Sunday, December 27, 2015

ထိုင်းနိုင်ငံ သံရုံးအနီး ဆန္ဒထုတ်ဖော်ခဲ့သူများထဲတွင် သွေးဖြင့် စာရေးသားပြီး တောင်းဆိုခဲ့သူ တစ်ဦးပါဝင်ခဲ့

ထိုင်းနိုင်ငံ သံရုံးအနီး ဆန္ဒထုတ်ဖော်ခဲ့သူများထဲတွင် သွေးဖြင့် စာရေးသားပြီး တောင်းဆိုခဲ့သူ တစ်ဦးပါဝင်ခဲ့

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး သေဒဏ် ချမှတ်ခံခဲ့ရသော မြန်မာ လူငယ်နှစ်ဦးအတွက် မှန်ကန်သော တရားစီရင်ရေး ဖြစ်စေရန် ထိုင်းနိုင်ငံ သံရုံးအနီး လေးရက်မြောက် ဆန္ဒ ထုတ်ဖော်ခဲ့သူများထဲတွင် တစ်ဦး အပါအ၀င် ဖြစ်သည့် မထက်ထက်သည် သူမ၏ ဗယ်ဘက် လက်မှ သွေးဖောက် ထုတ်ခဲ့ပြီး အဆိုပါ သွေးဖြင့် "သမီးတို့ မြန်မာ ၂ ဦး အသက်ကို ပြန်ပေးပါ။ ထိုင်းဘုရင်ကြီးစီမှာ အသနားခံပါတယ်" ဟူသော စာကို ရေးသား တောင်းဆိုမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မထက်ထက်သည် လေးရက်မြောက်နေ့ ဆန္ဒ ထုတ်ဖော်မှုတွင် ပထမဆုံး ရောက်ရှိခဲ့သူ သုံးဦးအနက် တစ်ဦး အပါအ၀င် ဖြစ်ပြီး  ထိုအချိန်ကပင် သူမ၏ သွေးဖြင့် ရေးသားခဲ့သော စာဖြင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အသံတိတ် တောင်းဆိုနေချိန်မှာပင်
လုံခြုံရေး တပ်ဖွဲ့ဝင်များက မထက်ထက်အား ခေါ်ယူ၍ လက်မှ ဒဏ်ရာ အတွက် ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် လက်မှ ဒဏ်ရာကြောင့် ဆန္ဒထုတ်ဖော်သည့် နေရာတွင် မရှိတော့ဘဲ နေအိမ်သို့ ပြန်သွားကြောင်း သိရှိရပါသည်။

No comments: