Friday, October 28, 2016

Vine ကို ရပ်ဆိုင်းမည်ဟု Twitter ကြေညာ

၂၀၁၂ ခုနှစ်က ဝယ်ယူခဲ့သော ဗီဒီယိုဝေမျှသည့်ဝန်ဆောင်မှု Vine ကို ရပ်ဆိုင်းမည့်အစီအစဉ်အား Twitter က ကြေညာခဲ့သည်။ အဆိုပါ မိုဘိုင်း app ကို လအနည်းငယ်အတွင်း ရပ်ဆိုင်းသွားမည်ဟု Twitter က ပြောကြားခဲ့သော်လည်း အချိန်အတိအကျကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။
၂၀၁၃ ခုနှစ် အစောပိုင်းက မိတ်ဆက်ပေးခဲ့သည့် Vine သည် သုံးစွဲသူများက အကြိမ်ကြိမ်ပြန်လည်ပြသနိုင်သော ၆ စက္ကန့်စာ ဗီဒီယိုများကို ရိုက်ကူးကာ Facebook နှင့် Twitter ကဲ့သို့သော လူမှုကွန်ရက်များတွင် ဝေမျှနိုင်သည်။
Twitter သည် Vine ဝက်ဘ်ဆိုက်ကို ဆက်လက်ထားရှိမည်ဖြစ်သောကြောင့် Vine ဗီဒီယိုများ ကြည့်ရှုခြင်းနှင့် download ပြုလုပ်ခြင်းတို့ကို ဆက်လက်ပြုလုပ်နိုင်မည်ဖြစ်သည်။ App နှင့် ဝက်ဘ်ဆိုက်များအတွက် အပြောင်းအလဲပြုလုပ်သည့်အခါ သုံးစွဲသူများထံ ကြိုတင်သတိပေးသွားမည်ဟု Twitter မှ ကတိပြုခဲ့သည်။
Vine ကို ရပ်ဆိုင်းမည့်ကြေညာချက်ကို Twitter က ဝန်ထမ်းအများအပြားလျှော့ချနေစဉ်အတွင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ Twitter သည် ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန်နှင့် အရေးပါသည့်အရာများကို ပြန်လည်ဖွဲ့စည်းနိုင်ရန်အတွက် ဝန်ထမ်းဦးရေ ၉ ရာခိုင်နှုန်းခန့်နှင့် ညီမျှသော ဝန်ထမ်း ၃၅၀ ကို လျှော့ချခဲ့သည်။
Ref: MacRumors

No comments: