Monday, December 28, 2015

Power Of Noble Prize

Power Of Noble Prize

လိပ်ကျွန်း အစွပ်စွဲခံ ကလေး(၂)ယောက် ကိစ္စမှာ နိုင်ငံတော် အာဏာ မလိုအပ်ပဲ နိုဗယ် ဆုရှင်တွေအနေနဲ့ ဘာလုပ်လို့ရမလဲ-----

တကယ် ဆန္ဒရှိရင် ကယ်ချင်ရင် ကိုယ့်ကလေးတွေ မသတ်ကြောင်း အထောက်အထား ခိုင်ခိုင်မာမာ ရှိနေတာပဲ--- မိမိ ကိုယ်တိုင် နိုင်ငံရေးနဲ့ ပက်သက်နေလို့ တိုက်ရိုက် မပါဝင်ချင်တောင်----- အန်တီ မလွတ်ခင်က နိုဗယ်ဆုရှင်တွေ ၀ိုင်းပြီး လက်မှတ်ထိုး စာတင်သကဲ့သို့ အန်တီ့အနေနဲ့ ကမ္ဘာအရပ်ရပ်က နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေဆီ ဖုန်းဆက် စုရုံးပြီး ကလေးတွေအတွက် ထိုင်းဘုရင်နဲ့ အစိုးရထံ ပြန်လည် စိစစ်ရန်သော်လည်းကောင်း (သို့) ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရန်သော် လည်းကောင်း စုပေါင်း လက်မှတ်ထိုး မေတ္တာရပ်ခံစာ ပို့လို့ရပါတယ်။

မတော် တဆ ထိုင်းအစိုးရက ကလေးများအား မှားယွင်းစွာ ကွပ်မျက်ခဲ့သော် နှစ်နိုင်ငံ Nation နှစ်ခုအကြား ကြီးမားတဲ့ အမုန်းတရား ပေါက်ကွဲမှုတစ်ခု ဖြစ်လာစေနိုင်တဲ့ အတွက် နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်တွေ လက်မှတ်ထိုး မေတ္တာရပ်ခံမှုဟာ ဆုနဲ့ လုပ်ရပ် သဟဇာတ ဖြစ်ပါတယ် လို့ ယုံကြည်ပါတယ်။ အန်တီဘက်က ရှင်းပြ ဖုန်းဆက် အီးမေလ်ပို့လေးနဲ့ စည်းရုံးဖို့တော့ လိုတာပေါ့နော်--- ( နောက်တစ်ခု နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်ထဲမှာ လက်ရှိ အာဏာ တည်ဆဲ အမေရိကန် သမ္မတ အိုဘာမား ကိုယ်တိုင်လဲ ပါ တယ်လေ) ခုလဲ အန်တီ လိုအပ်ရင် လိုအပ်သလို အိုဘာမားနဲ့ ဖုန်းဆက်ပြီး နိုဗယ်ဆုရှင် ၂ ယောက် ပေါင်းပြီး မြန်မာနိုင်ငံရေးကို အမေရိကန် အလိုတော်ကျ အခင်းအကျင်း မဖြစ် ဖြစ်အောင် ပန်းပုထုနေတာပဲလေ---

နိုဗယ်ဆုရှင်တွေအနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို ၀င်မစွက်ဘက်သင့်ဘူး ဆိုခဲ့ပါမူ အန်တီမလွတ်ခင် နိုဗယ်ဆုရှင်တွေ လက်မှတ်ထိုးပြီး ဘာလို့  တောင်းဆို ကန့်ကွက်ကျသလဲ-----သူတို့ တက်ညီလက်ညီ အန်တီ မလွတ်မချင်း မြန်မာ့နိုင်ငံရေးနဲ့ အချုပ်အခြာ အာဏာကို တုတ်နဲ့ထိုးနေတာပဲလေ---- ကမ္ဘာငြိမ်းချမ်းရေး နိုဗယ်ဆု ယူထားပြီး အင်အားကြီး နိုင်ငံတွေရဲ့ လက်ကိုင် တုတ်မုန်လာဥတွေ မလုပ်ကျပါနဲ့ဗျာ----

မဟုတ်ရင် မြန်မာပြည် အတွက်တော့ နိုဗယ်ဆုဆိုတာ အာဏာမပေးခဲ့သူ လာဘ်စားခဲ့သူကြီးနဲ့ အတ္တလွန်ဆွဲပွဲမှာ အဲဒီလူအလုပ်ကျပ်အောင် ကိုယ်နိုင်ငံကိုယ် စီးပွားရေး နိုင်ငံရေး အကျပ်အတည်းဖြစ်အောင် ဒဏ်ခတ်ရုံသက်သက် ပြည်သူထမင်းငတ် သက်သက် (သို့) တိုင်းပြည်ကို နှစ်ပေါင်း ၂၇ နှစ်ကြာ ဆင်းရဲတွင်းထဲ ကြိုးတုပ်ရိုက်ခဲ့တဲ့ တုတ်တစ်ချောင်းထက် ပိုမည်မထင်------

ရွှေပြည်တော်

No comments: