Friday, January 29, 2016

မန္တလေး-မူဆယ်လမ်းပိုင်းတွင် ခရီးသွားများ ကြံ့ကြာမှုကြောင့် ကုန်တွဲကားများ သွားလာမှု ကန့်သတ်သင့် ================

မန္တလေး-မူဆယ်လမ်းပိုင်းတွင် ခရီးသွားများ ကြံ့ကြာမှုကြောင့်
ကုန်တွဲကားများ သွားလာမှု ကန့်သတ်သင့်
================

ခိုင်ဆက်ဝေ ။

မန္တလေး-မူဆယ်လမ်းပိုင်းမှ ကွတ်ခိုင် ရှုခင်းသာတွင် တွဲယာဉ်များကြောင့်
ယာဉ်ကြောများပိတ်ဆို့ မှုဖြစ်ပွားနေ သဖြင့် ခရီးသွားများမှာ ပုံမှန်ထက်
ညအိပ်သွားလာနေရကာ ကြံ့ကြာနေသဖြင့် ကုန်တွဲကားများ သွားလာမှုကို
ကန့်သတ်သင့်ကြောင်းသိရသည်။

ရှုခင်းသာတွင် အများဆုံးလမ်းပိတ်နေပြီး ခရီးသည်များမှာ
မန္တလေး-မူဆယ်ခရီးစဉ်၌ ၁၃-နာရီခရီးကို တစ်ရက်မှ နှစ်ရက်ကြာတတ်ပြီး
ယင်းနေရာမှ မူဆယ်သို့ ဆိုင်ကယ်များဖြင့် ငှားရမ်းကာ
ခရီးဆက်နေရသည်ဟုဆိုသည်။

“ရှုခင်းသာမှာ တွဲကား တစ်ခုခုဖြစ်ပြီဆိုတာနဲ့ ကားတွေ အားလုံးပိတ်မိတယ်။
ကားသေးလည်းသွားလို့ မရ တော့ဘူး။အတက်ရော/အဆင်းရော
ပိတ်တာပါ။ကုန်တင်တွဲကားတွေ အတက်အဆင်းသွားလာတဲ့ ရက်ကို
ကန့်သတ်ပေးသင့်တယ်။”ဟု ခရီးသည်ယာဉ်လိုင်းမောင်းနှင်သူ ကိုမြင့်ဆွေက
ပြောသည်။

အဆိုပါလမ်းပိုင်းတွင် ကုန်တင်တွဲကားများမှာ နေ့စဉ်
ကုန်စည်ပို့ဆောင်ရေုးလုပ်ဆောင်နေကြရာ သွားလာ နေ ကြသည့် ယာဉ်များနှင့်လမ်းပိုင်းအနေအထား ကိုက်ညီမှုမရှိတော့၍ ကုန်တင်တွဲကားများအား အတက်နှင့်အဆင်းကို ရက်သတ်မှတ်ပါက ယာဉ်ကြောပိတ်ဆို့မှု မရှိနိုင်တော့ဟု အကြံပြုသည်။

“တွဲကားတွေ ကြောင့်ဖြစ်ရတာ။ခြောက်ဘီးနဲ့ ၁၂-ဘီးကုန်တင်ကားတွေ ဆိုရင် တော့ဒီလိုဖြစ်မှာမဟုတ် ဘူး။ အဓိက၂၂-ဘီး/၂၄-ဘီးတွဲကားတွေကြောင့်ဖြစ်တာ။မူဆယ်လမ်းကို တောင် ပေါ်လမ်းဖြစ်လို့
ရှောင်တိမ်းစရာမရှိဘူး။”ဟုမန္တလေးတိုင်းဒေသကြိးယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီ (အဝေးပြေး)ဥက္ကဌ ဥိးအောင် ကျော် လင်းကပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နှင့်မူဆယ် နယ်စပ်မြို့မှ
တရုတ်နိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှ အဓိကလမ်းပိုင်းဖြစ်၍
ကုန်တင်ကားများ၊ခရီးသည်ယာဉ်လိုင်းများနှင့်အိမ်စီးကားများနေ့စဉ်သွားလာမှု များပြား ခြင်းကြောင့်ကုန်တင်တွဲယာဉ်ကြီးများလမ်းပိုင်းတွင်
စက်ချို့ယွင်းခြင်း၊တိမ်းမှောက်ခြင်းတို့ကယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားစေကြာင်းသိရသည်။

“ဖြတ်သန်းရတဲ့ တိုးဂိတ်တွေမှာ မလိုအပ်ဘဲ ခရီးသည်ယာဉ်တွေကို
စစ်ဆေးတာတာကလည်း ယာဉ်ကြောပိတ် ဆို့ တာပဲ။တွဲကားတစ်စီးက လမ်းမှာတစ်ခုခုဖြစ်ပြီဆိုရင် ရှုခင်းသာနေရာမှာ ရှောင်ထွက်စရာ မရှိဘူး။ အဲဒီမှာလမ်းပိတ်ပြီး ညအိပ်ရတာပဲ။ ၁၀၅-မိုင်မှာ လမ်းပိတ်တတ်ပေမယ့်
နာရီပိုင်းလောက်ပဲကြာတယ်။”ဟု ယာဉ်မောင်းက ဆက်လက်ပြောသည်။

မန္တလေး-မူဆယ်ခရီးသည်ယာဉ်လိုင်း၁၅လိုင်းခန့်ရှိ၍ နေ့စဉ်သွားလာနေကြပြီး
ယာဉ်ကြောပိတ်ဆို့ပါကနီးစပ်ရာနေရာတွင်အစားသောက်ဝယ်ယူစားသောက်နေကြရကြောင်း၊ ယာဉ်ကြောပိတ်ဆို့သည့်အခါမန္တလေး-မူဆယ် ပုံမှန်သွားလာရန် ကြာချိန်ထက် တစ်ရက်မှနှစ်ရက်ထိကြာမြင့်သဖြင့် ခရီးသွားများအခက်အခဲရှိနေ ကြောင်းသိရသည်။


No comments: