Showing posts with labelှဗဟုသုတ. Show all posts
Showing posts with labelှဗဟုသုတ. Show all posts

Saturday, September 14, 2013

ဖုန်းသုံးရင်သတိထားရန်

ုန်းထဲတွင် အမည့်ထည့်ခြင်းနှင့် Message ပို့ခြင်းတို့ သတိပြုဖွယ'် သတင်းတစ်ပုဒ်ဖတ်လိုက်ရလို့ပါ။ ဖုန်းပျောက်သွားတဲ့ အမျိုးသမီးတစ်ဦးက သူ့ဘဏ်အကေင့်ရော၊ သူ့ချစ်သူ ဘဏ်အကောင့်ရော အားလုံး ပါသွားပါ တယ်။ ဖြစ်ပုံက ဒီလိုပါ။ ဖုန်းယူသွားတဲ့ သူဟာ ဖုန်းထဲမှာ Contact ကိုမွေနှောက် ပါတယ်။ ပြီးတော့ Honey လို့အမည်ပေးထားတဲ့ Contact ကိုတွေ့ပြီး ဘဏ်အကောင့် ပင်နံပါတ်ပို့ပေးပါလို့တောင်းပါတယ်။ ဟိုကလည်း သူ့ချစ်သူ အထင်နဲ့ ပို့ပေးလိုက်ပါတယ်။ နောက်ပြီးတော့ ချစ်သူ အမျိုးသားရဲ့ အကောင့်ပါ အရေးကြီးလို့ပါ ဘာညာလို့ Message ထဲမှာ ထည့်ပြီးရေး တောင်းတော့ ဟိုကတကယ်ပို့ပေးပါတယ်။ ဒါနဲ့ပဲ သူတို့ နှစ်ဦး စလုံးရဲ့  ဘဏ်အကောင့်ထဲမှာ ငွေအားလုံးပါသွားပြီး ဖုန်းလည်းဆုံးရှုံး သွားပါတယ်။ ဒီတော့ ဆင်ခြင်စရာအနေနဲ့ - ဖုန်းထဲမှာ ကိုယ်နဲ့ချစ်သူ ခင်သူပဲ ဖြစ်ဖြစ်၊ မိဘ၊ မိသားစုပဲ ဖြစ်ဖြစ် Contact ထဲမှာ Honey, Love, Sweety, Wife အစရှိသဖြင့် Nick name ထည့်ရေး တာကို သတိထားစေဖို့ ပြောဆိုထားပါတယ်။ တစ်ဖက်ကလည်း အရေးကြီးကိစ္စဆိုရင် ဖုန်းဆက်ပြီး ဟုတ်မ ဟုတ် ပြန်မေး၊ ပြန်အသိမှတ်ပြု Confirm လုပ်ဖို့ လိုပါတယ်။ ဒါက နှစ်ဖက်စလုံးအတွက်ပါ။ အရေးကြီး ကိစ္စတွေ၊ချိန်းတာတွေဆိုရင်လည်း ဖုန်းနဲ့ စကားပြောပြီး Confirm လုပ်ဖို့ လိုအပ်ပါသေးတယ်။ အဲ့လိုမဟုတ်ပဲ စာထဲကနေ ဘယ်နေ့၊ဘယ်အချိန်၊ ဘယ်နေရာမှာ တွေ့ရအောင် ဆိုတဲ့စာတွေတွေ့တိုင်း သွားရင် ကိုယ့်အတွက် အန္တရာယ်ရှိပါတယ်။ မိုဘိုင်းဖုန်း လူသုံးများလာတဲ့ ခေတ်ကြီးထဲမှာ ဖုန်းရဲ့  ပစ္စည်းလုံခြုံရေးနဲ့အတူ ဖုန်းနဲ့ဆက်စပ်တဲ့ ပိုင်ရှင် Personal လုံခြုံရေး၊ ဖုန်းပိုင်ရှင်နဲ့ ဆက်စပ် ပတ်ဝန်းကျင် လုံခြုံရေးကလည်း သတိထားစရာ ဖြစ်လာတာမို့ အသေးပေး လိုက် ရပါတယ်။ .
.