနိုင်ခဲ့ပြီး လှည်းကူးမြို့နယ် မော်တော်ယာဉ်တရားရုံးသို့ ယာဉ်ရှစ်စီးကို နေချင်းပြီး တရားစွဲဆို တင်ပို့ခဲ့သည်။

အမြန်လမ်းမကြီးတွင် သတ်မှတ်အမြန်နှုန်း ထက် ကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖမ်းဆီးလျက်ရှိရာ ယခု အခါတွင် ညပိုင်းအချိန်များပါ တိုးချဲ့ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၂၃ ရက်အထိ စုစုပေါင်း ယာဉ်စီးရေ ၇၄၆ စီးကို ဖမ်းဆီးအရေးယူ ခဲ့သည်။ ယင်းအနက်မှယာဉ် ၅၈၂ စီးကို သက်ဆိုင်ရာ မော်တော် ယာဉ်တရားရုံးသို့ တရားစွဲတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar

Saturday, September 24, 2016

ကျွန်းသစ် တင်ဆောင်လာသော ယာဉ်တစ်စီး လမ်းဘေးရေမြောင်းထဲထိုးကျ

 


ဘားအံ စက်တင်ဘာ ၂၃

ဘားအံ-သထုံကားလမ်း၌ စက်တင်ဘာ ၂၂ ရက်က ဘားအံဘက်သို့ မောင်းနှင်လာသော ယာဉ်မောင်း ဝင်းမြင့်သိန်း (၃၅နှစ်) ဒိုက်ဦးမြို့နယ်နေသူနှင့် ဦးအောင်ရင်(၅ဝနှစ်)တို့လိုက်ပါလာသော ယာဉ်အမှတ် YGN9/---- သည် ကျွန်းသစ်ခွဲသားဆိုက်စုံ နှစ်တန်ခန့် တင်ဆောင်ကာ တန် ၄ဝဝဝ ဘိလပ်မြေစက်ရုံ လမ်းဆုံအနီး မိုင်တိုင်(၂ဝ/၁)နှင့်(၂ဝ/၂)အကြား၊ တံတားအမှတ်(၂၁/၁) အရောက်တွင် ဘရိတ်ပေါက် ၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်တံတားဘေး အနက် ရှစ်ပေ၊ အကျယ် ၁၄ ပေခန့်ရှိ ရေမြောင်းအတွင်းသို့ ထိုးကျ ခဲ့သည်။

အဆိုပါယာဉ် လမ်းဘေးထိုးကျခြင်းကြောင့် ယာဉ် ခေါင်းပိုင်းကြေမွပျက်စီးခဲ့ရာ ယာဉ်မောင်း ဝင်းမြင့်သိန်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ ဦးအောင်ရင်တို့မှာ ယာဉ်ခေါင်းပိုင်း အတွင်းညပ်နေသဖြင့် မြိုင်ကလေး ရဲကင်းစခန်းမှူးနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဘိလပ်မြေစက်ရုံမှူးနှင့် စက်ရုံဝန်ထမ်းများ၊ လူမှုဝန်ထမ်းအဖွဲ့ အစည်းများက လာရောက်ကာ ယာဉ်အတွင်း ညပ်နေသူ နှစ်ဦးကို ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရပြီး ဘားအံပြည်သူ့ဆေးရုံ ကြီးသို့ပို့ဆောင်၍ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

ယာဉ်လမ်းဘေးထိုးကျသွားခဲ့ခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် စက်ရုံမှ ဝန်ချီကရိန်းယာဉ်ကြီး များဖြင့် ခက်ခက်ခဲခဲဆွဲထုတ်ဆောင်ရွက်နေရသဖြင့် သုံးနာရီ ခန့်ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ခဲ့ရသည်။

ယာ ကျွန်းသစ်များနှင့်ပတ်သက်၍ ဘားအံ မြို့နယ် သစ်တောဦးစီးဌာနက အရေးယူဆောင်ရွက်ထားပြီး ယာဉ်မောင်း ဝင်းမြင့်သိန်းအား မြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

မင်းသူ၊ ထွန်းထွန်းထွေး(ဘားအံ)