=========================
ထင်ယောင်ထင်မှားသတင်း၊ဘက်လိုက်သတင်း၊ သံဃာစော်ကားသတင်း၊ တစ်ဖက်ပိတ်သတင်း၊ တစ်ဖက်ဖားသတင်း၊ တစ်ဖက်အပုပ်ချ သတင်း၊ သူပုန်အားပေးသတင်း စသည်..စသည့် အကြောင်းအရာမျိုးစုံကို ကြုံသလိုရေးပြီး စတုတ္တမဏ္ဍိုင်လို့ ဖင်ပြဲရင်ကွဲကြွေးကြော်ခဲ့တဲ့ မြန်
မာမီဒီယာတွေဟာ ဦးသိန်းစိန်အစိုးရလက်ထက်တစ်ခုလုံး အခွင့်ထူးခံတွေ ဖြစ်ခဲ့ ကြပါတယ်။
မီဒီယာမှာထည့်ရေးလိုက်ရမလား၊ ဂျာနယ်မှာထည့်ဖွလိုက်ရမလားဆိုတဲ့ ကလောင်လက်နက်ကြီး တစ်ချိန်ချိန် လုပ်ပြီး ပေးတာယူ၊ကျွေးတာစား၊ မပေးရင်တောင်း လုပ်ခဲ့တဲ့ မီဒီယာတွေလဲ ၅ နှစ်ကာလအတွင်း အကျိုးအမြတ် ရှိသင့်သလောက် ရှိခဲ့ပြီးပါပြီ။
မီဒီယာကိုကြောက်တဲ့၊ မီဒီယာနဲ့ထိတွေ့မှုနည်းခဲ့တဲ့ အစိုးရလူကြီးများကတော့ ကင်မရာချိန်တာနဲ့ တန်းပြုံးရ တော့တဲ့ အနေအထားတွေဖြစ်၊ မီဒီယာက ဆိုတာနဲ့အသက် ငယ်၊ကြီး၊ ကျား၊မ မခွဲ တရိုတသေ လုပ်ခဲ့ ကြရ တာလဲ ငါးနှစ်သက်တမ်းရှိခဲ့ပါပြီ။
နွားနို့၊ ၂ ထောင်၊ ပါးရိုက်၊ ဆိုက်ကား စတဲ့ စကားလုံးတွေကို အသားပေးပြီး မူရင်းအဓိပ္ပါယ်နဲ့
စေတနာတွေ ပျောက်သွားအောင်အထိ ရေးသားအပုပ်ချခဲ့တာတွေကြောင့် ရောင်းကောင်းခဲ့တဲ့ဂျာနယ်တွေလဲ ခုဆို နာမည် အခိုင်အမာတွေတောင် ရကုန်ကြပါပြီ။
ခုတော့.. အချိုးမပြေတဲ့ မြန်မာမီဒီယာတွေ နေ၀င်ချိန်ရောက်သလို ဖြစ်လာနေပါပြီ။
တစ်သက်လုံးငါမီဒီယာကွ ဆိုပြီး နေရာစုံဝင်ထွက်ချင်တဲ့ မီဒီယာတို့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့မှာ တန်းစီ နေရပြီ။
NLD ပါတီနဲ့ပတ်သက်တဲ့သတင်းမှန်သမျှကို ပြည်တွင်းအခြေစိုက် ဘယ်မီဒီယာကမှ တစ်ဆင့် ပြောခဲ့
၊ကြေညာခဲ့ တာ မရှိလို့ Facebook လို လူမှုကွန်ယက်က ရေးတာလေးတွေကို သုံးသပ်သတင်းလုပ်
ရေးရတဲ့ အခြေအနေ ရောက်နေရပြီ။
နှစ်ပေါင်း ၂၈ နှစ်လောက် ဘ၀နဲ့ရင်ြးီ့း ရလာတဲ့ရလာဒ်တွေကို မီဒီယာသတင်းဌာနတွေရဲ့ ၅ မိနစ်၊ ၁၀ မိနစ် အပြောလေးကြောင်း ရှုပ်ထွေးမခံနိုင်ဘူးဆိုပြီး ချောင်ထိုးခံနေရပြီ။
ကျေးဇူးတင်ပါတယ်ကို ပြုံးပြုံးကြီးပြောတတ်တဲ့ခေတ်ကနေ ကျေးဇူးတင်မနေနဲ့၊ ခင်ဗျားတို့သတင်း
ဌာနတွေ မေးခွန်းတွေကို စဉ်းစဉ်းစားစား မေးကြ လို့ပြောတဲ့ ခေတ်ကို ရောက်လာပြီ။
အစိုးရသစ်နဲ့အတူ ၅ နှစ်တာ အခွင့်ထူးခံခဲ့တဲ့ မြန်မာမီဒီယာတွေအတွက်ကတော့ ရွှေဇွန်းတပ်ထမင်းစား
နေရာကနေ ခုံပေါ်က ဆွဲချ ခွေးချေးသုပ်ထားတဲ့ဖိနပ်နဲ့ မျက်နှာကို အချက်၂၀ လောက် အရိုက်ခံရသလို ဖြစ်နေရှာတော့မယ် ထင်ပါရဲ့။
ဦးတိမ်

No comments:
Post a Comment