Showing posts with label ကျန်မာရေး. Show all posts
Showing posts with label ကျန်မာရေး. Show all posts

Saturday, October 8, 2016

သုံးနှစ်ကျော် သန္ဓေတားဆေးသုံးသူတွေ မျက်စိကွယ်နိုင်ခြေ နှစ်ဆခန့်မြင့်မား




   

ရန်ကုန်၊ စက်တင်ဘာ ၂၆ 

သန္ဓေတားဆေးကို သုံးနှစ်ကျော်ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ အမြင်အာရုံဆုံးရှုံးနိုင်တဲ့ မျက်စိပြဿ နာ နှစ်ဆခန့်မြင့်မားပါတယ်။ 
အဓိကအားဖြင့် မျက်စိရေတိမ်ရောဂါ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သုတေသသီတွေက တွေ့ရှိခဲ့ပါတယ်။


ရေတိမ်ရောဂါဆိုတာ မျက်စိအတွင်းမှာရှိတဲ့ ရေဆင်းပိုက် ပိတ်ဆို့မှုဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တာကြောင့် မျက်လုံးအတွင်း ဖိအားတွေ များလာပြီး မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးရာကနေ ဖြစ်လာတာပါ။


ဒီရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာနဲ့ ခွဲစိတ်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး ကုနိုင်ပါတယ်။ ရောဂါရှိမှန်း စောစောစီးစီးသိဖို့တော့ အရေးကြီးပါတယ်။ မျက်လုံးတွင်း ပျက်စီးမှု ဖြစ်လာရင် ပြန်လည်ပြုပြင်လို့ မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲ ထားခဲ့ရင် အမြင်အာရုံ ဆုံးရှုံးနိုင်ပါတယ်။

Facebook ကို Share ပါ

နာဂဒေသ ကူးစက်ရောဂါ ထပ်မံဖြစ်ပွါး


 

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသ။ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းမှာ တကျော့ပြန်ဖြစ်ပွါးတဲ့ အမျိုးအစား အတိအကျ မခွဲခြားနိုင်သေးတဲ့ ကူးစက်မြန်ရောဂါကြောင့် နန်းယွန်းမြို့နယ်ထဲက ကျေးရွာသား ရာကျော် ရောဂါဖြစ်ပွါးခဲ့သလို ကလေးသူငယ်တွေ သေဆုံးမှု ဖြစ်ပွါးခဲ့ ပါတယ်။ ရောဂါဖြစ်ပွါးရာဒေသကို မြို့နယ်ကျန်းမာရေးအဖွဲ့နဲ့ တပ်မတော်စစ်ဆေးရုံက ဆရာဝန်တွေကနေ ကွင်းဆင်းကုသပေးနေတယ် လို့လဲ ဒေသခံ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့နယ်အတွင်းမှာ လက်ရှိ တကျော့ပြန်ဖြစ်ပွါးတဲ့ရောဂါကြောင့် ဒေသခံ ရွာသားရာကျော်ရောဂါ ကူးစက်ခဲ့ပြီးသေဆုံးမှုအထိဖြစ်ပွါးခဲ့တယ်လို့ နာဂဒေသ လူမှုအဖွဲ့အစည်းခေါင်းဆောင် ဦးနော် အောင်ဆန်းကပြောပါတယ်။

"သေဆုံးသွားတာကတော့ ငါးဦးပေါ့။ ကူးစက်ခံရတာကတော့ တစ်ရာအထက်မှာ ရှိတယ်လို့ပြောရင် ပိုမှန်မယ်။ စာရင်းအတိအကျကို ကျနော်တို့ မရနိုင်သေးဘူးခင်ဗျ။"

ဒီရောဂါဟာ စက်တင်ဘာလလယ်မှာ နန်းယွန်းမြို့ တတ်ကားကျေးရွာမှာ စတင်ဖြစ်ပွါးလာခဲ့တာပါ။ ရောဂါဖြစ်ပွါးမှုအခြေအနေ ကိုတော့ နန်းယွန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိမ်းမောင်က အခုလိုပြောပါတယ်။

" စက်တင်ဘာလ ၁၅ရက် ဝန်းကျင်လောက်မှာ စဖြစ်တာ။ အခုလောက်ဆို လူဦးရေက အားလုံးလောက်ဆို ၂၀၀ ကျော်တယ်ဗျ။ ကျနော်တို့က ဆရာဝန်တွေနဲ့ ဆေးဝါးကုသမှု ဆောင်ရွက်ပေးခဲ့တယ်ပေါ့နော်။ ဆရာဝန်တွေရဲ့ မှတ်ချက်ကတော့ ကူးစက်နိုင်တဲ့ ရောဂါကြီးကြီးမားမား ကြောင့်တော့ မဟုတ်ဘူး လို့ပြောတယ်။ အခြေအနေကတော့ ဒီရောဂါက အားလုံးကူးစက်နိုင်တယ်လို့တော့ မဆိုနိုင်ပေမဲ့လို့ တွေးပူရတဲ့ အနေအထားတော့ မရှိတော့ဘူးထင်တယ်။ "

နာဂဒေသအတွင်းဖြစ်ပွါးနေတဲ့ကူးစက်ရောဂါကြောင့် သေဆုံးမှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာဒေသခံကျန်းမာရေးအဖွဲ့တွေနဲ့ ခန္တီးတပ်မတော် စစ်ဆေးရုံက ဆရာဝန်တွေကနေ ကုသပေးနေလို့ ရောဂါကို ထိန်းချုပ်နိုင်ပြီးလို့ နန်းယွန်းမြို့နယ် ဆရာဝန် ဒေါက်တာဝင်းလှိုင် ဦး ကပြောပါတယ်။

" သေဆုံးသွားတဲ့သူတွေထဲမှာ အသက်ခြောက်ဆယ်အရွယ်ပါတယ်။ တစ်လသား အရွယ် ပါတယ်။ တစ်နှစ်သားလေးတွေပါတယ်။ လူလတ်ပိုင်းတွေ ပါတယ်။ ငါးယောက်သေတယ်လို့ သတင်းရတယ်။ ကျနော်တို့ ၂၉ရက်နေ့ကပဲ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောတယ်။ ပြောပြောချင်းပဲ ကျေန်ာတို့ ဒီက ဆရာဝန်သုံးယောက်ပါတဲ့အဖွဲ့နဲ့ ဆရာမတယောက်ပါတဲ့အဖွဲ့ သွားပြီးတော့ ၁ရက်နေ့ရယ် ၂ရက်နေ့ရယ် ၃ရက်နေ့ရယ် သုံးရက်ဆက်တိုက် ကုသမှုပေးခဲ့တယ်။ အဲ့ဒီ့ခရိုင်မှာ တပ်မတော်ဆရာဝန်တွေ ပါတဲ့အဖွဲ့က ၄ရက်နေ့က ရောက်ပြီးတော့ ကျနော်တို့ဆီက ဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းပြီးတော့ ကုသမှုပေးနေတယ်။ အဲ့ဒီ့မှာ အများစုက တွေ့ရတာကတော့ နှာစေး၊ ချောင်းဆိုး လူနာရယ် အစာအိမ်ယောင်တဲ့ လူနာတို့ တကိုယ်ရေမသန့်ရှင်းမှု ကြောင့် အရေပြားနာပေါက်တာ အမျိုးသမီးတွေကျတော့ ဆီးလမ်းကြောင်းပိုးဝင်တဲ့ရောဂါ အဲ့တာလေးတွေ တွေ့တယ်။"

စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသမှာ ပြီးခဲ့တဲ့ဇွန်လထဲမှာလဲ ကူးစက်ရောဂါကြောင့် လဟယ်မြို့နယ်၊ နန်းယွန်းမြို့နယ်၊ ဒုံဟီး မြို့နယ်ခွဲကကျေးရွာတွေမှာ ကလေးငယ်(၆၈)ဦး အသေအပျောက်ရှိခဲ့တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ ကနေ အတည်ပြုပြောဆိုခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်း ကတော့ ကူးစက်ရောဂါဟာ ၀က်သက်ရောဂါဖြစ်တယ်လို့ ကျန်းမာရေး ပညာရှင်တွေက နောက်ပိုင်းမှာ အတည်ပြုခဲ့ကြပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မဖွံ့ဖြိုးသေးတဲ့ဒေသတခုဖြစ်ပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှု ဒေသခံတွေကလဲ ကျန်းမာ ရေးအသိပညာချို့တဲ့မှု ကျန်းမာရေးဝန်ထမ်း မလုံလောက်မှုစတဲ့ပြဿနာတွေရှိနေဆဲလို့လဲ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေကပြောပါတယ်။

  ကိုနိုင်ကွန်းအိန်  / ဗွီအိုအေ (မြန်မာပိုင်း)

Tuesday, October 4, 2016

  မြန်မာအနေနဲ့ ဇီကာအတွက် ပြင်ဆင်ဖို့ WHO သတိပေး


မြန်မာအနေနဲ့ ​ဇီကာ ​ရောဂါကို ​သေခြာစောင့်ကြည့်ပြီး ​ကြိုတင်ပြင်ဆင်မှုတွေ ​လုပ်ဖို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ကူးစက်မှုတွေ ​ဖြစ်ပွားနေသလို ​မွေးကင်းစ ​ကလေးငယ်တွေမှာလည်း ​ဇီကာနဲ့ ​ဆက်စပ်တဲ့ ​micocephaly ​ရောဂါ ​ခံစားနေရတာကို ​တွေ့ရှိပြီးတဲ့နောက် ​ကမ္ဘာ့ကျန်းမာရေးက ​ပြောဆိုလာတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အမေရိကန် ​အစိုးရကလည်း ​မလိုအပ်ရင် ​မြန်မာအပါအဝင် ​အရှေ့တောင် ​အာရှ ​နိုင်ငံတွေကို ​မသွားဖို့ ​ကိုယ်ဝန်သည် ​အမျိုးသမီးတွေကို ​တိုက်တွန်းထားတယ်လို့ ​မြန်မာထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ကူးစက်ခံရတာမျိုး ​တရားဝင် ​မရှိပေမယ့် ​အန္တာရာယ်ရှိတဲ့ ​ဒေသအဖြစ် ​သတ်မှတ်ခံနေရတာ ​ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့ကလည်း ​ခြင်ကိုက်မခံရအောင် ​နေထိုင်ဖို့၊ ​ခြင်တွေ ​အောင်းနေမယ့် ​နေရာတွေကို ​ရှင်းလင်းဖို့အပြင် ​ကိုယ်ဝန်သည် ​အမျိုးသမီးတွေ ​အထူးသတိထားတဲ့အနေနဲ့ ​ခြင်မကိုက်အောင် ​ဆေးလိမ်းဖို့၊ ​လက်ရှည်အကျီင်္ဝတ်ဆင်ဖို့နဲ့ ​ခြင်ထောင်နဲ့ ​အိပ်ဖို့ ​တိုက်တွန်းမှုတွေ ​လုပ်ထားပါတယ်။

မြန်မာ ​ကျန်းမာရေး ​အာဏာပိုင်တွေကတော့ ​စင်္ကာပူနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ဖြစ်နေတဲ့ ​သတင်းရရှိပြီးတဲ့နောက် ​အရင်လကတည်းက ​ကြိုတင်ပြင်ဆင်မှုတွေ ​ပိုမို ​လုပ်ဆောင်လာတဲ့အကြောင်း ​မြန်မာထိုင်းမ်စ် ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia

  မြန်မာအနေနဲ့ ဇီကာအတွက် ပြင်ဆင်ဖို့ WHO သတိပေး


မြန်မာအနေနဲ့ ​ဇီကာ ​ရောဂါကို ​သေခြာစောင့်ကြည့်ပြီး ​ကြိုတင်ပြင်ဆင်မှုတွေ ​လုပ်ဖို့ ​ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ​WHO ​က ​တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ကူးစက်မှုတွေ ​ဖြစ်ပွားနေသလို ​မွေးကင်းစ ​ကလေးငယ်တွေမှာလည်း ​ဇီကာနဲ့ ​ဆက်စပ်တဲ့ ​micocephaly ​ရောဂါ ​ခံစားနေရတာကို ​တွေ့ရှိပြီးတဲ့နောက် ​ကမ္ဘာ့ကျန်းမာရေးက ​ပြောဆိုလာတာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​အမေရိကန် ​အစိုးရကလည်း ​မလိုအပ်ရင် ​မြန်မာအပါအဝင် ​အရှေ့တောင် ​အာရှ ​နိုင်ငံတွေကို ​မသွားဖို့ ​ကိုယ်ဝန်သည် ​အမျိုးသမီးတွေကို ​တိုက်တွန်းထားတယ်လို့ ​မြန်မာထိုင်းမ်စ် ​သတင်းမှာ ​ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ကူးစက်ခံရတာမျိုး ​တရားဝင် ​မရှိပေမယ့် ​အန္တာရာယ်ရှိတဲ့ ​ဒေသအဖြစ် ​သတ်မှတ်ခံနေရတာ ​ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး ​အဖွဲ့ကလည်း ​ခြင်ကိုက်မခံရအောင် ​နေထိုင်ဖို့၊ ​ခြင်တွေ ​အောင်းနေမယ့် ​နေရာတွေကို ​ရှင်းလင်းဖို့အပြင် ​ကိုယ်ဝန်သည် ​အမျိုးသမီးတွေ ​အထူးသတိထားတဲ့အနေနဲ့ ​ခြင်မကိုက်အောင် ​ဆေးလိမ်းဖို့၊ ​လက်ရှည်အကျီင်္ဝတ်ဆင်ဖို့နဲ့ ​ခြင်ထောင်နဲ့ ​အိပ်ဖို့ ​တိုက်တွန်းမှုတွေ ​လုပ်ထားပါတယ်။

မြန်မာ ​ကျန်းမာရေး ​အာဏာပိုင်တွေကတော့ ​စင်္ကာပူနိုင်ငံမှာ ​ဇီကာ ​ရောဂါ ​ဖြစ်နေတဲ့ ​သတင်းရရှိပြီးတဲ့နောက် ​အရင်လကတည်းက ​ကြိုတင်ပြင်ဆင်မှုတွေ ​ပိုမို ​လုပ်ဆောင်လာတဲ့အကြောင်း ​မြန်မာထိုင်းမ်စ် ​သတင်းကို ​ပြောသွားခဲ့ပါတယ်။

ABC Radio Australia

Sunday, October 2, 2016

နန်းယွန်းမြို့နယ်၌ အဖျားရောဂါကြောင့် ငါးဦး သေဆုံး၊ ကလေးငယ် ၃၀၀ ကျော် ဝေဒနာ ခံစားနေရ


နန်းယွန်း၊ အောက်တိုဘာ ၂

နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်းမြို့နယ် အတွင်း၌ စက်တင်ဘာ ၁ ရက်မှ စတင် ဖြစ်ပွားနေသည့် အဖျားရောဂါကြောင့် တစ်လအတွင်း သေဆုံးသူ ငါးဦး ရှိသွားပြီဖြစ်ပြီး ကလေးငယ် ၃၀၀ ကျော် ဝေဒနာ ခံစားနေရကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်က ပြောသည်။

နန်းယွန်းမြို့ တကားကျေးရွာတွင် ၁၅ နှစ်အောက် ကလေးငယ်များသည် စက်တင်ဘာ ၁ ရက်မှ စတင်ပြီး ချောင်းဆိုး၊ ဖျားနာသည့် ဝေဒနာ ခံစားနေရကာ စက်တင်ဘာ ၂၅ ရက် အရောက်တွင် ဦးရေ ၃၀၀ ကျော်အထိ ဖြစ်ပွားခဲ့သည်ဟု ၎င်းက ပြောသည်။

ရောဂါ ဖြစ်ပွားသည့် ကျေးရွာသည် ဖုန်းဆက်သွယ်ရေး ခက်ခဲခြင်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် စတင်ဖြစ်ပွားသည့် အချိန်တွင် အဆက်အသွယ် မရခြင်းကြောင့် နောက်ကျပြီးမှ သိခဲ့ရခြင်းဖြစ်ကြောင်း၊ စက်တင်ဘာ ၂၅ ရက် အရောက်တွင် လူကြီးများပါ ဝေဒနာ ခံစားခဲ့ရပြီး ယင်းရောဂါကြောင့် ကလေး နှစ်ဦး၊ လူကြီး သုံးဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။

“နာဂဒေသထဲ ဆိုပေမယ့် အဲ့ဒီရွာက ကချင်ပြည်နယ်နဲ့ အစပ်မှာဗျ။ လမ်းပန်း ဆက်သွယ်ရေး အရမ်း ခက်တယ်။ မနေ့ ညနေ ခြောက်နာရီလောက်ကတော့ ဒီက လွှတ်လိုက်တဲ့ ဆရာဝန်အဖွဲ့ ရောက်သွားပြီလို့ ပြောတယ်။ အဆက်အသွယ်ကလဲ အရမ်း ခက်တော့ နောက်ထပ် ဘာမှ မသိရသေးဘူး”ဟု ဦးကေဆိုင်က ယနေ့ (အောက်တိုဘာ ၂ ရက်) တွင် ပြောသည်။

ရောဂါ ဖြစ်ပွားနေသည်ကို သိရှိပြီးနောက် ကျန်းမာရေးမှူး တစ်ဦး၊ ဘက်စုံသားဖွား ဆရာမ တစ်ဦး အပါအဝင် ဆေးဝန်ထမ်းများကို ဆေးပစ္စည်း အစုံအလင်ဖြင့် စက်တင်ဘာ ၃၀ ရက်က တကားကျေးရွာသို့ စေလွှတ်ကာ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဖြစ်ပွားသည့် ရောဂါသည် ဝက်သက်ရောဂါ မဟုတ်ဘဲ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစသည့် ဝေဒနာ ခံစားရသည့် ရောဂါဖြစ်ကြောင်း သိရှိရပြီး ရောဂါ ဖြစ်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်

Saturday, October 1, 2016

လေထုညစ်ညမ်းမှုတွင် မြန်မာ ထိပ်တန်းရောက်နေ

မြန်မာနိုင်ငံ၏ လေထုသည် အသက်ရှူရန် အန္တရာယ်ရှိစေသည့်အပြင် ကမ္ဘာ့အဆိုးဝါးဆုံး စာရင်းတွင် ပါဝင်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အချက်အလက်သစ်များတွင် ဖော်ပြသည်။

အဆောက်အအုံပြင်ပ လေထုအရည်အသွေးနှင့် ပတ်သက်၍ WHO ၏ အပြည့်စုံဆုံး အချက်အလက်များ အရ မြန်မာနိုင်ငံတွင် လုံးဝ အန္တရာယ်ကင်းရှင်း သန့်စင်သည့် လေထုရှိသည့် နေရာဒေသ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ လေထုညစ်ညမ်းမှု ဆိုးဝါးစွာ ဖြစ်ပေါ်နေသည်ဟု ဖော်ပြခံရသည့် တရုတ်၊ အိန္ဒိယ တို့နှင့် မြန်မာနိုင်ငံမှာ အလွန်နီးစပ်လျက်ရှိသည်။

WHO ၏ လေထုညစ်ညမ်းမှုစာရင်းတွင် လေထုအတွင်း သတ်မှတ်ပမာဏအထက်ရှိ အမှုန်များ၏ ပါဝင်မှုကို တိုင်းတာ ဖော်ပြထားခြင်း ဖြစ်သည်။ ပါဝင်မှုနှုန်း သတ်မှတ်ချက် ၁၀ နှင့်အောက်ကို အန္တရာယ်ကင်းသည့် လေထုအဖြစ် သတ်မှတ်ထားပြီး ၇၀ နှင့်အထက်ကို အလွန်အန္တရာယ်ရှိသည့် ညစ်ညမ်းလေထုအဖြစ် သတ်မှတ်ထားသည်။ WHO ၏ စာရင်းအရ မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှုနှင့် သက်ဆိုင်သည့် ရောဂါများကြောင့် နှစ်စဉ် လူ ၂၂၀၀၀ ခန့် သေဆုံးနေရသည်ဟု ဆိုသည်။ ထိုပမာဏမှာ ဒေသတွင်းတွင် လူဦးရေ အချိုးအစားအရ တတိယအမြင့်ဆုံး နှုန်းဖြစ်ပြီး သေဆုံးနှုန်းအမြင့်ဆုံး နိုင်ငံမှာ အိန္ဒိယ ဖြစ်သည်။

“လေထု ညစ်ညမ်းမှုသည် ကျန်းမာရေးအတွက် အကြီးမားဆုံး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်ဖြစ်သည်” ဟု WHO အစီရင်ခံစာ တွင် ပြတ်ပြတ်သားသား ဖော်ပြ ထားသည်။ WHO ၏ မြန်မာနိုင်ငံရုံးမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းစေသည့် အဓိက အကြောင်းရင်းများ၌ ပို့ဆောင်ရေးစနစ်များ ထိရောက်မှုမရှိခြင်း၊ အမှိုက်မီးရှို့ခြင်းနှင့် ကျောက်မီးသွေးသုံးစက်ရုံနှင့် စက်မှု လုပ်ငန်း များကြောင့် ဖြစ်သည် ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ ၉၅ ရာခိုင်နှုန်းနှင့် မြို့ပြဒေသ ၈၁ ရာခိုင်နှုန်း လောင်စာအဖြစ် ထင်း၊ မီးသွေး ကဲ့သို့ အခဲလောင်စာများအသုံးပြုနေသည်ဟု ထိုတာဝန်ရှိသူက ပြောကြားသည်။

KHTun

The Ladies News

Wednesday, September 28, 2016

မြန်မာနိုင်ငံတွင် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့် စိတ်ရောဂါခံစားနေရ

မြန်မာနိုင်ငံ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းခန့်သည် စိတ်ရောဂါခံစားနေရကြောင်း စိတ်ရောဂါကု ဆရာဝန်ကြီးများက ပြောကြားသည်။

‘‘ကမ္ဘာမှာတော့ လူတစ်ရာမှာ ၁၂ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက်အထိက စိတ်ရောဂါဖြစ်တယ်လို့ WHO က စာရင်းလုပ်ထားတယ်။ မြန်မာမှာလည်းမြို့နယ် နှစ်ခုလောက်ကို စစ်တမ်းကောက်တဲ့အခါမှာတော့ စိတ်ရောဂါခံစားနေရတဲ့သူ ၈ ဒသမ ၇ ရာခိုင်နှုန်း လောက်သွားတွေ့တယ်။ အဲဒါက သိသာ၊ အဖြစ်များတဲ့ စိတ်ရောဂါတွေ။ မူးယစ်ဆေးလို သေးသေးကွေးကွေးတွေမပါသေးဘူး။ အဲဒါတွေပါထည့်ပေါင်းရင် ၁၀ ရာ ခိုင်နှုန်းပဲထားဦး။ ၁၀ ရာခိုင်နှုန်းဆိုရင်တောင် လူဦးရေ ငါးသန်းလောက်ရှိနေပြီ’’ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း စိတ်ကျန်းမာရေးပညာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဝင်းအောင်မြင့်က ပြောကြားသည်။

ယင်းစစ်တမ်းအရ စိတ်ဖောက်ပြန်၊ စိတ်ကျ၊ စိတ်ကြွ၊ စိတ်ကစဥ့်ကလျား၊ စိုးရိမ်စိတ်လွန်ကဲသော စိတ်ရောဂါ၊ အတက်ရောဂါနှင့် ဆက်စပ်နေသော စိတ်ရောဂါစသည်တို့ကို အများဆုံးတွေ့ရကြောင်း သိရသည်။

ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့ပူးပေါင်း၍ ပြည်သူလူထုအခြေပြုစိတ်ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်များ အရှိန်မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာ ၀င်းအောင်မြင့်က ဆက်လက် ပြောကြားသည်။

 ‘‘အမြန်ဆုံးတော့လုပ်ရမှာပေါ့။ ပြီးတော့ ကျွန်တော်တို့ဆီမှာက လူ့သက်တမ်းရှည်လာတာနဲ့အမျှ အသက်ကြီးတဲ့သူတွေရဲ့ စိတ်ကျန်းမာရေးပြဿနာကလည်း များလာတယ်။ သူငယ်ပြန်တာမျိုးတွေလည်း တော်တော်များတယ်။ အဲဒါတွေကိုလည်းသေသေချာချာ စောင့်ရှောက်မှုစနစ်က မရှိဘူး။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးမွေးပြီးတဲ့ မိခင်တွေနဲ့ ကလေးသူငယ်စိတ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေလည်း မရှိဘူး။ အရက်ပြဿနာ၊ မူးယစ်ဆေးပြဿနာဆိုလည်း တဖြည်းဖြည်းနဲ့အရမ်းတက် လာတယ်။ အဲဒီလိုမျိုး စိတ်ကျန်း မာရေးပြဿနာတွေနဲ့ လက်ရှိရှိနေတဲ့ ၀န်ဆောင်မှုနဲ့ယှဉ်ပြိုင်ပြီး Nation Health Plan တွေဆွဲလုပ်ရမယ်’’ ဟု ၎င်းကပြောသည်။

ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံကြီးတွင် ၂၀၁၁ က လူနာ ၈,၆၇၂ ဦး၊ ၂၀၁၄ တွင် ၁၃,၈၃၉ ဦးရှိခဲ့ပြီး ၂၀၁၅ တွင် ၁၆,၁၀၁ ဦးအထိရှိခဲ့ကြောင်း ယင်းဆေးရုံမှတ်တမ်းများ၌ ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံကြီး၊ မန္တလေးစိတ်ကျန်းမာရေးဆေးရုံကြီးအပြင် ချင်းပြည်နယ်ကလွဲ၍ ကျန်တိုင်းနှင့်ပြည်နယ်များရှိ ဆေးရုံကြီးများ၌ စိတ်ရောဂါကုဌာနပေါင်း ၃၀ ခန့်ရှိကြောင်း သိရှိရသည်။

Monday, September 26, 2016

တစ်နိုင်ငံလုံးမှာရှိတဲ့ ခွေးအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ခွေးရူးကာကွယ်ဆေး ထိုးထားနိုင်သေး

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ခွေးကောင်ရေဟာ နှစ်စဉ်တိုးပွားမှုရှိနေပေမဲ့ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက တိရစ္ဆာန် တွေရဲ့ အားထုတ်မှုနဲ့ ခွေးရူးရောဂါကာကွယ်ဆေးထိုးပေးထားတဲ့ ခွေးအရေအတွက်ဟာ စုစုပေါင်းခွေးကောင်ရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးက ခွေး အရေအတွက်ကို အတိအကျမသိရနိုင်ပေမဲ့ ၂၀၀၃ ခုနှစ်က ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ခွေးကောင်ရေ ခန့်မှန်းခြေ ၃.၄၈ သန်းရှိပြီး ၂၀၀၆ မှာတော့ အဲဒီထက် နှစ်ဆတိုးပွားလာကို တွေ့ရှိရတာလို့ စက်တင်ဘာလ ၂၆ ရက် ဒီကနေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ခွေးရူးနှင့်ပြည်သူ့ကျန်းမာရေး ဆောင်းပါးမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ ခွေးရူးရောဂါဟာ ခွေးတင်မက ကြောင်၊ နွား၊ ဝက်နဲ့ မြင်းတို့မှာလည်း ဖြစ်ပွားတတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒီရောဂါအပေါ် ထိရောက်တဲ့ ကာကွယ်မှုတွေမလုပ်နိုင်သေးပါဘူး။ ဒါ့အပြင် နှစ်စဉ် ခွေးကိုက်ခံရသူ ခြောက်သိန်းကျော်ရှိပြီး အဲဒီထဲက အများစုဟာ အမျိုးသမီးတွေနဲ့ကလေးငယ်တွေပဲ ဖြစ်ပါတယ်။

MCN

ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်း လျော့ကျအောင် ဆောင်ရွက်မည်

 လက်ရှိစစ်တမ်း များအရ မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းမှာ ဦး ရေတစ်ထောင်လျှင် ၁ဒသမ၀၇ ရာခိုင်နှုန်းရှိနေပြီး လာမည့် ၂၀၃၀ တွင် ဒသမ ၇ ရာခိုင်နှုန်းအထိလျော့ကျရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အခြားနိုင်ငံများတွင် ကိုယ် ၀န်ဆောင်မိခင်သေဆုံးမှုနှုန်းမှာ ဦးရေတစ်ထောင်လျှင် ၀ ဒသမ ၀၃ ရာခိုင်နှုန်းသာရှိ၍ မြန်မာနိုင်ငံ၌ အတတ်နိုင်ဆုံးလျှော့ချမည်ဟု နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် စက်တင်ဘာ ၂၃ ရက်က ပြုလုပ် ကျင်းပသော မိခင်သေဆုံးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနား၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့် မျိုးဆက်ပွားဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ လှမြသွေးအိန္ဒြာက ပြောသည်။

‘‘ကျွန်မတို့နိုင်ငံမှာ အမေ တွေသေတာက အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဒုတိယအ များဆုံးနိုင်ငံတစ်ခု ဖြစ်နေတယ်။ SDGs (Sustainable Develop-ment Goals) အရ ၂၀၃၀ မှ ပြည့်မီဖို့အတွက်ဆိုရင် အမေသေနှုန်း ကို ကျဆင်းအောင်လုပ်မှာ ဖြစ် တယ်’’ဟု ဒေါက်တာ လှမြသွေး  အိန္ဒြာက ပြောသည်။

ကမ္ဘာပေါ်တွင် မိခင်နှင့် က လေးကျန်းမာရေးတိုးမြှင့်ရေးနှင့် သေနှုန်းကျဆင်းရန် MDGs (Millennium Development Goals) ကို ၂၀၀၀ တွင် ရည်မှန်းချက်ထားဆောင်ရွက်ခဲ့ ပြီး ၂၀၁၅ နောက်ပိုင်း၌ SDGs (Sustainable Development Goals) ကို ချမှတ်ကာ ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိသေ ဆုံးမှုအများဆုံးကိုယ်ဝန်ဆောင် မိခင်များမှာ အသက် (၂၀) နှင့် (၃၅) နှစ်ကြားဖြစ်ပြီး ဆေးရုံသို့လာရန် အတွက် နှောင့်နှေးခြင်း၊ လက် လှမ်းမမီခြင်း၊ ဆေးရုံသို့လာရန် ခရီးလမ်းပန်း ဆက်သွယ်ရေးစသည့် အခက်အခဲများကြောင့် သေဆုံးနေရကြောင်း ယင်းဆွေးနွေးပွဲမှ သိရသည်။

‘‘နှောင့်နှေးခြင်းသုံးရပ်ထဲမှာ ပါနေလို့ တိုက်ဆိုင်သွားရင်တော့ သေဆုံးမှုဖြစ်မှာပေါ့။ နောက်တစ် ခုက ဆေးရုံမှာ ကုသမှုပေးတာက လည်း Capacity ဖြစ်ရမယ်။ Quality ဖြစ်ရမယ်။ အရည်အသွေးပြည့်ဝတဲ့စောင့်ရှောက်မှုကိုရဖို့ လည်း နှောင့်နှေးတာတွေကြောင့်လည်း ပါတာပေါ့’’ဟု ဒေါက်တာ လှမြသွေးအိန္ဒြာက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု အများဆုံးဒေသများမှာ ရခိုင်၊ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ ဖြစ်ကြောင်း၎င်းက ပြောသည်။

နှလုံး၊ အသက်ရှူ လမ်းကြောင်းနှင့် တီဘီရောဂါများ ကုသနိုင်မည့်ဆေးဝါး များကို ဆေးဝါးစက်ရုံ(အင်းစိန်)မှ တိုးချဲ့ထုတ်လုပ်မည်

Posted: September 26, 2016

နှလုံး၊ အသက်ရှူလမ်းကြောင်းနှင့် တီဘီရောဂါများ ကုသလနိုင်မည့် ဆေးဝါးများ ဆေးဝါးစက်ရုံ (အင်းစိန်)မှ တိုးချဲ့ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံတကာ အဆင့်မီ ထပ်မံတိုးချဲ့သည့် New BPI Project ပြီးစီးသွားပါက ပဋိဇီဝပိုးသတ်ဆေးသုံးမျိုး၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါနှင့် တီဘီရောဂါများကို ကုသနိုင်မည့် ထိုးဆေးခုနစ်မျိုးနှင့် သောက်ဆေး ၁၃ မျိုးတို့ကို တိုးချဲ့ထုတ်လုပ်သွားမည့်အပြင် တစ်နှစ်လျှင် ထိုးဆေးသန်း ၂ဝ ထုတ်လုပ် သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဆေးဝါးများ ထုတ်လုပ်ရာတွင် အတုအပ မပြုလုပ်နိုင်ရန် ထုပ်ပိုးမှုပုံစံများ အဆင့်မြှင့်တင်သွားကာ ဆေးဝါး အတုလုပ်သူများကိုလည်း သက်ဆိုင်ရာနှင့် ပူးပေါင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ New BPI Project စီမံကိန်းလုပ်ငန်းများအနေဖြင့် ၉၉ ရာခိုင်နှုန်းဝန်းကျင် ပြီးစီးနေပြီဖြစ်ကာ မကြာမီ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများ စတင်နိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

 

Ref: MOI

The Ladies News

 

Saturday, September 24, 2016

ဦးတွင် ဇီကာဗိုင်းရပ်စ် တွေ့ရှိဟု စင်ကာပူ သတင်းထုတ်ပြန်

စင်ကာပူ၊ စက်တင်ဘာ ၂၄ 

စင်ကာပူနိုင်ငံရှိ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၆ ဦးတွင် ဇီကာဗိုင်းရပ်စ်ရှိနေသည်ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က အတည်ပြု ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။

စင်ကာပူတွင် ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ပြည်တွင်း၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု (ပြည်ပမှ ဇီကာဗိုင်းရပ်စ်ရှိသူ ဝင်ရောက်လာခြင်းမျိုး မဟုတ်) ပထမဆုံး ဖြစ်ပေါ်ခဲ့သည်ကို ကျန်းမာရေး အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့သည်။

စင်ကာပူ ဆရာဝန်များက ဇီကာဗိုင်းရပ်စ်ရှိသော အဆိုပါ ကိုယ်ဝန်ဆောင် အမျိုးသမီးများကို အနီးကပ် စောင့်ကြည့်လေ့လာကာ ကျန်းမာရေး ဆွေးနွေးအကြံပေးခြင်း၊ ကူညီပံ့ပိုးခြင်းတို့ ပြုလုပ်လျက် ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်ကာပူ အမျိုးသား သဘာဝပတ်ဝန်းကျင် အေဂျင်စီ၏ ဝက်ဘ်ဆိုက်တွင် နိုင်ငံတွင်း ဇီကာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ၃၈၇ မှု ရှိသည်ဟု ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း ကျန်းမာရေး ဝန်ကြီးဌာနက ဇီကာဗိုင်းရပ်စ် ရှိ/မရှိ စမ်းသပ်မှုပေါင်း ၆၅၈ ကြိမ် ပြုလုပ်ခဲ့သည်။