Showing posts with label ကားသတင်း. Show all posts
Showing posts with label ကားသတင်း. Show all posts

Saturday, November 4, 2017

မိုင်ကုန်မြင့်တက်ခဲ့တဲ့ကားဈေးနဲ့ ဒီတစ်ပါတ်မင်္ဂလာပါ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ငန်းသုံးကားတွေကို ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ ၂၀၀၈ မိုဒယ်အထိ လျှော့ချတင်သွင်းခွင့်ပေးဖို့ အစီအစဉ်မရှိသလို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနကလည်း စက်မူဇုန် လိုက်ထရပ်တွေကိုအပ်နှံပြီး လူစီးစလစ် ထုတ်ပြန်ထုတ်ပေးဖို့ အစီအစဉ် မရှိတဲ့အတွက် နှစ်မကုန်ခင်အထိ ကားမူဝါဒက ပြောင်းလဲမှာ မဟုတ်ပါဘူး။ ပုံမှန် အခြေအနေအတိုင်းပဲ လာမယ့်နှစ်ကစပြီး သက်တမ်း နှစ် နှစ်ဆယ်ပြည့်မယ့် ၁၉၉၈ မိုဒယ် လူစီးကားတွေကိုသာ ဇန်န၀ါရီ ၁ ရက်ကစပြီး အပ်နှံခွင့်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အပ်နှံခွင့်ပေးမယ်ဆိုတဲ့ ၁၉၉၈ မိုဒယ်နဲ့ အောက် ဘတ်စ်တွေကလည်း အခုအချိန်အထိ နေပြည်တော်ကညနကို အပ်နှံဖို့ အကြောင်းကြားတင်ပြထားခြင်းမရှိသေးတဲ့အတွက် ဈေးကွက်အတွင်း ဘတ်စ်စလစ်အသစ်တွေ ၀င်လာဖို့မရှိသေးပါဘူး။ ပါမစ်လျှောက်ရမယ့် နောက်ဆုံးရက်နဲ့ ပုံမှန်အတိုင်း တစ်ဦးချင်းတင်သွင်းတဲ့ စလစ်ကပ်ကားတွေကို သက်တမ်း သုံးလတိုးပေးမှာဖြစ်တဲ့အတွက် စလစ်တွေ အလျင်မလိုတော့လို့ မူဝါဒ အသစ်ထွက်ပြီးနောက်ပိုင်း တောက်လျှောက် မြင့်တက်သွားတဲ့ စလစ်ဈေးက ပြန်ကျသွားပါတယ်။

လာမယ့်နှစ်အတွက် မူဝါဒထွက်ပေါ်ပြီးနောက်ပိုင်းမှာ ဆက်တိုက် မြင့်တက်သွားတဲ့ ကားဈေးတွေကြောင့်လည်း ဒီရက်ပိုင်းမှာ အရောင်းအ၀ယ်တွေ ပြန်အေးသွားပါတယ်။ ရန်ကုန်မှာ အသုံးပြုနေတဲ့ နယ်လိုင်စင်ကားတွေကိုလည်း မြို့ဝင်ကြေးတွေ ပြန်ကောက်မယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် နယ်ကားအရောင်းအ၀ယ်တွေ အေးသွားပါတယ်။ မူဝါဒတွေ တည်ငြိမ်နေပြီဆိုပေမဲ့လည်း ရန်ကုန်လိုင်စင်ဖွင့်ပေးဖို့နဲ့ နယ်လိုင်စင်ကားတွေကိစ်္စက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့အပေါ်မှာ မူတည်နေပြီး အနာဂတ်စီမံကိန်းတွေကို ပြည်သူတွေ ထင်သာမြင်သာအောင် တိတိကျကျချမပြသေးတဲ့အတွက် မှန်းဆရခက်ခဲနေ ပါတယ်။ ကားဈေးတွေကတော့ မိုင်ကုန်အထိ မြင့်တက်နေတဲ့အတွက် ထပ်တက် စရာ အခြေအနေ နည်းသွားတယ်ဆိုပေမဲ့ အနာဂတ်ကားဈေးကွက်က ရန်ကုန် လိုင်စင်ပြန်ဖွင့်ပေးမယ့် အခြေအနေနဲ့  အပေါ်မှနယ်လိုင်စင်ကားတွေရဲ့ာလည်း မူတည်နေပါတယ်။

#မူရင်း​ရေးသားသူ
Ko Phyo (Automobile)

Wednesday, November 1, 2017

စလစ်အမျိုးအစားများ *********************


နှစ်၂၀ကားဟောင်းစလစ်
^^^^^^^^^^^^^^^^^^^^^^^
AV@CIF (Unlimit)
ကြိုက်နှစ်သက်ရာလူစီး(Saloon)ကားများသွင်းနိုင်သည်။
AV တန်ဖိုးကန့်သတ်မထား
ယနေ့တန်ဖိုး
၁၃၅-၁၄၀ သိန်းကြား တန်ကြေးရှိ
ကားရှားပါသည်။
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

စက်မူဇုံလူစီးစလစ်
^^^^^^^^^^^^^^^^
AV@CIF-(5000USD--15000USD)
AV-5000 မှ AV-15000ကြား တန်ကြေးရှိနှစ်သက်ရာလူစီး(Saloon)ကားများတင်သွင်းနိုင်ပါသည်။
ယနေ့တန်ဖိုး
၁၂၅-၁၃၀သိန်းကြား တန်ဖိုးရှိ
ကားရှားပါသည်။
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

တိုက်ကြေလူစီးစလစ်
^^^^^^^^^^^^^^^^^^
AV-5000 သတ်မှတ်သည်။
AV-5000 တန်ဖိုးရှိသောကြိုက်နှစ်သက်သောလူစီး(Saloon)ကားများတင်သွင်းနိုင်သည်။အင်ဂျင်ပါဝါ၁၃၀၀စီစီ နှင့်အောက်ကားများတင်သွင်းပါသည်။Taxiများလည်း အကြုံးဝင်ပါသည်။
ကာလတန်ဖိုး
၁၂၀-၁၂၅သိန်းကြားတန်ဖိုးရှိ
ပေါက်ဈေးသည် လူ၊အချိန်၊နေရာအလိုက်အပြောင်းအလဲရှိ😜
မိတ်ပျက်တတ်သောစလစ်အမျိုးအစားဖြစ်😂
လောလောဇယ်လတ်တလောရွှေထက်ရှားပါး😛
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

BUSလူစီးစလစ်
^^^^^^^^^^^^^^^

AV@CIF (Unlimit)
ကြိုက်နှစ်သက်ရာလူစီး(Saloon)ကားများသွင်းနိုင်သည်။
AV တန်ဖိုးကန့်သတ်မထား
ယနေ့တန်ဖိုး
၁၂၅-၁၃၀သိန်းကြား တန်ကြေးရှိ
လောလောဆယ်လတ်တလောအမည်ပေါက်မရနိုင် စလစ်ရှားပါသည်။
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

Taxi စလစ်
^^^^^^^^^^^
လုပ်ငန်း၂နှစ်သက်တမ်းရှိတဲ့မည်သည်လူစီးကားမဆိုအပ်နှံပြီးစလစ်ထုတ်ယူနိုင်ပါသည်။
AVတော့ ကန့်သတ်မထားပါဘူး။
AV-5000နှင့်အထက်ကို အဆင်ပြေပြီးခိုင်းလို့ကောင်းမဲ့မည်သည်လူစီးကားမဆိုသွင်းလို့ရပါတယ်။
Taxi တိုက်ကြေစလစ်ဆိုရင် AV-5000 တန်ကြေးရှိကားပဲသွင်းလို့ရပါတယ်။
ယနေ့တန်ဖိုး
၁၂၀-၁၂၅သိန်းကြားတန်ဖိုးရှိ
2011-2014Model ညာမောင်းတင်သွင်းနိုင်ပါသည်။

BUS to BUS စလစ်
****************
လုပ်ငန်းသုံးBusကားများနှင့်၁၀စီး၁၅စီး Minibus ကားများတင်သွင်းနိုင်သည်။
AV-5000 နှင့်အထက်ကို တင်သွင်းနိုင်ပြီး ကန်သတ်မထားပါ။
2007 - 2014 Model ညာမောင်းသွင်းခွင်ရှိသည်။
ကာလတန်ဖိုး
၆၅-၇၀သိန်းကြားတန်ဖိုးရှိပါသည်။
စကပ်ကပ်ပြီးတင်သွင်းသောကားအားလုံးသည် ညာမောင်းရမည်ဖြစ်ပါသည်။

ယာဉ်ဟောင်းပိုင်ရှင်တို့နစ်နာတဲ့ဘယ်မောင်းမူဝါဒ
***************************
အထက်ပါစလစ်အမျိုးအစားများ သည် မြန်မာပြည် ကားတင်သွင်းမူ မူဝါဒအောက်တွင် အသုံးတော်ခံ ကပြနေရသော ရုပ်သေးရုပ်များဖြစ်ကြသည်။
ကျနော့ပုဂ္ဂိုလ်ရေးအမြင်အရ ကားဟောင်းတစီးအပ်ကားသစ်တစီးမူဝါဒကို ထောက်ခံပါတယ်။ဒါပေမဲ့ ကားဟောင်းတစီးအပ်ပြီး ကားပြန်သွင်းတဲ့ ကားဟောင်းပိုင်ရှင်တို့အနေဖြင့် မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိသင့်တယ် ထင်ပါတယ်။
ဘယ်မောင်းကြိုက်တဲ့သူက ဘယ်မောင်း
ညာကြိုက်တဲ့သူက ညာမောင်း လေး ကို လူကြီးမင်းတို့အနေနဲ့ ခွင့်ပြုပေးခဲ့မယ်ဆိုရင်ဖြင့်
ပြည်သူအသံကိုနားထောင်ရာလည်းရောက် ယာဉ်ကျောကျပ်တည်းရာကို တဘက်တလမ်းက ဖြေရှင်းပြီးသားလည်းဖြစ် ကားဟောင်းပိုင်ရှင်တို့လည်း နစ်နာမူမရှိ သားရွှေအိုးထမ်းလာခြင်းကဲ့သို့ အကျိုးရှိမဲ့ကိစ္စမျိုးအဖြစ်တင်ပြရင်း လာမဲ့နှစ်မှာ ကားဟောင်းအပ်ပြီးကားသစ်ကို ညာမောင်းခွင့်ပြုပေးဖို့ တင်ပြလိုက်ရပါတယ်။
မှတ်ချက်။
********
တယောက်အားဖြင့်မနိုင်စုပေါင်းအားဖြင့် အောင်နိုင်ရာ၏။💪🏻💪🏻💪🏻
Tag for Sorry 😐
ဖိုးသား
၀၉၄၃၀၂၁၃၂၉

မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချနေကြတဲ့ ဉာဏ်ကြီးရှင်ကြီးများရယ်

မော်တော်ယာဉ်တင်သွင်းမှုနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်ချနေကြတဲ့ ဉာဏ်ကြီးရှင်ကြီးများရယ် ခင်ဗျားအိမ်ကမီးခလုပ်တောင် တခြားနိုင်ငံနဲ့ယှဉ်ရင် ပြောင်းပြန်ဖြစ်နေတယ်ဆိုတာ သတိရောထားမိလို့လား တစ်သက်လုံးသုံးလာတာ တခြားနိုင်ငံနဲ့  ပြောင်းပြန်ဖြစ်နေပေမယ့် ကိုယ်နိုင်ငံမှာ အဆင်ပြေပြေနဲ့ မမှားဘူးမဟုတ်လား မီးခလုပ်ပြောင်းပြန်ဖြစ်နေလို့ မီးလိုင်းတွေရှော့ဖြစ်ပြီးလောင်ရပါတယ် လို့ရောကြားဘူးလို့လား မီးခလုပ်ပြောင်းပြန်ဖြစ်တာပြသနာမဟုတ်ဘူးမပြောနဲ့ အကျင့်ပဲဗျ မြန်မာပြည်မှာကားစီးတဲ့ မောင်းတဲ့လူတော်တော်များများက ညာမောင်းနဲ့အသားကျနေကြပြီခင်ဗျ ပါကင်ထိုးတာ လမ်းဘေးရပ်တာ လမ်းပေါ်မောင်းနေတာကအစ ညာမောင်းနဲ့သူ့ဟာသူအဆင်ပြေတယ်  ••••••

ကားတွေကိုမှ လာလာပြီး ဘယ်မောင်းပဲသွင်းရမယ် ဆိုပြီး လာလုပ်နေတာ ခင်ဗျားအခုနေနေတဲ့တိုင်းပြည်ဟာကလေးစီးတဲ့ ဗိုလ်အုန်းသီးစက်ဘီး စက်ရုံတောင်မရှိတော့ဘူးဆိုတာ ခင်ဗျားတို့မသိတော့ဘူးလား Japan ကတပါတ်ရစ်တွေ တစ်ကမ္ဘာလုံးဝယ်သုံးနေကြတာ မြန်မာတစ်ပြည်ထဲဝယ်သုံးနေတာလဲမဟုတ် ••••••

ဘယ်တွေညာတွေ လမ်းကြောတွေ သီအိုရီတွေ ဖြစ်သင့်တာတွေ ခဏထား ရွှေငါး ဒါမှမဟုတ် ကရောင်းလို ကားမျိုးနဲ့ တန်ဖိုးချင်းနီးစပ်တဲ့ မြန်မာပြည်မှာအခုသွင်းပြီးရောင်းနေတဲ့ Brand New ဘယ်မောင်း ကားမျိုး Accident ခပ်ပြင်းပြင်း ဖြစ်ကြည့်ပါလား ဘယ်ထဲကလူသက်သာသလဲဆိုတာ ခေါင်းချင်းဆိုင်တောင်တိုက်ပြလိုက်ချင်သေးတယ် ဒီလိုပေါ့ရွှတ်နေပြီးဝိတ်မရှိဘာမရှိနဲ့ အမြန်လမ်းလို လမ်းမပေါ်မှာ ရွှေငါးတို့ ကရောင်းတို့လို ကားမျိုးထက် Accident ဖြစ်နိုင်ခြေပိုတယ်ဆိုတာ ခင်များတို့ တွေးမှတွေးမိကြရဲ့လား••••

ခုဟာက သူ့ဟာသူငယ်ငယ်ထဲကဘယ်လက်နဲ့စာရေး ပြီး အသားကျနေတယ့် လူတစ်ယောက်ကို ညာဘက်ပြောင်းပြီးရေးကိုရေးရမယ် လုပ်နေသလိုပဲ အာဏာရှင်ဆန်လွန်းပါတယ် ဗျာ ••••

အခုပြသနာက ညာမောင်းတွေသွင်းနေလို့ ကားလမ်းကြပ်နေတာလဲမဟုတ် ညာမောင်းတွေမို့လို့ လမ်းပေါ်ကိုတက်လိုက်တာနဲ့ ကားကားချင်းတွေတိုက် လူတွေသေနေတာလဲမဟုတ် တကယ်တော့ ကားကညာမောင်းဖြစ်နေလို့ မသေသင့်ပဲ သေတဲ့ ရာခိုင်နှုံးထက် စည်းကမ်းမဲ့ဗရမ်းဗတာ မောင်း လို့ သေတဲ့ရာခိုင်နှုံး ကအများကြီးပိုပါတယ် ဆိုတာမသိတာလဲမဟုတ် အပိုတွေကိုလုပ်လွန်းပါတယ် •••••

တိုင်းပြည်ရဲ့ လမ်းကြောအရ ဘယ်မောင်းနဲ့ပိုအဆင်ပြေတာမှန်တယ် ဒါပေမယ့် ဒီလောက်မွဲနေတဲ့တိုင်းပြည် ထဲကလူတွေကို ဝန်ပိအောင် ခုနေချိန်ခါမှာ အလောတကြီး မဖြစ်မနေ လုပ်နေတာကြီးကတော့ ပြည်သူတွေကိုသက်သက်ဖိနှိပ်နေသလိုဖြစ်နေတာပါပဲ တို့ပြည်သူပြည်သားတွေအတွက် လွတ်လပ် မျှတခြင်းဆိုတာ ဘယ်တော့များမှခံစားရမယ်ဆိုတာ မသိအောင်ကိုဖြစ်နေကြပီ သူများပြောတိုင်း လိုက်လုပ်မနေပဲ ကိုယ့်ဦးနှောက်လေးနဲ့ကိုယ်သေချာလေ့လာစဉ်းစားသုံးသပ်ကြည့်ကြပါအုန်း

credit

Wednesday, October 5, 2016

ကားထိုင်ခုံခါးပတ် မပတ်ဘဲ စီးနင်းမှုများကို ၂၀၁၇ နှစ်ဆန်းကစ၍ အရေးယူမည်

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် မော်တော် ယာဉ်များတွင် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါး ပတ် မပတ်ပါက လာမည့်နှစ် ဇန် နဝါရီ ၁ ရက်ကစတင်ကာ အရေး ယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

ယာဉ်မောင်းများနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါးပတ် ပတ်စီးရန် ပညာပေးကာ လကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပညာပေးဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

‘‘ဒီဥပဒေအသစ်က ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပြန်ပြီးသားပါ။ ဒါပေမဲ့ ယာဉ်မောင်းအများစု ခါးပတ်ပတ်ပြီး မမောင်းပါဘူး။ ဘေးက ထိုင်စီးတဲ့သူတွေလည်း အတူ တူပါပဲ။ ခုလို လုပ်ဆောင်ပေးရ တာကတော့ ယာဉ်တိုက်မှုဖြစ်ရင် အန္တရာယ်မဖြစ်အောင်လို့ လုပ် ဆောင်တာပါ’’ ဟု အထက်ပါ ယာဉ်ထိန်းရဲအရာရှိက ပြော ကြားသည်။

 

ထိုင်ခုံခါးပတ် တပ်ဆင် မောင်းနှင်ခြင်း မပြုလုပ်သည့် ယာဉ်မောင်းနှင့် စီးနင်းသူတို့ကို တွေ့ရှိပါက မော်တော်ယာဉ် ဥပဒေအတိုင်း ထောင်ဒဏ်သုံးလ (သို့မဟုတ်) ဒဏ်ငွေတစ်သိန်း ကျပ်အထိ ပြစ်ဒဏ်ချမှတ်မည် ဟုဆိုသည်။

 

‘‘ဒီဥပဒေ အသက်ဝင်လာ တာ ကောင်းပါတယ်။ လမ်းပေါ် မှာ မောင်းနေတဲ့သူတွေ အကုန် လုံး စည်းကမ်းမဲ့နေတော့ ယာဉ် တိုက်မှုတွေပိုလာတယ်။ ခါးပတ် ပေါက်က မတပ်တဲ့အပြင် သံ ချောင်းပြားလေးတွေ ဝယ်ပြီး တပ်ထားသေးတယ်။ မတပ်ရင် ကားက အသံမြည်တော့ နားငြီး တယ်လေ။ ကိုယ့်အသက်အန္တ ရာယ်အတွက် တပ်ပေးတာလား၊ အလှတပ်ပေးတာလား။ ကား မောင်းသူတွေ သိသင့်ပါတယ်’’ ဟု ယာဉ်မောင်း ဦးခင်မောင်ထွန်းက ပြောသည်။

 

ယာဉ်မတော်တဆဖြစ်ပွား မှုကြောင့် ၂၀၁၅ အတွင်း သေဆုံးသူ ၂,၁၅၉ ဦးတွင် ကား၌ထိုင်ခုံ ခါးပတ်တပ်ဆင်ထားသော်လည်း ခါးပတ်ပတ်ကာ စီးနင်းမှုမရှိ၍ သေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှာ ပိုများကြောင်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက  ထုတ်ပြန်ကြေညာထားသည်

ကားထိုင်ခုံခါးပတ် မပတ်ဘဲ စီးနင်းမှုများကို ၂၀၁၇ နှစ်ဆန်းကစ၍ အရေးယူမည်

ရန်ကုန်တိုင်းအတွင်း မောင်းနှင်နေသည့် မော်တော် ယာဉ်များတွင် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါး ပတ် မပတ်ပါက လာမည့်နှစ် ဇန် နဝါရီ ၁ ရက်ကစတင်ကာ အရေး ယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

ယာဉ်မောင်းများနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါးပတ် ပတ်စီးရန် ပညာပေးကာ လကို နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပညာပေးဆောင် ရွက်မည်ဖြစ်ကြောင်း ရန်ကုန် အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

‘‘ဒီဥပဒေအသစ်က ၂၀၁၅ ခုနှစ်ကတည်းက ထုတ်ပြန်ပြီးသားပါ။ ဒါပေမဲ့ ယာဉ်မောင်းအများစု ခါးပတ်ပတ်ပြီး မမောင်းပါဘူး။ ဘေးက ထိုင်စီးတဲ့သူတွေလည်း အတူ တူပါပဲ။ ခုလို လုပ်ဆောင်ပေးရ တာကတော့ ယာဉ်တိုက်မှုဖြစ်ရင် အန္တရာယ်မဖြစ်အောင်လို့ လုပ် ဆောင်တာပါ’’ ဟု အထက်ပါ ယာဉ်ထိန်းရဲအရာရှိက ပြော ကြားသည်။

 

ထိုင်ခုံခါးပတ် တပ်ဆင် မောင်းနှင်ခြင်း မပြုလုပ်သည့် ယာဉ်မောင်းနှင့် စီးနင်းသူတို့ကို တွေ့ရှိပါက မော်တော်ယာဉ် ဥပဒေအတိုင်း ထောင်ဒဏ်သုံးလ (သို့မဟုတ်) ဒဏ်ငွေတစ်သိန်း ကျပ်အထိ ပြစ်ဒဏ်ချမှတ်မည် ဟုဆိုသည်။

 

‘‘ဒီဥပဒေ အသက်ဝင်လာ တာ ကောင်းပါတယ်။ လမ်းပေါ် မှာ မောင်းနေတဲ့သူတွေ အကုန် လုံး စည်းကမ်းမဲ့နေတော့ ယာဉ် တိုက်မှုတွေပိုလာတယ်။ ခါးပတ် ပေါက်က မတပ်တဲ့အပြင် သံ ချောင်းပြားလေးတွေ ဝယ်ပြီး တပ်ထားသေးတယ်။ မတပ်ရင် ကားက အသံမြည်တော့ နားငြီး တယ်လေ။ ကိုယ့်အသက်အန္တ ရာယ်အတွက် တပ်ပေးတာလား၊ အလှတပ်ပေးတာလား။ ကား မောင်းသူတွေ သိသင့်ပါတယ်’’ ဟု ယာဉ်မောင်း ဦးခင်မောင်ထွန်းက ပြောသည်။

 

ယာဉ်မတော်တဆဖြစ်ပွား မှုကြောင့် ၂၀၁၅ အတွင်း သေဆုံးသူ ၂,၁၅၉ ဦးတွင် ကား၌ထိုင်ခုံ ခါးပတ်တပ်ဆင်ထားသော်လည်း ခါးပတ်ပတ်ကာ စီးနင်းမှုမရှိ၍ သေဆုံးခဲ့သည့် ယာဉ်တိုက်မှုမှာ ပိုများကြောင်း အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက  ထုတ်ပြန်ကြေညာထားသည်

Sunday, October 2, 2016

မန္တလေးမှာ စည်းကမ်းမဲ့ ရပ်နားယာဉ်တွေကို ကားဘီးသော့ခတ်၊ ဒဏ်ငွေရိုက် အရေးယူတော့မယ်


မန္တလေးစည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းမဲ့ရပ်နားထားတဲ့ယာဉ်တွေကို လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ကားဘီးသော့ခတ်ကာ(Car Wheel Lock ) ဖမ်းဆီးအရေးယူ ဒဏ်ငွေတပ်ရိုက်ဆောင်ရွက်သွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားလိုက်ပါတယ်။

