မြန်မာအနေနဲ့ ဇီကာ ရောဂါကို သေခြာစောင့်ကြည့်ပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ဇီကာ ရောဂါ ကူးစက်မှုတွေ ဖြစ်ပွားနေသလို မွေးကင်းစ ကလေးငယ်တွေမှာလည်း ဇီကာနဲ့ ဆက်စပ်တဲ့ micocephaly ရောဂါ ခံစားနေရတာကို တွေ့ရှိပြီးတဲ့နောက် ကမ္ဘာ့ကျန်းမာရေးက ပြောဆိုလာတာ ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် အစိုးရကလည်း မလိုအပ်ရင် မြန်မာအပါအဝင် အရှေ့တောင် အာရှ နိုင်ငံတွေကို မသွားဖို့ ကိုယ်ဝန်သည် အမျိုးသမီးတွေကို တိုက်တွန်းထားတယ်လို့ မြန်မာထိုင်းမ်စ် သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဇီကာ ရောဂါ ကူးစက်ခံရတာမျိုး တရားဝင် မရှိပေမယ့် အန္တာရာယ်ရှိတဲ့ ဒေသအဖြစ် သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကလည်း ခြင်ကိုက်မခံရအောင် နေထိုင်ဖို့၊ ခြင်တွေ အောင်းနေမယ့် နေရာတွေကို ရှင်းလင်းဖို့အပြင် ကိုယ်ဝန်သည် အမျိုးသမီးတွေ အထူးသတိထားတဲ့အနေနဲ့ ခြင်မကိုက်အောင် ဆေးလိမ်းဖို့၊ လက်ရှည်အကျီင်္ဝတ်ဆင်ဖို့နဲ့ ခြင်ထောင်နဲ့ အိပ်ဖို့ တိုက်တွန်းမှုတွေ လုပ်ထားပါတယ်။
မြန်မာ ကျန်းမာရေး အာဏာပိုင်တွေကတော့ စင်္ကာပူနိုင်ငံမှာ ဇီကာ ရောဂါ ဖြစ်နေတဲ့ သတင်းရရှိပြီးတဲ့နောက် အရင်လကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပိုမို လုပ်ဆောင်လာတဲ့အကြောင်း မြန်မာထိုင်းမ်စ် သတင်းကို ပြောသွားခဲ့ပါတယ်။
ABC Radio Australia
No comments:
Post a Comment