Monday, December 28, 2015

မြန်မာနှစ်ဦးကို အတတ်နိုင်ဆုံးကူညီရန် ထိုင်းလူ့အခွင့်အရေးကော်မရှင် ထံသို့ မြန်မာကော်မရှင်စာပို့

မြန်မာနှစ်ဦးကို အတတ်နိုင်ဆုံးကူညီရန် ထိုင်းလူ့အခွင့်အရေးကော်မရှင် ထံသို့ မြန်မာကော်မရှင်စာပို့

ထိုင်းနိုင်ငံလိပ်ကျွန်းလူသတ်မှုတွင် သေဒဏ်ချမှတ်ခံခဲ့ရသည့် မြန်မာနိုင်ငံသားနှစ်ဦးကို တရားမျှတစွာအဆုံးအဖြတ်ပေးရေးအတွက် အတတ်နိုင်ဆုံးကူညီပေးရန် ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံသို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ယနေ့(ဒီဇင်ဘာလ ၂၈ ရက်) နေ့က မေတ္တာရပ်ခံစာတစ်စောင်ပေးပို့လိုက်ကြောင် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံမှ သိရသည်။

အမှုကို အယူခံဝင်သည့်ကာလအတွင်း မြန်မာနှစ်ဦးရသင့်သည့်အခွင့်အရေးများရရှိရေး၊ ထိုင်းတရားရုံးက တရားမျှတစွာအဆုံးအဖြတ်ပေးရေး၊ ဥပဒေ၏ကာကွယ်စောင့်ရှောက်မှုကို ခွဲခြားဆက်ဆံမှုမရှိစေဘဲ ခံစားခွင့်ရရှိရေး၊ အသက်ရှင်ပိုင်ခွင့်ရရှိရေးတို့အတွက် အတတ်နိုင်ဆုံးကူညီပေးရန် ယင်းသို့မေတ္တာရပ်ခံစာပေးပို့ခြင်းဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌဦးဝင်းမြက ဆိုသည်။

အဆိုပါအမှုကို တရားမျှတစွာဆုံးဖြတ်ပေးရန်အတွက် မြန်မာအစိုးရကလည်း ထိုင်းအစိုးရသို့ မေတ္တာရပ်ခံထားသည်ဟုသိရှိရကြောင်း၊ မြန်မာနှစ်ဦးနှင့် ပတ်သက်၍ သက်သေအထောက်အထားပြည့်စုံခိုင်မာမှုမရှိခြင်း၊ မှုခင်းဆေးသိပ္ပံပညာအရ စစ်ဆေးရာတွင် အခိုင်အမာမပြနိုင်ခြင်း၊ မျက်မြင်သက်သေမရှိခြင်း၊ ရဲကစစ်ဆေးရာတွင် ညှင်းပန်းနှိပ်စက်မှုရှိသည်ဟု သတင်းများရှိခဲ့ကြောင်း အဆိုပါစာတွင်ဖော်ပြပါရှိသည်။

No comments: