မောင်တောမြို့နယ်က ဆရာ၊ ဆရာမများ အောက်တိုဘာ ၃၀ ရက်နေ့ကို အရောက်ပြန်လာခဲ့ပြီး သတင်းပို့ဖို့ အကြောင်းကြားထားတယ်လို့ မောင်တောမြို့နယ်ပညာရေးမှူး ဦးခင်အောင်က ပြောပါတယ်။
လက်ရှိမှာ နယ်မြေလုံခြုံရေး စိတ်မချရတဲ့နေရာတွေကို သွားရောက် တာဝန်ထမ်းဆောင်ဖို့ လွှတ်မှာမဟုတ်ဘူးလို့လည်း ဦးခင်အောင်ကပြောပါတယ်။ မောင်တောမှာ အစိုးရအခြေခံပညာကျောင်းပေါင်း ၁၈၃ ကျောင်းရှိနေတာပါ။ အဲဒီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ/မ ၁၃၀၀ ကျော်ရှိပြီး ၈၅ ရာခိုင်နှုန်းဟာ ဆရာမတွေဖြစ်ပါတယ်။
No comments:
Post a Comment