Showing posts with label လုယက်မှုများ. Show all posts
Showing posts with label လုယက်မှုများ. Show all posts
Monday, October 17, 2016
သီတင်းကျွတ်လပြည့်ညမှာ အုပ်စုဖွဲ့ လက်နက်ကိုင်၍ ရမ်းကားနေသည့် လူတစ်စုအား ဖမ်းဆီးအရေးယူ
 သီတင်းကျွတ်လပြည့်ညအား အကျီးတန်အရုပ်ဆိုးစေအောင် အုပ်စုဖွဲ့ လက်နက်ကိုင်၍ ရမ်းကားနေသည့် လူတစ်စုအား မုံရွာနယ်မြေရဲစခန်းက ဖမ်းဆီးအရေးယူ
မုံရွာ၊ အောက်တိုဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဇောတိကရာမ ပါဠိတက္ကသိုလ်ကျောင်းတိုက်အနီး ရန်ကင်းရပ်ကွက်၊ ကျောက္ကာလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၁၆ ရက်၊ သီတင်းကျွတ်လပြည့်ည ၁၁ နာရီခွဲအချိန်ခန့်က အုပ်စုဖွဲ့ လက်နက်ကိုင် လူငယ်အဖွဲ့ တစ်ဖွဲ့က လေးခွဖြင့် အများပြည်သူကို ပစ်ခတ်ရမ်းကားလျက်ရှိသည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ လှည့်ကင်းအဖွဲ့သည် ၎င်းနေရာသို့ သွားရောက်၍ ဖမ်းဆီးအရေးယူခဲ့သည်။
‘’ .. သီတင်းကျွတ်လပြည့်ဆိုတာ မိဘဆရာတွေရဲ့ ကျေးဇူးတရားကို တုန့်ပြန်ကန်တော့ကြတဲ့ နေ့တစ်နေဖြစ်ပါတယ် .. ဘာသာတရားရဲ့ အယူဝါဒအရ အင်မတန်လှပတဲ့ သီတင်းကျွတ်လပြည့်ညရဲ့ အလှကို အလို အုပ်စုဖွဲ့ပြီး လက်နက်ကိုင် ရမ်းကားနေတာဟာ သီတင်းကျွတ်ရဲ့ အနှစ်သာရကို အကျီးတန်စေပါတယ် …”” .ဟု ဗသုကာ ပညာရှင် မောင်မောင်စိုး(သလ္လာ)က ပြောသည်။
အဆိုပါ အုပ်စုဖွဲ့ လူငယ်အဖွဲ့အား လှည့်ကင်းရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်သည့်ခါ လောက်လေးခွနှင့် ခေါက်ဓားမြှောင်တစ်ချောင်းအား ကိုင်ဆောင်ထားသည်ကို စီစစ်တွေ့ရသဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ရန် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်နှင့်အဖွဲ့က ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ အောင်ချမ်းသာဈေးအနီးတွင် ၂၀၁၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက် ည ၉ နာရီအချိန်က ဆိုင်ကယ်အချင်းချင်း ရှောင်တိမ်းကျော်တက်ရာမှ စကားများရန်ဖြစ်ခဲ့ရာ လောက်လေးခွဖြင့်ပစ်ခတ်ပြီးနောက် ဓားဖြင့်ထိုးသဖြင့် လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ၎င်း လူသတ်မှုဖြစ်စဉ်မှာ နှစ်နှစ်ကာလကျော်လွန်ခဲ့ပြီဖြစ်သော်လည်း ယခုအချိန်ထိ အမှုမှန် ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိသေးကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
Saturday, October 15, 2016
အငှားယာဉ် ငှားရမ်းစီးနင်းလာပြီး ယာဉ်အား လုယက်သူ ၂ ဦးကို ဖမ်းဆီးရမိ
ရန်ကုန်၊ အောက်တိုဘာ ၁၄
၁၃.၁၀.၂၀၁၆ ရက်နေ့ ၂၂၁၅ အချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်နေ
အငှားယာဉ်မောင်းဖြစ်သူ ဦးသောင်းထိုက်သည် ၎င်းမောင်းနှင်သည့်
AA----TOYOTA Fielder အမျိုးအစားအငှားယာဉ်ဖြင့် အောင်မင်္ဂလာ
အဝေးပြေးဝင်း၌ ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသား ၂ ဦးမှ ဒဂုံမြို့သစ်
(အရှေ့)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးစဉ်
ဒဂုံမြို့သစ်(အရှေ့)မြို့နယ်၊ (၆)ရပ်ကွက်၊ ကျန်စစ်သားလမ်းနှင့် ဗိုလ်မှူးဗထူး
လမ်းမီးပွိုင့်အရောက် ၁ ဦးမှ ၎င်း၏လည်ပင်းအားညှစ်ကာ ယာဉ်အား
ရပ်တန့်ခိုင်းပြီး ကျန် ၁ ဦးမှ ယာဉ်၏သော့အားလုယူသဖြင့် ရုန်းကန်
ထွက်ပြေးကာ ပတ်ဝန်းကျင်အားအော်ဟစ်အကူအညီတောင်း၍
ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အဆိုပါအမျိုးသား ၂ ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။
၎င်းတို့အား စစ်ဆေးချက်အရ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ ကိုထက်(ခ)
သီဟမင်းထက်၊ (၂၁)နှစ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ငမဲ(ခ)
ဇွဲညီညီစိုး၊ (၁၉)နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အား ဒဂုံမြို့သစ်(အရှေ့)
မြို့မရဲစခန်း(ပ)၁၂၁၀/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ ဖြင့် အရေးယူ
ဆောင်ရွက်လျက်ရှိကာ အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ
စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Saturday, October 8, 2016
ရန်ကုန် မလုံခြုံမှု တိုင်း ထွေ/အုပ်နှင့် အရပ်ဘက် ခေါင်းဆောင်အချို့ ဆွေးနွေးမည်
ရန်ကုန်၊ အောက်တိုဘာ ၇
နေ့စဉ် လူနေမှုဘဝတွင် အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်ပိုင်းဆိုင်ရာ နှောက်ယှက်/ ကျူးလွန်မှုများ၊ အကြမ်းဖက်မှုများ အပါအဝင် ရန်ကုန်မြို့တော်၏ လုံခြုံမှု မရှိသည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့် အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်အချို့ ဆွေးနွေးရန် စီစဉ်ထားသည်။ 
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အတွင်းရေးမှူးလည်း ဖြစ်သူ တိုင်းအုပ်ချုပ်ရေးမှူး ဦးမျိုးအောင်ဌေးနှင့် အရပ်ဘက် အဖွဲ့အစည်း လေးခုမှ ခေါင်းဆောင်များ၏ ဆွေးနွေးပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ Action Aid ရုံးတွင် ပြုလုပ်မည် ဖြစ်သည်။
ဘေးကင်း လုံခြုံသော မြို့တော် ဖန်တီးရေး ဖိုရမ်ဟု အမည် ပေးထားသော အဆိုပါ ဆွေးနွေးပွဲကို နံနက် ၁ဝ နာရီ ၃ဝ မိနစ်မှ နေ့လည် ၂ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အမျိုးသမီးများဘဝ မလုံခြုံမှု အခြေအနေများကို ရန်ကုန်လူထု သတိပြုမိစေရန် ဖိုရမ် ကျင်းပခြင်းဖြစ်ကြောင်း Action Aid ထံမှ သိရသည်။ 
အဆိုပါဖိုရမ်သို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး အင်ဒရူးပက်ထရစ်တို့လည်း တက်ရောက်မည်ဖြစ်ကြောင်း ဆွေးနွေးပွဲ အစီအစဉ်များအရ သိရသည်။ 
ဘေးကင်း လုံခြုံသော မြို့တော် ဖန်တီးရေး ဖိုရမ် ကျင်းပရန်အတွက် ဒလ၊ ဒေါပုံ၊ သာကေတ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန်နှင့် တောင်ဒဂုံမြို့နယ်များမှ လူထုများနှင့် စကားဝိုင်း ပြုလုပ်၍ စီစဉ်ခြင်းဖြစ်ကြောင်း Action Aid ထံမှ သိရသည်။ 
ရန်ကုန်လုံခြုံရေးကိစ္စ တိုင်းထွေ/အုပ် ပါဝင် ဆွေးနွေးမည့် ဖိုရမ်သို့ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ မြို့နယ်များမှ အထည်ချုပ် လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးများလည်း ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း ထပ်မံ သိရှိရသည်။
Sunday, October 2, 2016
ဘားအံ ​ရွှေဆိုင်​များမှ ​ရွှေလုယက်​ ထွက်​​ပြေး​​မှု ကျူးလွန်​သူ အမျိုးသမီးအား ဖမ်းဆီးရမိ
ဖမ်းဆီးရမိ​သော ​ရွှေလု​ယက်​ထွက်​​ပြေးသူ တရားခံ အမျိုးသမီး၁.၁၀.၂၀၁၆ (ဘားအံမြို .သတင်း)
ရွှေလုယက်​မှု ဖြစ်​ပွါးခဲ့​သော သရဖီ​ရွှေဆိုင်​နှင့် ​ရွှေဆိုင်​ပိုင်​ရှင်​​ရွှေလုယက်​ထွက်​​ပြေးဖမ်းမိပြီး​နောက်​လုယက်​ ထွက်ပြေးချိန် ဆိုင်​ရှင်​မှ သူခိုးဟု လှမ်း​အော်​လို့ တရားခံအား အနီးရှိ ပြည်​သူများ ဝိုင်းဝန်း ဖမ်းဆီးရာမှ တရားခံအား ပြန်ဖမ်းမိခဲ့တယ်​လို့ သိရပါတယ်​။ ​ရွှေဆိုင်​မှ ​ရွှေလုယက်​ထွက်​​ပြေးသူမှာ မိန်းက​လေးဖြစ်​ပြီး ဘားအံမှာဘဲ​နေထိုင်​ သူဖြစ်​တယ်​လို့ သိရပါတယ်​။
ကရင်​ပြည်​နယ်​ သတင်းမီဒီယာ
သတင်း-​ကေပီ(ဘားအံ)
Thursday, September 29, 2016
အငှားယာဉ်ငှားရမ်းစီးနင်းကာ ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးရာမှ လူငှား၍ရိုက်နှက်ရန် ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်
ရန်ကုန်၊ စက်တင်ဘာ ၂၈
၂၁.၉.၂၀၁၆ ရက်နေ့ ၀၈၂၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်နေ ဦးမြတ်သူရထွန်း သည် ဒေါပုံမြို့နယ်၊ တပ်ဖွဲ့ထိပ်ကားမှတ်တိုင်၌ ၎င်း၏အငှားယာဉ်ဖြင့် ခရီးသည်စောင့်ဆိုင်းနေစဉ် အမျိုးသား(၄)ဦးမှ သန်လျင်မြို့နယ်၊ ကုလားဝဲတံတားအလွန်သို့ ယာဉ်စီးခ ၇၀၀၀ ကျပ်ဖြင့် ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးရာ သန်လျင်မြို့၊ ၆ လမ်းသွား လမ်းဆုံအနီးအရောက် ယာဉ်အားခေတ္တရပ်ခိုင်းပြီး ယာဉ်ငှားရမ်းခကို အခြားတစ်ဦးမှလာရောက် ပေးမည်ဖြစ်ကြောင်းပြောဆိုသဖြင့် စောင့်ဆိုင်းနေစဉ် CC---- ပရိုဘောက် အငှားယာဉ် တစ်စီးရောက်ရှိလာပြီး ၎င်းယာဉ်ပေါ်မှ အမျိုးသားတစ်ဦးဆင်းလာကာ ငွေကျပ် ၃၀၀၀ သာပါရှိကြောင်းပြောဆိုသဖြင့် ဦးမြတ်သူရထွန်းမှ ယာဉ်စီးခမပေးတော့ရန်ပြောပြီးပြန်မည်ပြုစဉ် ၎င်းအမျိုးသားများမှ “မင်းအငယ်လေးလား”ဟုပြောဆိုပြီး ၀ိုင်းဝန်းထိုးကြိတ်ကာ ခဲဖြင့်ထုရိုက်ခဲ့ကြသဖြင့် ဒဏ်ရာများရရှိခဲ့ပြီး ၎င်းမောင်းနှင်သည့်အငှားယာဉ်ကို ထုရိုက်ကြသဖြင့် မော်တော်ယာဉ်မှာလည်း ပျက်စီးခဲ့ပါသည်။
ယင်းသို့ အခင်းဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် သန်လျင်မြို့မရဲစခန်းမှ လှည့်ကင်းမီးတန်းယာဉ်တာဝန်ကျ တပ်ဖွဲ့ဝင်များနှင့် အမှတ်(၆၁)ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ၆ လမ်းသွားလမ်းဆုံအနီးတွင် ယင်းသို့ကျူးလွန်သူ သန်လျင်မြို့နယ်နေသူများဖြစ်သည့် သန့်ဇင်ဦး၊(၂၂)နှစ်၊ အငွေလေး၊ (၄၃)နှစ်၊ ဇော်ဝင်း၊ (၄၇)နှစ်၊ကျော်မိုးခိုင်၊ (၃၇)နှစ်နှင့် ၀င်းရွှေ၊ (၅၀)နှစ်တို့(၅)ဦးကိုဖမ်းဆီးရမိခဲ့ပြီး သန်လျင်မြို့မရဲစခန်း (ပ)၁၆၆၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ-၄၄၀/၃၂၅/၁၁၄ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။
၎င်းတို့အားစစ်ဆေးချက်အရ ဦးမြတ်သူရထွန်းအား ယင်းကဲ့သို့ရိုက်နှက် ပေးရန် ခိုင်းစေသူများသည် သာကေတမြို့နယ်နေ ဇော်ဝင်း(ခ)ဇော်ကြီး၊ (၄၆)နှစ်နှင့် ဒေါပုံမြို့နယ်နေ ဆန်းဦး၊ (၄၅)နှစ်တို့ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့(၂)ဦးအား ဆက်လက်ဖမ်းဆီးခဲ့ပါသည်။
စစ်ဆေးချက်များအရ ယခင်က ဇော်ဝင်း(ခ)ဇော်ကြီးတို့ မိသားစုချင်း စိတ်ဝမ်းကွဲအောင် ဦးမြတ်သူရထွန်းမှ ပြောဆိုခဲ့သည်ဟု ဇော်ဝင်း(ခ)ဇော်ကြီးမှ မကျေမနပ်ဖြစ်နေပြီး ဦးမြတ်သူရထွန်းကို နာကျင်ဒဏ်ရာရရှိ
အောင်ပြုလုပ်ပေးရန် ဆန်းဦးအားငှားရမ်းခဲ့၍ ဆန်းဦးမှတစ်ဆင့် ငွေကျပ် ၇ သိန်းဖြင့် သန့်ဇင်ဦးပါ ၅ ဦးကို ထပ်ဆင့်ငှားရမ်းခဲ့ပြီး ကြိုတင်ကြံစည်ကာ ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ ၎င်းတို့ထံမှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများအား သိမ်းဆည်းခဲ့ပြီး ၎င်းတို့(၇)ဦးကို အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Wednesday, September 28, 2016
အုပ်စုဖွဲ့၍ ဘုရားမှပြန်လာသူများအား ဓားဖြင့် လိုက်ခုတ်၊ ဆိုင်ကယ်ဖျက်ဆီးပြုလုပ်သူ များအား ဖမ်းဆီးအရေးယူ
ဘားအံ - စက်တင်ဘာ ၂၇
ကရင်ပြည်နယ်၏ အထင်ကရနေရာဖြစ်သော ဘားအံမြို့နယ်၊ ကော့ကသောင်ဂူဘုရားမုဒ်ဝတွင် စက်တင်ဘာလ(၂၆)ရက်နေ့၊ ညနေ(၅)နာရီ၊ မိနစ်(၃၀) အချိန်ခန့်က အရက်မူးနေသည့် (၇)ဦးပါဝင်သော အဖွဲ့ဖြင့် ဘုရားမှ ပြန်လာသည့် ဆိုင်ကယ်များအား တားဆီးကာ ဓားဖြင့် လိုက်ခုတ်ခြင်း၊ ထွက်ပြေးသူများ၏ ဆိုင်ကယ်များအား ဖျက်ဆီးခြင်းတို့ပြုလုပ်နေ၍ လုံခြုံရေးအဖွဲ့နှင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းဖမ်းဆီးရာ ဘားအံမြို့နယ်၊နောင်ထလုံးကျေးရွာတွင် နေထိုင်သည့် မြင့်ဦး၊၂၂နှစ်အား ဖမ်းဆီးရမိခဲ့သည်။
ယင်းအဖွဲ့မှ ဓားဖြင့်ခုတ် ဆိုင်ကယ်စီးဦးထုပ်တို့ဖြင့် ရိုက်ခဲ့သည့်အတွက် ဘားအံမြို့နယ်၊ အိန္ဒဲကျေးရွာအုပ်စု၊ကော့ဝုန်းကျေးရွာနေ အောင်ထွန်းမျိုး၊ ၂၁နှစ်တွင် ခါးယာဘက်ခြမ်း၌ ပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ယာလက်ဖဝါးပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ဦးခေါင်းပေါက်ပြဲဒဏ် ရာ(၁)ချက်တို့ရရှိခဲ့ပြီး ၎င်းမှပင် တရားလိုပြုလုပ်ကာ အိန္ဒုနယ်မြေရဲစခန်း၌ (ပ)၇၁/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄တို့ဖြင့်အမှုရေးဖွင့်ထားပြီး နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်လင်းထွန်းမှစစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူများမှာ ဘားအံမြို့နယ်အတွင်း နေထိုင်ကြသည့် လှိုင်ဝါးကျေးရွာနေအဂျိုင်း၊၂၃နှစ်၊ ကော့ဝါးဆူးကျေးရွာ နေအောင်ဇော်ဦး၊ ၁၈နှစ်၊ ဖာလင်ကျေးရွာနေ နေမင်းထွန်း(ခ)ချာပေါင်၊ ၁၈နှစ်၊ လှိုင်ကားကျေးရွာနေ အောင်မြင့်ဦး(ခ)အခိန်၊၁၆နှစ်၊ ကော့ပရံကျေးရွာနေ ကျော်အဲခလိန်း၊ ၁၈နှစ်နှင့်ကော့ဒိုင်းကျေးရွာနေဇော်ဝမ်း(ခ)မီးသီး၊ ၁၉နှစ်တို့ဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ အိန္ဒုနယ်မြေရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ကြိုးစားဖော်ထုတ်မှုကြောင့် စက်တင်ဘာလ(၂၇)ရက်နေ့နံနက်(၁)နာရီအချိန်တွင် လှိုင်ဝါးကျေးရွာအတွင်းမှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ(၆)ဦးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့၍ အိန္ဒုနယ်မြေရဲစခန်းမှ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းသူ(ဘားအံ)
ဘားအံသတင်း
Sunday, September 25, 2016
ဆိုင်ကယ်ချင်းယှဉ်စီးပြီး ရွှေဆွဲကြိုးဖြတ်ယူလုယက်သူ သုံးဦးအားဖမ်းမိ
နေပြည်တော် စက်တင်ဘာ ၂၄
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သုခသိဒ္ဓိ ရပ်ကွက်အတွင်းရှိ ဆွာလမ်းဆုံမီးပွိုင့် တွင် မီးနီ၍ အရှိန်လျှော့မောင်းနှင် လာသော ဆိုင်ကယ်ပေါ်မှ အမျိုးသမီး နှစ်ဦးအနက် နောက်တွင်လိုက်ပါ လာသူ အမျိုးသမီးထံမှ ရွှေဆွဲကြိုး လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။
နေပြည်တော် မြို့မဈေး ပန်းသခင် အလှပြင်ဆိုင်တွင် အလုပ်လုပ်ကိုင်သူ မလွင်လွင်မိုး(ခ) မိုးမိုး(၂၃နှစ်)နှင့် မကေကေတို့သည် စက်တင်ဘာ ၂၃ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄ဝ ခန့်က ဆိုင်ကယ် ဖြင့် မြို့မဈေးသို့လာစဉ် ဆိုင်ကယ်စီး လူငယ်သုံးဦးက နောက်မှလိုက်လာပြီး ဆွာလမ်းဆုံမီးပွိုင့်အရောက် မမိုးမိုး၊ မကေကေတို့စီးနင်းသည့် ဆိုင်ကယ် နှင့် ဘေးချင်းယှဉ်မောင်းနှင်ပြီး မမိုးမိုး ဆွဲထားသော ဆွဲကြိုးကို ဆွဲဖြတ် လုယက်ထွက်ပြေးသွားသဖြင့် ၄င်းလူငယ် သုံးဦးနောက်သို့ ဆိုင်ကယ်ဖြင့် လိုက်ကြရာ စိုက်ခင်း(၃)ရွာနားမရောက်မီ ဆိုင်ကယ်လဲကျသဖြင့် မျက်ခြည်ပြတ် သွားခဲ့ကြောင်း၊ ၄င်းတို့အား စုံစမ်းဖော်ထုတ်ပေးပါရန် အမှတ် (၉) နယ်မြေရဲစခန်းသို့ သွားရောက် တိုင်တန်းခဲ့သည်။
အမှတ်(၉) နယ်မြေရဲစခန်းမှ စခန်း မှူး ရဲအုပ် လေးနိုင်နှင့်အဖွဲ့၊ နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် ခိုင်မျိုးထွန်း နှင့်အဖွဲ့၊ ဒက္ခိဏသီရိမြို့ နယ် ပေါက်တော ရဲစခန်းတို့ပူးပေါင်း၍ တာဝန်သိပြည်သူ များ၏ သတင်းပေးချက်ရရှိမှုအပေါ် အခြေခံကာ လိုက်လံစုံစမ်းရာ စိုးလင်းနိုင် (၁၇နှစ်)၊ ကျော်ရဲသူ(၁၇ နှစ်)၊ ဒက္ခိဏ သီရိမြို့နယ်နေသူတို့ နှစ်ဦးကို ယင်းနေ့ည ၇ နာရီက ဒက္ခိဏသီရိမြို့နယ် ရန်အောင် မြင် ဂေါက်ကွင်းအနီးတွင် လည်းကောင်း၊ စိုးပိုင်(ခ)ပိုင်ကြီး (၁၉ နှစ်) လယ်ဝေး မြို့နယ်နေသူအား ယင်းနေ့ည ၉ နာရီတွင် ဇမ္ဗူသီရိဟိုတယ်ရှေ့ ရာဇသင်္ဂဟ လမ်းမ ကြီးပေါ်၌ လုယူသွားသော သက်သေခံ ရွှေဆွဲကြိုးအပိုင်းအပြတ်တစ်ခုနှင့် ¤င်းတို့ စီးနင်းလာသည့် ဆိုင်ကယ်တို့ကို လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သူ သုံးဦးကို အမှတ်(၉) နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုပေါက် (ဥက္ကာမြေ)
MOI Webportal Myanmar
ခရီးသည် ဟန်ဆောင်၍ အငှားယာဉ်မောင်း၏ လည်ပင်းကို ဓားနဲ့ ဆွဲလှီး
ရန်ကုန်၊ စက်တင်ဘာ ၂၄
တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်တွင် စက်တင်ဘာလ ၂၂ ရက် ည ၇ နာရီခွဲက အသက် ၂၅ နှစ်အရွယ် အငှားယာဉ်မောင်းတစ်ဦး လည်ပင်းကို ခရီးသည်အဖြစ် ဟန်ဆောင်ထားသူက ဓားနှင့် ဆွဲလှီးခဲ့ကြောင်း တာမွေမြို့မ ရဲစခန်ထံမှ သိရှိရသည်။
လည်ပင်းကို ဓားနဲ့ ဆွဲလှီးခံရသော ယာဉ်မောင်းမှာ ကြည့်မြင်တိုင်မြို့နယ်၊ သရက်တော (၁) လမ်းတွင် နေထိုင်သူဖြစ်ပြီး ဓားထိုးဒဏ်ရာများဖြင့် သတိလစ်နေသည်ကို ပတ်ဝန်းကျင်နေသူများက စတင်မြင်တွေ့ခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရှိတစ်ဦးက ပြောကြားသည်။ 
“လူတစ်ယောက် ဒဏ်ရာတွေနဲ့ သတိလစ်နေကြောင်း ၁၉၉ ကို ဖုန်းဆက်ပြောခဲ့တယ်၊ ဓားထိုးခံရသူကို ရန်ကုန်ဆေးရုံကြီး တင်ပို့ထားပြီး ပြစ်မှုကျူးလွန်သူက နောက်ကနေပြီး ယာဉ်မောင်း လည်ပင်းကို ဓားနဲ့ ဆွဲလှီးလိုက်ပုံ ရတယ်၊ ပြီးတော့ လက်မှာပါ ဓားခုတ်ရာတွေ တွေ့ခဲ့တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ဓားဖြင့် ထိုးခံရသည့်အတွက် အငှားယာဉ်မောင်းမှာ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်လက်၊ လက်ဖဝါးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးအရေးယူရန် တာမွေမြို့မ ရဲစခန်းက (ပ) ၇ဝ၉/၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရှိရသည်။ 
Saturday, September 24, 2016
မုံရွာမှ အလွတ်တန်း သတင်းထောက် ကိုအောင်နေမျိုး၏ စားသောက်ဆိုင်အား လူတစ်စုက ၀င်ရောက်ဖျက်ဆီး
Posted: September 24, 2016
မုံရွာမြို့ရှိ သတင်းထောက် ကိုအောင်နေမျိုး ဖွင့်လှစ်ထားသည့် FOTO စားသောက်ဆိုင်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သား ပါဝင်သည့်လူတစ်စုမှ ၀င်ရောက်ဖျက်ဆီးခြင်းများ ပြုလုပ်သွားကြောင်း ကိုအောင်နေမျိုးက The Ladies News သို့ပြောသည်။
မုံရွာမြို့၊ နတ်လူထိပ်ပန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ဘိုးဘွားရိပ်သာအဝိုင်းအနီးတွင် ဖွင့်လှစ်ထားသည့် သတင်းထောက် ကိုအောင်နေမျိုး၏ FOTO စားသောက်ဆိုင်သို့ စက်တင်ဘာ ၂၃ ရက် ည ၁၀နာရီခန့်က ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သား ပါဝင်သည့် လူတစ်စုမှ ဆိုင်တွင် စားသုံးသူများအား နှောင့်ယှက်ခြင်းနှင့် ဆိုင်ရှိ ပစ္စည်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။
ကိုအောင်နေမျိုးက “သူတို့ ၆ ယောက်လောက် လာတယ်။ ၆ ယောက်လာပြီး သောက်နေကြတယ်။ သောက်နေကြပြီး တစ်ယောက်ထဲသမားကို ရန်ရှာတယ်။ နောက် ဘေးမှာသောက်နေသူတွေပါ ၀ိုင်းရန်ရှာတယ်။ အဲ့ဒီချိန် ကျွန်တော်မရှိဘူး။ ကျွန်တော်မြို့ထဲကဆိုင်ကို ရောက်နေတယ်။ FOTO 2 မှာ ရောက်နေတယ်။ ကလေးတွေ ဖုန်းဆက်တဲ့ အချိန် သူတို့က ပြန်သွားကြတယ်။ နောက် တုတ်တွေ ဓားတွေနဲ့ လူအယောက်(၂၀)လောက် လူအုပ်စုဖွဲ့ပြီး ပြန်လာတယ်။ ကျွန်တော်ကို ရန်ရှာတာပေါ့။ ဖျက်မယ်ပြုမယ် ရိုက်မယ်ပြုမယ်ဆိုပြီး ကြိမ်းမောင်းတယ်” ဟု ပြောသည်။
ယင်းသို့ ရန်ရှာခြင်းများ ပြုလုပ်နေစဉ် ကိုအောင်နေမျိုး၏ မိသားစုဝင်များ ရောက်ရှိလာပြီး ဖြန်ဖြေပေးသည့်အခါမှ ပြန်သွားကြကြောင်းဆိုသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကိုအောင်နေမျိုးအနေဖြင့် စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် မုံရွာမြို့ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
ထိုကဲ့သို့ရန်ရှာသည့်အတွက် ကိုအောင်နေမျိုးနှင့် ဆိုင်ဝန်ထမ်းများအနေဖြင့် ထိခိုက်ဒဏ်ရာမရရှိသော်လည်း ဆိုင်တွင်လာသောက်ပြီး နှောင့်ယှက်ခံရသည့် လူငယ်အချို့မှာ ဒဏ်ရာအနည်းငယ် ရရှိကြောင်းနှင့် ဆိုင်မှ ပစ္စည်းများကို ဖျက်ဆီးခြင်းများရှိကြောင်း ယင်းကဆိုသည်။
ကိုအောင်နေမျိုးက “ဒါကြီးက လုံးဝမင်းမဲ့စရိုက်ဆန်ဆန် လုပ်တာ။ နောက် ရဲတွေရောက်လာပြီး ရပ်ကွက်ထဲလိုက်စုံစမ်းလိုက်တော့ ဥက္ကဋ္ဌသား ဖြစ်နေတယ်။ ရပ်ကွက်ထဲက အုပ်ချူပ်ရေးမှူး ဦးသန်းဝေရဲ့ သားဖြစ်နေတယ်။ အခု သက်သက်ကြီး ကို ဖြစ်နေတယ်။ သူနဲ့လည်း ရန်ငြိုးရန်စဖြစ်ဖို့ နေနေသာသာ စကားလည်း မပြောဖူးဘူး။ တစ်ခါမှလည်း မပတ်သက်ဖူးဘူး။ ဆိုင်မှာလည်း တစ်ခါမှ လာမသောင်းကျန်းဖူးဘူး။ ရန်ငြိုးရန်စ မရှိဘဲဆိုင်ကို ဘာလို့ အစိမ်းသက်သက် လာသောင်းကျန်းသွားလည်းပေါ့”ဟု ပြောသည်။
ကိုအောင်နေမျိုးမှာ သူ၏ ဖေ့စ်ဘုတ်တွင် တပ်မတော်အား မဖွယ်မရာဖြစ်စေသည့် ဓာတ်ပုံဖြန့်ဝေသည်ဆိုပြီး သမ္မတ ဦးသိန်းစိန် လက်ထက်က ခေတ္တထိန်းသိမ်းခြင်းခံခဲ့ရဖူးသူ ဖြစ်ကြောင်းလည်း သိရသည်။
စိုင်းဟန်
The Ladies News
ပခုက္ကူ မှ လုယက်မှုများ ဖော်ထုတ်ဖမ်းမိ
(၂၃.၉.၂၀၁၆) ရက်နေ့ စက်တင်ဘာလ (၂၃)ရက်နေ့ ညနေ (၄)နာရီကျော်ခန့်က ပခုက္ကူ  မြို့ ဧရာဝတီတံတား(ပခုက္ကူ) တိုင်အမှတ် RP 16 နှင့် RP 17 ကြား မြောက်ဖက်တန်းရွာ ညောင်ဦးမြို့နယ်နေ ဦးဇော်ဝမ်းသည် ပခုက္ကူဘက်သို့ ဆိုင်ကယ်စီးလာစဉ် ခါးဝဲဘက်တွင် ထိုးလာသော ခေါက်ပိုက်ဆံအိတ် လုယက်ခံရပါသည်။
 အရပ်ရှည် အသားဖြူ  ဆံပင်ထိပ်နီ အမျိုးသားလူငယ်တစ်ဦး ကလစ်အနက်ရောင်ဆိုင်ကယ်နှင့် လိုက်လာ၍ လုယူထွက်ပြေးသွားကြောင်း ဦးဇော်ဝမ်းမှ တံတားလုံခြုံရေးရဲကင်းသို့ အကြောင်းကြားခဲ့ပါသည်။
၎င်းမှတဆင့် ရဲစခန်းသို့သတင်းပို့ရာ တိုင်းမှု/ကူမှ ရဲအုပ်မျိုးနိုင် ခရိုင်မှု/ကူမှ ရဲအုပ်မျိုးလွင်နှင့်အဖွဲ့ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူးကျော်စိုး နယ်ထိန်းအရာရှိရဲအုပ်သိန်းဌေးနှင့် နယ်ထိန်းအဖွဲ့ နှင့် နယ်မြေရဲကင်းတပ်ဖွဲ့ဝင်များ ရပ်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ နေ့လှည့်ကင်းတာဝန်ကျရဲတပ်ဖွဲ့ဝင်များ ပခုက္ကူမြို့ရှိ တက်ကြွလူငယ်များမှ စုပေါင်းပိတ်ဆို့ လိုက်လံဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်သူ ဝင်းကိုကို (ခ) ထုံထုံ (မြိုင်သာယာကွက်သစ်)နေသူအား မြို့ရှောင်လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ပါသည်။
ဆက်လက်၍ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ အားစစ်ဆေးရာ အေးချမ်းအောင် (မြိုင်သာယာကွက်သစ်)နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး ပခုက္ကူမြို့ပေါ်တွင် ဖြစ်ပွားတိုင်တန်းခြင်း မရှိသည့် လုယက်မှုများကိုပါ စစ်ဆေးဖော်ထုတ်လျှက်ရှိပါသည်။
ဆက်လက်စစ်ဆေးပေါ်ပေါက်လျှက်ရှိပြီး ပေါ်ပေါက်သည့် အမှုများ/နေရာများနှင့်သိမ်းဆည်းရမိပစ္စည်းများကို ထပ်မံဖော်ပြသွားပါမည်။
သားချောဗညား