Showing posts with label လူသေမှု့. Show all posts
Showing posts with label လူသေမှု့. Show all posts

Monday, October 3, 2016

ဇနီး နေအိမ်ပေါ်မှဆင်းသွားသဖြင့် ခင်ပွန်း ကြိုးဆွဲချသေဆုံး


ရန်ကုန်တိုင်းဒေသကြီး၊ကွမ်းခြံကုန်းမြို့ ၊ အင်္ဂလုံကျေးရွာအနီး အိမ်တအိမ်တွင် အောက်တိုဘာ ၂ ရက်နေ့ ညနေပိုင်းက ဇနီးသည်နေအိမ်မှဆင်းသွားသဖြင့် ခင်ပွန်းဖြစ်သူက စိတ်ညစ်ကာ မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးမှုတခု ဖြစ်ပွားခဲ့ကြောင်း ကွမ်းခြံကုန်း ရဲစခန်းမှသိရသည်။

သေဆုံးသူမှာ အသက် ၂၈ နှစ် အရွယ်ရှိ ကိုစိုးသူဆိုသူဖြစ်ပြီး ယင်းနေ့ ညနေ ၄ နာရီအချိန်က ၄င်းနေထိုင်ရာအင်္ဂလုံကျေးရွာတောက်ဘက် ၄ ဖာလုံခန့်အကွာတွင်ရှိသော တဲအတွင်း ပလပ်စတစ်ကြိုးကို အသုံးပြုကာ တဲ၏ထုတ်တန်းတွင်ကြိုးဆွဲချသေဆုံးနေခြင်းဖြစ်သည်။

ဖြစ်စဉ်အားရဲတပ်ဖွဲ့ကစုံစမ်းရာ လွန်ခဲ့သော ၁၅ ရက်က ဇနီးဖြစ်သူနှင့်စကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူမှနေအိမ်ဆင်းသွားပြီး ပြန်ရောက်မလာသဖြင့် စိတ်ညစ်ကာ ယင်းသို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ သေဆုံးသူ၏အလောင်းကို ကွမ်းခြံကုန်းဆေးရုံသို့ပို့ဆောင်ပြီး ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇/၁၆ ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ကိုရဲ
(Photo : For illustration purpose only.)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

Monday, September 26, 2016

ကြိုးဆွဲချသေဆုံးမှုကို ပြန်လည်သရုပ်ပြသူ သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၆

မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် သုခိတာလမ်းသွယ်(၂)၌ စက်တင်ဘာ ၂၅ ရက်က လမ်းဘေးသစ်ပင်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးနေသည်ကို သွားရောက်ကြည့်ရှုခဲ့သည့် အသက် ၆၀ အရွယ် အမျိုးသားက နေအိမ်ရှိဇနီးနှင့် သမီးဖြစ်သူကိုပြန်လည်သရုပ်ပြစဉ် ၎င်းပါ သေဆုံးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကြိုးဆွဲချသေဆုံးမှုကိုသရုပ်ပြရာမှ သေဆုံးသူဦးလှအောင်မှာတစ်လမ်းထဲနေသူ အသက် ၂၅ နှစ်အရွယ် ကိုမျိုးဇော်ဦး လမ်းဘေးရှိ ဗန်ဒါပင်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို သွားရောက် ကြည့်ရှု၍ နေအိမ်ပြန်လာပြီး ဇနီးနှင့် သမီးဖြစ်သူကို ကြိုးဆွဲချ သေဆုံးနေပုံ လုပ်ပြမည်ဟု ပြောဆိုကာ အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းသွားခဲ့ကြောင်း၊ ယင်းနောက် ၎င်း၏အသံ မကြားရသောကြောင့် ဇနီးကအောက်ထပ်ဆင်းကြည့်စဉ် နေအိမ်ရှိ စတီးလှေကားလက်ရမ်းတွင် ပုဆိုးကို ကွင်းပုံသဏ္ဍန်ပြုလုပ်၍ ကြိုးဆွဲချ သေဆုံးနေသည်ကို တွေ့ရကြောင်း မင်္ဂလာဒုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သေဆုံးသူက အစအနောက်သန်သူလို့ မိသားစုထံက သိရတယ်။ လမ်းထဲက ကောင်လေးကြိုးဆွဲချ သေဆုံးတာသွားကြည့်ပြီး အိမ်ကမိသားစုကို ကြိုးဆွဲချသေဆုံးပုံလုပ်ပြရာက သူပါ သေဆုံးခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ကြိုးဆွဲချသေဆုံးခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများကို အင်းစိန်ဆေးရုံသို့ ပို့အပ်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ်စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ 

THE VOICE