မန္တလေးမြို့မှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်ပြီး စည်းကမ်းမဲ့ရပ်နားထားတဲ့ ယာဉ်တွေများလာကာ ယာဉ်ကြောပိတ်ဆို့တာတွေ၊ ယာဉ် အန္တရာယ်တွေဖြစ်ပေါ်နေလို့ အခုလိုအရေးယူဆောင်ရွက်မှာဖြစ်ပါတယ်။ စည်းကမ်းမဲ့ရပ်နားထားတဲ့ယာဉ်တွေကို အရင်က Tow Truck ယာဉ်နဲ့ချိတ်ဆွဲကာ ဖမ်းဆီး အရေးယူဆောင်ရွက်ခဲ့ပေမယ့် Tow Truck ယာဉ်တစ်စီးတည်းနဲ့ ဆောင်ရွက်ရာမှာ လုံလောက်မှုမရှိလို့ အခုလို Car wheel lock များနဲ့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှသိရပါတယ်။

“ဒဏ်ကြေးလိုချင်လို့ ဘဏ္ဍာငွေရချင်လို့လုပ်တာမဟုတ်ပါဘူး၊ အားလုံးစည်းကမ်းလိုက်နာဖို့အတွက်ပါ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် တစ်ခါမိတယ်၊ တစ်ခါ မှတ်တမ်းတင်ခံရပြီး ဒဏ်ငွေဆောင်လိုက်ရတယ်ဆိုရင် အလိုက်တသိနဲ့ နောင်ဒါမျိုးမလုပ်ဘဲဆင်ခြင်အောင်ပါ၊ မန္တလေးအတွက်လည်းကောင်းတယ်၊ အခုလို car wheel lock နဲ့ဆောင်ရွက်တာကလည်း မြန်မာနိုင်ငံမှာဆိုရင် ပထမဦးဆုံးဆောင်ရွက်တာလည်းဖြစ်ပါတယ်” လို့ ဦးသက်နိုင်ထွန်းကပြောပါတယ်။

စည်းကမ်းမဲ့ယာဉ်တွေကို car wheel lock နဲ့ အရေးယူတာမျိုးမဆောင်ရွက်ခင် အောက်တိုဘာ ၁ရက်နေ့ကစတင်ကာ နှစ်ပတ်ကြာ ပညာပေးကာလအနေနဲ့ အခုလိုဆောင်ရွက်မယ့်အကြောင်းကို သတင်းစာတွေကနေအသိပေးကြေငြာတာ၊ယာဉ်စည်းကမ်းဖောက်ဖျက်မှုများတဲ့နေရာတွေမှာ ဗီနိုင်းတွေကပ်ကကြေငြာတာ၊ လူစည်ကားတဲ့နေရာတွေမှာ လက်ကမ်းစာစောင်တွေဖြန့်ဝေကာ အသိပေးတာတွေ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပညာပေးကာလပြီးတာနဲ့ အောက်တိုဘာ ၁၅ ရက်ကစတင်ပြီး ထိရောက်စွာအရေးယူသွားမယ်လို့ စည်ပင်သာယာရေးကော်မတီကသိရပါတယ်။

မန္တလေးမြို့ စည်ပင်နယ်နိမိတ်အတွင်း ယာဉ်နှစ်ထပ်ရပ်တာ၊ လမ်းပြောင်းပြန်ရပ်နားတာ၊ ဖြူနီကြားမှာရပ်နားတာ၊ မီးပွိုင့်ဧရိယာအတွင်းရပ်နားတာ၊ အခြားယာဉ်တွေ လမ်းအသုံးပြုတွေကိုအနှောက်အယှက်ဖြစ်အောင်လမ်းပိတ်ဆို့ရပ်နားတာ၊ လမ်းဆုံလမ်းခွမှ ပေ ၂၀ အတွင်းရပ်နားတာ၊ ခရီးသည်တင်ယာဉ်တွေ သတ်မှတ် ထားတဲ့မှတ်တိုင်တွေမှာမရပ်နားဘဲ အခြားနေရာတွေမှာ စည်းကမ်းမဲ့ရပ်နား၊ ခရီးသည်တင်ချ စောင့်ဆိုင်းတာ၊ မော်တော်ယာဉ်ပျက်ရင် လမ်းဘေးချမရပ်ဘဲ လမ်းမပေါ်ပြင်ဆင်တာ၊ ကျောင်းကြိုပို့ယာဉ်တွေစည်းကမ်းမဲ့လမ်းပိတ်ဆို့ရပ်နားတာတွေကို ကားဘီးသော့ခတ်ကာ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စည်းကမ်းမဲ့ယာဉ်အဖြစ် ဖမ်းဆီးခံရတဲ့အခါ ပေးဆောင်ရမယ့် ဒဏ်ငွေအနေနဲ့ ယာဉ်မောင်းက ယာဉ်နဲ့အတူရှိနေပါက ကားဘီးသော့ခတ်တာမျိုးမလုပ်ဘဲ ၂ တန် အောက် ယာဉ်ငယ် ဖြစ်ပါက ဒဏ်ငွေ ကျပ်တစ်သောင်း၊ ၂ တန်နဲ့ ၃တန်ကြား ယာဉ်နဲ့ ၃တန်အထက် ယာဉ်ဖြစ်ပါက ဒဏ်ငွေ ကျပ်သုံးသောင်း ပေးဆောင် ရမှာဖြစ်ပါတယ်။

ဖမ်းဆီးစဉ်မှာ ယာဉ်မောင်းက ယာဉ်နဲ့အတူမရှိရင် ယာဉ်ကို ကားဘီးသော့ခတ်မှာဖြစ်ပြီး ပေးဆောင်ရမယ့်ဒဏ်ငွေကတော့ ယာဉ်အမျိုးအစားမခွဲခြားတော့ဘဲ
ကျပ် ၅ သောင်းပေးဆောင်ရမှာဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့နေ့မှာ ဒဏ်ငွေဆောင်ပြီး ယာဉ်ကိုပြန်လည် မရွေးယူပါက နောက်ကျရက်လွန်ဒဏ်ကြေးအနေနဲ့ တစ်ရက်လျှင် ကျပ် ၅၀၀၀ ဒဏ်ကြေးထပ်မံပေးသွင်းရမှာဖြစ်ပါတယ်။

Car wheel Lock နှင့်ဖမ်းဆီးခံထားပါက ယာဉ်မောင်းသိစေဖို့အတွက် ယာဉ်မောင်းထိုင်တဲ့နေရာရဲ့ အရှေ့ဘက်ကားမှန်မှာ အသိပေးစာကပ်ပေး ထားမှာဖြစ်ပါတယ်၊ အသိပေးစာမှာပါတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး ဒဏ်ငွေပေးဆောင်ရမှာဖြစ်တယ်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်မှုအတွက် ကျသင့်ဒဏ်ငွေ ကိုပေးဆောင်ပြီးမှသာ ကားဘီးသော့ခတ်ခြင်းကို ဖြုတ်သိမ်းပေးမှာဖြစ်ပါတယ်။

car wheel lock ကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်ဆီးလို့ ပျက်စီးသွားပါက ပစ္စည်းတန်ဘိုးငွေ ၁၀ ဆပေးလျော်ရမှာဖြစ်တယ်လို့ စည်ပင်သာယာရေးကော်မတီကသိရပါတယ်။

Car Wheel Lock နဲ့ ဖမ်းဆီးအရေးယူတာကို စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှ အရာရှိတစ်ဦး ဦးဆောင်ကာ ယာဉ်ထိန်းရဲ၊စည်ပင်ရဲ အပါအ၀င် ၈ ယောက်အဖွဲ့ နှစ်ဖွဲ့နဲ့ ဈေးတွေ ၊ဆေးရုံ ၊စာသင်ကျောင်းတွေနဲ့ လူစည်ကားတဲ့ အဓိက လမ်းမကြီးတွေမှာ နေ့စဉ်စစ်ဆေးဆောင်ရွက်သွားမယ်လို့ စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှူး ဦးဝင်းမောင်ကပြောပါတယ်။

သက်စုအောင်

ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များ တိုက်ကြေအဖြစ် အပ်နှံပါက သက်ဆိုင်ရာ ကုမ္ပဏီ အမည်ဖြင့်သာ အငှားယာဉ်စလစ် ထုတ်ပေးမည်ဟုဆို

န်ကုန်၊ အောက်တိုဘာ ၁

ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များကို ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံခွင့် မပေးသလို တိုက်ကြေအဖြစ် အပ်နှံပါက သက်ဆိုင်ရာ ကုမ္ပဏီ အမည်ဖြင့်သာ အငှားယာဉ်စလစ် ထုတ်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

လူအမည်ပေါက် အငှားယာဉ်များ အတွက်မူ တိုက်ကြေပျက်စီးပြီး အပ်နှံပါက လူစီးစလစ် သို့မဟုတ် အငှားယာဉ်စလစ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရှိရသည်။

“ပြည်နယ်တိုင်းအစိုးရအဖွဲ့ရဲ့ ထောက်ခံချက်နဲ့ တင်သွင်းထားတဲ့ ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်တွေ တိုက်ကြေပျက်စီးလို့ အပ်နှံရင် လူစီးစလစ်နဲ့ လူအမည်ပေါက် အငှားယာဉ်စလစ် မထုတ်ပေးပါဘူး။ ကုမ္ပဏီ အမည်ပေါက်နဲ့ အငှားယာဉ် စလစ်သာ ထုတ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။

ပြည်နယ်တိုင်းအစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တင်သွင်းထားသည့် ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်များကို အမည်လိပ်စာ မပြောင်းရဟု သတ်မှတ်ထားပြီး အပ်နှံခွင့်လည်း ပေးမည် မဟုတ်ကြောင်း ကညနက ထုတ်ပြန်ထားသည်။

“ကုမ္ပဏီ အမည်ပေါက် တက္ကစီယာဉ်တွေက အပ်နှံလို့ မရတဲ့အပြင် အမည်လိပ်စာပါ ပြောင်းလို့ မရတဲ့အတွက် ဈေးကွက်မှာ အရောင်းအဝယ် သိပ်မရှိဘူး။ ကုမ္ပဏီ အမည်ပေါက် တက္ကစီတွေကို တိုက်ကြေအဖြစ် အပ်နှံလို့ လူစီးယာဉ်စလစ်သာ ထုတ်ပေးမယ်ဆိုရင် လုပ်စားတဲ့သူတွေ များလာလိမ့်မယ်။ အခုလို ကုမ္ပဏီ အမည်ပေါက် အငှားယာဉ်စလစ်ပဲ ထုတ်ပေးတာ ကောင်းတယ်” ဟု ယာဉ်ဝယ်ရောင်း လုပ်ကိုင်သူ ကိုသန်းနိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း (ဂ) လိုင်စင်ထုတ်ပေးထားသည့် ယာဉ်စီးရေ ၇၄,ဝဝဝ ကျော်အနက် စီးရေ ၆ဝ,ဝဝဝ ကျော်မှာ ကုမ္ပဏီ အမည်ပေါက် တက္ကစီယာဉ်များ ဖြစ်ကြောင်း ကညနထံမှ သိရှိရသည်။

ယာဉ်စီးရေ တစ်သောင်းကျော် ကနဦး မှတ်ပုံတင်ရန် ကျန်ရှိသော်လည်း သတ်မှတ်ကာလ တိုးပေးရန် အစီအစဉ် မရှိဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁

အပ်ကုန်ပါမစ်ဖြင့် ၂ဝ၁၅ ခုနှစ်က တင်သွင်းခဲ့သော ယာဉ်အစီးရေ တစ်သောင်းကျော်သည် ယခုနှစ် ဒီဇင်ဘာလအတွင်း ကနဦး မှတ်ပုံတင်ရန် ကျန်ရှိသော်လည်း ယင်းကာလအမီ မှတ်ပုံမတင်နိုင်သည့် ယာဉ်များအတွက် ဖြေလျော့ပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ကားအရောင်းစင်တာများနှင့် ကားအရောင်းပြခန်းများမှ ကနဦး မှတ်ပုံတင်ပြုလုပ်ရန် ယာဉ်အစီးရေ တစ်သောင်းကျော် ကျန်ရှိနေသော်လည်း သတ်မှတ်ကာလ တိုးမြှင့်ပြီး ဖြေလျှော့ပေးရန် အစီအစဉ် မရှိကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၅ အပ်ကုန်ပါမစ်နဲ့ တင်သွင်းတဲ့ ယာဉ်တွေက ဒီနှစ်မကုန်ခင်မှာ ကနဦး မှတ်ပုံတင်ပြုလုပ်ဖို့ ဇန်နဝါရီလ ကတည်းက ထုတ်ပြန်ပြီးသားပါ။ ဒီယာဉ်တွေအနေနဲ့ နှစ်မကုန်ခင်အထိ ကနဦး မှတ်ပုံတင် မလုပ်နိုင်ဘူး ဆိုရင် မူလတင်သွင်းခဲ့တဲ့ နိုင်ငံကို ပြန်ပို့ရမှာပါဟု ကညနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂ဝ၁၅ ခုနှစ် အတွင်းက ကားအရောင်းပြခန်း၊ ကားအရောင်းစင်တာများနှင့် ယာဉ်ဝယ်ယူ တင်သွင်းသူများမှ ယာဉ်အိုယာဉ်ဟောင်း အစားထိုးပါမစ်၊ တစ်ဦးချင်းပါမစ်နှင့်များမှ အပ်ကုန်စနစ်ဖြင့် တင်သွင်းသည့် ယာဉ်အစီးရေ ၁ဝ၂,၃၆၉ စီး ရှိခဲ့ပြီး ယခုနှစ်မကုန်မီ ကနဦး မှတ်ပုံတင် ပြုလုပ်ရန် စီးရေ တစ်သောင်းကျန် ရှိနေသေးကြောင်း ကညနထံမှ သိရှိရသည်။

၂ဝ၁၅ အပ်ကုန်ပါမစ်နဲ့ လျှောက်ထားတဲ့ကားက ဒီနှစ်မေလလောက်မှ ရောက်တာတွေ ရှိတယ်။ အဲဒီယာဉ်တွေကျတော့ ရောင်းချဖို့အချိန်က ၇ လလောက်ပဲ အချိန်ရတယ်။ အဲဒီလိုကျတော့ ယာဉ်တင်သွင်းရောင်းချသူတွေ အနေနဲ့ အရမ်းနစ်နာပါတယ်။ ကညနအနေနဲ့ အချိန်သက်တမ်းလေးကို နည်းနည်းလောက် တိုးမြှင့်ဖြေလျှော့ပေးဖို့ လိုပါတယ်ဟု တစ်နိုင်တစ်ပိုင် ယာဉ်တင်သွင်းရောင်းချသူ ကိုဇော်ကြီးက ဆိုသည်။

ယခုနှစ်ဇန်နဝါရီ ၇ ရက်က ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ ခွင့်ပြုခဲ့သည့် အရောင်းစင်တာ၊ အရောင်းပြခန်းများမှ သွင်းကုန်လိုင်စင်များကို ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ကြေညာခဲ့သည်။