Wednesday, January 20, 2016

၂ဝ၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အတွက် ကန်ဒေါ်လာ သန်း ၅ဝဝ ကျော်ပံ့ပိုးခဲ့ဟု အန်တိုနီဘလင် ကန်ပြောကြား

၂ဝ၁၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် အတွက် ကန်ဒေါ်လာ သန်း ၅ဝဝ ကျော်ပံ့ပိုးခဲ့ဟု အန်တိုနီဘလင် ကန်ပြောကြား ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® သတင်း - သုတ ဓာတ်ပုံ - ကျော်ထိုက်စိုး နေပြည်တော် ဇန်နဝါရီ ၁၉ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး အန်တိုနီဘလင်ကန် သည် ဇန်နဝါရီ ၁၈ ရက် တွင် နေပြည်တော်သို့ ရောက်ရှိစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့နှင့်တွေ့ဆုံကာ ရွေးကောက်ပွဲအလွန်ကာလ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ၊ မြန်မာနိုင်ငံတွင် အကောင် ထည်ဖော်ဆောင်ရွက်သော ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်များ အား ကူညီ ပံ့ပိုးရေးဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ဒီမိုကရေစီ၊ လူ့အခွင့် အရေးနှင့်အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ်မယ်လင်နောစကီး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်လ်နှင့်အတူ ညနေ ၄ နာရီခွဲက နေပြည်တော်ရှိ Kempinski ဟိုတယ် တွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယနေ့နံနက်ပိုင်းက နိုင်ငံတော် သမ္မတ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး အပြောင်းအလဲကာလနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းနှင့် အမေရိကန်အစိုးရ အနေဖြင့် မည်သို့ကူညီသွား မည်ဆိုသည်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း။ အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်သူများအပါအဝင် မြန်မာပြည် သူများ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း၊ သို့သော် ရှေ့တွင် စိန်ခေါ်မှုများစွာ ရှိနေပါကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ဆက်လက်အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ အကျဉ်းသားများ ကိုလည်း လွှတ်ပေးရန် လိုအပ်ပြီး လူ့အခွင့် အရေးကိုလည်း အပြည့်အဝကာကွယ်ပေးရန် လိုအပ်ကြောင်း။ ပြုပြင်ပြောင်းလဲရေးတွင် နိုင်ငံတော်၏ အင်စတီကျူးရှင်းများကို ပြောင်းလဲပေးရန်လိုကြောင်း၊ ဒီမိုကရေစီတွင် လူတိုင်းသာတူညီ မျှအခွင့်အရေး ရရှိရန်လိုကြောင်း၊ ဒီမိုကရေစီ အောင်မြင်ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတို့အတွက် အရပ်ဘက်လူ့အဖွဲ့အစည်း ပါဝင်ပတ်သက်မှုလည်း လိုအပ်ကြောင်း။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာမည့် စီးပွားရေး စိန်ခေါ်မှုများ၊ ဒီမိုကရေစီနိုင်ငံတွင် ပြည်သူများ၏ အသက်ရှင်ရပ်တည်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် တန်းတူရည်တူ အခွင့်အရေးရရှိရေး၊ ရခိုင်ပြည်နယ်ရှိပြည်သူများ ငြိမ်းချမ်းတည်ငြိမ်စွာပြန်လည်နေထိုင်ရေး၊ ဒီမိုကရေစီကျင့်စဉ်နှင့် ဒီမိုကရေစီဆိုင်ရာ အဖွဲ့အစည်းများ ပေါ်ပေါက်လာရေး ဆွေးနွေးခဲ့ကြောင်း။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုတွင် အမေရိကန်ပြည်ထောင်စု အနေဖြင့် ဆက်လက်ကူညီပေးသွား မည်ဖြစ်ကြောင်း၊ အသွင်ကူးပြောင်း မှုတွင် စိန်ခေါ်မှုများစွာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏အသွင် ကူးပြောင်းမှုမှာ သမိုင်းမှတ်တိုင် တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ဆက်လက် ထိန်းထားရ မည်ဖြစ်ကြောင်း။ ၂ဝ၁၂ ခုနှစ်ကတည်းက အမေရိကန် ပြည်ထောင်စုသည် တစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်ဆောင်ရေး အပါအဝင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများ (CSOs) တွင် အမျိုးသမီးများပါ ဝင်မှုအခန်းကဏ္ဍ မြှင့်တင်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မီဒီယာ များမေးမြန်းချက်ကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

No comments: