မုံရွာ၊ အောက်တိုဘာ ၂၇။
အဝေးသင်စာမေးပွဲဖြေနေသော မုံရွာတက္ကသိုလ်တွင် တတိယနှစ်ကျောင်းသားတစ်ဦးက စာခိုးချသဖြင့် အခန်းစောင့်ဆရာမက ဖမ်းရာ ကျောင်းသားမှ ဓားယူဆောင်လာ၍ ခြိမ်းခြောက်မှုတစ်ခု အောက်တိုဘာ ၂၆ ရက် နံနက် ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံရွာ တက္ကသိုလ် အဆောင်ဘီ အခန်း L-6 တွင် ခုံအမှတ် ၃/ပ-၃၆၃ ပထီဝီမေဂျာမှ ကနီမြို့နယ်၊ သမင်ခြံရွာနေ ကျောင်းသားသည် စားခိုးနေသဖြင့် ကတိကဆရာမမှ ခိုးစာရွက်အား သိမ်းဆည်းခဲ့သည်။
ထို့နောက် ၄င်းကျောင်းသားသည် စားမေးပွဲ ဆက်မဖြေတော့ပဲထွက်သွားပြီး အရက်မူးပြီး ပြန်လာကာ ဆရာမကို ဓားမကိုင်ဆာင်၍ ခြိမ်းခြောက်ခဲ့ကြောင်း မုံရွာတက္ကသိုလ် အဝေးသင်ဌာနမှ ဆရာမ တစ်ဦးက ပြောသည်။
ယင်းဖြစ်ရပ်ကြောင့် ယခု ဖြေဆိုနေသည့် အဝေးသင်စာမေးပွဲအခန်းများတွင် ရဲတပ်ဖွဲ့မှ လုံခြုံရေးပေးထားပြီး မုးယစ်ရမ်းကားသော ကျောင်းသားအား တက္ကသိုလ်စည်းမျဉ်းများအတိုင်း အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းလင်းသန့်
Central News Myanmar

No comments:
Post a Comment