Showing posts with label စစ်သတင်း. Show all posts
Showing posts with label စစ်သတင်း. Show all posts

Thursday, October 6, 2016

တိုက်ပွဲတွေရပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုး တောင်းဆိုမယ်

မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး ကို အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်

တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုသွားမယ်လို့ မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုး က ပြောပါတယ်။

တိုင်းရင်းသားဒေသတွေက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့အတွက် ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ လက်မှတ်ရေးထိုးပြီး တောင်းဆိုသွားမှာဖြစ်ကြောင်း မန်တုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ပြောပါတယ်။

"၂၁ ပင်လုံအပြီးမှာ ဒီစစ်ပွဲတွေက ပွဲပြီးမှပြင်းထန်လာတယ်၊ ပြည်သူတွေရဲ့ အခက်အခဲကို သက်ဆိုင်ရာဌာနကို တင်ပြသွားဖို့ ကျမတို့ အဲ့လိုစီစဉ်ထားပါတယ်"

ဒီကနေ့မနက်ပိုင်းကလည်း ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ပေးဖို့ မြစ်ကြီးနားမြို့မှာ လူပေါင်းတစ်သောင်းကျော် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပပြီးနောက်ပိုင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေ မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။

Wednesday, October 5, 2016

မဲသဝေါဒေသ သောင်ရင်းမြစ်အတွင်း စစ်လှေများသွားလာမှု (ဒီကေဘီအေ) ကန့်သတ်

 

ယခုရက်ပိုင်းအတွင်းက မဲသဝေါဒေသ နယ်ခြားသောင်ရင်းမြစ်အတွင်း တွေ့ရှိရသည့် စက်လှေတစီး။အောက်တိုဘာ - ၄ - ၂၀၁၆

ထိုင်း-မြန်မာနယ်စပ် နယ်ခြားသောင်ရင်းမြစ်အနီးရှိ မယ်သဝေါဒေသအတွင်း ပြေးဆွဲနေကြသည့် စက်လှေများအနေနှင့်ကြိုတင်အသိပေးအကြောင်းကြားခြင်းမရှိဘဲ သွားလာပါက ပစ်ခတ်ခြင်းခံရမည်ဟု (ဒီကေဘီအေ) အဖွဲ့ကပြောကြောင်း မဲသဝေါဒေသခံတဦးကပြောသည်။

၎င်းက " မနေ့ကစပြီး ဒီကေဘီအေကပြောတာလို့သိရတယ် သူတို့ကိုကြိုတင်အကြောင်းမကြားဘဲ သွာလာတဲ့စက်လှေတွေ ပစ်ခတ်ခြင်းခံရမယ်ဘို့ပြောတယ် ဘယ်လိုဘဲဖြစ်ဖြစ် သတိထားပြီးသွားလာကြတာ အကောင်းဆုံးဘဲ အခြေအနေတွေက ဘာမှန်းကို ဟုတ်တိပတိမသိရသေးဘူး"ဟုပြောဆိုသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ယမန်နေ့ကစတင် သိရှိရသည်ဟုလည်း ဒေသအခြေစိုက် ကရင်တပ်မှူးတဦးကပြောဆိုသည်။

စစ်လှေမောင်းသည့် စောဖကော်လာက " ဒီကေဘီအေတွေက ဒီရေလမ်းကနေ ရန်သူတွေတက်လာမှာကို ကာကွယ်တာဖြစ်တယ်ဆိုတဲ့ ပြောသံတွေတော့ကြားနေရတယ် "ဟု ဆိုသည်။

အဆိုပါဒေသအတွင်း အများစုသွားလာနေကြသည့် စစ်လှေကြီးငယ်များမှာ ထိုင်းနိုင်ငံဘက်ကလှေများဖြစ်ကြသည့်အတွက် ထိုင်းစက်လှေများ ပစ်ခတ်ခြင်းခံရပါက အခြေအနေများ ပိုမိုရှုတ်ထွေးနိုင်သည်ဟုလည်း နယ်စပ်အရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

မဲသဝေါဒေသအတွင်း ယခင်လ ၁၁ ရက်နေ့ကစတင်ခဲ့သည့် ဒီကေဘီအေခွဲထွက်အဖွဲ့နှင့်(ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်နှင့်မြန်မာစစ်တပ်တို့အကြားဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲများမှာ အရှိန်လျှော့ကျသွားပြီးဖြစ်သော်လည်း ဒေသတွင်းအခြေအနေများမှာ စိုးရိမ်နေရဆဲ အနေအထားများတွင်ရှိနေသေးသည်ဟု ဒေသခံများက ပြောဆိုကြသည်။

(ဒီကေဘီအေ) က စက်လှေများသွားလာမှု ကန့်သတ်သည့်သတင်းများ ယမန်နေ့ကထွက်ပေါ်လာပြီးနောက်ပိုင်း ယနေ့တွင်မဲသဝေါဒေသအတွင်းရှိ နယ်ခြားသောင်းရင်းမြစ်တွင် စက်လှေများသွားလာမှုနည်းပါးသွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။

နယ်ခြားသောင်းရင်မြစ်ခြားထားသည် ထိုင်း-မြန်မာနယ်စပ် မဲသဝေါဒေသအတွင်း နေ့စဉ်သွားလာပြေးဆွဲနေကြသည့် စက်လှေအရေအတွက်မှာ အစီးရေ (၁၀၀) အထက်တွင်ရှိသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ

 

Tuesday, October 4, 2016

တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲ ဆက်ဖြစ်


Posted: October 4, 2016

အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက ရှမ်းမြောက်ဒေသရှိ KIA ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီးနော်ဘူ၏ ပြောပြချက်အရ သိရသည်။

 

၎င်းက “ဟုတ်ကဲ့၊ လိုင်ဇာပတ်ဝန်းကျင်မှာတော့ ဒီနေ့ ညနေပိုင်းအထိ တိုက်ပွဲသတင်းတွေ ထူးတာတော့မရှိပါဘူး။ တိုက်ပွဲကမရှိဘူး လို့ ပြောလို့ရတယ်။ ဒါပေမယ့် ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်ရင်း ၃၇၊ ၃၈ ဘက်မှာတော့ ဒီမနက် ၈ နာရီ ၄၀ မိနစ်လောက်မှာမှာ ကောင်းဆက် မာန်ဂျေရွာနားမှာ တိုက်ပွဲဖြစ်တယ် သတင်း ကြားပါတယ်။ အဲ့ဒီသတင်းကို အတည်ပြုသတင်းတော့ မရသေးပါဘူး” ဟု ဒုတိယ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာလ ၄ ရက်နေ့တွင် ပြောသည်။

 

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အရှေ့မြောက်ဘက် မိုင် ၂၀ ကျော် မာန်ဂျေ(Manje) ကျေးရွာ အနီး ကောင်းဆက်ဘန် (Kungsa Bum)တောင်ရှိ အစိုးရ တပ်မ ၉၉ စစ်ကြောင်းနှင့် KIA တပ်မဟာ (၆) တပ်ရင်း (၂) တပ်ဖွဲ့ကြား နံနက် ၈ နာရီကျော်တွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး ဆက်သွယ်မေးမြန်းချိန်အထိ တိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း ကချင်သတင်းဌာန ဖော်ပြချက်အရ သိရသည်။

 

အဆိုပါတိုက်ပွဲ မတိုင်ခင် ကချင်ပြည်နယ်တွင် သြဂုတ်လမှ စပြီး အစိုးရတပ်များမှ မကြာခဏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ခံနေရသည့် KIA တပ်ရင်း (၃) Lai Hpawng Bum စခန်းအား အောက်တိုဘာ နံနက် ၄ နာရီနှင့် ၅ နာရီကြား အစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုများ ရှိသည်ဟု KIA ရှေ့တန်းက ပြောထားကြောင်း ဖော်ပြထားသည်။

 

စက်တင်ဘာလ ၂၃ ရက်နေ့မှစ၍ ပြီးခဲ့သည့် ရက်ပိုင်းအထိ အစိုးရတပ်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာနချုပ် နယ်မြေ၏ လုံခြုံရေးအရ အရေးပါသည့် တပ်စခန်းများကို ဂျက်လေယာဉ် နှင့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခြင်းများ ရှိခဲ့ကြောင်း သိရသည်။ ၂၁ ပင်လုံ ပြီးစီးချိန်မှ စတင်ပြီး ကေအိုင်အေနှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေ ကာ နှစ်ဖက် အသေအပျောက်လည်း ရှိခဲ့သည်။

 

ယင်းအပြင် အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီခန့်က မုန်းကိုးမြို့နယ်၊ ပူဝန်ကျေးရွာ (ဖောင်းဆိုင် ရဲ့ အရှေ့ဘက်) အတွင်း လက်နက်ကြီးကျည်ဆံ ကျခဲ့သည့်အတွက် ရွာသားကလေးငယ် တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန် ရခဲ့ခြင်းများရှိကြောင်း မီဒီယာများက ဖော်ပြပြီး တပ်မတော်မှ ပစ်ခတ်မှုဖြစ်သည်ဟု ကချင်အသိုင်းဝိုင်းမှ စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

 

စိုင်းဟန်

The Ladies News

ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်တွေမှာ တိုက်ပွဲတွေ ပြင်းထန်



လိုင်ဇာဒေသက ကေအိုင်အေ တပ်ဖွဲ့ဝင်များရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်အနှံ့အပြား မှာ နှစ်ဘက်တိုက် ပွဲတွေပြင်း ထန်နေပြီး မြန်မာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် မှုကြောင့် နှစ်နှစ်အရွယ် ကချင် ကလေးငယ်တဦးသေဆုံးခဲ့သလို အရပ်သားတချို့ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒီထိုးစစ်တွေကိုကြည့်ရင် မြန်မာစစ်တပ်ဘက်က (၂၁)ရာစု ပင်လုံဆိုတာကို အလိုမ ရှိဘူး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး မလိုလား ဘူးဆိုတဲ့ သဘောထားကို ပြသနေကြောင်း ပြည်ပရောက် ကချင်တိုင်းရင်းသားတွေ က ပြောပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီး တင်ပြမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေ ရာတွေ မှာ မြန်မာ စစ်တပ်ဘက်က စစ်လေယာဉ်နဲ့ လက်နက်ကြီးတွေ အသုံးပြုတိုက် ခိုက်လာတဲ့ အ တွက် ကလေးငယ်တွေ သေဆုံးထိခိုက် ဒဏ်ရာရခဲ့ တာကြောင့် ပြည်တွင်း မှာသာမ က နိုင်ငံတကာရောက် တိုင်းရင်းသားတွေ ကလည်း မြန်မာစစ်တပ်ရဲ့ ထိုးစစ် ကို ပြင်းပြင်ထန်ထန် ဝေဖန်ကန့်ကွက်နေကြပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မုန်းကိုးမြို့နယ်က ကျေးရွာတခုမှာ မြန်မာစစ်တပ်ရဲ့ လက် နက်ကြီးကျရောက်မှုကြောင့် နှစ်နှစ်အရွယ် မိန်းကလေး တဦး အောက်တိုဘာ လ (၁)ရက်နေ့ က သေ ဆုံးခဲ့ရတဲ့ ဖြစ်ရပ်ကို ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဌ Gum Sanက အခုလိုပြောပြပါတယ်။

“အောက်တိုဘာ ၁ ရက်နေ့မှာ မနက် ၆ နာရီနဲ့ ၆ နာရီခွဲလောက်မှာ ပူအောင် ရွာပေါ့နော်၊ ပူအောင်ရွာဆိုတာ မုန်းကိုမှာရှိပါတယ်။ အခုကျနော်တို့ရဲ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးတီခွန်မြတ်ရဲ့ ဇာတိပေါ့နော်။ အဲဒီမှာ ရွာကို အမြှောက်နဲ့ပစ်တယ်။ ၆ ကြိမ်ပစ်တယ်၊ အရပ်သားထိတယ် ကလေး ၂ ဦးထိခိုက်ဒဏ်ရာ ရတယ်၊ နောက် မန်ရှီဆေးရုံမှာ ကလေးအသက် ၂ နှစ်အရွယ် သေဆုံးသွားတယ်။”

တကယ်တမ်းအဲဒီနေရာ မှာ နှစ်ဘက်တိုက်ပွဲမျိုးမ ရှိပဲ မြန်မာ စစ်တပ်ဘက်က အရပ် သားတွေရှိတဲ့ ရွာတွေကို တမင်သက်သက်ပစ်ခတ် ခဲ့တာဖြစ်တယ် လို့ ဒေသ ခံတွေ ကပြောပါတယ်။ ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ် သက်လို့ မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခုလို မြန်မာစစ်တပ်နဲ့ တိုက် ပွဲတွေ ပြင်း ထန်နေတဲ့အပေါ်မှာ Gum San ရဲ့သုံးသပ်ချက်ကတော့-

“ငြိမ်းချမ်းရေးမလိုချင်လို့ပါ၊ ငြိမ်းချမ်းရေး က တဦးတယောက်အဖွဲ့အစည်းတခုကို အကျိုးမပြုလို့ သူတို့ ဒီလိုတိုက်ရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောနေ တဲ့ဟာ က မြို့၊ ရွာတွေ၊ လမ်းပေါ်က အခွန်ကောက်တာတို့ ရှိတယ်လို့ပြောပေမယ့် ဒါက လမ်း နဲ့ အင်မတန်ဝေးတဲ့နေရာတွေပါ။ ဆိုတော့ သူတို့ နောက်ဆုံးကတော့ ၂၁ ရာစုပင်လုံဆိုတာကို မလိုချင်ဘူး၊ တကယ့်ကိုစစ်မှန်တဲ့ ဖက်ဒ ရယ်ပြည်ထောင် စုဆိုတာကို စစ်တပ်က မဖော်ဆောင်ချင်လို့ပဲ ဒီလိုလိုက်တိုက်နေရတယ်လို့ ကျနော်ကတော့မြင်ပါတယ်။”

အခုလို မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်လို့ အောက်တိုဘာလ (၇)ရက်နေ့ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲပြုလုပ်ဖို့ စီစဉ်နေကြောင်း Gum San ကပြောပါတယ်။

ဒီအတောအတွင်း ရှမ်းပြည်အရှေ့ပိုင်း အခြေစိုက် မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေး (UWSA) နဲ့ မိုင်းလား (NDAA) နှစ်ဘက်ကြားမှာ စစ်ရေးတင်းမာ မှုတွေဖြစ်နေပါတယ်။ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမသိရသေးပေမဲ့ UWSA တပ် အင်အား (၆၀၀)ကျော်က သံချပ် ကာ ကားငါးစီးနဲ့ မိုင်းလားအခြေစိုက်စခန်းနှစ်ခုကို စက်တင်ဘာလ (၂၈) ရက်နေ့က ၀င်ရောက်သိမ်းပိုက်ခဲ့တယ်လို့ ကြားသိရကြောင်း အခြေအနေတွေ ကို စောင့် ကြည့်လေ့ လာနေတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်သူ ဦးခွန်ဆိုင်း က ပြောပါတယ်။

“မိုင်းလားနဲ့ ကျိုင်းတုံကြားမှာ ရှိတဲ့ ကတားပိ က တို့ဆိပ်ဆိုတာ က မြန်မာ့ တပ်မတော်ဘက်က ရှိတာပေါ့နော် အဲဒါကျော်သွားရင် မိုင်းလား နယ်မြေဖြစ်တယ်။ အဲဒီနယ်မြေမှာရှိနေတဲ့ တောင်ပေါ်တပ်စခန်း ၂ ခုနဲ့ နောက်ပြီးတော့မှ ကားဂိတ်ကို သူတို့ သိမ်းလိုက်တယ်ပေါ့နော်။ အဲဒီမှာ တပ်ရင်း ၁၅ ဆိုတာ စောင့်ထားတယ် လူအင်အားက ၁၅၁ ယောက်ကို သူတို့က အဲဒီမှာ ထိန်းသိမ်းထားတယ်ပေါ့နော် အဲဒီသတင်းထွက်လာပါတယ်။

မေး။ ။ အဲဒီမဟာမိတ် ၂ ဖွဲ့ကြားမှာ အဓိက ဖြစ်ရတဲ့အကြောင်းအရင်းကို အမျိုးမျိုးခန့်မှန်းနေကြတဲ့အချိန်မှာ အနီးစပ်ဆုံးပေါ့နော် ဘယ်ဟာများ ဖြစ်နိုင်ခြေ အခြေအနေရှိမလဲရှင့်။

ဖြေ။ ။ ဖြစ်နိုင်ခြေရှိတာက တဘက်က ၀ က NCA လက်မှတ်မထိုးဘူး သူတို့ မဟာမိတ်တွေအကုန်လုံးလက်မှတ်မထိုးသေးပါဘူးခင်ဗျ။ နောက်ပြီး ငြိမ်းချမ်းရေး ကိစ္စမှာ ပူးပေါင်းပါဝင်မှု ကလည်း နည်းတယ်။ သို့သော်လည်း မိုင်းလားအနေ နဲ့ ကတော့ သူက မိုင်းလားကို ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် အသိအမှတ်ပြုမှုကို သူက ရယူချင်တယ် ၊ ဒါကြောင့်အစိုးရနဲ့ ဆက်ဆံမှုက လည်း တော်တော် ကြီးနီးနီး ကပ်ကပ်ဆက်ဆံမှုရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ၀ ဘက် က မကြေနပ်လို့လုပ်တယ်ဆိုတဲ့ အဲဒီလိုခံယူချက်မျိုးတော့ရှိတယ်။ တပ်မတော် ဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျိုင်းတုံမှာရှိတဲ့ ၀ ဆက်ဆံရေး အရာရှိကိုမေး တယ်။ အဲဒါဘာဖြစ်တာလဲဆိုတော့ ဘာမှမဖြစ်ပါဘူး ဒါက ကျနော်တို့ စစ်လေ့ ကျင့်ရေးလုပ်တာပါ Exercise ပေါ့ဗျာ အဲဒါ လုပ်တာဖြစ်ပါ တယ်လို့ ပဲပြောတယ်။”

နောက်ဆုံးသတင်းတွေအရ UWSA ဘက်က ထိန်းသိမ်းထားတဲ့ မိုင်းလား NDAA တပ်ဖွဲ့ဝင် ၁၅၁ ဦးလုံးကိုပြန်လွှတ်ပေးလိုက်ပြီး စခန်းတွေကနေ ဆုပ်ခွာဖို့ သတိပေး ထားပေမဲ့ NDAA ဘက်ကတော့ တစုံတရာတုန့်ပြန်ခြင်းမရှိသေးဘူးလို့ ဦးခွန်းဆိုင်း ကပြောပါတယ်။

အင်ကြင်းနိုင်  / ဗွီအိုအေ (မြန်မာပိုင်း)

Monday, October 3, 2016

အရွယ်မရောက်သေးသူများအား တပ်သားသစ်အဖြစ်စုဆောင်းခဲ့သည့် စစ်သည် ၄၈၃ ဦးကိုအရေးယူ


ရန်ကုန်၊ အောက်တိုဘာ ၃

အရွယ်မရောက်သေးသူများအား တပ်သားသစ်အဖြစ် မှားယွင်းစုဆောင်းခဲ့ကြသည့် အတွက် စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ရာ ၂၀၁၆ သြဂုတ်လအထိ အရာရှိ/အခြားအဆင့် ၄၈၃ ဦးရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်လုံဝန်ကြီးဗိုလ်မှူးကြီး တင်အောင်ထွန်း ကပြောသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့ အစည်းအဝေး(ဒုတိယနေ့)တွင် ဒလမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်ဦးရွှေရင်၏ ကလေးစစ်သား များ လျော့နည်းသွား သည့် အခြေအနေကိုသိရှိ လိုပါကြောင်း မေးခွန်းနှင့် ပက်သက် ၍ ၎င်းကအထက်ပါ အတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“တပ်မတော်အနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်များကို လုံးဝစုဆောင်းခြင်းမပြုရန်အတွက် ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်မှားယွင်းစုဆောင်းခဲ့သူများကိုလည်း စိစစ်၍ အမြန်ဆုံးထွက်ခွင့်ပြုရန်ဆိုတာကိုလည်း ညွှန်ကြားထားပြီးဖြစ်ကြောင်း တပ်ပြအပ်ပါတယ်” ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်းကပြောသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၆ခုနှစ်အထိစစ်သည် ၈၁၀ ဦးအား တပ်မတော်မှ နှုက်ထုတ်ခွင့်ပြု၍ မိဘ/အုပ်ထိန်းသူများ ထံ ပြန်လည်လွှဲပြောင်းအပ်နှံ့ခဲ့ကြောင်းသိရသည်။

Written By ဆုမင်းကို
photo By Unicef
Hinthar Media Corporation

ရှမ်းတောင်ပိုင်းနဲ့ အစိုးရတပ် တိုက်ပွဲဖြစ်ပွား



RCSS/SSA ရှေ့တန်းတပ်များ
ရှမ်းပြည်နယ်အတွင်းမှာ NCAအပစ်ရပ်လက်မှတ်ထိုး တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွါး နေဆဲဖြစ်ပြီး ဒေသခံရွာသားထောင်ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။ အလားတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ဖြစ်တဲ့ ဝ တပ်ဖွဲ့ UWSAနဲ့ မိုင်းလား တပ်ဖွဲ့တွေအကြားမှာလဲ စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။ ရှမ်းပြည်နယ်အတွင်း စစ်ရေးတင်းမာနေတဲ့အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိမ်ကနေ ဆက်သွယ်မေးမြန်းပြီး အခုလို သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းလွယ်လင်ခရိုင် မိုင်းကိုင်မြို့နယ်ထဲမှာ NCAအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSAနဲ့မြန်မာ့တပ်မတော်တို့အကြားမှာ တိုက်ပွဲဖြစ်ပွါးနေဆဲလို့ RCSSရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

“ဒီနေ့တော့ အစိုးရတပ်တွေက လက်နက်ကြီးနဲ့ ကျနော်တို့ ရှိမယ်ထင်တဲ့နေရာမှာ မှန်းပြီးတော့ လှမ်းပစ်နေတာ ၁ ရက်နေ့ကနေ စပြီးတော့ တိုက်ပွဲတွေဖြစ်နေတာပဲဖြစ်ပါတယ်။ ကျနော်တို့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးကိစ္စတွေကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိခဲ့သလို သို့ပေမယ့် အခုလက်ရှိအနေအထားမှာတော့ ကျနော်တို့က ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ဒီလုပ်ငန်းကိုလုပ်ဆောင်နေတဲ့နေရာမှာ အစိုးရတပ်တွေက ကျနော်တို့ကို စစ်သားစုဆောင်မှု၊ ငွေရေးကြေးရေးတွေလုပ်နေတဲ့နေရာဆိုပြီးတော့ ကျနော်တို့ကို ၀င်တိုက်တာပဲဖြစ်ပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ရဲ့ မိုင်းကိုင်မြို့နယ် နားပွဲကျေးရွာအုပ်စု အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စခန်းကို မြန် မာ့တပ်မတော်ကနေ အောက်တိုဘာလ(၁)ရက်နေ့ကစပြီးဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

ကာလအတန်ကြာတိုက်ပွဲရပ်တန့်နေရာကနေ အောက်တိုဘာ(၁)ရက်နေ့ကစပြီးဒီကနေ့အထိ နှစ်ဖက်စစ်ရေးတင်းမာမှု တွေဖြစ်ပွါး နေတာပါ။

တောင်ပိုင်းရှမ်းပြည်တပ်မတော်ဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပြီး တပ်မတော်အနေနဲ့ NCAစာချုပ်ပါကတိ ချိုးဖေါက်ပြီးဝင်ရောက်တိုက်ခိုက်တာဖြစ်ပြီး အခုလိုစစ်ရေးတင်းမာနေမှုအတွက် နှစ်ဖက်တွေ့ဆုံဖြေရှင်းသွား မယ် လို့လဲ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲမှာနှစ်ဖက်ထိခိုက်မှုကိုအတည်မပြုနိုင်သေးသလို မြန်မာ့တပ်မတော်ဘက်ကလဲ သတင်းထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

အခုလိုဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ဝမ်ပန်ပွိုင်းကျေးရွာ ဝမ်ကုန်းဆာ နားပွဲကျေးရွာအုပ်စုကဒေသခံ(၂၀၀၀)နီးပါးဟာ တုံလော ကျေး ရွာမှာ စစ်ဘေးတိမ်းရှောင်နေရသလို နေထိုင်စားသောက်ရေးအတွက်အခက်ခဲရှိနေတယ်လို့ ဒေသခံ စိုင်းခမ်းဦး ကပြောပါတယ်။

“အခုလောလောဆယ်စနေနေ့က စဖြစ်တယ်ဆိုတော့ အကူအညီလည်းလိုတာပေါ့နော် တုံလော ကျေး ရွာအုပ်စုကလည်း ရွာကြီးမဟုတ်ဘူး၊ ရွာသေးသေးလေးပဲဆိုတော့ စားဖို့သောက်ဖို့ကအဆင်မပြေဘူး။ နောက်ပြီးတော့ ကယ်ဆယ်ရေးအဖွဲ့တွေလည်း တဖွဲ့မှ မရောက်သေးဘူးပေါ့နော်။”

လက်ရှိစစ်ဘေးရှောင်ရွာသားတွေကို တုံလောကျေးရွာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေရသလို အကူညီတွေလိုအပ်နေဆဲ အခြေ အနေမှာရှိနေပါတယ်။

တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့မြန်မာ့တပ်မတော်တို့အကြားမှာတိုက်ပွဲရပ်တန့်မဲ့အရိပ်ယောင်မရှိသေးတာကြောင့် ဒေသခံတောင်သူတွေအနေနဲ့ စိုက်ခင်းကိုသွားဖို့အခက်ခဲရှိနေတယ်လို့ စိုင်းခမ်းဦး ကပြောပါတယ်။

အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာခြေပြူနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ဝ တပ်ဖွဲ့ UWSAနဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(NDAA) မိုင်းလား တပ်ဖွဲ့တွေအကြားမှာလဲ စစ်ရေးတင်းမာမှုတွေဖြစ်ပွါးနေပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့က ဝ တပ်ဖွဲ့ UWSA စစ်သည်အင်အား ၆၀၀ ကျော်ကနေ တိုက်ပွဲဝင်သံချပ်ကာကား ၅ စီးနှင့်အတူ ကျိုင်းတုံ နှင့် မိုင်းလား မြို့နယ်ကြားမှာရှိတဲ့ အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့အခြေစိုက်ရာ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်စခန်းနဲ့ မိုင်းလားနယ်အဝင် ပန်မတ်ဖိုင်း ဂိတ်စခန်းကို သိမ်းပိုက်လိုက်ပြီး မိုင်းလား စစ်သည် ၁၅၀ ခန့်ကိုလဲဖမ်းဆီးထိန်းသိမ်း ထားခဲ့ပါတယ်။

UWSA ၀တပ်ဖွဲ့အနေနဲ့ မဟာမိတ်ဖြစ်တဲ့မိုင်းလားတပ်ဖွဲ့ရဲ့စခန်း တွေကိုသိမ်းပိုက်ခဲ့တာ နဲ့ပက်သက်လို့ ရှမ်းပြည်နယ်အရေး လေ့လာသူ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် စိုင်းမိန်းက အခုလိုပြောပါတယ်။

“အခါလူမျိုးတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမရှိသေးဘူး။ အဲဒီအတွက် မိုင်းလားထိန်းချုပ်ထားတဲ့ အထူးဒေသ ၄ နယ်မြေကို အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်သတ်မှတ်ပေးဖို့ မိုင်းလားတပ်ဖွဲ့က သွားရောက်တောင်းဆိုတာတွေရှိတယ်။ အဲဒီတောင်းဆိုတဲ့အပေါ်မှာ ၀ ကတော်တော်လေး စိုးရိမ်တဲ့အနေအထားရောက်သွားလိမ့်မယ်လို့မြင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ၀ တပ်ဖွဲ့ကလည်း သံလွှင်အရှေ့ခြမ်းအားလုံးကို ၀ ကိုယ်ပိုင်ပြည်နယ်အဖြစ် သတ်မှတ်ပေးဖို့ သူတို့ ဆန္ဒရှိတယ်။”

မနေ့က မိုင်းလားခေါင်းဆောင်တွေနဲ့ ၀တပ်ဖွဲ့ခေါင်းဆောင်တွေကနေ တွေ့ဆုံညှိနှိုင်းခဲ့ရာမှာ မိုင်းလားတပ်ဖွဲ့ဝင်တွေကို ပြန်လည် လွှတ်ပေးခဲ့ပေမဲ့ စခန်းနဲ့လက်နက်တွေကိုတော့ ၀တပ်ဖွဲ့ကနေ ထိန်းသိမ်းထားဆဲလို့ သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် စိုင်းမိန်းက အခုလိုပြောပါတယ်။

“တပ်မဟာမှူး ပေါင်းအိုင်ပန်းက ဒါက အထက်အမိန့်အရ လာရတာဖြစ်တယ်။ အထက်အမိန့်မရရင်တော့ ပြန်လို့မရဘူးလို့ ညွန်ကြားတယ်။ ဖမ်းဆီးထားတဲ့လူ ၁၅၁ ဦးကို အားလုံးပြန်လွှတ်ပေးတယ်။ လမ်းမပေါ်မှာရှိတဲ့ စခန်းတခုကို မိုင်းလားဘက်ကို ပြန်လွှဲပေးတယ်။ ဒါပေမယ့် အရေးပါတဲ့ တပ်စခန်းကြီး ၂ ခုကိုတော့ အခုထိ ပြန်လွှဲပြေးတာတွေမရှိသေးဘူး။”

UWSA ၀တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ ၂၀၀၉ခုနှစ် မြန်မာတပ်မတော်ကနေ နယ်ခြားစာင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေး စဉ်က နယ်မြေ လုံခြုံရေးအရ ပူးတွဲလုပ်ဆောင်သွားဖို့ သဘောတူညီမှုတွေရှိခဲ့သလို စစ်ရေးမဟာမိတ်အဖွဲ့တွေလဲဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပပြီးစီးခဲ့ပေမဲ့ တိုင်းရင်းသားဒေသ တွေမှာ စစ်ရေးတင်မာမှုတွေရှိနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ် ရှမ်းပြည်နယ် ကရင်ပြည်နယ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော် တို့ အကြားဖြစ်ပွါးတဲ့တိုက်ပွဲ တိုင်းရင်းသားအချင်းချင်းကြားမှာဖြစ်ပွါးတဲ့စစ်ရေးတင်းမာမှုတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဟန့်အတားတခုလိုဖြစ်နေပါတယ်။

ဒီလိုဖြစ်ပွါးတဲ့စစ်ရေးပဋိပက္ခတွေကြောင့် ဒေသခံအများအပြားဟာလဲ စစ်ဘေးတိမ်းရှောင်နေရသလို ဒီစစ်ပြေးဒုက္ခသည်အရေး ကိစ္စဟာ အစိုးရသစ်အနေနဲ့ဖြေရှင်း ဖို့ခက်ခဲနေဆဲ အခြေအနေမှာရှိနေပါတယ်။

 နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)

စစ်ရေးပဋိပက္ခများ ကလေးငယ်တွေမထိခိုက်စေဖို့ UNICEF တိုက်တွန်း



ပဋိပက္ခကြောင့် ကချင်စစ်ဘေးဒုက္ခသည် ကလေးငယ်များ
ရှမ်းပြည်နယ် မြောက်ပိုင်း မုံးကိုး မြို့နယ် ပူဝမ်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု အတွင်း အသက် ၂ နှစ် အရွယ် ကလေးငယ် တဦး သေဆုံးပြီး တခြား ကလေး ၂ ဦးတို့ ဒဏ်ရာရရှိခဲ့တဲ့ အပေါ် ၀မ်းနည်း ကြေကွဲရပြီး အထူးဘဲ စိုးရိမ်မကင်း ဖြစ်ရပါကြောင့် ကုလ သမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ မြန်မာ ဌာနေရုံးကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပဋိပက္ခကြောင့် မြန်မာနိုင်ငံတွင်းက ကလေးငယ် အများအပြား သေဆုံးရတယ်ဆိုတာကိုလည်း UNICEF မြန်မာ ဌာနေ ကိုယ်စားလှယ်က အခိုင်အမာ ပြောဆိုပြီး ပဋိပက္ခမှာ ပါဝင် ပတ်သက်သူ အားလုံး အနေနဲ့ ကလေးငယ်တွေကို ထိခိုက်နာကျင်မှု မရှိအောင် ထိန်းသိမ်းကြဖို့လည်း တိုက်တွန်းပါတယ်။ ပဋိပက္ခမှာ တာဝန်ရှိကြတဲ့ အဖွဲ့အစည်းတွေ အားလုံး အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစား လိုက်နာကြဖို့လည်း ကုလ အဖွဲ့ကြီးက တောင်းဆိုပါတယ်။ ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်သိမ်းပိုက်တာ မလုပ်ဖို့၊ ကလေးငယ်တွေ တိုက်ခိုက်ခံရမှုကနေ အသေအချာ ကင်းလွတ်ပြီး လက်နက်ကိုင် တပ်ဖွဲ့တွေမှာ စုဆောင်းအသုံးချနေတာတွေကို အဆုံးသတ်ဖို့တွေလည်း ပါဝင်တယ်လို့လည်း ကုလ အဖွဲ့ကြီးက ပြောဆိုပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြန်ဖြစ်နေပြီး ကချင်ပြည်နယ်ထဲမှာလည်း တင်းမာမှုတွေ တိုးလာတဲ့ အပေါ်မှာလည်း အထူးစိုးရိမ်တယ်လို့လည်း ကုလ အဖွဲ့ကြီးက ပြောပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာလည်း ပဋိပက္ခဒေသတွေက ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ သူတို့ အနာဂတ် အတွက် ထည့်သွင်းစဉ်းစားပေးရမယ်လို့လည်း ပြောဆိုပြီး သူတို့ကို အခုချက်ချင်း အကာအကွယ် ပေးဖို့ လိုအပ်တယ်လို့လည်း ကုလ အဖွဲ့ကြီးက ပြောဆိုထားပါတယ်။ မြန်မာ့ တပ်မတော် အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေမှာ ကလေးစစ်သား စုဆောင်း အသုံးပြုမှုတွေ အဆုံးသတ်ဖို့လည်း ကုလသမဂ္ဂက အစဉ်တစိုက် တိုက်တွန်းနေတာ ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)

Sunday, October 2, 2016

မိုင်းလားတပ်စခန်း သုံးခု နှင့် စစ်သည် ၁၅၀ ကျော်အား ဝတပ်ဖွဲ့ သိမ်းပိုက်ထား


 

ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံအောက်တိုဘာ ၂ ရက် ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့ နယ် နှင့် မိုင်းလားမြို့နယ်ကြား ရှိ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ထားသည့် တပ်စခန်း ၃ ခုအား ၀ တပ်ဖွဲ့ UWSA က သိမ်းပိုက်လိုက်သည့်အတွက် မဟာမိတ်တပ်ဖွဲ့ဝင် နှစ်ဘက်တပ်ကြား စစ်ရေးတင်းမာမှု ဖြစ်ပွားလျှက်ရှိသည်။

စက်တင်ဘာ ၂၈ ရက်နေ့က ဝ တပ်ဖွဲ့ UWSA စစ်သည်အင်အား ၆၀၀ ကျော်က တိုက်ပွဲ ဝင် သံချပ်ကာကား ၅ စီးနှင့်အတူ ကျိုင်းတုံ နှင့် မိုင်းလား မြို့နယ်ကြားရှိ လွယ်ဆမ်ဆုမ်၊ လွယ်ကျူဆား တပ်စခန်း နှင့် မိုင်းလားနယ်အဝင် ပန်မတ်ဖိုင်း ဂိတ်စခန်းအား သိမ်းပိုက်လိုက်ရာ တွင် မိုင်းလား စစ်သည် ၁၅၀ ကျော် အားလည်းဖမ်းဆီးလိုက်သည်။

“ကျနော်တို့က မဟာမိတ်တွေလေ။ ဒီလိုလုပ်မယ်ဆိုတာ မထင်ဘူး။ ဖမ်းထား တဲ့ သူ ၁၅၁ ဦး အနက် ၁၇ ပြန်လွတ်ပေးတယ်အခု။ တပ်ပြန် ဆုတ်ပါပြောေ တာ့ အထက်အမိန့်အရလာတယ်။ အထက်က မညွှန်ကြား ရင် ပြန်ဆုတ် လို့မရဘူးလို့ပြောနေတယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေတော့ ကြိုးစား ချိတ်ေ နတယ်။ ဒီတရက်နှစ်ရက် အတွင်းဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်တယ်။ အခုတော့ အားလုံးကို တပ်လှန့်ထားတယ်။ ဘယ်သူမှ သွားလာလှုပ်ရှား လို့မရတော့ဘူး” - ဟု မိုင်းလား တပ်မှူးတဦးကပြော သည်။

ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံအဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ပြောရေဆိုခွင့်ရှိသူ ဦးအောင်မြင့်က - ကျန်းမာရေးအရ မကောင်း သည့်အတွက် အဆိုပါသတင်းနှင့်ပတ်သက်၍ ဘာမှမပြောနိုင်သေးကြောင်း သျှမ်းသံတော် ဆင့်သို့ဖြေကြားသည်။

ဝ တပ်ဖွဲ့မှ မိုင်းလားတပ်ဖွဲ့အပေါ် ယခုကဲ့သို့ ပြုမူဆက်ဆံသည်မှာ - မိုင်းလားတပ်ဖွဲ့အနေဖြင့် အာခါလူမျိုးများအတွက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်တောင်းဆိုနေခြင်း၊ နေပြည်တော်သို့ မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းကိုယ်တိုင် မကြာခဏ သွားလာဝင်ထွက်နေခြင်း၊ ၂၁ ရာစု ပင်လုံညီလာခံ တွင် ကော်မတီဝင်အဖြစ် သွားရောက်ပါဝင်ခြင်း စသည့် အကြောင်းကိစ္စရပ်နှင့် ပတ်သက်နိုင်သည်ဟု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

ဝ တပ်ဖွဲ့ နှင့် မိုင်းလား တပ်ဖွဲ့သည် ရှေးယခင်ကတည်းက ညီရင်းပမာ ချစ်ခင်ရင်းနီးသည့် မဟာမိတ် တပ်ဖွဲ့ဝင်ကောင်းများဖြစ်ကြသည်။

ဓါတ်ပုံ- မိုင်းလားတပ်စခန်းမှ တပ်သားများ ဖမ်းဆီးခံရပုံ

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)

ဝ တပ် ဖွဲ့ နှင့် မိုင်းလားတပ်ဖွဲ့ စစ်ရေးတင်းမာမှု ဖြစ်ပွားနေ


ဓါတ်ပုံ- ၀ တပ်ဖွဲ့ခေါင်းဆောင် ပေါက်ယူချမ်းနှင့်မိုင်းလား တပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းအောက်တိုဘာ ၁ ရက်နေ့ ၂၀၁၆

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ် အတွင်း အထူးဒေသ ၄ မိုင်းလားတပ်ဖွဲ့ ထိန်း ချုပ်နယ်မြေသို့ အထူးဒေသ ၂ မှ ၀ တပ်ဖွဲ့ဝင် များက စစ်ယာဉ်တန်းများ၊ သံချပ်ကာကားများ ဖြင့် စစ်အင်အားဖြည့်တင်းမှု တို့ကြောင့် နှစ်ဘက်တပ်ဖွဲ့ဝင်ကြား စက်တင်ဘာလကုန်ပိုင်းက စစ်ရေးတင်းမာမှု ဖြစ်ပွားသည်။

စစ်တင်ဘာ ၂၈ နံနက်ပိုင်းက ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA တပ်ဖွဲ့ဝင်များက မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ မှ တိုက်ပွဲဝင်သံချပ်ကာကား ၅ စီး၊ တရုတ်လုပ် တုန်းဖိန်း ကားအမျိုးအစား စစ်ကားကြီး ၆၅ စီး စစ်သည်အင်အား ၆၀၀ ကျော် က မိုင်းလားတပ်ဖွဲ့ အမည်ရ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် NDAA-ESS ထိန်းချုပ်နယ်မြေအတွင်း သတင်းပေးပို့ခြင်းမရှိဘဲ ဝင်ရောက်လာ မှု ကြောင့် နှစ်ဘက်တပ်များ စစ်ရေးတင်းမာမှု ဖြစ်ပွားရခြင်းဖြစ်သည်။

“မဟာမိတ် က မဟာမိတ်ဘဲ။ ဘယ်သွားဘယ်လာ သတင်းတော့ ပို့ရမှာပေါ့။ ၀ နဲ့ ကျနော်တို့ ဆိုတာ လက်တွဲဖေါ် လက်တွဲဖက်တွေဘဲ။ ဒီတိုင်းလုပ်တာတော့ မဖြစ်သင့်ဘူးလေ။ နှစ်ဘက် လူကြီး အချင်းချင်း တိုက်ရိုက်ဆွေးနွေးနေတာလေ၊ ဒီ ၃-၄ ရက်အတွင်း စောင့်ကြည့်ရဦးမယ်” - ဟု အမည် မဖေါ်လိုသည့် ရှေ့တန်းနေ မိုင်းလား အရာရှိ တဦးက ပြောသည်။
“သတင်းပို့တာ မပို့တာတော့ မသိဘူး။ ကျနော်တို့က အမိန့်အရ လာရတာ။ အထက်အမိန့် မရရင်ပြန်ဆုတ်လို့မရဘူး” - ဟု ၀ တပ်ဖွဲ့ အရာရှိ တဦးဖြစ်သည့် ဦးဆိုင်းနတ် ကပြောသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ မိုင်းလားတပ်ဖွဲ့၏ ကျိုဆားတပ်စခန်း၊ လွယ်ဆမ်ဆုမ်တပ်စခန်း၊ နှင့် ပန်မတ်ဖိုင်း ဂိတ်စခန်းအား ဝ တပ်ဖွဲ့က သိမ်းပိုက်လိုက်ထားကြောင်း၊ အမှတ် ၁၅ တပ်ရင်း လက်အောက်ခံ စစ်သည် ၁၅၁ ယောက်အား လည်း တပ်ဖွဲ့မှ ဖမ်းဆီးထားကြောင်း ဆိုသည်။
တပ်မတော် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် လက်ထက် ၂၀၀၉ ခုနှစ် က ၎င်းတို့ တပ်ဖွဲ့ဝင်များ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဖိအားပေးစဉ် နယ်မြေ လုံခြုံရေး အရ ပူးတွဲ စခန်းချထားရန် မိုင်းလား နှင့် ၀တပ်ဖွဲ့တို့က သဘောတူညီမှုရယူထားသည်။

သို့သော် နိုင်ငံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ နှင့် ပတ်သက်၍ မိုင်းလားတပ်ဖွဲ့အပေါ် ၀ တပ်ဖွဲ့က ကျေနပ်မှုမရှိကြောင်း၊ သာမာန်အရာရှိတာ စေလွှတ်ရန် ၀တပ်ဖွဲ့၏ အကြံပေးချက်အား ငြင်းဆန်းပြီး မိုင်းလားတပ်ဖွဲ့ခေါင်း ဦးစိုင်းလင်း ကိုယ်တိုင် ညီလာခံပြီးမြောက်သည့်အထိ တက်ရောက်ခဲ့သည်။ ၀ တပ်ဖွဲ့မှာမူ ၂၁ ရာစု ပင်လုံညီလာခံသည် တန်းတူညီမျှမှုမရှိ ခွဲခြားဆက်ဆံမှု ခံရသည်ဟု ဆိုကာ ညီလာခံမှ နှုတ်ထွက် လာခဲ့သည်။

ဝ တပ်ဖွဲ့၊ မိုင်းလား တပ်ဖွဲ့၊ ဖုန်ကြားရှင်း ဦးဆောင်သည့် ကို့ကန့် တပ်ဖွဲ့တို့သည် တရုတ်ပြည်ထောက်ခံ အားပေးသည့် ဗမာပြည်ကွန်မြူနစ်တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည်။

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
Panglong(Burmese)

Saturday, October 1, 2016

ကချင်ပြည်နယ်အတွင်းက တိုက်ပွဲတွေ ရပ်တန့်ဖို့ အမေရိကန်သံရုံးက မေတ္တာရပ်ခံ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲများ ရပ်တန့်ဖို့ တိုက်ပွဲများပါဝင်ပတ်သက်နေသူအားလုံးကို မေတ္တာရပ်ခံကြောင်း မေရိကန်သံရုံးက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ ထုတ်ပြန်တဲ့ အဲဒီထုတ်ပြန်ချက်မှာ အရပ်သားတွေကို ကာကွယ်ဖို့အတွက် လိုက်နာရမယ့် တာဝန်ဝတ္တရာတွေကို တိတိကျကျ လိုက်နာကြပါဖို့နဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အကူအညီပေးရေး အဖွဲ့တွေကိုလည်း အဟန့်အတားမရှိ အမြန်ဆုံးဝင်ရောက်ခွင့်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဒါ့အပြင် မကြာသေးမီက စတင်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံမှ ရရှိခဲ့သည့်တိုးတက်မှုများနှင့် ချစ်ကြည်မှုများကို ပျက်ပြားစေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Share this: