Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Friday, October 7, 2016

ရုပ်သံလိုင်းလုပ်ကိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ အောင်မြင်သည့် ရုပ်သံကုမ္ပဏီ ၄၀ ကျော် ထုတ်ပြန်


 မြန်မာ့အသံနှင့် ရုပ်မြင် သံကြားလုပ်ငန်း (MRTV)မှ ငှား ရမ်းပေးမည့် ရုပ်သံလိုင်းငါးလိုင်း ကို လုပ်ကိုင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ကို ဖိတ်ခေါ်ခဲ့ရာ ယင်းတို့အနက် အဆိုပြုလွှာ အောင်မြင်ခဲ့သည့် ပုဂ္ဂလိက ကုမ္ပဏီ ၄၂ ခုကို ပြန်ကြားရေးဝန် ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည်ပြင်ဆင်ခြင်းနှင့် နည်း ဥပဒေရေးဆွဲခြင်းတို့အတွက် ကြာမြင့်မည့်အချိန် တစ်နှစ်ခွဲခန့်အ တွင်း ပုဂ္ဂလိက ရုပ်သံလုပ်ငန်း လုပ်ကိုင်လိုသူများအား MRTV မှ ရုပ်သံလိုင်းငါးလိုင်းကို ငှားရမ်း ပေးရန် စီစဉ်နေခြင်းဖြစ်သည်။

စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI)များ နောက်ဆုံးလျှောက် ထားရမည့် စက်တင်ဘာ ၂၂ ရက် အထိ ကုမ္ပဏီပေါင်း ၄၄ ခုက လျှောက်ထားခဲ့ပြီး ကုမ္ပဏီ ၄၂ ခုမှာ EOI အဆင့် အောင်မြင် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန က ထုတ်ပြန်သည်။

အဆိုပါ စိတ်ဝင်စားမှု အဆို ပြုလွှာ (EOI)  အဆင့် အောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် Request for Proposal (RFP)ကို ထပ်မံလျှောက်ထားရမည်ဖြစ်ပြီး ယင်းအဆင့်ကို ရွေးချယ်ရန် အ ချိန် သုံးလခန့် ကြာမြင့်မည်ဖြစ် ကြောင်း လျှောက်လွှာများကို စိစစ်သည့် Tun Group Asia ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးချစ်ထွန်း ဖေက ပြောသည်။

 ‘‘အခု EOI အောင်မြင်တဲ့ ကုမ္ပဏီတွေကို နောက်တစ်ပတ် ထဲမှာ Request for Proposal (RFP) ကို ကြိုရှင်းပြမယ်။ သူတို့ RFP ပြင်ဆင်ပြီး တင်ဖို့အချိန် ရှစ် ပတ်ရမယ်။ သူတို့တင်ပြီးရင် လေးပတ်အကြာမှာ ကျွန်တော်တို့က စိစစ်ထုတ်ပြန်ပေးမှာပေါ့။ စုစု ပေါင်း အချိန် ၁၂ ပတ်လောက် ကြာမှာပေါ့’’ဟု ဦးချစ်ထွန်းဖေက ပြောသည်။

Request for Proposal (RFP) အဆင့်တွင် စီးပွားရေးနှင့် ပတ်သက်သည့် အစီအစဉ်၊ နည်း ပညာပိုင်းဆိုင်ရာ၊ ရုပ်သံအစီအ စဉ် ဖန်တီးနိုင်မှု စသည့်အသေး စိတ်အချက်အလက်များ ပါဝင် မည်ဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

ရုပ်သံထုတ်လွှင့်ခွင့်လျှောက် ထားသည့် ကုမ္ပဏီများတွင် လက် ရှိ သတင်းစာ၊ ရေဒီယိုနှင့် အွန် လိုင်းသတင်းဌာနများအဖြစ် လုပ် ကိုင်နေသည့် မဇ္ဈိမ၊ Eleven၊ DVB၊ Three Friend Coun-struction ကုမ္ပဏီ(စံတော်ချိန်)၊ ပတ္တမြား FM၊ Information Matrix ၊ Myanmar Cable NewsAgency၊ ကမာရွတ်မီဒီယာနှင့် ဟင်္သာမီဒီယာ စသည့် သတင်း ဌာနများ ပါဝင်သည်။

 ရုပ်သံလိုင်းငါးလိုင်း ထုတ် လွှင့်ပြသသည့်အဆင့်ထိ ရောက် ရှိရန်မှာ အဆိုပြုလွှာများ ရွေး ချယ် စိစစ်ခြင်းနှင့် အခြားသော စက်ပစ္စည်းတပ်ဆင်ခြင်းကိစ္စများ အပါအဝင် ခန့်မှန်းခြေအချိန်လေး လခန့် ကြာမြင့်မည်ဖြစ်ကြောင်း ဩဂုတ် ၂၅ ရက်က ပြုလုပ်သည့် ရုပ်သံမီဒီယာဖွံ့ဖြိုးရေးဆွေးနွေးပွဲ တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ရုပ်သံလိုင်းများ ငှားရမ်းလုပ် ကိုင်ခွင့်ရရှိသူများမှာ ကနဦးဂြိုဟ် တုဆက်ကြောင်း ငှားရမ်းခနှင့် ထုတ်လွှင့်စက်များ တပ်ဆင်ခြင်း တို့အတွက် ကျပ်သိန်း ၉၀၀ ကျော် ကျသင့်မည်ဖြစ်ပြီး ရုပ်သံလိုင်း များ ထုတ်လွှင့်နိုင်မှုအတွက်လည်း ရုပ်သံလိုင်းတစ်ခုလျှင် တစ်လ ကျပ်သိန်း ၂၀၀ ကို ပြန်ကြားရေး ဝန်ကြီးဌာနသို့ ပေးသွင်းရမည်ဖြစ် သည်။

 လက်ရှိတွင် ပြည်တွင်း၌ ထုတ်လွှင့်နေသည့် ရုပ်သံလိုင်း အားလုံးမှာ ယခင်အစိုးရ လက် ထက်ကတည်းက အစိုးရနှင့် ဖက် စပ်လုပ်ကိုင်နေသည့် ကုမ္ပဏီများ ဖြစ်ပြီး ယခုငှားရမ်းပေးမည့် ရုပ် သံလိုင်းငါးလိုင်းတွင် ၎င်းတို့ကို ထပ်မံ လျှောက်ထားခွင့်  မပြုခဲ့ပေ။

Wednesday, September 28, 2016

Chrome နဲ့ ဝက်ဘ်ဆိုက်တစ်ခုလုံးကို Download ဆွဲနိုင်ပြီး ဗွီဒီယိုဖိုင်တွေကိုလည်း Data အသုံးလျှော့ချနိုင်

ဂူဂဲလ်ဟာ အိန္ဒိယကို အတော်ကြီးအာရုံစိုက်လုပ်ဆောင်နေပြီး ဆောင်ရွက်ချက်အများစုက အင်တာနက်အရည်အသွေးညံဖျင်း တဲ့ဧရိယာတွေမှာ ကောင်းမွန်တဲ့ဝန်ဆောင်မှုရရှိအောင်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ အဲဒီလိုအင်တာနက်အရည်အသွေး ညံ့ဖျင်းတဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် လုပ်ဆောင်ချက်တွေကို Chrome ကလည်း ထပ်မံဖြည့်တင်းနေကြောင်း သတင်းရရှိပါ တယ်။ အဲဒီလိုပြုပြင်မှုတွေက အိန္ဒိယမှာသာမက အမေရိကန်လိုနည်းပညာမြင့်မားတဲ့နိုင်ငံတွေမှာလည်း အသုံးပြုသူအများစု အတွက် အသုံးဝင်တာတွေရှိနေပါတယ်။

Chrome ရဲ့ Data လျော့ချတဲ့လုပ်ဆောင်ချက်ကြောင့် မကြာခင်မှာ ဗွီဒီယိုဖိုင်တွေကို ချုံယူတာကို လုပ်နိုင်တော့မယ်လို့ သိရှိရပါ တယ်။ ဗွီဒီယိုဖိုင်ကို ချုံရာမှာ ဥပမာ MP4 ဖိုင်ဆိုရင် Data အသုံးပြုမှု ၆၇ရာခိုင်နူန်းအထိ ချုံယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ 2G ဒါမှ မဟုတ် 2G လို ကွန်ယက်မှာ ချိတ်ဆက်သုံးစွဲနေတာဖြစ်ရင် Chrome ရဲ့ အန်ဒရိုက်ဗားရှင်းက ၀က်ဘ်ပေ့ဂ်ျကို အမြန်နှစ်ကြိမ် စွဲတင်မှာဖြစ်ပြီး Data သုံးစွဲမှုက ၉၀ရာခိုင်နူန်းကျော် သက်သာသွားမှာပါ။

အန်ဒရိုက်အတွက် Chrome ရဲ့လုပ်ဆောင်ချက်အသစ်တစ်ခုကတော့ အင်တာနက်ကော်နက်ရှင်မရှိတဲ့အချိန်မျိုးမှာတောင် အသုံးဝင်နေမှာဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ဒ်တစ်ခုလုံးကို ဒေါင်းထားလို့ရပြီး ကော်နက်ရှင်ပြတ်တောက်သွားတာနဲ့ အဲဒီဒေါင်းထား တာက အလိုအလျှောက် တက်လာမှာဖြစ်တာကြောင့် အများကြီးအဆင်ပြေနိုင်ပါတယ်။

ဂူဂဲလ်က သုံးစွဲသူအတွက် offline အသုံးပြုလို့အဆင်ပြေမယ့် ဒေါင်းလုပ်ပြုလုပ်ဖို့ အကြံပေးတာတွေကို ထည့်သွင်းဖို့လည်း စီစဉ်ပါတယ်။ အဲဒီလိုဒေါင်းလုပ်ပြုလုပ်ဖို့ ဂူဂဲလ်က အကြံပြုရာမှာ ပထမပိုင်းမှာ ဒေသတွင်းလူကြိုတ်များတာကို အခြေခံမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တစ်ဦးချင်းစီရဲ့ အကြိုတ်ပေါ်မှုတည်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။

Share this:

MPTမှဆင်းမ်ကတ်များကို ပရိုမိုးရှင်းဖြင့် ရောင်းချ

MPT ဟာ ဆင်းမ်ကတ်တွေကို ပရိုမိုးရှင်းအနေနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ရောင်းချသွားမှာပါ။ ဆင်းမ်ကတ် တစ်ကတ် ဝယ်ယူပြီးတော့ E-TopUp ငွေဖြည့်မယ်ဆိုရင်တော့ လက်ဆောင်တွေ ရရှိမှာဖြစ်ပါတယ်။ ကျပ် ၁ သောင်းဖိုးငွေဖြည့်ရင် ထီးလက်ဆောင်ရရှိမှာဖြစ်ပြီးတော့ ကျပ် ၅ ထောင်ဖိုးငွေဖြည့်ရင် MPT ခွက် တစ်ခွက်လက်ဆောင်ရမှာပါ။ ကျပ် ၃ ထောင်ဖိုးငွေဖြည့်ရင်တော့ မျက်နှာသုတ်ပဝါရရှိမှာလို့ သိရပါတယ်။ ပရိုမိုးရှင်းကိုတော့ MPT အရောင်းဆိုင် ၆၃ ဆိုင်နဲ့ ဖြန့်ချိရေးကိုယ်စားလှယ်ဆိုင်ပေါင်း ၃၇ ဆိုင်မှာ ပြုလုပ်သွားမှာပါ။ MPT ရဲ့ လက်ရှိဆင်းမ်ကတ်အသုံးပြုသူ အရေအတွက်ကတော့ သန်း ၂၀ ပြည့်သွားပြီလို့ သိရပါတယ်။

ရေဒီယိုနှင့် ဆက်သွယ်ရေးပစ္စည်းများနှင့်စပ်လျဉ်း၍ ကြေညာ

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ရေဒီယိုနှင့်ဆက်သွယ်ရေးပစ္စည်းများ တပ်ဆင်အသုံးပြုခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာလိုက်သည်။

မည်သူမဆို VHF/UHF ရေဒီယို ဆက်သွယ်ရေးစက်ပစ္စည်းများ၊ လမ်းလျှောက်စကားပြောစက် (Walkie-Talkie) များ၊ Jammer များ၊ Cellular Repeater များ၊ GSM Repeater များအပါအဝင် လှိုင်းနှုန်း ထုတ်လွှင့်နိုင်သည့် ရေဒီယိုပစ္စည်းများအား ခွင့်ပြုချက်မရှိဘဲ တပ်ဆင်အသုံးပြုခြင်း၊ ပြည်သူလူထု အကျိုးစီးပွားနှင့် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်နိုင်သော ဆက်သွယ်ရေးပစ္စည်းများအား တပ်ဆင်အသုံးပြုခြင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ခွင့်ပြုချက်နှင့်လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း၊ အသုံးပြုခြင်း၊ လုပ်ကိုင်ဆောင်ရွက်ခြင်း စသည်များမပြုလုပ်ကြရန် အသိပေးကြေညာထားခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ကြောင်းတွေ့ရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထပ်မံအသိပေးကြေညာထားခြင်းဖြစ်သည်။

Telenor က တာဝါတိုင် အများဆုံး ပိုင်ဆိုင်သည်ဟု ဆို

ဒီနေ့ဟာ Telenor ကွန်ရက်စတင်ဝန်ဆောင်မှုပေးအပ်တဲ့ (၂) နှစ်မြောက်နေ့ဖြစ်ပါတယ်။ (၂) နှစ် တာအတွင်းမှာ Telenor က တာဝါတိုင်ပေါင်း ၆၄၀၀ လောက် တည်ဆောက်နိုင်ခဲ့တဲ့အတွက် အော်ပရေတာတွေထဲမှာ အများဆုံး တာဝါတိုင်ပိုင်ဆိုင်တဲ့ အော်ပရေတာဆိုပြီး ကြေညာခဲ့ပါတယ်။ Telenor စတင် ဝန်ဆောင်မှုပေးတဲ့အချိန်မှာတုန်းက တာဝါတိုင်ဟာ ၆၈ တိုင်ပဲရှိခဲ့တယ်လို့ သိရပါတယ်။ မန္တလေးမြို့မှာ စတင်ဝန်ဆောင်မှုပေးအပ်ခဲ့တဲ့ Telenor က အခုဆိုရင် 2G , 3G , 4G အစရှိတဲ့ ကွန်ရက်မျိုးစုံကို ဝန်ဆောင်မှုပေးအပ်နေတဲ့ အော်ပရေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာတော့ Telenor နဲ့ MPT ဟာ 3G ကွန်ရက်အများဆုံး ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ဈေးကွက်ထဲမှာ ငြင်းခုံပြိုင်ဆိုင်ခဲ့ကြပါသေးတယ်။

Monday, September 26, 2016

Android ဖုန်းအသုံးပြုသူများကြား Restart & Reset




Android ဖုန်းအသုံးပြုသူတွေအနေနဲ့ တစ်ခါတစ်ရံမှာ Restart ချတယ် , Reset ချတယ်ဆိုတဲ့

စကားလုံးကို အချို့တွေအနေနဲ့မသဲကွဲတာတွေတွေ့နေရပါတယ်။ အဲဒီနှစ်မျိုးမှာ ဘယ်ဟာကဘယ်လို

အခြေအနေမှာ သုံးတာဆိုတာကိုလည်းသိရှိရန်လိုအပ်ပါတယ်။

 

Restart ဆိုတာကတော့ မိမိဖုန်းလေးလံနေတဲ့အချိန် ဒါမှမဟုတ် system ပိုင်းနဲ့ပတ်သတ်ပြီး

လုပ်ဆောင်ချက်တစ်ခုလုပ်ပြီးတဲ့အချိန်မှာ ဒီကောင်လေးကိုအသုံးပြုကြပါတယ်။ ဖုန်းလေးလံနေတဲ့

အချိန် Restart ချပေးခြင်းဖြင့် ဖုန်းမှာဖွင့်ထားတဲ့ apk များရဲ့ Recent ဖိုင်များကို Clean ပေးပါတယ်။

နောက်ပြန်တက်လာရင်တော့ဖုန်းကို အခြားကြီးကြီးမားမား error မရှိပါက ပေါ့ပေါ့ပါးပါးပြန်သုံးနိုင်မှာဖြစ်ပါတယ်။

နောက်ပီး System ပိုင်းနဲ့ပတ်သတ်ပြီး မြန်မာစာထည့်တာတို့ အခြားလုပ်ဆောင်ချက်များပြုလုပ်တဲ့အခါမှာ

Restart ချပေးခြင်းဖြင့် ဖုန်းရဲ့ system ပိုင်းမှာထပ်မံတိုးပြီးလုပ်ဆောင်ချက်ကို ပြန်တက်လာတဲ့အချိန်မှာ

ရရှိစေရန်အတွက် ဖြစ်ပါတယ်။ ဒီ Restart ဆိုတဲ့စကားလုံးကို Reboot လို့လည်းခေါ်ဝေါ်သုံးစွဲကြပါသေးတယ်။

 

Reset ဆိုတာကတော့ ဖုန်းရဲ့ system ပိုင်းမှာ Root permission နဲ့ပြုလုပ်ထားတဲ့ထပ်တိုးလုပ်ဆောင်

ချက်များမှလွဲပြီး install ပြုလုပ်ထားတဲ့ apk , contact , message တွေအပြင်ဖုန်းရဲ့ internal memory

အတွင်းမှာရှိသမျှ data များကိုဖျက်ချပြီး ဖုန်းကိုစစဝယ်ဝယ်ချင်းကအတိုင်း ပြန်လည်သုံးစွဲနိုင်ရန်ပြုလုပ်ခြင်းဖြစ်ပါတယ်။

ဒါ့အပြင်ဖုန်းရဲ့ မူရင်းပါလာတဲ့ apk များကိုမှားပြီးဖျက်လိုက်မိတဲ့အခါ Disable လုပ်လိုက်မိတဲ့အခါမှာ

Reset ချခြင်းဖြင့် ဖျက်လိုက်မိတဲ့မူရင်း apk ကိုပြန်လည်ရရှိစေရန်လုပ်ဆောင်ကြတာဖြစ်ပါတယ်။

Reset ချခြင်းကိုပြုလုပ်လိုရင်တော့ ဖုန်းရဲ့ Setting >> Backup & Reset ဆိုတဲ့နေရာကနေ

တစ်ဆင့်ချင်းဝင်ရောက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အချိန်မှာ တစ်ခါတစ်ရံမှာ

lock တောင်းတာမျိုးနဲ့ကြုံရတက်ပါတယ်။ ဒါဟာမိမိအသုံးပြုထားတဲ့ Lock screen မှ screen lock

ကိုတောင်းဆိုတာဖြစ်ပါတယ်။ screen lock မှာပေးထားတဲ့အတိုင်း ရိုက်နှိပ်ပြီး Lock ဖြုတ်ကာ

Reset ချပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကိုလုပ်ဆောင်တော့မယ်ဆိုရင်တော့ မိမိအနေနဲ့အရေးကြီးတဲ့

internal memory အတွင်းက data များကို backup ပြုလုပ်ထားဖို့သတိပေးပါတယ်။

 

 

အဆင်ပြေပါစေ။

Warmly Welcome

Ko Htoo ( MMAS )



    

Ko Htoo

RELATED ARTICLESMORE FROM AUTHOR

Android ဖုန်းအသုံးပြုသူများအတွက် Contact များကိုဖုန်းထဲမှာတင် Back-up ပြုလုပ်နည်း

iOS 10 မှ ထိပ်တန်း လျှို့ ဝှက် Features ၁၀ ခု

Clone ဖုန်းအချို့မှာဖြစ်တက်တဲ့ * တို့ # တို့ကို နှိပ်ရင်မပေါ်တဲ့ ပြသနာ

Sunday, September 25, 2016

Samsung J700H/DS MT6572 Back-up Firmware








Samsung galaxy J7 Clone ( J700H/DS ) MT6572 v5.1.1 Lollipop

firmware လေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။ bin ဖိုင်နဲ့လာတဲ့ back-up firmware

လေးဖြစ်ပါတယ်။ ရှားပါး firmware လေးဖြစ်တာကြောင့်ရယူထားသင့်ပါတယ်။

 

password – kochan123456789101010

refer : SBOTHARLAY.BLOGSPOT

 

 

အဆင်ပြေပါစေ။

Friday, September 23, 2016

အိန္ဒိယနိုင်ငံ၏ startup ကုမ္ပဏီကို Apple ဝယ်ယူ

Apple သည် အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့အခြေစိုက် Tuplejump အမည်ရ startup ကုမ္ပဏီကို ဝယ်ယူလိုက်သည်။ Tuplejump သည် အချက်အလက်များကို သိရှိနားလည်ရန် artificial intelligence ကို အသုံးပြုကြောင်း TechCruch နှင့် Bloomberg မှဖော်ပြခဲ့သည်။ Apple သည် Tuplejump ကို ဇွန်လတွင် ဝယ်ယူခဲ့ကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။

Tuplejump ကို ရိုဟစ်ရိုင်၊ ဆာယာပရာကတ်ရှ်ဘတ်ဟာဗာရာပူနှင့် ဒီပတ်အာလာတို့က တည်ထောင်ခဲ့ကြသည်။ ရိုဟစ်နှင့် ဆာယာပရာကတ်ရှ်တို့၏ LinkedIn ကိုယ်ရေးအချက်အလက်အရ ၎င်းတို့မှာ မေလကတည်းက Apple သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ Tuplejump ၏ ဝက်ဘ်ဆိုက်မှာလည်း မရှိတော့ကြောင်းသိရသည်။

“Apple အနေနဲ့ နည်းပညာကုမ္ပဏီလေးတွေကို အချိန်နဲ့အမျှ ဝယ်ယူနေပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့ အစီအစဉ်တွေကို မဆွေးနွေးလိုပါဘူး” ဟု Apple ပြောရေးဆိုခွင့်ရှိသူ ကောလင်းဂျွန်ဆင်က TechCrunch သို့ ပြောကြားခဲ့သည်။

Tuplejump သည် Apple က ပထမဆုံးအကြိမ်အဖြစ် ဝယ်ယူလိုက်သော အိန္ဒိယအခြေစိုက် startup ကုမ္ပဏီတစ်ခု ဖြစ်သည်။

Ref: TechInAsia

ဟတ်ဝဲလ်ပိုင်း ချိုးဖောက်ဝင်ရောက်မှုနဲ့ iPhone ရဲ့ Passcode လုံခြုံရေးကို ကျော်လွှားနိုင်

အိုင်ဖုန်း (iPhone) ရဲ့ လုံခြုံရေး passcode ကို ဒေါ်လာ ၁၀၀ပဲတန်ဖိုးရှိတဲ့ အီလက်ထောနစ်ကိရိယာတွေ အသုံးပြုပြီး ကျော် လွှားလို့ရနေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

ကိန်းဘရစ်တက္ကသိုလ်က ကွန်ပျုတာသိပ္ပံပညာရှင်တစ်ဦးက အိုင်ဖုန်းရဲ့ မှတ်ဥာဏ် ချပ်စ်ကို ပုံစံတူတစ်ခုပြုလုပ်ပြီး passcode ကို အကြိမ်အကန့်အသတ်မဲ့ ရိုက်ထည့်ကြည့်ပြီး စမ်းသပ်ခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာ အဲဒီလိုလုပ်ဆောင်မှုက အလုပ်မဖြစ်တဲ့အကြောင်း အက်ဘ်ဘီအိုင်က ပြောကြားခဲ့ပါတယ်။ အက်ဖ်ဘီအိုင် က ဆန်ဘာနာဒီနိုက သေနတ်သမာ ဖာရွတ်ခ်ရဲ့ အိုင်ဖုန်းကို ၀င်ရောက်နိုင်ဖို့ကြိုးပမ်းရင်း အဲဒီလိုပြောဆိုခဲ့တာပါ။

ဖာရွတ်ခ်နဲ့ သူ့ရဲ့ဇနီးက ကယ်လီဖိုးနီးယားက ဆန်ဘာနာဒီနိုမြို့မှာ လူ ၁၆ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက သေနတ်နဲ့အသေ ပစ် သတ်ခဲ့တာပါ။ သူတို့ကိုလည်း ရဲတပ်ဖွဲ့က အသေပစ်ဖမ်းခဲ့ကြရပါတယ်။

အဲဒီရာဇ၀တ်မှုမှာပါဝင်တဲ့သူတွေရဲ့ သတင်းအချက်အလက်တွေ အဲဒီ အိုင်ဖုန်း (iPhone 5C) မှာ ရှိနေတယ်လို့ ရဲတပ်ဖွဲ့က ယုံ ကြည်ထားပါတယ်။ ဒါပေမဲ့ လုံခြုံရေးစနစ်ကြောင့် ၀င်လို့မရခဲ့ပါဘူး။

ဒါကြောင့် အက်ဖ်ဘီအိုင်က Apple ကုမ္ပဏီကို ဖိအားပေးခဲ့ပါတယ်။ ဖုန်းရဲ့ backdoor ဆော့ဝဲလ်ကို သူတို့ကို ပေးဖို့ဆောင်းဆို ခဲ့ကြပါတယ်။ ဒါပေမဲ့ Apple ကုမ္ပဏီက ငြင်းဆိုခဲ့တာကြောင့် လုံခြုံရေးကုမ္ပဏီတစ်ခုကို ဒေါ်လာ ၁သန်းပေးပြီး ဆောင်ရွက်စေခဲ့ တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အခု ကိန်းဘရစ်တက္ကသိုလ်ရဲ့ကွန်ပျုတာဌာနက ဒေါက်တာဆာဂျီစကိုရိုဘိုဂါတော့ဗ်က လေးလကြာအချိန်ယူပြီး iPhone 5C ရဲ့ လုံခြုံရေးစနစ်ကို ကျော်လွှားနိုင်ဖို့ စမ်းသပ်ခဲ့တာပါ။

ဒေါက်တာဘိုဂါတော့ဗ်က iPhone 5C ရဲ့ အဓိက မှတ်ဥာဏ်စနစ်ဖြစ်တဲ့ (Nand Chip)ကို ဘယ်လိုဖြုတ်ယူလိုက်တယ်ဆိုတာကို ယူကျုမှာ ဗွီဒီယိုဖိုင်တင်ခဲ့ပါတယ်။
အဲဒီနောက် သူက ဖုန်းနဲ့ မှတ်ဥာဏ်စနစ်ဘယ်လို ဆက်သွယ်မှုလုပ်တယ်ဆိုတာကို လေ့လာပြီး အဲဒီ ချပ်စ်(chip) ကို ပုံစံတူ ပွားခဲ့ပါတယ်။
ရည်ရွယ်ထားတဲ့ ဖုန်းကို ပြုပြင်လိုက်ပြီး (Nand chip) ကို အပြင်ဘုတ် (external board) မှာ အထိုင်ချလိုက်ပါတယ်။ ဒါကြောင့် မတူတဲ့ ဗာရှင်းတွေကို အလွယ်တကူ တပ်နိုင်ဖြုတ်နိုင်သွားပါတယ်။

သူ့ရဲ့ဗွီဒီယိုဖိုင်မှာ ဖော်ပြခဲ့တာက ဒေါက်တာဘိုဂါတော့ဗ်ဟာ မှားယွင်းတဲ့အတွဲအစပ် passcode တွေ အများကြီး ကြိုးစားကြည့် ပြီး iPhone 5C လော့ခ်ကျသွားတာကိုပါပဲ။ အဲဒီနောက်မှာ သူက (Nand chip) ကို ဖယ်ရှားလိုက်ပြီး ပုံစံတူအသစ်နဲ့အစားထိုးလိုက်ပါတယ်။ မတူတဲ့ ကုဒ်တွေကို ကြိုးစားလို့ ရအောင် အဲဒီချပ်စ်မှာ သုညလို့ သူက ထားလိုက်ပါတယ်။

“ ကျွန်တော့်အနေနဲ့ ပုံစံတူတွေ အများကြီးပွားလို့ရတာကြောင့် နောက်ဆုံး passcode အမှန်ကို တွေ့တဲ့အထိ ကျွန်တော် အကြိမ် အများကြီး ထပ်ခါတလည်းလည်းလုပ်လို့ ရသွားပါတယ်” လို့ သူက ပြောပါတယ်။ (Nand mirroring) လို့ သိရှိထားတဲ့ အဲဒီနည်းပညာက ဖာရွတ်ခ်ရဲ့ဖုန်းမှာ အလုပ်မဖြစ်တဲ့အကြောင်း အက်ဖ်ဘီ အိုင်ရဲ့ ဒါရိုက်တာ ဂျိမ်းကွန်မီက ပြောဆိုခဲ့တာပါ။

ဂဏန်း ၄လုံးတွဲကို သိရှိနိုင်ဖို့ အချိန် နာရီ ၄၀ ကြာခဲ့ကြောင်း ဒေါက်တာ ဘိုဂါတော့ဗ်က ဆိုပါတယ်။
တကယ်လို့ ဂဏန်း ၆လုံးဆိုရင်တော့ နာရီရာနဲ့ချီပြီး ကြာနိုင်ပါတယ်လို့ သူကပြောပါတယ်။
တကယ်တော့ အက်ဖ်ဘီအိုင်က မလုပ်နိုင်ဘူးလို့ဆိုတဲ့ကိစ္စကို ဒေါက်တာဘိုဂါတော့ဗ်က လုပ်ပြသွားခဲ့တာပါပဲ။

Ref: BBC

iPhone -7 ထွက်ပြီး ၂၄နာရီအတွင်းမှာပဲ ၁၉နှစ်သား ဟတ်ကာက Jailbreak ပြုလုပ်

ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး၏ လူကြိုက်အများဆုံးထုတ်ကုန်ဖြစ်သော iPhone-7 ကို ဖြန့်ချိပြီး ၂၄နာရီအတွင်းမှာပဲ အသက် ၁၉နှစ်ပဲ ရှိသေးတဲ့ လူကာတိုဒေစကိုဆိုတဲ့ လူငယ်ဟက်ကာတစ်ယောက်က Jailbreak ပြုလုပ်နိုင်ကြောင်း သက်သေထူခဲ့ပါတယ်။

iPhone တစ်လုံးကို Jailbreak ပြုလုပ်တာက Andriod ဖုန်းတွေကို root access ရအောင် ပြုလုပ်တာနဲ့ သဘောတရားခြင်း တူညီပါတယ်။ အဲဒီလိုပြုလုပ်လိုက်ခြင်းကြောင့် ဖုန်းရဲ့အာမခံပျက်သွားသလို ထုတ်လုပ်သူရဲ့ကန့်ကတ်ချက်ကို ကျော်လွန်ပြီး စီမံပြု ပြင်ခွင့်ရသွားပါတယ်။

တကယ်တော့ jailbreak ပြုလုပ်တာက ကြောင်နဲ့ကြွက်လုပ်တမ်းကစားသလိုပါပဲ။ update အသစ်တစ်ခု ထွက်လာတိုင်းမှာ အပြည့်အ၀အသုံးချခွင့် full access ရဖို့အတွက် အားနည်းချက်၊ ချို့ယွင်းချက်ကို ရှာပြီး jailbreak လုပ်ကြစမြဲ ဖြစ်ပါတယ်။ ဒါပေမဲ့ iPhone -7 iOS 10 နဲ့ထွက်လာတာဖြစ်လို့ အဲလိုလုပ်ဖို့ ပိုခက်ခဲသွားမယ်လို့ ယူဆစရာဖြစ်ခဲ့ပါတယ်။

အဲဒီလိုခက်ခဲမယ်လို့ထင်ရပေမယ့်လည်း အသက်၁၉နှစ်သား လူကာက ထင်သလောက်မဟုတ်ပါဘူးဆိုတာကို ၂၄ နာရီအတွင်းမှာလုပ်ပြသွားခဲ့ပါတယ်။ ဒါပေမဲ့ လူကာက အဲဒီလိုပြုလုပ်ခဲ့တဲ့နည်းစနစ်ကို jailbreak လုပ်တဲ့အသိုင်းအ၀ိုင်းကိုတော့ ချမပြသေးပါဘူး။

ကမ္ဘာကျော် Apple ကုမ္ပဏီအနေနဲ့ ချို့ယွင်းချက်ရှာပြီး အသုံးချနိုင်ဖို့ မလွယ်ကူအောင် ပြုလုပ်ထားတာ အသေအချာပါပဲလို့ လူကာက၀န်ခံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ၁၀၀ရာခိုင်နူန်းပြည့် လုံခြုံတဲ့စနစ်ဖြစ်ဖို့ကတော့ အတော်ကြီးဝေးကွာနေဆဲပါပဲလို့ ဆိုပါတယ်။ သူက terminal app တစ်ခုကနေတဆင့် iPhone-7 ကို root access ရထားတဲ့ပုံ screenshot ရိုက်ပြီး အဲဒီအချက်ကို စက်တင်ဘာ ၂၂ရက်နေ့မှာ ကမ္ဘာကို သက်သေထူသွားခဲ့ပါတယ်။

Ref: Slashgear.com

Thursday, September 22, 2016

ရိုဘော့ကားကြောင့် ၂၀၂၅ ခုနှစ်မှာ ပုဂ္ဂလိကကားပိုင်ဆိုင်မှု ပျောက်ကွယ်သွားနိုင်

နည်းပညာအဆင့်မြင့်သော အလိုအလျှောက်မောင်းနှင်နိုင်တဲ့ ရိုဘော့ကားတွေကြောင့် ၂၀၂၅ခုနှစ်ဆိုရင် အမေရိကန်မြို့ကြီးအတော်များများမှာ ပုဂ္ဂလိကကားပိုင်ဆိုင်မှုဆိုတာ ပျောက်ကွယ်အဆုံးသတ်လုနီးပါး ဖြစ်သွားလိမ့်မယ်လို့ အမေရိကန်၊ ဆန်ဖရန်စစ္စကိုအခြေစိုက် သယ်ယူပို့ဆောင်ရေးကွန်ယက်ကုမ္ပဏီ( Lyft )ရဲ့ ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။
14429474_10209426772178604_1826233326_n
အလိုအလျှောက်မောင်းနှင်တဲ့ကားတွေကို စတင်အသုံးပြုဖို့ရှိနေပေမယ့် အဲဒီကားတွေကို ပုဂ္ဂလိကပိုင်အနေနဲ့ အသုံး ပြုမှု မဖြစ်နိုင်သလောက်နည်းပါးဖွယ်ရှိနေပါတယ်။ ဖြစ်နိုင်ခြေရှိတာက သယ်ယူပို့ဆောင်ရေးကုမ္ပဏီတွေကနေ ကွန်ယက်ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ အသုံးချတာမျိုးဖြစ်ဖို့များပါတယ်လို့ အမေရိကန်ကုမ္ပဏီ Lyft က သူတို့ရဲ့ အနာဂါတ်သယ်ယူပို့ဆောင်ရေးအမြင်ကို ပြောပါတယ်။
လာမယ့်နှစ်အနည်းငယ်အတွင်းမှာပဲ အမေရိကန်မြို့ကြီးတွေမှာ လူသားမောင်းနှင်တဲ့ကားတွေကို ရိုဘော့ကားတွေက ကျော်ဖြတ်စိုးမိုးသွားလိမ့်မယ်လို့ Lyft ကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဂျွန်ဇီးမားက ဆိုပါတယ်။
သယ်ယူပို့ဆောင်ရေးကွန်ယက်ကုမ္ပဏီကြီးတွေ၊ ကားထုတ်လုပ်သူတွေနဲ့ နည်းပညာကုမ္ပဏီကြီးတွေက ရိုဘော့ကား ကို နောက်ထပ်အခွင့်အလမ်းကြီးတစ်ခုအနေနဲ့ ရှုမြင်နေကြတာပါ။ ယူဘာ – Uber နည်းပညာကုမ္ပဏီက သူတို့ရဲ့ မောင်းသူမဲ့ကားကို အမေရိကန်နိုင်ငံ၊ ပန်စနီဗန်းနီးယားမြို့က လမ်းတွေပေါ်မှာ စမ်းသပ်ခဲ့ပါတယ်။ အဲဒီလိုစမ်းသပ်မှု မှာ ယာဉ်မောင်းသူတစ်ဦးကတော့ အရေပေါ်အခြေအနေမှာ ရပ်တန့်နိုင်ဖို့ လိုက်ပါခဲ့ပါတယ်။
Lyft ကုမ္ပဏီက ဖိုးနစ်ဇ် မြို့နဲ့ ဆန်ဖန်စစ္စကိုမြို့တွေမှာ ဂျင်နလဲလ်မော်တာ GM ကုမ္ပဏီကြီးနဲ့ ပူးပေါင်းပြီး မောင်းသူမဲ့ ရိုဘော့ကားတွေကို စမ်းသပ်မယ်လို့ ပြောခဲ့ပါတယ်။ အဲဒီစမ်းသပ်မှုကို ဇန်န၀ါရီလအတွင်းမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီစမ်းသပ်မှုအတွက် Lyft ကုမ္ပဏီက အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံထားပါတယ်။

Share this:

မြောက်ကိုရီးယားတွင် ဝက်ဘ်ဆိုက် ၂၈ ခုသာရှိ

မြောက်ကိုရီးယားနိုင်ငံ၏ ဆာဗာများပေါ်ရှိ ဝက်ဘ်ဆိုက် အချက်အလက်များသည် GitHub ဝက်ဘ်ဆိုက်ပေါ်သို့ မတော်တဆ ရောက်ရှိသွားခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံတွင် ဝက်ဘ်ဆိုက် ၂၈ ခုသာရှိကြောင်း သတင်းထွက်ပေါ် လာခဲ့သည်။

Source-code hosting ဆိုက်တစ်ခုဖြစ်သည့် GitHub က “မြောက်ကိုရီးယားရှိ ထိပ်တန်းဆာဗာများသည် ကမ္ဘာလုံးဆိုင်ရာ Domain Name System အလွှဲအပြောင်းသို့ မတော်တဆ ရောက်ရှိလာကြောင်း၊ ၎င်းသည် ns2.kptc.kp ဆာဗာမှ ထိပ်တန်းအဆင့်ရှိ DNS အချက်အလက်ကို ကူးယူရန် တောင်းဆိုသူများကို ခွင့်ပြုပေးကြောင်း” GitHub က ရှင်းပြခဲ့သည်။

ရှာဖွေတွေ့ရှိခဲ့သော မြောက်ကိုရီးယားနိုင်ငံ၏ ဝက်ဘ်ဆိုက်အချို့တွင် အလွယ်တကူနားလည်နိုင်အောင် ရှင်းလင်းဖော်ပြထားသည်။ ဥပမာအားဖြင့် Cooks.org.kp က ဟင်းချက်ပြုတ်နည်းဆိုက်ဖြစ်ပြီး Kcna.kp မှာ အစိုးရက ထိန်းချုပ်ထားသော Korean Central News Agency ဖြစ်သည်။ Friend.com.kp ကဲ့သို့သော အခြားဝက်ဘ်ဆိုက်များမှာ မည်သည့် ဝက်ဘ်ဆိုက်များဖြစ်ကြောင်း မသိရသော်လည်း လူမှုရေးမီဒီယာဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် မည်သူမျှ အသုံးမပြုနိုင်သော ဝက်ဘ်ဆိုက်ပေါင်းများစွာလည်း ရှိသေးသည်။

မြောက်ကိုရီးယားတွင် content များကို ကန့်သတ်ထားသော်လည်း ဆာဗာများမှာ တည်ငြိမ်ခြင်း မရှိပေ။ ၂၀၁၄ ခုနှစ်နှောင်းပိုင်းတွင် နိုင်ငံ၏ အင်တာနက်တစ်ခုလုံးမှာ denial-of-service တိုက်ခိုက်မှုကြောင့် offline ဖြစ်သွားခဲ့သည်။

Ref: CNET