Thursday, January 28, 2016

ဘွန်ဒစ်လီဂါပြိုင်ပွဲ (၁၁)ရာသီဆက် ၀င်ငွေစံချိန်တင်

ဘွန်ဒစ်လီဂါပြိုင်ပွဲ (၁၁)ရာသီဆက် ၀င်ငွေစံချိန်တင်
=================================
ဘွန်ဒစ်လီဂါပြိုင်ပွဲ၏ ၂၀၁၄-၁၅ ရာသီအတွက် ကလပ်အသင်းများ၏ ၀င်ငွေစုစုပေါင်းကို ဇန်န၀ါရီ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ (၁၁)ရာသီဆက် ၀င်ငွေစံချိန်တင်ခဲ့ကြောင်း သိရသည်။ ၂၀၁၄-၁၅ ရာသီ၏ ၀င်ငွေပေါင်းမှာ ယူရို ၂.၆၂ သန်းအထိ ရှိခဲ့ပြီး ၂၀၁၃-၁၄ ရာသီကထက် ၇ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ထို့ပြင် ဘွန်ဒစ်လီဂါကလပ်အသင်းတစ်သင်း စီ၏ အသားတင်အမြတ် ပျမ်းမျှပမာဏမှာလည်း ယူရို ၅၁ သန်းဝန်းကျင်ရှိခဲ့ပြီး
တမြန်နှစ်ရာသီကထက် ပျမ်းမျှ ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်း(Photo:Gettyimages)


No comments: