Sunday, December 27, 2015

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ ၀န်ကြီးတနေရာ တောင်းဆို ------ ----

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ ၀န်ကြီးတနေရာ တောင်းဆို
------ ------ ------ ------ ------
ယနေ့ ဒီဇင်ဘာ ၂၆ရက် နေ့ မနက်ပိုင်းက ရန်ကုန်မြို့တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော ရွေးကောက်ပွဲအောင်နိုင်ခြင်းအတွက် အနှေးယာဉ်လုပ်သားများအား ဂုဏ်ပြုတွေ့ဆုံပွဲတွင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်မှ ၀န်ကြီးတနေရာပေးပါရန် စာဖြင့်ရေးသေားတောင်းဆိုခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောကြားသည်။

အဆိုပါအခမ်းနားသို့ တက်ရောက်လာကြသောဆိုက်ကားဆရာများမှ အနှေးယာဉ်လိုင်စင်ရရှိရေးကိစ္စ၊ ကျန်းမာရေး၊ ပညာရေးအပြင် နေ့စဉ်စားဝတ်နေရေးအတွတ် မပြေလည်မှုများကို တင်ပြခဲ့ကြပြီး ၎င်းကိစ္စရပ်များအပေါ် ပြန်လည်ဖြေကြားရာ ဦးဝင်းထိန်၏ ၀န်ကြီးတနေရာ တောင်းဆိုမှုကို စိတ်ပျက်ဖွယ်ရာဖြစ်ရပ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်က ဥပမာဆောင်ခဲ့ခြင်း ဖြစ်သည်။

“တင်ပြတဲ့အထဲမှာ တကယ်ပဲ လောဘ အင်မတန်နည်းတယ်လို့ ပြောချင်ပါတယ်။ အဲဒါအတွတ်လည်း ကျွန်မ ဂုဏ်ပြုပါတယ်။ တချို့ကျတော့ အရမ်းလိုချင်တာပဲ လောဘကအတောကို မသတ်နိုင်ချင်ဘူး။ ဦးဝင်းထိန်ဆိုလို့ရင် စာတစောင်ရောက်လာတယ်၊ ဘာများလည်းလို့ ဖောက်ဖတ်လိုက်တော့ ၀န်ကြီးတနေရာ ပေးပါတဲ့။ အဲ့ဒါမျိုးတွေက အင်မတန် စိတ်ပျက်ဖို့ကောင်းပါတယ်။
ကျမ ထပ်တလဲလဲ ပြောထားပါတယ်။ ၀န်ကြီးရူး၊ ၀န်ကြီးရောဂါ မထကြနဲ့နော်လို့။ ပြောထားတဲ့အထဲမှာ အဲ့ဒါမျိုးတွေ ရှိတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယင်းအပြင် အနှေားယာဉ်လုပ်သားများ၏တင်ပြမှုများအား ဒေါ်အောင်ဆန်းစုကြည်မှ ဂရုစိုက်မှတ်သားထားပြီး NLD အစိုးရဖွဲ့နိုင်သည့်အခါ ဆောင်ရွက်ပေးနိုင်သည့် အခွင့်ရေးရှိကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ရန်ကုန်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့နယ်မှ တမြို့နယ်မှ အနှေးယာဉ်လုပ်သား ၅ ဦးစီ တက်ရောက်ခဲ့ကြသည်။

မင်းဗညား/လင်းလင်းအောင်
News Watch

No comments: