Monday, December 28, 2015

ဖွံ့ဖြိုးတိုးတက်နေသည့် ချောင်းသာနှင့်ငွေဆောင်ကမ်းခြေအပန်းဖြေစခန်းများ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

ဖွံ့ဖြိုးတိုးတက်နေသည့် ချောင်းသာနှင့်ငွေဆောင်ကမ်းခြေအပန်းဖြေစခန်းများ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

၁၉၆၉ ခုနှစ်၊ ၁၉၇ဝ ပြည့်နှစ် များက နိုင်ငံ့တာဝန်(တပ်မတော်)တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် ဧရာဝတီ တိုင်းဒေသကြီးအတွင်းက ပုသိမ် မြို့နယ် ငဝန်မြစ်တစ်ဖက်ကမ်း၌ ရှိကြသည့် ရှောပြာ၊ ကလောခုံ၊ ဝါးဘိုး၊ ကျောက်ကြီး၊ ဆိတ်ကြီးနှင့် ဥတိုစသည့်ကျေးရွာများ၊ ဥတိုမှ စက်လှေဖြင့် ယခုအခါ ပင်လယ် ကမ်းခြေ အပန်းဖြေစခန်းအဖြစ် ပြည်တွင်း ပြည်ပခရီးသွားများဖြင့် အလွန်စည်ကားနေသည့်ချောင်းသာ နှင့် ငွေဆောင် (ယခင်ဆိပ်မကမ်း ခြေရွာ)များသို့ ရောက်ရှိခဲ့ဖူးသည်။
ထိုဒေသများသည် တစ်ချိန်က နယ်မြေဒေသလုံခြုံမှုမရှိသေး၊ လမ်း ပန်းဆက်သွယ်ရေးကလည်း မဖွံ့ဖြိုး သေး၍ ကျေးလက်ဒေသများမှ ပြည်သူများသွားလာမှု အလွန်ခက်ခဲ ခဲ့သည်။ ရန်ကုန်မြို့ မပြောနှင့် တိုင်းမြို့တော် ပုသိမ်မြို့ကိုပင် သွား လာရန် မလွယ်ကူခဲ့ပေ။ ရှောပြာ ကျေးရွာမှ ဥတိုကျေးရွာအထိ သစ် ထုတ်လုပ်ရေးအတွက် တောင်ပေါ် မြေသား ကားလမ်းဖောက်လုပ်လျက် သစ်ထုတ်လုပ်ရေးမှ ကားကြီးများ သွားလာခဲ့သည်။ နိုင်ငံ့တာဝန်ဖြင့် သွားလာလိုသူများ သစ်ထုတ်လုပ် ရေးမှ ကားကြီးများနှင့် တပ်မတော် လုံခြုံရေး အကူအညီရယူလျက် ရှောပြာကျေးရွာမှ ဥတိုကျေးရွာ အထိ အခက်အခဲများစွာဖြင့် သွား လာခဲ့ရသည်။ မိုးတွင်း၌ ကားလမ်း ပေါ် သစ်ပင်များ လဲကျခြင်းနှင့် တောင်ကျရေတိုက်စားမှုကြောင့် ကား လမ်းပျက်သွားသဖြင့် ခြေကျင်ခရီး ဆက်ခဲ့ရသည်များလည်း ကြုံခဲ့ရ သည်။
ယခုနှစ် ဒီဇင်ဘာနောက်ဆုံးပတ် ရက်များက ပုသိမ်-ရှောပြာမြစ်ကူး တံတားနှင့် ဥတို-ချောင်းသာ ချောင်း ကူးတံတားများပေါ်မှ ကားဖြင့်ဖြတ် သန်းပြီး ချောင်းသာနှင့် ငွေဆောင် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း များဆီသို့ ရောက်ရှိခဲ့ရာ ချောင်းသာ နှင့် ငွေဆောင်ဒေသများဖွံ့ဖြိုး တိုးတက်နေသကဲ့သို့ ချောင်းသာ နှင့်ငွေဆောင်ကို အခြေခံပြီး ပတ်ဝန်း ကျင်ကျေးရွာများသည်လည်း လမ်း ပန်းဆက်သွယ်ရေး၊ အဆောက် အအုံ၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာ ရေးနှင့် စီးပွားဖွံ့ဖြိုးတိုးတက်နေ သည်များကို တွေ့ရှိခဲ့ရသည်။
ဒေသခံချောင်းသာမှ အုန်းခြံ ပိုင်ရှင်တစ်ဦးက ကမ်းခြေအပန်း ဖြေစခန်းမဖြစ်ခင်က ဒေသကထွက် ရှိသည့်အုန်းသီးနှင့် ရေထွက်ကုန် ပစ္စည်းများ ဈေးကောင်းမရရှိခဲ့၍ စီးပွားရေးမဖွံ့ဖြိုးခဲ့ကြောင်း၊ ကမ်း ခြေအပန်းဖြေ စခန်းဖြစ်လာတော့ အမြင်ကျယ်လာပြီး ဘက်စုံဖွံ့ဖြိုး လာကြောင်း၊ အဓိကကတော့ ပုသိမ် မြို့နှင့် ရန်ကုန်မြို့များသို့ နေ့ချင်း ပြန်ခရီးသွားရောက်နိုင်ပြီး ဖုန်းဆက် သွယ်မှု ကောင်းမွန်သဖြင့် အဘက် ဘက်က ဘက်စုံဖွံ့ဖြိုးတိုးတက်လာ ခြင်းဖြစ်ကြောင်း ပြောပြသည်။
တစ်ချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ ငပလီအပန်းဖြေစခန်းသို့ ပြည်တွင်းပြည်ပ ခရီးသွားများ များပြားခဲ့သော်လည်း ရန်ကုန်မြို့ နှင့်အလှမ်းကွာဝေးသဖြင့် အချိန် ကာလကြန့်ကြာခြင်း၊ သွားလာနေ ထိုင်မှုနှင့် စားသောက်စရိတ်များ များစွာ ကုန်ကျသဖြင့် ယခုအခါ ရန်ကုန်မြို့နှင့်မနီးမဝေးတွင် တည်ရှိ နေပြီး ပုသိမ်မြို့မှ ၃၅ မိုင်ကျော် သာ ကွာဝေးသည့် ချောင်းသာနှင့် ငွေဆောင်အပန်းဖြေစခန်းများဆီသို့ ပြည်တွင်းပြည်ပ ခရီးသွားများ များပြားစွာ လာရောက်အပန်းဖြေနေ သည်များကို တွေ့မြင်ခဲ့ရသည်။
ချောင်းသာအပန်းဖြေစခန်းတွင် လူတစ်ဦး တည်းခိုခန်းခ ရေမီးအစုံ အနည်းဆုံး ငွေကျပ်တစ်သောင်းမှ အထက်ရှိနေပြီး စားသောက်မှု အတွက်မြန်မာ့အစားအစာ၊ ပင်လယ် စာနှင့် တရုတ်အစားအစာဈေးနှုန်း များချိုသာသည်။ ပင်လယ်ထွက် ပစ္စည်းများဖြစ်သည့် ပုစွန်ခြောက်၊ ငါးခြောက်၊ ငါးပိနှင့် ဒေသထွက် အမှတ်တရ ပစ္စည်းများ ဝယ်ယူရရှိ နိုင်သည်။ ကမ်းခြေပတ်ဝန်းကျင် လေ့လာရန် စက်ဘီး၊ ဆိုင်ကယ်နှင့် မြင်းစီးလိုသူများအတွက် ငှားရမ်း သူများအသင့်ရှိနေသည်။
ချောင်းသာအပန်းဖြေစခန်းနှင့် မလှမ်မကမ်းတွင်ရှိနေကြသည့် ဖိုး ကုလားကျွန်း၊ သဲဖြူကျွန်း၊ ငှက် ကျွန်း၊ ကျောက်မောင်နှမ၊ ငါးအလှ မွေးပြခန်း၊ ဒီပါအေးမြမဟာနဂါးရုံ မြတ်စွာဘုရားစသည့် လေ့လာကြည့် ရှုစရာများအပြင် ချောင်းသာအပန်း ဖြေစခန်းမှ ငွေဆောင်အပန်းဖြေ စခန်းနှင့်ချစ်သူများကျွန်းဆီသို့ ဆိုင် ကယ်နှင့်စက်လှေများဖြင့် နေ့ချင်း ပြန်သွားရောက်အပန်းဖြေလည်ပတ်နိုင်သည်။
ချောင်းသာနှင့်ငွေဆောင်ကမ်း ခြေများသို့ သွားရောက်အပန်းဖြေ လည်ပတ်မည်ဆိုပါက သောကြာ၊ စနေနှင့်တနင်္ဂနွေနေ့ /ညများတွင် အပန်းဖြေသူ များပြားလျက်ရှိပြီး အခြားနေ့များတွင် လူနည်းတတ် ကြောင်းနှင့် နှစ်စဉ်သင်္ကြန်အပြီး တွင် လှိုင်းလေထန်သဖြင့် စက်လှေ နှင့် သွားရောက်လေ့လာရမည့် နေရာများ ပိတ်သိမ်းကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
တစ်ချိန်က တိုင်းမြို့တော် ပုသိမ်နှင့် မိုးတွင်းတွင် အဆက် အသွယ်ပြတ်တောက်ပြီး ပွင့်လင်း ရာသီတွင်ပင် ခက်ခဲစွာသွားလာခဲ့ ရသည့် ပင်လယ်ကမ်းခြေဒေသ များ ယခုအခါ နိုင်ငံတော်က တံတား ကြီးငယ် အသွယ်သွယ်တည်ဆောက် ပေးပြီး ကတ္တရာလမ်း၊ ကျောက် လမ်းနှင့် မြေသားလမ်းများဖောက် လုပ်ပေးထားသဖြင့် ခရီးဝေးသော် လည်း အလှမ်းမဝေးတော့သည့် အပြင် ကျေးရွာအဆင့်မှ ချောင်းသာ မြို့နယ်ခွဲ၊ ငွေဆောင်မြို့နယ်ခွဲ၊ ရွှေ သောင်ယံမြို့နယ်ခွဲနှင့် ငရုတ် ကောင်းမြို့နယ်ခွဲစသည်ဖြင့် မြို့ပြ အဆင့်တိုးမြှင့်ပေးထား၍ ဒေသခံ ပြည်သူတို့အတွက် ရုပ်ပိုင်းဆိုင်ရာ အပြင် စိတ်ပိုင်းဆိုင်ရာတို့ပါ ဖွံ့ဖြိုး လာပြီး ယခင်နှင့် ယခုမျက်မြင် အခြေအနေများသည်ကား ပြောမယုံ ကြုံဖူးမှသိ ဆိုသကဲ့သို့ အိပ်မက်လေ လားဟုပင် တွေးမှတ်မှားလောက် ပေသည်။

အောင်ဝင်း(ဖျာပုံ)

No comments: