Showing posts with label ၈၈၈၈. Show all posts
Showing posts with label ၈၈၈၈. Show all posts

Wednesday, October 5, 2016

တရုတ်ကွန်မြူနစ်ပါတီ ဖိတ်ကြားမှုအရ ဦးကိုကိုကြီး ဦးဆောင်သည့် ၈၈ မျိုးဆက်အဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်

Posted: October 5, 2016

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားမှုအရ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီး ဦးဆောင်သော အဖွဲ့ဝင် ၁ဝ ဦးသည် ယနေ့ အောက်တိုဘာလ ၅ ရက်၊ နေ့ ၁၂း ၁၅ နာရီတွင် ရန်ကုန်လေဆိပ်မှ ကူမင်းမြို့သို့ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်ဟု ၈၈ မျိုးဆက် အဖွဲ့မှ သတင်းထုတ်ပြန်သည်။

 

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး နှင့် ယဉ်ကျေး မှု ပြောင်းလဲခြင်းဖြစ်စဉ်များကို လေ့လာနိုင်ရန် အတွက် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပေါင်းကူးတံတားဖြစ်သော ယူနန်ပြည်နယ်သို့ လည်းကောင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ သင်္ကေတဖြစ်သော ရှန်ဟိုင်းမြို့သို့ လည်းကောင်း၊ နိုင်ငံရေးမြို့တော်ဖြစ်သော ဘေကျင်းမြို့သို့ လည်းကောင်း သွားရောက် လေ့လာကြမည်ဖြစ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ် ပါတီ နိုင်ငံတကာရေးရာဌာန ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေး စီမံကိန်းဌာန ၊ ယူနန်တက္ကသိုလ်မှ ပါမောက္ခများ ပညာရှင် များနှင့် လည်း တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်ဟု သတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

 

“အိမ်နီးချင်း အချင်းချင်း ဆက်ဆံရေးဟာ အင်မတန်အရေးကြီးပါတယ် ။ ပြည်သူချင်း ဆက်ဆံရေး အပြန်အလှန် အကျိုးဖြစ်ထွန်းရေးတွေဟာ ရေရှည် ချစ်ကြည်ရေးပါပဲ” ဟု ၈၈ မျိုးဆက်မှ ဦးကိုကိုကြီးက ပြောသည်။

 

ယခုခရီးစဉ်တွင် ဦးကိုကိုကြီး ဦးဆောင်၍ ဦးဂျင်မီ၊ ဦးမာကီ၊ ဦးသက်ဇော်၊ ဒေါ်မီးမီး၊ ဒေါ်သက်သက်အောင်၊ ဒေါ်ယဉ်ယဉ်ဝိုင်း၊ ဒေါ်သရဖီ၊ ဦးကိုကိုလှိုင်နှင့် ကိုထွန်းသူရစိုးတို့ လိုက်ပါသွားခဲ့ကြသည်။

 

အစိုးရသစ်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်ပနိုင်ငံ ကြီးများသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင်မှ ဗြိတိန်နှင့် အမေရိကန်သို့ သွားရောက်ခဲ့သည်။

 

The Ladies News