(အခင်းဖြစ်ပွားရာကျောင်း)အောက်တိုဘာ ၂၉ / DMG
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်ရှိ သစ္စာအောင် ဘုန်းကြီးကျောင်းတိုက်ကို ဝင်ရောက်၍ ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဦးပညာပါလ(သက်တော် ၆၈ နှစ်)အား အမည်မသိလူသုံးယောက်က ဓားဖြင့် နှစ်ချက်ထိုးခဲ့ပြီး ငွေကျပ်သိန်း(၂၈)သိန်းအား လုယက်သွားကြောင်း သိရသည်။
ယင်းဖြစ်စဉ်သည် အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၁၀ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဘုန်းကြီးထံတွင် မောင်တောအကြမ်းဖက်မှုကြောင့် ဒုက္ခသည်များအတွက် ထောက်ပံ့ရန်အတွက် စုထားသည့် ငွေ ၂၈ သိန်းအား လုယက်ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ဆရာတော်မှာက တပည့်လဲမရှိဘူး။ ကျောင်းမှာလူဆိုး၊ သူခိုးတွေက ပုန်းခိုပြီးကပ်နေကြတယ်။ အဲ့ဒီလူတွေလက်ချက်ဖြစ်နိုင်တယ်
”လို့ ဆင်ကူးလမ်းရပ်ကွက်မှ ဦးအေးမောင်က ပြောသည်။
ဓားထိုးခံခဲ့ရသည့် ဘုန်းကြီးမှာ ယခုအခါ စစ်တွေဆေးရုံးကြီးတွင် ဆေးကုသခံယူလျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်တွေမြို့ အမှတ် ၂ ရဲစခန်းက (ပ)၉၅/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၉၇ အရ အမှုဖွင့်ထားကာ တရားခံအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Development Media Group

No comments:
Post a Comment