Wednesday, January 20, 2016

ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာသာညီလာခံ စစ်ကိုင်းတောင်တွင် ကျင်းပမည်

ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာသာညီလာခံ စစ်ကိုင်းတောင်တွင် ကျင်းပမည် Wednesday, January 20, 2016 ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓ ဘာသာ ညီလာခံကို ဇန်န၀ါရီ ၂၃ နှင့် ၂၄ ရက်တို့တွင် စစ်ကိုင်း တောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဒ တက္ကသိုလ်၊ သဒ္ဓမ္မဇောတိကာမဟာသိမ်တော်ကြီး၌ ကျင်းပမည်ဖြစ်ကြောင်း သီတဂူဝိပဿနာအ ကယ်ဒမီ၊ စစ်ကိုင်းတောင်ရိုးမှ ဒေါက်တာအရှင်သုန္ဒရက မိန့် ကြားသည်။ ကမ္ဘာ့ငြိမ်းချမ်းရေး ဗုဒ္ဓဘာ သာညီလာခံကို သီတဂူအဓိပတိ ဆရာတော် (ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ) က ဦးဆောင်၍ တာဝန် ယူ ကျင်းပခြင်းဖြစ်ပြီး အောက်စ်ဖို့ဒ် ဆရာတော် ဒေါက်တာအရှင်ဓမ္မ သာမိက ထိုညီလာခံ အဆင်ပြေ ချောမွေ့စွာ ကျင်းပနိုင်ရန် အား ဖြည့်ကူညီမည်ဖြစ်သည်။ နိုင်ငံပေါင်း ၂၃ နိုင်ငံတို့မှ အသိပညာရှင်၊ အတတ်ပညာရှင် စုစုပေါင်း ၄၀ အား ဖိတ်ကြားစာများ ပို့ပေးထားပြီးဖြစ်သည်။ အစည်းအဝေးသို့ တက် ရောက်မည့် ပြန်ကြားစာအချို့ကို လက်ခံရရှိထားပြီး အချို့သော ပညာရှင်များအား ထပ်မံဖိတ် ကြားနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်မှ သတင်းရရှိသည်။ ထိုပညာရှင်တို့အတွက် ပြည် တွင်းပြည်ပ ကုန်ကျစရိတ်များကို သီတဂူအဓိပတိ ဆရာတော်က တာဝန်ယူ လှူဒါန်းမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ သီတဂူ သာသနာပြုအဖွဲ့ဝင်များ၊ ငြိမ်း ချမ်းရေးလိုလားသူများနှင့် သီတ ဂူကို ကြည်ဖြူကြသည့် ဒကာ၊ ဒကာမများက ၀ိုင်းဝန်းဆောင် ရွက်ကြရမည်ဖြစ်သည်။ 7Day Daily

No comments: