Sunday, October 30, 2016

မြောက်ဦး လင်းမြွေတောင်ဘုရားအနီး ကားလမ်းမဘေးတွင် လူသေအလောင်းတွေ့ရှိ



ဓာတ်ပုံ facebook /ရွှေရအောင်(တောင်ကုတ်)
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လင်းမြွေတောင်ဘုရားအနီး အဝေးပြေးလမ်းမဘေး မိုင်တိုင်အမှတ် ၁၂၄ ( ၃ ဖာလုံ/ ၄ ဖာလုံ) ကြား ရေမြောင်းထဲတွင် ယနေ့ နံနက် ၉ နာရီခန့်က လူသေအလောင်းတစ်လောင်းတွေရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးနေသည့်အလောင်းကို ယနေ့ နံနက် ၉ နာရီခန့်တွင်တွေ့ရှိခြင်း ဖြစ်ပြီး ကားတိုက်ခံရသည်ဟု ယူဆရကြောင်း မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးဌေးအောင်မှ နိရဉ္စရာသို့ပြောသည်။

“ကျွန်တော်တို့ စုံစမ်း စစ်ဆေးနေဆဲပါ။ သေးဆုံးသူက ဘယ်သူဆိုတာလည်းမသိရသေးဘူး။ ပေါင်ရိုးနှစ်ချောင်း ကျိုးနေတယ်။ လက်ကောက်ဝတ်တွေရောပဲ။ ကားတိုက်သွားတယ်လို့ ယူဆရတယ်။ ခုတော့ မြောက်ဦးမြို့ ဆေးရုံကို ပို့ဆောင်ပြီး သက်ဆိုင်ရာ ဆရာဝန်တွေက စစ်ဆေးဆဲပါ” ဟုဆက်ပြောသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ဆောင်ရွက်ရန်စီစဉ်နေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဌေးအောင်မှ နိရဉ္စရာသို့ အတည်ပြုပြောကြားသည်။

ဓာတ်ပုံ facebook /ရွှေရအောင်(တောင်ကုတ်)

No comments: