Monday, December 28, 2015

ခါတော်မှီ ထိုင်းနိုင်ငံအကြောင်းလေးပြောပြပါရစေရှင်...


ခါတော်မှီ ထိုင်းနိုင်ငံအကြောင်းလေးပြောပြပါရစေရှင်...

ဒီစာက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်သည်ဖြစ်စေ...
ဦးသိန်းစိန်ကို ကြိုက်သည်ဖြစ်စေ ဖတ်ကြည့်စေချင်တယ်။
ကဲဆိုကြပါစို့.... စာဖတ်သူက ဦးသိန်းစိန်ကို မကြိုက်ဘူးဘဲ ထားပါတော့။
ဦးသိန်းစိန် ကိုတော့ ကြိုက်ချင်မှ ကြိုက်မယ်...
အေး... ဒါပေမယ့် နိုင်ငံကိုတော့လာမထိနဲ့ မီးပွင့်မသွားမယ်ဆိုတဲ့ သူချည်းပါဘဲ။
ဒီလိုပါဘဲ... သူခိုးလဲ သူ့အမေဆဲရင် မကြိုက်ဘူး...
ဓားပြလဲ သူ့အမေဆဲရင် မကြိုက်ဘူး...
ဆိုလိုတာက ငါလုပ်တာတော့ ကောင်းချင်မှ ကောင်းနေလိမ့်မယ်။
ငါ့ မိသားစု ငါ့လူမျိုး ငါ့နိုင်ငံတော့ ဘယ်သူမှ စော်ကားတာ မကြိုက်ပါဘူး။
ဒီသဘောတရားကတော့ လူရယ်လို့ဖြစ်လာရင် အကုန်တူတူပါဘဲ။
ကဲ.... ဒီလိုဆိုရင်...
တိတိကျကျတော့ မမှတ်မိပါဘူး လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကပေါ့ရှင်...
ပုဂံမှာ ဂျပန်ခရီးသွားတစ်ယောက်ကို ဆိုင်ကယ်သမားတစ်ယောက်က
မုဒိန်းကျင့် သတ်လိုက်တာ မှတ်မိဦးမှာပါ။
အဲ့ဒါကို ဂျပန်တွေက မကျေနပ်လို့ မြန်မာနိုင်ငံအလံကြီးမှာ Fuck ဆိုပြီးတပ်ပြီးဆဲပါပြီတဲ့။ နိုင်ငံတော် အလံကြီးမှာ အမှားခြစ်ကြီးခြစ်ပါပြီတဲ့။
မင်းတို့ မြန်မာဆိုတာ ငါတို့ တစ်ပတ်လောက်နဲ့ တစ်နိုင်ငံလုံးသိမ်းခဲ့တဲ့ နိုင်ငံပါကွာ....
မင်းတို့ မြန်မာဆိုတာ ငါတို့ ဂျပန်စစ်သားတွေ အပျော်ရှာခဲ့ နေရာပါကွာ....
မင်းတို့ မြန်မာ ဘယ်နေရာအသုံးကျလဲ ငါတို့နိုင်ငံကျွန်ခံနေရတာပါကွာ...
အဲ့လိုတွေပြောပါပြီတဲ့... ဘယ့်နဲ့လုပ်ကြမတုန်း...???
ကျွန်မတောင်ရေးရင်း အတော် ဒေါသထွက်မိတယ်ရှင်....
ကဲ.... ဘယ့်နဲ့လုပ်ကြမတုန်း....??
ဂျပန်ကို စစ်သွားတိုက်ပစ်မလား? ဒါမှ မပာုတ် ပြန်ဆဲပစ်မလား?
ဂျပန်ပစ္စည်းတွေ လုံးဝမသုံးတော့ဘဲ ထားမလား?
တစ်ခုခုလုပ်ချင်တာလုပ်မိမယ်...
ဒါပေမယ့် သေချာတာ တစ်ခုကတော့ ကိုယ့်ရှေ့ ဂျပန်ပေါ်မလာနဲ့ အဲ့ကောင် နာမယ်သာကြံထားဆိုတာမျိုးချည်းဖြစ်မှာပါ။
ကဲ... အဓိကအပိုင်းလေး သွားကြစို့ရဲ့....
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား တရားဝင် အလုပ်သမားရော တရားမဝင်အလုပ်သမားရော စာသွားသင်နေတဲ့ ကျောင်းသားရော ဆေးသွားကုနေတဲ့ သူတွေရော ဈေးဝယ်ထွက်နေတဲ့ သူတွေရော သိပ်များတဲ့ နိုင်ငံရှင့်....
ဘန်ကောက်တစ်မြို့လုံးဆို ကြိုက်တဲ့ မြန်မာ အစားအစာပြော အကုန်ရတယ်။
အဲ့လောက်အထိ မြန်မာပေါပါတယ်။
ကျွန်မတို့က ဒီကနေ သူတို့ကိုဆဲလို့ သူတို့က ဒေါသထွက်ပါပြီတဲ့ရှင်။
အဲ့ဒီရောက်နေတဲ့ ဝမ်းစာအရေးသွားရှာနေသူတွေ ကျောင်းသားတွေ ဘယ်နဲ့လုပ်ကြပါ့....
အို... ဘာပြောကောင်းလိမ့်မလဲ... မျိုးစုံလှိမ့်နေအောင် ခံရမှာပေါ့ရှင်...
ကျွန်မတို့က ဒီကနေ ထိုင်းနိုင်ငံအလံကြီးပြောင်း ကြက်ခြေခတ်ကြီးခတ်လို့ရော
အဲ့ဒီ သေဒဏ်ကလွတ်သွားမှာလား?
ကျွန်မတို့က အလောင်းမင်းတရားကြီးပုံတွေတင် စာတွေရေး နှိမ်လို့ရော သူတို့က လွတ်ငြိမ်းခွင့်ရသွားမှာလား?
ကျွန်မတို့က ဒီကနေ ထိုင်ဆဲနေလို့ရော
အဲ့ဒီအပြစ်ဒဏ်လျှော့သွားမှာလား?
ကျွန်မတို့ရေးတာ သူတို့ မသိဘူးတော့ မထင်လိုက်ပါနဲ့နော်...
မြန်မာစာသင်နေတဲ့ ထိုင်းကျောင်းတွေအများကြီးရှင့်.....
လုပ်လိုက်ကြစမ်းပါ ရွှေတိဂုံဘုရားမှာ ဆုတောင်းပွဲတွေ...
လုပ်လိုက်ကြစမ်းပါ ငြိမ်းချမ်းစွာ ဆုတောင်းပွဲတွေ...
သူတို့ မိဘတွေဆီ အားပေးစာတွေ ပို့ကြစမ်းပါ...
အမေစုကသွားပြောလို့လဲ မရဘူး...
တရားဥပဒေက တရားဥပဒေဘဲ..
ဦးသိန်းစိန်ကသွားပြောလို့လဲ မရဘူး...
တရားဥပဒေက တရားဥပဒေဘဲ..
ဒါပေမယ့် အခု NLD ကရော ၈၈ ကရော သံရုံးအဖွဲ့တွေကရော
တရားအောင်လုပ်ပါလို့ ဖိအားပေးတယ်။
အဲ့ဒီတော့ နောက်ထပ် အယူခံဝင်ခွင့် ၂ ခါ ကျန်သေးတဲ့အတွက်...
သူတို့တရားစီရင်ရေးတွေက ဖြစ်သလိုလွယ်လွယ် မလုပ်နိုင်တော့ဘူး
ဆိုတာလေးလဲ သိစေချင်ပါတယ်။
facebook တက် ၂ ရက် ၃ ရက်လောက်ဆဲပြီး
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို online ကနေသတ်တဲ့အဖြစ်မျိုးနဲ့
ကိုယ့်ပေါင်ကို လှန်မထောင်းမိပါစေနဲ့လို့ဆုတောင်းရင်း...........။ ။

April K Theri

No comments: