Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Sunday, September 15, 2013

ကြွက်ထောင်ချောက်

ကြွက်ထောင်ချောက်

တစ်ခါကကြွက်ကလေးတစ်ကောင်ဟာ လယ်သမားတစ်ဦးရဲ့ အိမ်မှာနေသတဲ့။ တစ်နေ့လယ်သမားက ကြွက်ထောင်ချောက် တစ်ခုဝယ်လာတာကို ကြွက်ကလေးမြင်သွားပါတယ်။ကြွက်ကလေးဟာ စိုးရွံ့စွာနဲ့ ခြံထဲကိုဆင်းပြီး တခြားတိရစ္ဆာန်တွေကိုလိုက်သတိပေးပါတယ်။ " အိမ်ထဲမှာ ကြွက်ထောင်ချောက်ရှိတယ်" လို့အကြိမ်ကြိမ်လိုက်ပြောပါသတဲ့။ ကြက်ဖကြီးဆီရောက်တော့ ကြက်ဖကြီးက " ဟေ့ရောင် ငကြွက် အဲဒါမင်းနဲ့ပဲဆိုင်တယ့့် ငါပူစရာမလိုဘူး" လို့ပြောလိုက်တယ်။ ဒါနဲ့ဝက်ကြီးဆီရောက်ပြန်တော့ ဝက်ကြီးကလည်း " စိတ်မကောင်းပါဘူး ငကြွက်ရာ့ ငါမင်းအတွက်ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး " လို့ ပြောလိုက်ပြန်ပါတယ်။ နွားကြီးဆီရောက်ပြန်တော့လည်း " ဒီမှာ ငကြွက့့် အဲဒါမင်းကိစ္စ့ အဲဒါကို ငါယိုတဲ့ အင်အင်းလောက်တောင် စိတ်မဝင်စားဘူ့း့ ဒိုးတော့ " လို့နှင်ထုတ်လိုက်ပါတယ် ။ ဒါနဲ့ ကြွက်ကလေးဟာ စိတ်ပျက်လက်ပျက်နဲ့ပဲ ဒီထောင်ချောက်ကို သူတစ်ကောင်တည်းဘယ်လို ဖြုတ်ရပါ့လို့ စဉ်းစားနေမိပါတော့တယ်။ အဲဒီညမှာပဲ ကြွက်ထောင်ချောက်က အသံကြားတာနဲ့ လယ်သမားကြီးရဲ့ မိန်းမဟာ ဘာများမိနေမလဲ ဆိုပြီး မှောင်ကြီးမည်းထဲ သွားကြည့်ပါတယ်။ မမြင်မစမ်းနဲ့ ကိုင်လိုက်တဲ့ထောင်ချောက်မှာ မြွေတစ်ကောင်ရဲ့ အမြီးကိုမိနေတာဆိုတော့ ဒေါသထွက်နေတဲ့မြွေက ကိုက်လိုက်ပါရောတဲ့။ ဒါနဲ့ ဆေးရုံရောက်သွားပါတယ် ။ ဆေးရုံကဆင်းလာတဲ့အခါလည်း နေမကောင်းဘဲအိပ်ယာထဲလဲနေပါတယ်။ လယ်သမားကြီးက လူမမာအားရှိအောင် ကြက်စွတ်ပြုတ်လေး တိုက်မှပဲဆိုပြီး ခြံထဲကကြက်ဖကြီးကို ဟာလာလုပ်လိုက်ပါသတဲ့။ ဒါပေမယ့် လူနာက မသက်သာတော့ အိမ်နီးနားချင်းတွေ လာမေးကြတာပေါ့ ။ လာမေးတဲ့ဧည့်သည်တွေဧည့်ခံရအောင်ဆိုပြီး ဝက်ကြီးကိုလည်းဖော်လိုက်ရပြန်ပါသတဲ့။ နောက်ဆုံးတော့ လယ်သမားကြီးမိန်းမဟာ သေသွားပါတယ် ။ဒါနဲ့ ရက်လည်ဆွမ်းသွပ်ဖို့အတွက်နဲ့ နွားကြီးလည်း မာလကီးယား သွားပါလေရောတဲ့။ ကြွက်ကလေးကတော့ ဒီအဖြစ်အပျက်တွေကို စိတ်မကောင်း စွာနဲ့ပဲ လက်ပိုက်ကြည့်နေခဲ့ရပါတော့တယ်။ သယ်ရင်းလည်း တစ်စုံတစ်ဦး ဒုက္ခရောက်တဲ့အခါ ငါနဲ့မဆိုင်ဘူးလို့မတွေးပါနဲ့။ အားလုံးမှာတာဝန်ရှိတယ်ဆိုတာ မမေ့ပါနဲ့။ ဘဝလို့ခေါ်တဲ့ ခရီးစဉ်ကြီးထဲမှာ တို့တွေအားလုံး ပါဝင်ပက်သက်နေကြတယ်လေ။ အချင်းချင်း အပြန်အလှန် ဂရုစိုက်ရမယ်။အားပေးကြရမယ်လေ ။

Saturday, September 14, 2013

ငှက်နဲ့ ငါးတို့ရဲ့အချစ်

ငှက်နဲ့ငါးတို့ရဲ့အချစ်

ငှက်နဲ့ငါးတို့ရဲ့ အချစ်

ဟိုးရှေးရှေးတုန်းက ငါးတစ်ကောင်နဲ့ငှက်တစ်ကောင် ချစ်ကြိုက်ခဲ့ကြသတဲ့။ ဒါပေမယ့် ဘုရားသခင်က သူတို့ကို ထာဝရချစ်သူမဖြစ်နိုင်ဘူး၊ သူငယ်ချင်းတောင်လုပ်ဖို့မသင့်ဘူးလို့ ပြောခဲ့တယ်။ ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လိုပဲချစ်ချစ် ဒီတစ်သက်မှာ သူတို့နှစ်ယောက် အတူပေါင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ခဲ့ဘူး။ ပင်လယ်ရေနဲ့ ဝန်းရံခံထားရတာကို ငါးမနှစ်သက်ခဲ့ဘူး။ ကောင်းကင်အမြင့်ပေါ် လွတ်လွတ်လပ်လပ် နေရတဲ့ခံစားမှုမျိုးကို သူတောင့်တခဲ့တယ်။ ကျယ်ပြန့်တဲ့ကောင်းကင်မှာ ပျံဝဲရတာကို ငှက်ကမကြိုက်ခဲ့ဘူး။ ရေထဲလမ်းလျှောက်ပြီး ပင်လယ်ရေစွတ်စိုတာကို သူလိုချင်ခဲ့တယ်။ ငါးက ကြိုးစားပြီး ရေပေါ်ခုန်တက်တယ်။ သူတောင့်တတဲ့ ကောင်းကင်ပြာထက် ခုန်တက်တယ်။ ငှက်က ပင်လယ်ထဲ အရှိန်နဲ့ထိုးဆင်းတယ်။ ရေနဲ့ပိုရင်းနှီးတဲ့ ခံစားမှုမျိုးရအောင် ထိုးဆင်းတယ်။ ငါးက တစ်ကြိမ်ပြီးတစ်ကြိမ် ခုန်တယ်။ ဒါပေမယ့် ရေပေါ်ရောက်တာနဲ့ ပြန်ပြန်ပြုတ်ကျတယ်။ တစ်ခါက ကမ်းပေါ်ပြုတ်ကျခဲ့လို့ ဒီရေကြောင့် ပင်လယ်ထဲသူပြန်ရောက်သွားခဲ့တယ်။ ငှက်က ရေနဲ့နီးအောင် အကြိမ်ကြိမ်ကြိုးစားတယ်။ ဒါပေမယ့် ငှက်မွေးတွေက ရေထိတာနဲ့ စိုခဲ့ရတယ်။ သူငယ်ချင်းရဲ့ အကူအညီကြောင့် အန္တရာယ်က သူလွတ်ခဲ့တာလည်း အကြိမ်မနည်းခဲ့ဘူး။ ငါး လက်မလွတ်ခဲ့ဘူး။ ကောင်းကင်က သူ့ကိုလက်ပြညှို့ငင်နေတယ်လို့ သူထင်တယ်။ ငှက်လည်း လက်မလွတ်ခဲ့ဘူး။ ပင်လယ်ကမှ သူရဲ့နားခိုရာလို့ ထင်နေခဲ့တယ်။ ဒီလိုနဲ့ နီးစပ်ဖို့ သူတို့မပြတ်ကြိုးစားခဲ့တယ်။ ဒါပေမယ့် နီးစပ်ဖို့ သူတို့ကြိုးစားလေ၊ သေဆုံးဖို့နီးလေဖြစ်ခဲ့တယ်။ ငါးက ငှက်ကိုပြောတယ်.... "ကောင်းကင်ဟာ နင့်အတွက်ပါ။ ကောင်းကင်ပေါ်မှာပဲ နင်ပျံဝဲသင့်တယ်" ငှက်က ငါးကိုပြောတယ်... "ပင်လယ်ဟာ နင့်အတွက်ပါ။ ပင်လယ်ထဲမှာပဲ နင်ကူးခတ်သင့်တယ်" "တကယ်လို့ ငှက်နဲ့ငါး ချစ်လို့ရတယ်ဆိုရင် ငါတို့ရဲ့အသိုက်ကို ဘယ်မှာလုပ်မလဲ" ငါးက မျက်ရည်အဝဲသားနဲ့ပြောတော့ ငှက်က ..... "အင်း.. နင့်ကိုငါ အဖြေပေးမယ်" ဆိုပြီး နောက်ဆုံးအကြိမ်အဖြင့် ကောင်းကင်အမြင့်ပေါ် ပျံတက်သွားလိုက်တယ်။ ပြီးတော့ ပင်လယ်ပြင်ဆီ ထိုးဆင်းလိုက်တယ်။ သြော်... ငါးရှိရာဆီ ထိုးဆင်းသွားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ အဲဒီတခဏ ငါးက ပင်လယ်ထက်ဆီ အရှိန်နဲ့ခုန်တက်လိုက်တယ်။ သြော်... ငှက်ကို ကြိုဆိုဖို့ ခုန်လိုက်တယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ငှက်နဲ့ငါး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်မိကြတဲ့တခဏ အရာအားလုံး ရပ်တန့်သွားခဲ့တယ်။ ဒီအဖြစ်အပျက်က ဘယ်နှစ်ရာစုက ဖြစ်ပျက်ခဲ့မှန်း လူတွေမသိခဲ့ကြဘူး။ ပြတိုက်တစ်ခုမှာ ငှက်နဲ့ငါး ပွေ့ဖက်နေတဲ့ ရုပ်ကြွင်းကို ချစ်သူနှစ်ဦးရပ်ကြည့်နေတယ်။ ဒီလိုရူးသွပ်တဲ့အချစ်က ငှက်နဲ့ငါးကို နာကျင်စေခဲ့တယ်။ ဒါပေမယ့် ဒီလိုနာကျင်မှုထဲမှာ ပျော်ရွှင်ခြင်း တစိတ်တဒေသပါခဲ့တယ်။ တကယ်လည်း သူတို့ပျော်ရွှင်ခဲ့ပါတယ်။ လူအများရဲ့ရင်ထဲမှာ သူတို့ဟာသိပ်ချစ်ကြသူအဖြစ် ထင်ကျန်ခဲ့လို့ပါ