ဖမ်းဆီးရမိသော ရွှေလုယက်ထွက်ပြေးသူ တရားခံ အမျိုးသမီး၁.၁၀.၂၀၁၆ (ဘားအံမြို .သတင်း)
ကရင်ပြည်နယ် ၊ ဘားအံမြို့ ၊ ဈေးတန်းလမ်း ၊ အမှတ်(၂)ရပ်ကွက်တွင် ဖွင့်လှစ်ထားသော သရဖီရွှေဆိုင်မှ ရွှေဝယ်ယူသူ ကဲ့သို့ ရွှေဝယ်ရန် တောင်းယူကြည့်ရှု ၍ ရွှေဆိုင်မှ ထုတ်ပြသော ရွှေဆွဲကြိုး(၂)ကုံးနှင့် ဟန်းချိန်း တစ်ခုအား အောက်တိုဘာလ (၁)ရက်နေ့  နေ့လည် ၁၂ နာရီ ၃၀ မိနစ် အချိန်တွင် လုယက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ရွှေလုယက်မှု ဖြစ်ပွါးခဲ့သော သရဖီရွှေဆိုင်နှင့် ရွှေဆိုင်ပိုင်ရှင်ရွှေလုယက်ထွက်ပြေးဖမ်းမိပြီးနောက်လုယက် ထွက်ပြေးချိန် ဆိုင်ရှင်မှ သူခိုးဟု လှမ်းအော်လို့ တရားခံအား အနီးရှိ ပြည်သူများ ဝိုင်းဝန်း ဖမ်းဆီးရာမှ တရားခံအား ပြန်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ရွှေဆိုင်မှ ရွှေလုယက်ထွက်ပြေးသူမှာ မိန်းကလေးဖြစ်ပြီး ဘားအံမှာဘဲနေထိုင် သူဖြစ်တယ်လို့ သိရပါတယ်။
ရွှေလုယက်ထွက်ပြေးစဉ် ရွှေဆိုင်ပုံးပေါ် ကျန်ရစ်ခဲ့သော တရားခံ၏ အိတ်ဘားအံမြို့ မ ဈေးကြီးအတွင်းရှိ နွေးရတနာရွှေဆိုင်မှ လည်း (၅) ကျပ်သား ရွှေဆွဲကြိုးတစ်ကုံးကို လွန်ခဲ့သော သုံးလခန့်က ယခုကဲ့သို့ လုယက်ထွက်ပြေးသူမှာ သူမပင်ဖြစ်ကြောင်း သိရပြီး ယခုအမှုကို ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးရာမှ ဖမ်းမိ၍ ရဲစခန်းတွင် တရားခံအား စစ်ဆေးမှုလုပ်ရာမှ ပြန်လည်သိရှိခဲ့ရခြင်း ဖြစ်ကြောင်း ထပ်မံ သိရှိရပါသည်။
ကရင်ပြည်နယ် သတင်းမီဒီယာ
သတင်း-ကေပီ(ဘားအံ)
No comments:
Post a Comment