Wednesday, December 30, 2015

ဗြနရာဇ် တကယ်မဖြစ်လှပါ

ဗြနရာဇ် တကယ်မဖြစ်လှပါ
••••••••••••••••••••••••••
စာရေးသူတို့ ယိုးဒယားကိုသွားတဲ့အချိန်က ယိုးဒယား
အိမ်ရှင်များက ပစ္စနုလောက်ကို ပို့ပါတယ်။စာရေးသူက
မေတ္တာရပ်ခံလို့ ဆုခေါထိုင် မြန်မာအခေါ် သောက္ကတဲကို လည်း ပို့ပါတယ်။အဲ့သည့်အတွက် ယိုးဒယားမိတ်ဆွေများကို အခုထိ ကျေးဇူးတင်နေရပါတယ်။ ပစ္စနုလောက်ဆိုတာ နရဲစွမ်ဆိုတဲ့ဘွဲ့ကိုခံယူတဲ့ မင်းသားရဲ့မွေးဇာတိဖြစ်ပါတယ်။အဲ့သည်တော့
ယိုးဒယားမိတ်ဆွေများက စာရေးသူတို့ကို နရဲစွမ်နဲ့
ပတိသက်တဲ့နေရာများကိုလိုက်ပို့ပါတယ်။စာရေးသူကလဲ ပစ္စနုလောက်ကိုရောနရဲစွမ်ကိုရောစိတ်ဝင်စားပါ
တယ်။ ဘာဖြစ်လို့လဲဆိုတော့ နရဲစွမ်ဟာ စာရေးသူတို့
ချစ်ခင်လေးစားရတဲ့ ဘုရင့်နောင်မင်းတရားကြီး ရဲ့
မွေးစားသား ဖြစ်လို့ပါပဲ။ယိုးဒယားမိတိဆွေများက စာရေးသူကို နရဲစွမ်နဲ့ပတ်သက်လို့ဘယ်လိုထင်မြင်ယူဆပါသလဲလို့
မေးပါတယ်။စာရေးသူကလဲသူတို့မေးခွနိးကိုကြားတော့
ပြုံးသွားပါတယ်။ဘာဖြစ်လို့ပြုံးတာလဲဆိုတော့ မြန်မာမ က သူတို့ဘုရင်နရဲစွမ်ကို ဘယ်လိုထင်သလဲ လို့သိချင် တာကြောင့် ဖြစ်ပါတယ်။ နရဲစွမ်ရဲ့ကျော်စောထင်ရှားခြင်းနဲ့မြန်မာဘုရင် ဘုရင့်နောင်က ခွဲခြားလို့မှ မရနိုင်ဘဲကိုး။

သူတို့စိတိထဲမှာတော့ " ဒီမြန်မာမက ငါတို့ယဉ်ကျေးမှုကိုလဲစိတ်ဝင်စားတယ် ပစ္စနုလောက်ကနေ ဆုခေါထိုင်ကို မိုင်သုံးဆယ်လောက်ပဲဝေးတာမလား သွားချင်ပါတယ် လို့သူက ပြောတယ် ဘာသွားလုပ်မှာလဲမေးတော အငိးဝ ဝန်းကျင်က ဘုရားတစ်ဆူမှာတွေ့ခဲ့ရတဲ့နံရံဆေးရေးပန်းချီနဲ့ ဆုခေါထိုင်က ဘုရားတစ်ဆူထဲက နံရံဆေးရေးပန်းချီက
တူနေလို့ကြည့်ချင် ပါတယ်လို့ဆိုတယ်။ငါတို့ဘုရငိကို
သူဘယ်လိုများ ထင်သလဲတွေးမိလို့မေးတာထင်ပါရဲ့။

စာရေးသူက လည်းကိုယ်ချင်းစာမိပါတယ်။ ဘုရင့်နောင်
ကိုသူတို့ လေးစားတယ်ဆိုတာသိတော့လည်း စာရေးသူ
တို့ ဝမ်းသာတာပဲမဟုတိလား။ စာရေးသူက ပြုံးရွှင်ချိုသာ လျက်က " နရဲစွမ် ဟာ ရှင်တို့နိုင်ငံအတွက် တော့သားကောင်းရတနာဖြစ်ပါတယ် လို့" ဖြေလိုက်ပါတယ်။ သူတို့လည်း ပြုံးနေကြတာပါပဲ။
ပြီးတော့ သူဘယ်မှာဆုံးသွားတယ်ဆိုတာရောသိသလားလို့မေးတော့ မသိကြပါဘူး ။စာရေးသူက " ပြည်ထောင်စု မြန်မာနိုင်ငံက ပြည်နယ်ထဲမှာလေ" လို့ပြောတော့ သူတို့မှာနဝေတိမ်တောင်နဲ့။သူဟာ တစ်သက်လုံး
ဘယ်မိန်းမကို မှ လက်ထပ်မယူတာရောသိလား။ဘာဖြစ် လို့အဲ့လိုလူပျိုကြီး ဖြစ်နေတယ်ဆိုတာရောသိသလား
လို့မေးတော့လည်း--- မသိဘူိး လို့ဖြေကြပါတယ်။မသိဘူးက ရိုးရိုးဖြေတာမဟုတ်ပါဘူး
ဟယ် ဟုတ်လား ။သူက တစ်ခါမှ လက်မထပ်ဖူးဘူးလား လို့မေးကြပါတယ်။စာရေးသူတို့
ကို ဧည့်ခံသူများဟာ သာမန်အရပ်သားမဟုတ်ပါဘူး
ပညာရေးဌာန ကအရာရှိကြီးများ ကျောင်းဆရာကြီးများ
ဖြစ်ပါတယ်။ ယိုးဒယားမှာ မြန်မာမကောင်းကြောင်းသာ
သင်သလို ယိုးဒယားမင်းနဲ့ ပတ်သက်လို့လည်း ကောင်းတာလေးပဲကွက်သင်တတ်လို့ဘာကိုမှ ရေရေရာရာမသိတာဖြစ်ပါတယ်။

နရဲစွမ် ခေါ် ဗြနရာဇ် အကြောင်းနဲ့ပတ်သက်လို့ စာရေးသူ တို့က ဘာမှမဟုတ်တာလုပ်ကြံပြောစရာ
မလိုပါဘူး။ဟုတ်တာလောက်ကို ဆိုပြီးမှန်တာလောကိကိုပဲပြောမှာဖြစ်ပါတယ်။သူဟာ
၁၅၅၅ ခုနှစ်မှာ မွေးပါတယ်တဲ့။ ၉နှစ်သားမှာဘုရင့်နောင်က ဟံသာဝတီကို ခေါ်ဆောင်သွားပါတယ်တဲ့။ သူတို့အမှတိအသားနဲ့မြန်မာ အမှတိအသားသုံးလေးနှစိတော့ ကွာခြားပါတယ်။ထားပါတော့လေ။သူတို့အတိုင်းပဲ
ပြောကြတာပေါ့။သူတို့အတိုင်းပြောတဲ့အခါ သူ့ခမည်းတော် မဟာဓမ္မရာဇာ ဘွဲ့ခံမြန်မာအခေါ်
သြယားဓမ္မရာဇာ ခေါ်စော်ဘွားသောင်ကျည်ဆိုတဲ့
ပစ္စနုလောက်စားကနေပြီး စတင်ပြောဆိုရမှာဖြစ်ပါတယ်
မြန်မာတွေက မြို့ကြီးတွေမှာစိုးစံတဲ့သူများကို တောင်ငူ
မင်း ပြည်မင်း စသည်ဖြင့် ခေါ်တတိကြလို့ မဟဓမ္မရာဇာ
ကိုလည်း ပစ္စနုလောက်မင်း လို့ခေါ်ရမှာဖြစ်ပါတယ်။

မဟာဓမ္မရာဇာဟာ ယိုးဒယားများအတွကိတော့ပဟေဠိ
ဖြစ်နေပါတယ်။သားဖြစ်သူကို သူရဲကောင်းအဖြစ်နဲ့တင်
လို့ရပေမယ့် မဟာဓမ္မရာဇာကိုတော့ တင်ဖို့ခက်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရင့်နောင်မင်းတရားကြီးပထမ အကြိမ်ချီတကိတဲ့အချိနိကတည်းက မဟာဓမ္မရာဇာက
အညံ့ခံပြီး ဘုရင့်နောင်နဲ့အတူ အယုဒ္ဓယကို တိုက်ခိုက်
ချီတက်ခဲ့ပါတယ်။ ဒုတိယအကြိမ် ယ်ုးဒယားကို ချီတက်ခါနီးလည်း သူကပဲ ဘုရင့်နောင်ကိုပစ္စနုလောက်ကနေ ဆီးကြိုခဲ့ပါတယ်။
ပြီးမှ အယုဒ္ဓယကို အတူတူချီတက်ခဲ့ပါတယ်။

စာရေးသူ ဟာ အဲ့သည်အကြောင်းကိုဝမ်းမြောက်ဝမ်းသာ ရေးနေခြင်းမဟုတိပါဘူး။သို့သော် မျိုးရိုးနဲ့ချီပြီး ပြောမှ
သာ ရှင်း လင်းမှာဖြစ်လို့ပြောရခြင်း ဖြစ်ပါတယ်။မဟာဓမ္မရာဇာဟာ ဇာတိတူသားစားဖို့ကိုလဲ ဝန်မလေးခဲ့သူဖြစ်တယ်ဆိုတာ သိရပါတယ်။သူ့အကြောင်းက်ု သမိုင်းဆရာကြီး' ရောင်'
ရေးတဲ့ယိုးဒယားသမိုင်းမှာ ရေးထားတဲ့အတိုင်းအင်္ဂလိပ်လို ဖော်ပြလိုပါတယ်။
It is unquestionably said to record that the Thais fought that Thais themselves being the result of Maha
Tam maraja's excessive selfishness
which caused him to forget the national interest.

အဲ့သည့်စာကိုဖတ်ကြည့်သူများအနေနဲ့ ကိုယ်ကိုတိုငိ
အဲ့သည့်လို ကိုယ့်နိုင်ငံကမင်းတစ်ပါးအကြောင်းကို
ရေးရ ရင်ဘယ်လောကိများစိတ်ဆင်းရဲစရာ ကောင်းလိမ့်မလဲလို့ကိုယ်ချင်းစာနိုင်မှာပါပဲ။အဲ့သည့် မဟာဓမ္မရာဇာဟာ နရဲစွန် ဖြစ်လာမယ့် သားဖြစ်သူ
ဗြနရာဇ်ကို ဘုရင့်နောင်မင်းတရားကြီး ထံဆက်သခဲ့ပါတယ်။သမီးဖြစ်သူ ဗြသဝဏ်(မင်းသမီး
သုဝဏ်ဒေဝီ) ကိုလည်းဆက်သခဲ့ပါတယ်။တကယ်
တော့ ဘုရင့်နောင်က သိမ်းစရာမလိုပါဘူး။မဟာဓမ္မရာ
ဇာ ဟာ သူ့ယောက္ခမ စိုးစံတဲ့ အယုဒ္ဓယကိုမင်းတစ်ပါးအဖြစ် စိုးစံခွင့်ရကတည်းက
သမီးနဲ့သားကို ပေးရတာနာတယ်ထင်မှာမဟုတ်ပါဘူး
ဘုရင့်နောင်မင်းတရားကြီးလို ဘုရင်မင်းမြတိကို သမီးကညာ ဆက်သရတာဟာ အဲ့သည့်ခေတ်အနေနဲ့
ဆို ဂုဏ်ယူစရာပါပဲ။သားဖြစ်သူက သူတို့အဆိုအရ ကိုးနှစ်သားမှာ ဘုရင့်နောင်ထံဆက်သ ရတယ်လို့ဆိုပါတယ်။အဲ့သည့် ခေတ်က လက်အောက်ခံ
မင်းများရဲ့ သားသမီးများကို နေပြည်တော်ခေါ်ပြီး မွေး
တာဟာ ထုံးစံပါပဲ။စိတ်ချ ရအောင် လုပ်တာပါပဲ။
တစ်ခုတော့ရှိပါတယ် မွေးမြူတဲ့မင်းရဲ့စိတ်စေတနာ အလျောက် နေကြရတာပါပဲ။ ဗြနရာဇ်ဟာ ကောင်းစွာ နေခဲ့ရပါတယ်။ ယိုးဒယားသမိုင်းများမှာ ရွှန်းရွှန်းဝေအောင် ဖော်ပြထားတာကတော့ ဟံသာဝတီ
နေပြည်တော်မှာ ခြောက်နှစ်သာသာ နေလာခဲ့တဲ့ ဗြနရာဇ်ဟာ တော်တော်ဖြစ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာစာ မြန်မာစကားကိုလဲကျွမ်းကျင်စွာ
တတ်မြောက်ခဲ့ပါတယ်တဲ့။ အဲ့သည့် အချက်ကလဲဖြစ်နိုငိပါတယ်။ မြန်မာတောမှာ ရောနှောနေရတာကိုး။နောကိတစ်ချက်ကတော့ ယိုးဒယား များဟာ ဘယ်တုံးကမှ မြန်မာတို့ရဲ့စစ်ပညာ
ကို မယှဉ်သာပါဘူးတဲ့။အသက် ၁၅ နှစ်သားမှာ ယိုးဒယား ကို ဗြနရာဇ် ပြန်ရောက်လာတဲ့ အခါကျမှသာ မြန်မာစစ်ပညာကို တတ်မြောကိလာပြီး
ယိုးဒယားသားများကို ပြန်လည်သင်ကြားနိုင်လို့ မြန်မာ
များကို စစ်ရေးမှာ ယှဉ်လာနိုင်တာပါတဲ့။

ယိုးဒယား သမိုင်းဆရာများ ရေးသားတဲ့စာအုပ်များမှာ
အဲ့သည် လို ဖတ်ရတော့ စာရေးသူဟာ အစောပိုင်းမှာတော်တော်ယုံပါတယ်။ မြန်မာမင်းညီမင်းသားများနဲ့အတူဗြနရာဇ်ကို စစ်ပညာ
သင်ခွင့် ပေး လိုက်တဲ့ ဘုရင့် နောင် မင်းတရားကြီးကိုတောင်မှ ငြူစူမလို ဖြစ်ခဲ့ရပါသေးတယ်။

(ဆရာမကြီး ဒေါက်တာမတင်ဝင်းရဲ့ဆောင်းပါးဖြစ်ပါသည်။
ဆက်လက်ဖော်ပြပါမည်)

No comments: