Friday, January 22, 2016

ကွမ်းယာဝယ်နေတုန်း ဓားနဲ့ထိုးသတ်

       ထိုးခံရသူကို ဆေးရုံပို့စဉ်မှာပဲ သေဆုံးခဲ့ပါတယ်။


ကွမ်းယာဝယ်နေတုန်း ဓားနဲ့ထိုးသတ်မှုတစ်ခု ဒလမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

News Watch ရဲ့ဖော်ပြချက်အရ ဖြစ်ရပ်ဟာ ၂၁ နေ့ည ၁၀ နာရီခန့်လောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လင်မယားနှစ်ဦး ကွမ်းယာဝယ်နေတုန်းမှာ အမျိုးသား ၄ ဦးရောက်လာပြီး ဓားနဲ့ထိုးခဲ့တာဖြစ်ပါတယ်။ မင်းရဲကျော်စွာလမ်းနဲ့ နှင်းဆီလမ်းထောင့်က  ကွမ်းယာဆိုင်မှာ  မောင်မောင်ဆင့်နဲ့ မထွေးစန္ဒာတို့ဇနီးမောင်နှံနှစ်ဦးရှိနေတုန်း အိုးကျယ် (ခ) သူရအောင်က ဓားနဲ့ထိုးပြီး ထွက်ပြေးတာဖြစ်ပါတယ်။

ထိုးခံရသူအား ဒလပြည့်သူဆေးရုံကို တင်ပို့စဉ်မှာပဲ သေဆုံးသွားတာကြောင့်  (ပ)၃၀/ ၁၆၊ ပြစ်မှု ပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး ကျူးလွန်ခဲ့သူ ၄ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီးပြီလို့ သိရပါတယ်။

Photos & Source: News Wa

No comments: