------ နိုင်မင်းလွင် ------
ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်တွင် ကျင်းပသော ဆတ်သေကထိန်ပွဲတွင် PNA ပြည်သူ့စစ်အဖွဲ့နှင့် ရွာသားများစကားများရန်ဖြစ်၍ PNA ဘက်မှ သေနတ်ဖြင့်ပစ်ခတ်ရာရွာသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရပ်စောက်မြို့နယ၊်ယမ်းတွင်ငါးကြောင်ကျေးရွာအုပ်စု၊ဆတ်သေရွာကထိန်ပွဲရှိဈေးဆိုင်တွင် နိုဝင်ဘာလ ၂ရက်၊ နံနက် ၂ နာရီခန့်က PNA ပြည်သူ့စစ်အဖွဲ့နှင့် ရွာသားများစကားများရန်ဖြစ်၍ PNA ဘက်မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ရပ်စောက်မြို့မရဲစခန်းမှ သိရသည်။
“PNA အဖွဲ့ကပွဲလာလည်ရင်းဖြစ်ကြတာ။ အခုထိတော့အမှုဖွင့်ထားတာမရှိသေးဘူး။ နစ်နာတဲ့သူက အမှုဖွင့်မယ်လို့တော့ လာပြောထားတာတော့ရှိတယ်။ ဖြစ်တာလောက်ပဲသိရသေးတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာကို သိတဲ့သူတွေကဆေးရုံလိုက်သွားတာအခုထိတော့ပြန်မရောက်သေးဘူး။ အကြမ်းဖျင်း သိရသလောက်ကတော့ အရက်မူပြီး ဖြစ်ကြတာပါ” ဟုရပ်စောက်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အကုန်သိသတင်းဌာနသို့ ပြောသည်။
No comments:
Post a Comment