Showing posts with label လှူဒါန်းမှု့သတင်းများ. Show all posts
Showing posts with label လှူဒါန်းမှု့သတင်းများ. Show all posts

Tuesday, September 20, 2016

မကွေးတွင် ငလျင်ကြောင့် ပြိုပျက်ခဲ့သည့် ဘုရားများပြုပြင်ရေး တပ်မတော်မိသားစုများ ကျပ်သိန်း ၁,၁၀၀ လှူဒါန်း

ငလျင်ဒဏ်ကြောင့် ထိ ခိုက်ခဲ့သည့် မကွေးနှင့် မင်းဘူး ခရိုင်ရှိ စေတီတော်များ ပြန်လည် မွမ်းမံပူဇော်ရေးအတွက် တပ်မ တော်ကြည်း၊ ရေ၊ လေ မိသားစုနှင့် အလှူရှင်များက ကျပ်သိန်း၁,၁၀၀ လှူဒါန်းပွဲကို မကွေးမြသလွန်ဘုရားရင်ပြင်တော်  တန်ဆောင်းတွင် စက်တင်ဘာ ၁၉ ရက်ကပြုလုပ်သည်။

အလှူငွေပေးအပ်ပွဲ အခမ်း အနားတွင် မကွေးမြို့ သြ၀ါဒါစရိ ယ ဆရာတော်များအား ဖိတ်ကြား ၍ ငါးပါးသီလခံယူခြင်း၊ ဆရာ တော်များအား လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းခြင်းတို့ပြု လုပ်၍ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူးဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် က အလှူငွေများကို မကွေးတိုင်း အစိုးရ ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် တာဝန်ရှိသူများ ထံ လွှဲအပ်ပေးခဲ့သည်။

‘‘တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဦးဆောင်ပံ့ပိုးမှု၊ တပ် မတော် ကြည်း၊ ရေ၊ လေမိသားစု များနဲ့ စေတနာရှင်ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းမှုဖြင့် မကွေးခ ရိုင်နှင့် မင်းဘူးခရိုင်ရှိ စေတီတော် သုံးဆူအတွက် အလှူငွေ ကျပ် သိန်း ထောင့်တစ်ရာကို သြ၀ါဒါ စရိယ ဆရာတော်ကြီးများ ရှေ့ မှောက်တွင် သက်ဆိုင်ရာတာဝန် ရှိသူများထံ ပေးအပ်လှူဒါန်းသွား မှာ ဖြစ်ပါတယ်ဘုရား’’ ဟု အ လယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်း မှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်က ဆရာ တော်ကြီးများအား လျှောက်ထား သည်။

ငလျင်ဒဏ်ကြောင့် မင်းဘူး ခရိုင် ပွင့်ဖြူမြို့နယ် ကျွဲထိကျေးရွာ မှ ရွှေမုဋ္ဌောစေတီတော်၊ စလင်းမြို့နယ်မှ ရှေးဟောင်း ရှင်ပင်စောလူး စေတီတော်နှင့် မကွေးခရိုင် ချောက်မြို့နယ်ရှိ အေးစေတီတို့ ထိခိုက်ပျက်စီးမှုများရှိပြီး ဘုရားစေတီ ပြုပြင်ရန် လှူဒါန်းခြင်းအပေါ် တပ်မတော်ကြည်း၊ ရေ၊လေ မိသားစုနှင့် အလှူရှင်များအားကျေးဇူးတင်ရှိကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။