Showing posts with label facebook. Show all posts
Showing posts with label facebook. Show all posts

Thursday, September 22, 2016

ဇူကာဘတ်ဂ်နဲ့ ချန်တို့က ရောဂါအားလုံးတိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီး ဒေါ်လာ ၃ဘီလျံလှူဒါန်း

ဖေ့ဘွတ်ခ်လူမှုကွန်ယက်ကို စတင်ထူထောက်ခဲ့တဲ့ မတ်ခ်ဇူကာဘတ်ခ်နဲ့ ဇနီးဖြစ်တဲ့ ပရစ်စီလာချန်တို့က လာမယ့်ဆယ်စုနှစ် ကျော်ကာလမှာ ဆေးဝါးသုတေသနလုပ်ဆောင်ဖို့အတွက် ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ဘီလျံလှူဒါန်းသွားမှာ ဖြစ်ပါ တယ်။
face
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့မှာ လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ သူတို့ဇနီးမောင်နှံရဲ့အန္တိမရည်မှန်းချက်က ရာစု နှစ်အကုန်မှာ ရောဂါအားလုံးကုသနိုင်၊ ကာကွယ်နိုင်အောင်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၅ခုနှစ် ဒီဇင်ဘာလကစတင်ပြီး သူတို့ဇနီးမောင်နှံဖန်တီးခဲ့တဲ့ အဲဒီဆေးပညာသုတေသနရန်ပုံငွေကို ချန်ဇူကာဘတ်ခ်က အစပျိုးလှူဒါန်းသွားမှာဖြစ်ပါတယ်။
နည်းပညာဆိုင်ရာထိပ်သီးပိုင်းတွေရဲ့ ကျန်းမာရေးဘက်ကို အာရုံစိုက်မှုက ပိုပြီးများပြားလာနေပါတယ်။
အခုရက်သတ္တပတ်အစောပိုင်းမှာ မိုက်ခရိုဆော့ကလည်း ဥာဏ်ရည်တု (AI) ကိရိယာတွေကို အသုံးချပြီး ကင်ဆာရာဂါကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဂူဂဲလ်ရဲ့ DeepMind ယူနစ်က အမျိုးသားကျန်းမာရေးအဖွဲ့နဲ့တွဲဖက်ပြီး ရောဂါရှာဖွေရာမှာ ပိုပြီးတိကျအောင် ကွန်ပျုတာ ကို အသုံးပြုနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေပါတယ်။
အိုင်ဘီအမ်နဲ့ မက်ဆာချူးဆက်တက္ကသိုလ်တို့ကလည်း ဥာဏ်ရည်တုကိုအခြေပြုတဲ့ စနစ်ကို ဖွံ့ဖြိုးအောင်လုပ်ပြီး သက်ကြီးပိုင်း တွေနဲ့ မသန်မစွမ်းလူနာတွေကို ကူညီနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ကြေငြာခဲ့ပါတယ်။
Ref: BBC

Share thi