Android
သုံးစွဲသူများသည် app များကို install ပြုလုပ်ရာတွင် Play Store သို့
အမြဲတမ်းသွားရောက်ရန် မလိုတော့ဘဲ Google ၏ ရှာဖွေမှုရလဒ်များ (search
results) မှတစ်ဆင့် install ပြုလုပ်နိုင်ပြီ ဖြစ်သည်။
Google app for Android တွင် ပါဝင်သော feature တစ်ခုသည် သုံးစွဲသူများက Google Play သို့ သွားရောက်ရန်မလိုတော့ဘဲ app များကို install ပြုလုပ်နိုင်စေမည် ဖြစ်သည်။ သို့သော်လည်း app permission များနှင့် popup များကို app portal သို့ သွားရောက်စဉ်ကအတိုင်း တွေ့မြင်ရမည်ဖြစ်သည်။
App တစ်ခုကို ရှာဖွေသည့်အခါတွင် ၎င်းကို ရှာဖွေမှုရလဒ်များ၏ ထိပ်ဆုံး၌ Install ခလုတ်တစ်ခုနှင့် တွေ့မြင်ရမည်ဖြစ်သည်။
အဆိုပါ feature ကို Android Police မှ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် Android အများအပြားထံတွင် အသုံးပြုနိုင်နေပြီဖြစ်သည်။
လက်ရှိတွင် ၎င်း feature ကို Google app တွင်သာ အသုံးပြုနိုင်သောကြောင့် Chrome တွင် အသုံးပြုနိုင်မည် မဟုတ်ပေ။
Ref: TheNextWeb

No comments:
Post a Comment