Showing posts with label ဘင်္ဂလီအရေး. Show all posts
Showing posts with label ဘင်္ဂလီအရေး. Show all posts

Tuesday, October 4, 2016

ခိုဝင်ဘင်္ဂါလီများ လိုက်ပါလာသည့် မော်တော်ကား ကော့သောင်းတွင် တိမ်းမှောက် သဖြင့် ဘင်္ဂါလီများအား ဖမ်းမိ


 


တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့  မိုင်တိုင် ၁၅ အနီးတွင် ဘင်္ဂါလီများ တင်ဆောင် လာသည့် ပရိုဘောက်အဖြူရောင် ကား တစ်စီး စက်တင်ဘာလ ၃၀ရက် နံနက် က တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကော့သောင်းမြို့ ၁၅ မိုင်ကျေးရွာ အနီး ကော့သောင်း- ဘုတ်ပြင်း လမ်းမကြီးတွင် ရန်ကုန်မှ ကော့သောင်းမြို့သို့ ယာဉ်မောင်း အောင်နိုင်ဝင်း (ခ) မူစတာဖွါ အမှတ် ၃၈ မြေညီ(၀ဲ)၊ ၁၁၉ လမ်း၊ ရေတွင်းကုန်းရပ်၊ မင်္ဂလာတောင် ညွန့်မြို့နယ်၊ ရန်ကုန်တိုင်း နေသူသည် ၄င်း၏ ဇနီးဖြစ်သူ ခင်လှ လှစိုး(ခ) စူရ်သာနား နှင့်အတူ အလီဘိုင်(တာမွေ မြို့နယ် ရန်ကုန်တိုင်း) နေသူ၏ စီစဉ်ဆောင်ရွက်မှု ဖြင့် 7E/9210 ပရိုဘောက်ခဲရောင်ကားဖြင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ နာနီကျေးရွာနေ ဘင်္ဂါလီလူမျိုးများ ဖြစ်သောမိုဟာမက်ရဖီပါ ၆ ဦးအား မလေးရှား နိုင်ငံသို့ ပို့ဆောင်ရန် တစ်ဦး လျှင် ၃၀ သိန်းကျပ်ရယူ၍ တင်ဆောင်မောင်းနှင် လာစဉ် ကားမှာလမ်းဘေး သို့ထိုးကျပြီးဆီအုန်း ပင်အား ၀င်ရောက်တိုက်မိခဲ့ သဖြင့် ယာဉ်ပေါ်ပါ (၈)ဦးအနက် အောင်နိုင်ဝင်း၊ ခင်လှလှစိုး၊ မာမက် ဟူစိန်၊ မိုဟာမက်ရဖီး တို့မှာဒဏ်ရာများရရှိခဲ့ပြီး ကော့သောင်း ဆေးရုံတွင် ကုသခံနေရကြောင်း ရဲမှတ်တမ်းများအရ သိရှိရသည်။


ဆီအုန်းပင်အား တိုက်မိသည့် အရှိန်ကြောင့် ကားရှေ့ခေါင်းခြမ်း ပျက်စီး ခဲ့ပြီး ကားပေါ်ပါလာသည့် ကားသမား အပါ ၄ဦး ထိခိုက်ဒဏ်ရာ ရရှိသည့် အတွက် ကော့သောင်း ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမူ ခံယူလျက်သည်။ ပွဲစားဆိုသူအပါအဝင် ဘင်္ဂါလီ ၄ ဦးမှာ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။


ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြင် မောင်းနှင်၍ လူအများအား ဒဏ်ရာရရှိစေခဲ့သူ အောင်နိုင်ဝင်း အား ကော့သောင်း ရဲစခန်းက ယာဉ်(ပ)၁၂၉/၂၀၁၆ ပုဒ်မ ၃၃၇/ ၃၃၈ အရ လည်းကောင်း၊ ခရီးသွားလာခွင့် စည်းကမ်း နှင့် မှတ်ပုံတင်ရေး ဥပဒေအား ချိုးဖောက်ခဲ့ကြသူ ဘင်္ဂါလီလူမျိုး မိုဟာမက်ရဖီး ပါ ၂ဦးအား (ပ)၁၂၃၀/၂၀၁၆ မှတ်ပုံတင်ရေး အက်ဥပဒေ ပုဒ်မ ၆(၂) အရ လည်းကောင်း၊ မလေးရှား နိုင်ငံသို့ တရားမ၀င်ပို့ ဆောင်ပေးရန်စီစဉ် ဆောင်ရွက် ပေးသူများဖြစ်သော အောင်နိုင်ဝင်း၊ ခင်လှလှစိုး၊ အလီဘိုင် တို့အား (ပ) ၁၂၃၂ /၂၀၁၆ ပုဒ်မ ၃၆၇/ ၃၇၁ အရ လည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း နှင့် ထွက်ပြေး တိမ်းရှောင်နေ သောတရားခံ အလီဘိုင် နှင့် ဘင်္ဂါလီလူမျိုး ၃ ဦး တို့အား ရဲတပ်ဖွဲ့မှ အပူတပြင်း လိုက်လံရှာဖွေလျှက် ရှိကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းမ်း သတင်းမီဒီယာ

ဓာတ်ပုံ - ကော့သောင်းရဲစခန်း

Friday, September 30, 2016

လူဦးရေပေါက်ကွဲနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အနာဂတ် အန္တရာယ် *****************************************************************


ဘင်္ဂလီအရေး ဟာ ခုအစိုးရလက်ထက်ရောက်မှ
ဖြေရှင်းနေရတဲ့ ပြသနာ တစ်ခု မဟုတ်ပါဘူး။
လွတ်လပ်ရေး ရပြီးချိန်မှ ယခုထိအစိုးရအဆက်ဆက် ဖြေရှင်းနေရတဲ့ ပြသနာတစ်ခုပါ။
ဖြေရှင်းမှုပုံစံတွေမတူကွဲပြားသော်လည်း
နောင်အစိုးရအဆက်ဆက်လည်း ဆက်လက်
ရင်ဆိုင်နေရဦးမည့် ပြသနာတစ်ခုပါ။

ဘာကြောင့် ဒီပြသနာဖြစ်လာလည်းဆိုတော့
ဘင်္ဂလာဒေ့ရှ် နိုင်ငံရဲ့ ဧရိယာနှင့်လူဦးရေ အချိုးအစားမျှတမှုမရှိဘဲ လူဦးရေပေါက်ကွဲမှုဖြစ်နေလို့ပါ။ ဒီလိုဘာကြောင့်ဖြစ်ရတာလည်းဆိုတော့ ယုံကြည်ကိုးကွယ်မှုဘာသာတရားကြောင့်ပါ။
ယောက်ျားတစ်ယောက်က
မိန်းမလေးယောက်ယူခွင့်ရှိတယ်။ ကလေးကြိုက်သလောက်မွေးလို့ရနေတာကြောင့်ပါဘဲ။

ဒီပြသနာကို နိုင်ငံရေး ခေါင်းဆောင်တွေ
ကိုယ်တိုင်လည်း မကိုင်တွယ်ရဲပါဘူး။
သူတိုရဲ့နိုင်ငံရေးအာဏာကိုထိပါးနိုင်လို့ပါဘဲ။
UN က ဝင်ဖြေရှင်းရန်ကြိုးစားခဲ့သော်လည်း
အောင်မြင်မှုမရခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်ဆိုတာ အိန္ဒိယ မှတဆင့်
အရှေ့ပါကစ္စတန် ၄င်းမှ ဘင်္ဂလားဒေ့ရှ်ဆိုတာ ဖြစ်လာတာပါ။လူအများစုက အစ္စလမ် ဘာသာ
ကို ကိုးကွယ် ကြပါတယ်။

သူရဲ့အိမ်နီးချင်းက
အိန္ဒိယ နှင့် မြန်မာ နှစ်နိုင်ငံသာရှိပါတယ်။
မြန်မာနှင့် မိုင်၂၀၀ ကျော်သာနယ်နမိတ်ထိစပ်နေပြီး ကျန်နယ်နမိတ်အားလုံးဟာ အိန္ဒိယ နှင့်သာထိစပ်နေပါတယ်။

ဒီတော့ ဒီသုံးနိုင်ငံရဲ့
ဧရိယာ အကျယ်အဝန်း လူဦးရေ
လူဦးရေသိပ်သည်းမှု GDP တွေကိုလေ့လာကြည့်ပါက ခုလိုတွေရပါတယ်။

အိန္ဒိယ
ဧရိယာ 1,269,346 sq miles or 3,287,263 sq km လူဦးရေ 1276.267 သန်း
လူဦးရေသိပ်သည်းဆ1004/sq mile or
387.7/sq km
GDP $ 6209 Trillion

ဘင်္ဂလားဒေ့ရှ်
ဧရိယာ 56,977 sq miles or 147,570 sq km
လူဦးရေ 171.7 သန်း
လူဦးရေ သိပ်သည်းဆ 3416 /sq mile or
1319 / sq km
GDP 572.440 Billion

မြန်မာ
ဧရိယာ 261,227 sq miles or 676578 sq km
လူဦးရေ 51.486 သန်း
လူဦးရေ သိပ်သည်းဆ 196.8/sq mile or
76/sq km
GDP 269.996 Billion

အထက်ပါအချက်တွေကိုကြည့်ပါက
ကျွန်တော်တို့နိုင်ငံ ဧရိယာ ၏ 25% လောက်သာ
ရှိပြီး လူဦးရေ မှာ 3.5 ဆ လောက်များနေတာတွေရမှာပါ။

လူဦးရေ သိပ်သည်းဆ မှာ တစ်စတုရန်းမိုင်မှာ
အိန္ဒိယ က ၁၀၀၄ ဦး မြန်မာက ၁၉၆.၈ ဦး
ရှိနေစဉ်မှာ ဘင်္ဂလားဒေ့ရှ် က ၃၄၁၆ ဦးရှိနေပါတယ်။

ဒီလောက်ဆိုရင်တော့ဖြစ်လာနိုင်တဲ့
အန္တရာယ် ကို တွက်ဆလို့ရနေပါပြီ။
ဒါ့အပြင် ကမ္ဘာလုံးဆိုင်ရာအစ္စလမ်ဝါဒပြုမှု ကလည်းရှိနေပါတယ်။

ထို့အပြင်
သဘာဝပတ်ဝန်းကျင်ပျက်ယွင်းမှု ကမ္ဘာကြီးပူနွေး
လာမှုတို့ကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ရှိနေပါတယ်။
ပင်လယ်မြင့်တက်လာမှု အန္တရာယ်
ရေမျက်နှာပြင်မြင့်တက်လာမှုကြောင့်
ဘင်္ဂလာဒေ့ရှ် မှာ လူ သန်းပေါင်း ဆယ်ဂဏန်းကျော်နေစရာပျောက်မယ်
လို့ပညာရှင်များ တွက်ဆထားပါတယ်။

အဲ့ဒီပြသနာတွေအားလုံးရဲ့ရိုက်ခတ်မှုကို ပတ်ဝန်းကျင်ရှိနိုင်ငံအားလုံးခံစားကြရမှာပါ။

အထူးသဖြင့်ကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့
အိန္ဒိယ နှင့် ကျွန်တော်တို့မြန်မာနိုင်ငံတွေပိုခံရမှာပါ။
အိန္ဒိယ က နူကလိယားလက်နက်ပိုင်တယ်
စီးပွားရေး ကောင်းတယ် လူဦးရေ များတယ်
စစ်အင်အားကဒေသတွင်းအင်းအားကြီးနိုင်ငံ
ဒါတောင် နယ်စပ်ခြံစည်းရိုးကာပြီး
ခိုးဝင်လာသမျှ ပစ်သတ်နေသေးတယ်။

ကျွန်တော်တို့နိုင်ငံ ဘက်ကြည့်တော့
လူဦးရေကနည်း နိုင်ငံရေး ကမတည်ငြိမ်
စီးပွားရေး က မကောင်း။ ပြီတော့တိုင်းရင်းသားတွေနှင့်ညီညွတ်ရေးက မတည်ဆောက်နိုင်သေး။

ကာကွယ်ရေး တာဝန်ယူထားတဲ့
စစ်တပ်ကို အပုတ်ချ သွေးခွဲ တိုက်ခိုက်။
ဖြစ်လာနိုင်တဲ့ပြသနာကို မြင်အောင်ကြည့်ကြပါ။
ဒီပြသနာက တည်ဆဲအစိုးရကို နိုင်ငံရေး အရ
တိုက်ခိုက်ရန်သုံးသော ကိစ္စရပ်လုံးဝမဟုတ်ပါ။

***အနာဂါတ်ကာလမှာ ရင်ဆိုင်ရမည့်
အန္တရာယ် အရှိဆုံးပြဿနာပါ။ အစိုးရအဆက်ဆက်
မှန်ကန်သော မူဝါဒများ ချမှတ်ကာကွယ်လုပ်ဆောင်နိုင်ပါမှ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း
ရေးသားအပ်ပါသည် ။