ဖားကန့် မြေပြိုမှု ရှာဖွေရေးပထမရက်ပြီးဆုံးချိန် အလောင်းတလောင်းမှ မတွေ့ရှိသေး
--- --- ---
ဒီဇင်ဘာလ ၂၅ ရက်နေ့ ခရစ္စမတ်နေ့ ညနေပိုင်းက ဖားကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ မြေစာပုံကျွံကျမှုကြောင့် အနည်းဆုံး လူ ၃၀ နီးပါးလောက်ပျောက်ဆုံးနေပေမဲ့ ပထမရက် ရှာဖွေရေးလုပ်ငန်းတွေ ပြီးဆုံးသွားတဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းအထိ အလောင်းတလောင်းမှ မတွေ့ရသေးဘူးလို့ ဒေသခံတွေက The Ladies News ကို ပြောပါတယ်။
အနည်းဆုံး ၂၀ ကျော် ၃၀ နီးပါးကနေ အများဆုံး လူ ၄၀ ကျော်လောက်အထိ ပျောက်ဆုံးနေတယ်လို့ ခန့်မှန်းထားတဲ့ အဲဒီ မြေစာပုံကျွံကျမှုမှာ ပျောက်ဆုံးနေသူအားလုံးနီးပါးဟာ ရေမဆေးကျောက် ရှာဖွေနေ သူတွေဖြစ်တယ်လို့ ဖားကန့် ဒေသခံ တဦးဖြစ်တဲ့ ဦးချိုက The Ladies News ကို အတည်ပြု ပြောပါတယ်။
ကျောက်စိမ်းအလွန်အကျွံတူးဖော်မှုတွေနဲ့အတူ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ ဖားကန့်ဒေသမှာ မြေပြိုမှု ၊ ရေကြီးမှု ၊ စွန့်ပစ်မြေစာပုံ ပြိုကျမှုတွေက မကြာခဏ ဖြစ်ပေါ်နေပြီး လတ်တလော ဖြစ်နေတဲ့ ကျောက်စိမ်းအလွန်အကျွံတူးဖော်နေတဲ့ ပြသနာကိုလည်း ဖြေရှင်းနိုင်မှု မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
The Ladies News
No comments:
Post a Comment