Sunday, November 29, 2015

ဝန်ထမ်းအလိုရှိသည် (မိုးညှင်း) မိုးညှင်းမြို့ရှိ Telecom Company တစ်ခုတွင် တာဝန်ထမ်းဆောင်ရန်~

ဝန်ထမ်းအလိုရှိသည် (မိုးညှင်း)

မိုးညှင်းမြို့ရှိ Telecom Company တစ်ခုတွင် တာဝန်ထမ်းဆောင်ရန်~

- အရောင်းဝန်ထမ်း (DSR)  ကျား/မ (၃)ဦး

- ကြော်ငြာဝန်ထမ်း ကျား/မ (၃)ဦး

ဆက်သွယ်ရန် - 09962487181


Saturday, November 28, 2015

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် NLD အစိုးရကို ဘာဖြစ်စေချင်သလဲ

မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင် NLD အစိုးရကို ဘာဖြစ်စေချင်သလဲ

မြန်မာနိုင်ငံ၏ အပြောင်းအလဲများနှင့်အတူ ရာသီဥတု အပြောင်းအလဲများလည်း မြန်ဆန်နေသည် ဖြစ်ရာ မိုးလေဝသ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်နှင့် မဇ္ဈိမက တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲများတွင် အစိုးရတစ်ရပ် မကြာခင် ပြောင်းလဲတော့မည်ဖြစ်ရာ ရာသီဥတု အပြောင်းအလဲ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတို့အတွက် အစိုးရတစ်ရပ် လုပ်ဆောင်သင့်သည်များကို ဆရာ ဦးထွန်လွင်က အကြံပေးသွားခဲ့သည်။



မေး ။ ။ ကျနော် ပထမဆုံး မေးချင်တာက ကျနော်တို့နိုင်ငံမှာ ရာသီဥတု ဖေါက်ပြန်တယ်၊ မိုးလေဝသ မမှန်ဘူး ဒါတွေဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကြောင့်လို့ ဆိုကြတယ်။ ဒီလိုဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ နောက်တက်လာမယ့် အစိုးရကို ဆရာ ဘာများ ပြောချင်ပါသလဲ။ ပညာရှင် တစ်ယောက်အနေနဲ့ အစိုးရကို ဘာများ ကူညီနိုင်မလဲ။

ဖြေ ။ ။ အစိုးရဆိုတဲ့ စကားဟာ ဘာလဲ ကျနော် အစိုးရပေါ်မှာ ဘယ်လို သဘောထားလဲပေါ့။ ဒါက ကျနော့် စကား အစစ်မဟုတ်ပါဘူး။ ကျနော် ကြားဖူးတာပေါ့။ အဲတာလေးက တော်တော် ကောင်းတယ်။ နိုင်ငံအပေါ် သစ္စာရှိပါ။ အစိုးရကိုတော့ ထိုက်တန်မှ သစ္စာရှိပါ။ ကျနော် ထိုက်တန်ရင်တော့ သစ္စာရှိမှာပေါ့ မဟုတ်ဘူးလား။ မထိုက်တန်ရင်တော့ ဘာသစ္စာရှိဖို့ လိုလဲ။ မလိုပါဘူး ဘယ်အစိုးရပဲ ဖြစ်ဖြစ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ကြည့်ရမှာ နိုင်ငံကို ကြည့်ရမှာကိုး။ နိုင်ငံအတွက် အကျိုးရှိမလား မရှိဘူးဆိုလည်း မရှိတဲ့အကြောင်း ပြောရမှာပဲ ဒါကိုယ့်အလုပ်ပဲလေ။

ကျနော် နေရာတကာမှာ လျှာရှည်တာတော့ မဟုတ်ပါဘူးပေါ့နော်။ ဒါပေမယ့် နေရာတကာလဲ ၀င်မပြောဘူး။ ကျနော်သိတာ မိုးလေ၀သပဲ သိတယ် မိုးလေ၀သ ရာသီဥတု ဆိုရင်တော့ ကျနော် ပြောမယ်။ သဘာဝဘေးသိမယ် ဒီလောက်တော့ ကျနော် ပြောနိုင်တယ်။ ကျနော်ဟာ ဆရာကြီးဆိုပြီး စိုက်ပျိုးရေးတွေ မေးလဲ ဒီလောက် မသိဘူးပေါ့နော်။ ဆိုတော့ ကျနော်ကလည်း ကျနော့်စည်းနဲ့ ကျနော်နေရမှာပေါ့။

ဒါပေမယ့် ကျနော်ပြောစရာ ရှိတာတော့ ပြောရမှာပဲ။ အဲတော့ တွန်းတဲ့ အခါတော့ တစ်လျောက်လုံး တွန်းနေတာပဲ။ အရင်တုန်းကတော့ ခပ်ရွံ့ရွံ့ပေါ့။ ခုတော့ ခပ်ရဲရဲပေါ့ဗျာ။ အခြေအနေအရ ကြည့်ရတာပေါ့။ မိဘရဲ့ မျက်နှာရိပ် မျက်နှာကဲတော့ ကြည့်ရတာပေါ့။ ဟုတ်လား အခြေအနေ ကောင်းရင်လည်း ကောင်းသလိုပေါ့။ ငိုတန် ငိုပြရမှာပေါ့။ ငိုမှ မငိုသေးဘူး အသံလေး ထွက်တာနဲ့ နားရင်းရိုက်တဲ့ အဖေနဲ့ တွေ့ရင်တော့ ငြိမ်ရတာပေါ့။ ဒီလိုပဲ သွားမှာပဲ။

မေး ။ ။ ဆိုတော့ ကျနော်တို့ လာမယ့် အစိုးရ တစ်ရပ်အနေနဲ့ ရေရှည်ပဲ ဖြစ်ဖြစ် ရေတိုပဲဖြစ်ဖြစ် သဘာဝ ဘေးအန္တရယ်ပဲ ပြောပြော၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပဲဆိုဆို ဘာတွေများ ပြင်ထားသင့်သလဲ ဘာတွေများ လုပ်သင့်သလဲ။

ဖြေ ။ ။ ကျနော်ရဲ့ အတွေ့အကြုံအရ ပြောရရင်တော့ နံပါတ် ၁ အရေးကြီးဆုံးက လူမှန် နေရာမှန်ပဲ ဒါကျနော် ခံယူစိတ်ပေါ့နော်။ ဘယ်အလုပ်မဆို ပညာရှင်ဆိုတာ ရှိတယ်။ အဲဒါတော့ ယုံဗျနော်။ ဥပမာ ကျနော် မိုးလေ၀သတွေ ပြောနေတယ်။ ကျနော် လုပ်တဲ့အလုပ်ကို ဘယ်သူမှ မပြောနိုင်ပါဘူး ငါဘဲပြောနိုင်တယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဘယ်သူဝင်ပြောပြော ရတယ်ဆိုတာလဲ မဟုတ်ပါဘူး။ ဒါပေမဲ့ Train တော့ လုပ်ပေးရမယ်။ ဟဲ့ကောင်လာစမ်း ပြောဆို ပြောခိုင်းဘယ်တော့မှ မရဘူး။ အဲဒီတော့ ကျနော်ပြောချင်တာက သူ့နေရာနဲ့သူ ပညာရှင် ရှိတယ်။ အဲဒီပညာရှင်ကို တန်ဖိုးထားဖို့ လိုပါတယ်။

သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး ဆိုတာ ပညာရပ်သပ်သပ် သင်ယူရတယ်။ သင်ယူမှသိတယ်။ သဘာဝ ဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေးမှာ ရာထူးကြီး ယူပြီးတော့ ထိုင်နေရင် ဘယ်အလုပ်ဖြစ်မှာ
တုန်း။ ပညာက ပညာလို သွားမှရမယ်ဗျနော်။ ပြောရရင်တော့ မိုးကျရွှေကိုယ်တွေတော့ မဖြစ်ဘူး။ သူ့ဟာသူ Train လုပ်သွားရမယ်။ Train သာလုပ်သွား ဘယ်အလုပ်မဆို မဖြစ်ဘူးဆိုတာ မဖြစ်နိုင်ဘူး။ အချိန်တန်ရင်တော့ အောင်မြင်မှာပဲ။ အဲဒီတော့ ကျနော်မြင်တာကတော့ လူမှန်နေရာမှန် ဖြစ်ဖို့ရယ်၊ ဒီမိုးကျရွှေကိုယ် ကိစ္စကြီး ပပျောက်သွားဖို့ရယ် အဲဒါက အရေးအကြီးဆုံးပဲ။

မေး ။ ။ အခုနပြောတဲ့ဟာကတော့ ကျနော်တို့ အစိုးရကိုပြောတာပေါ့။ ကျနော်တို့ ပြည်သူလူထုတွေ အနေနဲ့ကကော ဒီသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ပဲဖြစ်ဖြစ်၊ သဘာဝပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းမှုကလည်း ရာသီဥတုဖေါက်ပြန်မှုနဲ့ တိုက်ရိုက် အချိုးကျနေတာကိုး။ ဒီတော့ ပြည်သူတွေကကော သဘာဝ ပတ်ဝန်းကျင် မပျက်စီးဖို့ ဘာလုပ်သင့်ကြသလဲ။

ဖြေ ။ ။ ကျနော် အချုပ်ပဲပြောမယ်နော်။ ဟာ ခင်ဗျား ဒါမလုပ်ပါနဲ့၊ သစ်မခုတ်ပါနဲ့ ဟိုဟာ မလုပ်ပါနဲ့ ပြောရင် အများကြီးပဲဗျ။ ပတ်ဝန်းကျင်နဲ့ ပတ်သက်နေတာတွေက အများကြီးပဲ။ အချုပ်က ဘာလဲဆိုတော့ ဥပမာ ပြောရရင် ဒီနှစ်ပေါ့ မတ်လ ၂၃ ရက်နေ့က ကမ္ဘာ့မိုးလေ၀သနေ့၊ ကမ္ဘာ့မိုးလေ၀သနေ့က နှစ်တိုင်းကျင်းပတယ်။ ကျင်းပတိုင်းလည်း လက်ရှိဖြစ်နေတဲ့ အနေအထားတွေပေါ်မှာ ခြုံငုံပြီးတာ့ အရေးကြီးဆုံး ကိစ္စတစ်ရပ်ကို Highlight လုပ်တဲ့အနေနဲ့ သူက ဆောင်ပုဒ်လုပ်ပြီးတော့ ကျင်းပတယ်။

အခုနမေးခွန်းရဲ့ အဖြေက အဲမှာရှိတယ်။ ကနေ့ အရေးကြီးဆုံးဟာကို ကမ္ဘာ့မိုးလေ၀သအဖွဲ့ချုပ်က ဒီနှစ်အတွက် ဆောင်ပုဒ် သတ်မှတ်ထားတယ်။ အဲဒီဆောင်ပုဒ်က ဘာလဲဆိုတော့ Climate Knowledge for Climate Action ၊ ရာသီဥတုနဲ့ ပတ်သက်ပြီးတော့ လုပ်စရာအလုပ်တွေ သဘာဝဘေး အန္တရာယ် ကာကွယ်စောင့်ရှောက်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အားလုံးက လုပ်စရာတွေ အများကြီးပဲ။ ဒါပေမဲ့ ဒီအလုပ်တွေ လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်နေတာ Knowledge ပဲ။ ကျနော်ကတော့ တစ်ခွန်းထဲဖြေမယ်။ Climate Knowledge ဖြစ်အောင်ပဲ အားလုံးကြိုးစားကြပါ ဒါပါပဲ။

လူထုမှာလဲ Climate Knowledge Public Education တွေပေးရမယ်။ နားလည်အောင်ပြောပြရမယ်။ တစ်ဖြည်းဖြည်းနဲ့ နားလည် အောင်ပြောပြတဲ့ လူတစ်ယောက်က ပြေးဟေ့ဆိုရင် ချက်ချင်းထပြေးတယ်။ ပြောမထားတဲ့ လူတစ်ယေက်က ပြေးဟေ့ဆိုလဲ ဘာလဲ ဘာဖြစ်လို့လဲ။ နာဂစ်ကြည့်ပေါ့ဗျာ။ ဘယ်သူပြေးလည်း ဘယ်သူမှမပြေးဘူး။ အဲဒါဘာဖြစ်လို့လဲ Knowledge မရှိလို့။ ကျနော့်အမြင်ကတော့ Knowledge ဖြစ်အောင် ကျနော်တို့ လုပ်ဖို့လိုပါတယ်။

မေး ။ ။ အခြားနိုင်ငံတွေကို ကျနော်တို့ ကြည့်လို့ရှိရင် သူတို့သစ်ပင်တွေကို တော်တော် တန်ဖိုးထားတယ်။ သေသေချာချာ စိုက်ပျိုးတယ်။ ဥပမာ စင်္ကာပူတို့ တရုတ်တောင်မှ အဲဒါမျိုးလုပ်တယ်။ ကျနော်တို့မှာ အခုကျနော်တို့ လမ်းဘေးဘက်ကို ကြည့်မယ်ဆိုရင် ကွန်ကရစ်ခင်းနေတယ် ဆိုလည်း မလွတ်ဘူးဆို ဗြုန်းခနဲဒိုင်းခနဲ လှဲချလိုက်တာပဲ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဆရာနည်းနည်းပြောပါဦးဆရာ။

ဖြေ ။ ။ နံပါတ် တစ် က ဘာဖြစ်လဲ။ စည်းကမ်းနော် စည်းကမ်း မလိုက်နာတဲ့
လူကလည်း မလိုက်နာဘူး။ စည်းကမ်းကို အကောင်အထည် ဖော်ရမယ့် တာဝန်ရှိတဲ့ သူကလည်း ဒီစည်းကမ်းအတိုင်း အရေးမယူဘူး။ အများကြီးပေါ့။ အဲဒီတော့ ဒီမြို့ပြနဲ့ ပတ်သက်ပြီးတော့ အရေးကြီးမှန်း ကျနော်သိပါတယ်။

အခု တံတားတွေဆောက်နေတယ်၊ တစ်ချို့ကလည်း ကောင်းတယ်ပြောတယ်။ တစ်ချို့က ပိုဆိုးသွားတယ် ပြောတယ်။ ဒါပေမဲ့ သေချာတာတော့ ပညာရှင်လုံလောက်မှုတော့ မရှိဘူးဆိုတာက တော့ သေချာတာပေါ့ဗျာ။ ဥပမာအားဖြင့် ကျနော်သိတာလေး တစ်ခုပြောပြမယ်ဗျာ၊ ခုံးကျော် တံတား သုံးခုလေးခုလောက် တစ်ပြိုင်တည်း
ဆောက်တယ်ဗျာ သေရောပေါ့ ဒီမြို့က မဟုတ်ဘူးလား။ တစ်ခုပြီးမှ တစ်ခုလည်းမဟုတ်ဘူး။ အဲဒီတော့ ပညာကိုသာ ဦးစားပေးပါဗျာ ကျနော်မြင်တယ် အစစအရာရာ အဆင်ပြေသွားပါလိမ့်မယ်။

မေး ။ ။ ပြုပြင်ပြောင်းလဲဖို့ပဲဖြစ်ဖြစ်၊ ပြုပြင်ပြောင်းလဲရေးဆိုတာ ပြောင်းလဲရေးတော့ စနေပြီ။ အဲဒီတော့ ကျနော်တို့က ထပ်ပြီးတော့ ဘာတွေများ လိုအပ်ချက်ရှိနေလဲ ရာသီဥတုနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့နဲ့ပဲ ဖြစ်ဖြစ်ပေါ့။

ဖြေ ။ ။ နံပါတ်တစ်ကတော့ ပြောင်းလဲတယ်ဆိုတာကိုတော့ ကျနော်တို့က ပြောင်းလဲနေပြီလို့ကို လက်ခံ ရမှာပဲ၊ မပြောင်းလဲသေးလဲ ပြောင်းလဲပြီပဲ။ ဘာကြောင့်လဲ ကိုယ်ကိုယ်တိုင်ကလည်း ပြောင်းလဲ အောင်တော့ တွန်းရမှာပဲ။ ၀ိုင်းတွန်းရင်တော့ ရွေ့တယ်ဆိုတဲ့ စကားလိုပေါ့။ ကျနော်တို့ ၀ိုင်းတွန်းရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မပြောင်းလို့မှ မဖြစ်မှ မဖြစ်တော့တာ။ အစစအရာရာ နောက်ကျနေမယ် ပညာရေးမှာလည်း နောက်ကျတယ်။ နောက် လူတွေရဲ့ စီးပွားရေး၊ နေရေး၊ ထိုင်ရေး ဒါအားလုံးက သိတဲ့အတိုင်းပဲပေါ့နော် ဆိုတော့ ကျနော်တို့က ပြောင်းလဲတယ်လို့တော့ ခံယူပါ။ ပြောင်းအောင်လည်း ၀ိုင်းလုပ်ကြပါပေါ့။ ဒီတစ်ရွေ့ဟာ သမိုင်း တစ်ရွေ့တစ်ခုဖြစ်အောင်ပေါ့နော်။ တည့်မတ်တဲ့လမ်းကြောင်းပေါ်ရောက်သွားပြီးတော့ အားလုံး ပျော်ပျော်ရွင်ရွင်နဲ့ ပညာကို ဦးစားပေးတဲ့ ခေတ်တစ်ခုတော့ မြန်မာပြည်မှာ ရှိလာမယ်လို့ ကျနော်တို့ က မျှော်လင့်တယ်။

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ တစ်ခုလုံး မကပါဘူး အာရှမှာတောင် လက်မထောင်နိုင်တဲ့ နိုင်ငံဖြစ်မယ်ဆိုတာ လုံးဝယုံကြည်တယ်။ လူမျိုးကတော့ မညံ့ဘူးဆိုတာ သေချာတယ်။ ကျနော်တို့ လိုချင်တာ စနစ်ကောင်းဖို့ပါပဲ။ အဲဒီစနစ်ကောင်းဖို့အတွက် ဒါဘယ်သူ့ကိုမှ ထိခိုက်စော်ကားခြင်း မဟုတ်ဘဲနဲ့ တိုင်းပြည် ကောင်းစားရေး အတွက်ပေါ့နော်။ နောင်လာ နောင်သားတွေလည်း ကောင်းစား ရေးအတွက် လူရယ်လို့ဖြစ်လာတဲ့အခါမှာ လူလိုပေါ့နော် ကျနော်တို့ နေနိုင်ဖို့ကို ဒီမိုကရစီစနစ်ကို လည်း ဒီမိုကရေစီကျကျ နေနိုင်ဖို့ အရေးကြီးဆုံးက ဒီနိုင်ငံမှာ အလိုချင်ဆုံးက တရားဥပဒေ စိုးမိုးရေးပဲ။ ကျနော်အဲဒါအလိုချင်ဆုံးနော်။ တရားဥပဒေသာ စိုးမိုးနေရင် ဘယ်သူမှ မဟုတ်တာ လုပ်လို့မရဘူး။ လမ်းပြောင်းပြန်လည်း မောင်းလို့မရဘူး။ မဟုတ်လားနော်။ လုပ်ချင်ရာလုပ်ပြီးတော့ ပါးရိုက်ချင်တိုင်းလည်း ရိုက်လို့မရဘူး ဟုတ်လား တရားဥပဒေ စိုးမိုးဖို့သာ နံပါတ်တစ်က အဓိက။

နံပါတ်နှစ်က ပြည်သူ လူထုပညာတတ်ဖို့ အဓိက။ ဆိုတော့ အဲဒီနှစ်ခု ကျနော်တို့ ထွန်းကားဖို့ ကျနော်တို့ ၀ိုင်းပြီးတော့ ကြိုးစားသင့် ပါတယ်နော်။ ကျနော်အနေနဲ့ကတော့ အသက်က ၇၀ လောက် ကပ်နေပြီ၊ ဒါပေမဲ့ ကနေ့အချိန်အထိ တတ်နိုင်သမျှကတော့ ကျနော် လုပ်နေတုန်း ပါပဲ။

credit: Mizzima



ကျောက်စိမ်းလုပ်ငန်း လုံးဝလုပ်ကိုင်ခြင်း မရှိဟု မွေး/ရေဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း ငြင်းချက်ထုတ် -------------------

ကျောက်စိမ်းလုပ်ငန်း လုံးဝလုပ်ကိုင်ခြင်း မရှိဟု မွေး/ရေဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်း ငြင်းချက်ထုတ်
-----------------------------------------------------------------------------------------
ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကမ္ဘာကျော်တွင်းထွက်ရတနာဖြစ်ပြီး အကျိုးအမြတ်များစွာရရှိနေသည့် ကျောက်စိမ်း
စီးပွားရေးလုပ်ငန်းကို ၎င်းအနေနှင့် လုပ်ကိုင်ခြင်း လုံးဝမရှိကြောင်း ယခင်တပ်မတော် အစိုးရလက်ထက်တွင် မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သောဦးမောင်မောင်သိမ်းက ငြင်းချက်ထုတ် ရှင်းလင်းလိုက်သည်။

လန်ဒန်အခြေစိုက် Global Witness အဖွဲ့၏ အစီရင်ခံစာအပေါ် ဦးမောင်မောင်သိမ်းက အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းတွင် နိုဝင်ဘာလ ၂၇ ရက် နေ့လယ်က သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ကျောက်မျက်ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အကျိုးအမြတ်ပိုင်ဆိုင်မှုများ လုံးဝ သက်ဆိုင်ပတ်သက်ခြင်းမရှိသည့်အပြင် ၎င်း၏ယခင်အခွင့်အာဏာကိုအသုံးချကာ လုပ်ငန်းလိုင်စင်ရယူထားခြင်း မရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူးဟောင်းလည်းဖြစ်၊ တပ်မတော် မှ ဗိုလ်မှူး ချုပ်အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သော ဦးမောင်မောင်သိမ်းက ပြောဆိုသည်။

“ကျွန်တော်က ကျွန်တော့်ရဲ့ဂုဏ်သိက္ခာ၊ ကျွန်တော့်ရဲ့ဘ၀နဲ့ အာမခံပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါကုမ္ပဏီများတွင် သားဖြစ်သူ ဦးနေအောင် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ပါဝင်နေသော် လည်း ငွေကြေးရင်းနှီးမြှုပ်နှံမှုမရှိဘဲ ဘူမိဗေဒပညာရှင်တစ်ဦးအနေနှင့် ပါဝင်ခြင်းဖြစ်ကြောင်း ဦးမောင်မောင်သိမ်းကထပ်မံပြောဆိုသည်။

ကျောက်စိမ်းလုပ်ငန်းမှရရှိသည့် ငွေကြေးများကိုအသုံးပြုကာ ရွေးကောက်ပွဲမတိုင်မီကာလများတွင် ညစ်ပတ်သော နိုင်ငံရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း Global Witness က စွပ်စွဲထားသည်။

ယင်းသို့အခြေအမြစ်မရှိသည့် ရေးသားမှုများကြောင့်လွန်စွာစိတ်ပျက်ရကြောင်းဦးမောင်မောင်သိမ်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊( ငြိမ်း)နင့်လက်ရှိ မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ
ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပန်လည်နေရာချထားရေး ဒုတိယဝန်ကြီး ဦးဘုန်းဆွေ တို့အပါအဝင် တပ်မတော်၊ အစိုးရနှင့်နီးစပ်သည့်စီးပွားရေးလုပ်ငန်းရှင်များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ မူးယစ်ရာဇာများက ကျောက်စိမ်းတွင်းများကိုလက်ဝါးကြီးအုပ်ထားပြီး အကျိုးအမြတ်များစွာ
ရရှိနေကြောင်း ယင်းအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၎င်းတို့အနက် ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဇော်ဘိုခန့်က မီဒီယာတစ်ခုကို ထုတ်ဖော်ငြင်းဆိုပြီးနောက် ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှုး ဟောင်း ဖြစ်သူ ဦးမောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရှင်းလင်းလာခြင်း ဖြစ်သည်။

သို့သော် ယခုပြောဆိုမှုသည် ၎င်းတစ်ဦးတည်းအတွက်သာဖြစ်ပြီး အခြားသူများနှင့် ပတ်သက်သောအချက်အလက်များကိုမူ မသိရှိကြောင်း ဦးမောင်မောင်သိမ်းက ဆိုသည်။

ယင်းကုမ္ပဏီပိုင်ရှင်ဖြစ်သူနှင့် တောင်ကြီးတက္ကသိုလ်တွင် ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့ခြင်းကြောင့် ပညာရှင်တစ်ဦးအနေနှင့်ဝင်ရောက်လုပ်ကိုင်ခြင်းဖြစ်ပြီး ဖခင်ဖြစ်သူအနေနှင့်
ကျောက်စိမ်းလုပ်ငန်းများနှင့် လုံးဝပတ်သက်ခြင်း မရှိကြောင်း ဦးမောင်မောင်သိမ်း၏ သားဖြစ်သူ မျိုးနွယ်ကျောက်မျက်ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သူ ဦးနေအောင်က The Voice သို့ ပြောဆိုသည်။

“ကျွန်တော်တို့အဖေရဲ့ရိုးသားမှုကိုတော့ ကျွန်တော်တို့က ဘ၀နဲ့လဲပြီးတော့ကို အာမခံနိုင်တယ်။ Global Witness ကရေးတာကတော့ ဒါပေါက်ကရတွေ ရေးတာပဲ” ဟု ဦးနေအောင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တစ်နှစ်တည်းပင် ကျောက်စိမ်းလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံမှ ၃၁ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ပြီး ဦးသန်းရွှေမိသားစုပိုင် လုပ်ငန်းများမှ ဒေါ်လာ သန်း ၁၁၀ ကျော်၊ဦးအုန်းမြင့်နှင့်မိသားစုဝင်များက ဒေါ်လာ သန်း ၈၀ ကျော်နှင့် ဦးမောင်မောင်သိမ်းနှင့် မိသားစုဝင်များက ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုး ရောင်းချခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။



Friday, November 27, 2015

တိုင်းပြည်အကျိုးအတွက် ကူညီဆောင်ရွက်မည်ဟု ဦးသန်းရွှေ၏မြေးပြော

တိုင်းပြည်အကျိုးအတွက် ကူညီဆောင်ရွက်မည်ဟု ဦးသန်းရွှေ၏မြေးပြော
Friday, November 27, 2015

ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခဲ့ပြီး တိုင်းပြည်အကျိုး အတွက် ကျရာကဏ္ဍမှ ကူညီ ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း) ဦးသန်းရွှေ၏ မြေး နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ် ဆင့် ပြောကြားခဲ့သည်။

နေရွှေသွေးအောင်နှင့် တွေ့ ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သောအာရှ အသံ(RFA) သတင်းဌာနအားအတည်ပြု ပြောကြားပြီးနောက် နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

‘‘ကျွန်တော်ထပ်ပြီး ဝေ့လည် ကြောင်ပတ် မလုပ်ချင်တော့ပါ ဘူး။ အန်တီကျွန်တော့်ကို တွေ့ တုန်းကနွေးထွေးရင်းနှီးစွာ ဆက် ဆံခဲ့တဲ့အပေါ်လည်း အများကြီး ၀မ်းသာမိပါတယ်။ တိုင်းပြည်အကျိုးအတွက် ကျရာကဏ္ဍကနေ ကူညီဆောင်ရွက်ပါ့မယ်။ ပြည်သူများလည်း ဒီသတင်းကြောင့် ၀မ်းသာလိမ့်မယ်လို့မျှော်လင့်မိပါတယ်’’ ဟု နေရွှေသွေးအောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင်ရေးသားထားသည်။

ယခု တွေ့ဆုံမှုအပေါ် အ ကောင်း၊ အဆိုး ထင်မြင်ချက်မျိုး စုံပေးနေပြီး အပြောင်းအလဲချော မွေ့စေရေးအတွက် ယခုကဲ့သို့ တွေ့ဆုံမှုမျိုးလည်း လိုအပ်နိုင် ကြောင်း သုံးသပ်မှုများလည်း ရှိ သည်။

‘‘ဒီလို နိုင်ငံရေးမှာ တစ်ချိန် တုန်းက တစ်သီးတခြားရှိတဲ့သူက ဒီချုပ်အာဏာလွှဲပြောင်းရင် တိုင်းပြည်တာဝန်ကို ကျရာကနေ ထမ်းဆောင်မယ်လို့ ပြောတာကောင်းပါတယ်။ နိုင်ငံရေးအတွက်လည်း ကောင်းသွားတာပေါ့’’ ဟု နိုင်ငံရေး သုံးသပ်ဆောင်းပါးများရေး သားသူ ဦးစည်သူအောင်မြင့်က သုံးသပ်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ပြီး သမ္မတနှင့် တပ်ချုပ်တို့က ရွေးကောက်ပွဲ လုပ်ငန်းစဉ်များပြီးမြောက်ချိန်တွင် တွေ့ဆုံပါမည့်အကြောင်းပြန်ကြားမှုရပြီးချိန်၌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း၏ မြေးဖြစ်သူနှင့် ယခုလိုတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၉ ရက်ညက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

‘‘သမိုင်းတွင်မယ့် ညတစ်ည’’ ဟု နေရွှေသွေးအောင်က ယင်းနေ့ ည ၇ နာရီခန့်၌ ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားခဲ့ ပြီး ထိုအဓိပ္ပာယ်မှာ ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံခြင်း ဖြစ်ပါသလားဟု 7Day က ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မေး မြန်းခဲ့ရာ ‘‘လုံးဝမဟုတ်ပါဘူး ခင်ဗျာ’’ဟု နေရွှေသွေးအောင်က ပြောကြားခဲ့သည်။

7Day က ‘‘ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုလား’’ ဟု မေးမြန်း သည်ကို မိမိက မဟုတ်ဟု ပြတ် ပြတ်သားသားငြင်းဆိုခဲ့ကြောင်း၊ သတင်းအမျိုးမျိုး ထွက်ခြင်းကို အားလုံးခြုံပြီး ‘ကောလာဟလ’ ဟု ပြောခဲ့ခြင်းဖြစ်ကြောင်း၊ မိမိကို လာမေးသမျှ လူများကိုလည်း ဖေ့စ်ဘွတ်ခ်မှာပင်ဖြေရှင်းပါ့မယ်ဟုသာပြောခဲ့ပြီး ဘယ်တုန်းကမှ အန်တီနှင့် မတွေ့ဘူးဟု ယတိ ပြတ် ငြင်းဆိုခြင်း မရှိခဲ့ကြောင်း နေရွှေသွေးအောင်က ပြောထား သည်။

7Day Daily



ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၁၅ ဦးသေဆုံး ====================================

ရုရှားတွင် ရဟတ်ယာဉ်ပျက်ကျ လူ ၁၅ ဦးသေဆုံး
====================================

မော်စကို နိုဝင်ဘာ ၂၆

Mi-8 ရဟတ်ယာဉ်တစ်စင်းသည် ရုရှားနိုင်ငံ ကာရက်စ်နိုရာ့စ်ဒေသ တွင် နိုဝင်ဘာ ၂၆ ရက်က ပျက်ကျခဲ့ရာ ယာဉ်ပေါ်ပါ လူ ၁၅ ဦး သေဆုံး ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြသည်။
ရုရှားအရေးပေါ်အခြေအနေဆိုင်ရာဝန်ကြီးဌာနက ရဟတ်ယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်းသုံးဦးနှင့် ခရီးသည် ၂၂ ဦး အပါအဝင် စုစုပေါင်း ၂၅ ဦးရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက်ရှင်ကျန်ရစ်သော လူ ၁ဝ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း အင်တာဖက်စ်သတင်းအေဂျင်စီ၏ ဖော်ပြချက်ကိုကိုးကား၍ ပို့ဆောင်ရေး ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အော့စ်ဆာနာဂေါ်ဘူနိုဗာက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ ကာရက်စ်နိုရာ့စ်ဒေသ ရေနံနယ်မြေသို့ပျံသန်းစဉ် အစ်ဂါကာ လေဆိပ်အနီးတွင်ပျက်ကျခဲ့ခြင်းဖြစ်ပြီး ရေနီဆေးမြစ်၏ တောင်ဘက်မြစ်ကမ်း ပါးပေါ်တွင် အပျက်အစီးအပိုင်းအစများကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရုရှား လေ့လာစုံစမ်းရေးကော်မတီ၏ ဖော်ပြချက်တွင် ဖော်ပြပါရှိသည်။
လေယာဉ်မည်သည့်အကြောင်းကြောင့် ပျက်ကျခဲ့သည်ကို မသိရသေးပေ။ နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုကြောင့်ဖြစ်နိုင်ကြောင်း အင်တာဖက်စ် သတင်းအေဂျင်စီက ဖော်ပြသည်။

(ဆင်ဟွာ)



တရုတ်နယ်စပ်ရှိ တရားမ၀င် ယာယီတံတားများကို မီးရှို့ဖျက်ဆီး

တရုတ်နယ်စပ်ရှိ တရားမ၀င် ယာယီတံတားများကို မီးရှို့ဖျက်ဆီး
Friday, November 27, 2015

မူဆယ်မြို့နှင့် ထိစပ်နေ သည့် မြန်မာ-တရုတ် နယ်စပ်ရှိ တရားမ၀င် ဆောက်လုပ်ထား သည့် ယာယီတံတား ငါးစင်းကို နှစ်နိုင်ငံ နယ်စပ်တာဝန်ရှိသူများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်း ရရှိသည်။

မူဆယ်မြို့ စွမ်ဆော်ရပ် ကွက်နှင့် တရုတ်နိုင်ငံကြယ်ခေါင် မြို့ကြား နယ်စပ်မှတ်တိုင်အမှတ် ဘီပီ (၈၀) မှ ဘီပီ(၈၀-၂)အတွင်း ရှိသည့် နှစ်နိုင်ငံနယ်စပ် ရေ မြောင်းများမှတစ်ဆင့် ခိုးဝင်၊ ခိုး ထွက်ပြုလုပ်နိုင်သော သစ်သား တံတားငါးစင်းကို မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်ဟု မူဆယ်မြို့မရဲ စခန်းမှ တာဝန်ကျရဲအရာရှိတစ် ဦးက ပြောသည်။ မည်သည့်နေ့ တွင် ဖျက်ဆီးလိုက်သည်ကိုမူ မ ပြောပေ။

မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကိုကိုဇော်က ယာယီတံတားများမီးရှို့ဖျက်ဆီး သည့်နေရာသို့ ကြယ်ခေါင်မြို့နယ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ များ လာရောက်လေ့လာခဲ့ကြောင်း ပြောသည်။

‘‘နှစ်နိုင်ငံကြားမှာ နယ်နိ မိတ်မြောင်းလေးရှိတယ်လေ။ အဲဒီမှာ တံတားလေးထိုးပြီး ခိုးဝင်၊ ခိုးထွက် လုပ်ကြတာ။ နှစ်နိုင်ငံ သားတွေပဲ။ ဒါတွေက နှစ်နိုင်ငံရဲ့ ချစ်ကြည်ရေးအတွက်လည်း မ ကောင်းဘူး။ လုံခြုံရေးအတွက် လည်း မကောင်းဘူး။ တရားဝင် ဂိတ်တွေ ရှိပြီးသားဖြစ်တဲ့အတွက် တရားဝင်ဂိတ်တွေကနေသွားဖို့ ပညာပေးပြီး တံတားတွေဖျက်ဆီး ခဲ့တာပါ’’ဟု ဦးကိုကိုဇော်က ပြော သည်။

ဖျက်ဆီးလိုက်သည့် တံတား ငါးစင်းမှာ သစ်သား၊ ၀ါးတို့ဖြင့် ပြုလုပ်ထားသည့် အကျယ် ၂ ပေ အရှည် ၇ ပေခန့် တံတားလေး စင်းနှင့် သံဖရိမ်ဖြင့် ယာယီတည် ဆောက်ထားသည့် တံတားတစ် စင်းတို့ဖြစ်ကြောင်း သတင်းရရှိ သည်။

မူဆယ်မြို့နယ်နှင့် ဆက်စပ် နေသည့် တရုတ်နိုင်ငံနယ်စပ်တွင် တရားဝင်ဖွင့်ထားသည့် ဂိတ်ငါးခု ရှိသည်။

နယ်ချင်းစပ်နေသည့် နေ ရာများတွင် နေထိုင်သူများက တရားမ၀င် ယာယီသစ်သားတံ တားများဆောက်ကာ ခိုးဝင်၊ ခိုး ထွက်သူများအား တစ်ဦးလျှင် တရုတ်ငွေ ၁၀ ယွမ်ခန့်ယူ၍ ငွေ ကြေးကောက်ခံကာ ဖြတ်ကူးစေ သည်။ ရာဇ၀တ်မှုကျူးလွန်သူများ နှင့် မူးယစ်ဆေးသုံးစွဲသူများက နှစ်နိုင်ငံ နယ်စပ်ကို တရားမ၀င် တံတားများမှ ခိုးဝင်၊ ခိုးထွက်လေ့ ရှိသည်ဟု ရဲတပ်ဖွဲ့နှင့် ဒေသခံ များက ပြောသည်။

‘‘တရားမ၀င် တံတားတွေကို အဲဒီလိုဖျက်ဆီးလိုက်တာကောင်း တယ်။ မဟုတ်တာလုပ်တဲ့သူတွေ က အဲဒီတံတားတွေကနေ ခိုးဝင် ခိုးထွက်လုပ်ကြတာ။ နိုင်ငံလည်း သိက္ခာကျတယ်။ နောက်ထပ်ထပ် မဆောက်အောင်လည်း စောင့် ကြည့်ဖို့လိုမယ် ထင်တယ်’’ ဟု မူဆယ်မြို့ဒေသခံ ဦးဟန်စိုးက ပြောသည်။

တရားဝင်နယ်စပ်ဂိတ်အပြင် တရားမ၀င်ဖောက်လုပ်ထားသည့် ယာယီတံတားများကိုဖျက်ဆီးပစ်ခြင်းဖြစ်သည် (ဓာတ်ပုံ − အီးပီအေ)
7Day Daily



Thursday, November 26, 2015

"MPT က အသုံးပြုသူများကို တစ်ပတ်လျှင် ကားတစ်စီးမဲ ဖောက်ပေးမည်" ==========

"MPT က အသုံးပြုသူများကို တစ်ပတ်လျှင် ကားတစ်စီးမဲ ဖောက်ပေးမည်"
==========

မိုဘိုင်းဖုန်းအသုံးပြုသူ ၁၆ သန်းဝန်းကျင်ကို ပိုင်ဆိုင်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း MPT သည် ၄င်းတို့၏ မိုဘိုင်းဖုန်း အသုံးပြုသူများကို တစ်ပတ်လျှင် ကားတစ်စီး ကံစမ်းမဲ ဖောက်ပေးသွားမည်ဟု ကြေညာခဲ့သည်။

ဒီဇင်ဘာ ၅ ရက်နေ့မှဇန်န၀ါရီလ ၂ ရက်နေ့အထိ စနေနေ့တိုင်း တိုယိုတာကိုရိုလာကား ၅ စီးကို တစ်ပတ်လျှင် တစ်စီးကျ မဲဖောက်ပေးသွားမည်ဖြစ်ပြီး အထူးဆု အနေဖြင့် ဇန်န၀ါရီလ ၉ ရက်နေ့တွင် တိုယိုတာလန် ခရူဇာကား တစ်စီးကို မဲဖောက်ပေးမည် ဟု သိရသည်။

ဆင်းမ်ကတ် အသစ်ဝယ်ယူခြင်း ၊ MPT မိုဘိုင်းဖုန်း အချင်းချင်း ဆက်သွယ်ခေါ်ဆိုခြင်း ၊ မိုဘိုင်ဖုန်း ဘီလ်ဖြည့် သွင်းခြင်းဖြင့် အလိုအလျောက် ကံစမ်းမဲ လက်မှတ်များကို ရရှိနေမည် ဖြစ်ပြီး အဆိုပါ ကံစမ်းမဲများအနက် ကံထူးရှင်ကို ရွေးချယ်ပေးသွားမည် ဟု MPT က ကြေညာထားသည်။

အစီအစဉ်ကို MPT မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း အလိုအလျောက် ပါဝင်နေမည်ဖြစ်ပြီး ကံစမ်းမဲ ပိုင်ဆိုင်မှု အရေအတွက်မှာ ဘီလ်ဖြည့်သွင်းသည့် ပမာဏနှင့် MPT မိုဘိုင်းဖုန်း အချင်းချင်းခေါ်ဆိုမှု ကြာမြင့်ချိန်တို့ အပေါ်မူတည်ပြီး ပေးအပ်သွားမည်ဖြစ်သည်။

MPT ၏ ကံစမ်းမဲအစီအစဉ်တွင် iphone 6S အလုံး ၂၀ ၊ ipad air 2 အလုံး ၂၀ ၊ လက်မ ၄၀ Sony TV ၂၅ လုံး ၊ တစ်ကျပ်သား ရွှေဆွဲကြိုးအကုံး ၂၀ နှင့် ၅ ထောင်တန် ငွေဖြည့်ကတ် ၆၉၉၀၉ ကတ်လည်း ပါဝင်သည်ဟု သိရသည်။ မိမိပိုင်ဆိုင်နေသည့် ကံစမ်းမဲ လက်မှတ်အရေအတွက် ကို စစ်ဆေးလိုပါက GSM နှင့် WCDMA အသုံးပြု သူများအ နေဖြင့် 3000 သို့ '' luck '' ဟူ၍ စာတိုပေးပို့ခြင်း၊ CDMA အသုံးပြု သူများအနေဖြင့် 3001 သို့ “lucky” ဟူ၍ အခမဲ့ စာတိုပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ကြောင်း သိရသည်။


ကျွနှ်ပ် ကိုယ်ချင်းစာမိပြီး မျက်ရည်ကျမိ၏ ***************************

ကျွနှ်ပ် ကိုယ်ချင်းစာမိပြီး မျက်ရည်ကျမိ၏
*****************************

ခုလို လပြည့်နေ့မှာ သူတို့တွေ အဖေ၊အဖေ၊ညီအစ်ကို၊မောင်နှမတွေနဲ့အတူ
ဘုရားသွားကျောင်းတက်ချင်ကြလိမ့်မယ် ...

ခုလို လပြည့်နေ့မှာ သူတို့တွေ သူငယ်ချင်းအပေါင်းသင်းတွေနဲ့အတူ
ဘုရားသွားကျောင်းတက်ချင်ကြလိမ့်မယ် ...

ခုလို လပြည့်နေ့မှာ သူတို့တွေ ကိုယ့်ချစ်သူလက်ကိုတွဲပြီး
ဘုရားသွားကျောင်းတက် သက်ဆုံးတိုင်ပေါင်းဖက်ရပါလို၏ဟု
ဆုတောင်းချင်ကြလိမ့်မယ် ...

ခုလို လပြည့်နေ့မှာ သူတို့တွေ ဇနီးမယား၊သားသမီးများနဲ့အတူ
ဘုရားသွားကျောင်းတက် ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀လေးကို
ပိုင်ဆိုင်ရပါလို၏ဟု ဆုတောင်းချင်ကြလိမ့်မယ် ...

ခုလို လပြည့်နေ့မှာ သူတို့တွေ ဘုရားသွားကျောင်းတက်၊အလှူအတန်း
ထည့်လို့ ကုသိုလ်တွေ ယူချင်ကြလိမ့်မယ် ...

ဒါပေမယ့် သူတို့တွေဟာ တပ်မတော်သားတွေဖြစ်တဲ့အတွက်
ပျော်ရာမှာမနေဘဲ တော်ရာမှာနေပြီး နိုင်ငံ့ကာကွယ်ရေးတာဝန်ကို
အသက်နဲ့လဲ ထမ်းဆောင်နေကြလိမ့်မယ် .....။

မိုးနတ်မင်း



ဟားခါးမြို့ဗုံးပေါက်ကွဲမှု တရားခံဖမ်းဆီးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်နှင့်စစ်ဗျူဟာ(ဟားခါး)တို့ စုံစမ်းစစ်ဆေးနေ **********************************************************************

ဟားခါးမြို့ဗုံးပေါက်ကွဲမှု တရားခံဖမ်းဆီးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်နှင့်စစ်ဗျူဟာ(ဟားခါး)တို့ စုံစမ်းစစ်ဆေးနေ
************************************************************************

ချစ်မင်းထွန်း ၊ ရန်ကုန်

၊ ချင်းပြည်နယ် ဟားခါးမြို့ ဈေး သစ်ရပ်ကွက် သီတာလမ်းရှိ နေအိမ် တစ်အိမ်ဗုံးပေါက်ကွဲမှုကို ပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် စစ်ဗျူဟာ (ဟားခါး)တို့ အပါအဝင် သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူများအား လုံး ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်က ချင်းပြည် နယ် ဟားခါးမြို့ဈေးသစ်ရပ်ကွက် သီ တာလမ်း အမှတ် ၃၉၅ နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် နေအိမ်ရှိ အိမ်သားများမှ လူငါးဦးသေ ဆုံးခဲ့ပြီး ခုနစ်ဦးကို ပြည်နယ် ပြည် သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကု သပေးလျက်ရှိကြောင်း ဟားခါးခရိုင် ပြန်/ဆက်မှ သိရသည်။

''ဗုံးဖောက်ခွဲသွားတဲ့ လူကိုတော့ မဖမ်းမိသေးဘူး။ အဲဒီအိမ်က ပိုင်ရှင် က ကလေးမှာ။ အပေါ်ထပ်က သူ နေတာ အောက်ထပ်မှာ အိမ်ငှားထား တာ။ အောက်ထပ်မှာရှိတဲ့ လူငါးဦး သေတယ်။ တချို့က ဒဏ်ရာရလို့ ဆေး ရုံတင်ထားရတယ်''ဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ခံ ကိုဆလိုင်းကျော်မိုးထွန်းက ပြောသည်။

အဆိုပါနေအိမ်သည် ဦးယောန သန်ပိုင်ဆိုင်ပြီး ဦးယောနသန်၏ ဟိုင် မွာလ်ဂျစ်ကား ယာဉ်အမှတ် (၇ခ/ ၂၂ဝ၁)တစ်စီး၊ Kung Long အမျိုး အစားယာဉ် CHN/1F-၉၄၃၅ တစ် စီး၊ မော်တော်ဆိုင်ကယ်တစ်စီး ပျက် စီးဆုံးရှုံးသွားခဲ့ပြီး ¤င်းအိမ်၏ ဝဲဘက် ရှိ ဒေါ်နုထောင်းပိုင် အုတ်ညှပ်နှစ်ထပ်၊ မျက်နှာချင်းဆိုင်ရှိ ဦးနှီာရ်ဘိခ်ပိုင် ပျဉ် ထောင်နှစ်ထပ်၊ လက်ဝဲဘက်ရှိ ဦးရာလ် အွယ်ပိုင် ပျဉ်ထောင်နှစ်ထပ် ပျက်စီး သွားခဲ့သည်ဟု ဟားခါးခရိုင် ပြန်/ ဆက်က ထုတ်ပြန်ကြေညာထားသည်။

''ကျွန်တော်တို့လဲ စုံစမ်းစစ်ဆေး မှုတွေလုပ်နေပါတယ်။အခင်းဖြစ်ပွား တဲ့နေ့ကတော့ ပြည်နယ်ဝန်ကြီးချုပ် ကိုယ်တိုင် ရောက်လာတယ်။ ပြီးတော့ စစ်ဗျူဟာ(ဟားခါး)ရုံးကလဲ ရောက် လာတယ်။ အခု အားလုံးပူးပေါင်းပြီး တော့ စုံစမ်းမှုတွေ လုပ်နေပါတယ်။ ဗုံးဖောက်ခွဲသွားတဲ့တရားခံကို ဖမ်းဆီး နိုင်ရေးအတွက်ပေါ့''ဟု ဟားခါးရဲ စခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦး က ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုနှင့်ပတ် သက်ပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းနှင့် စစ်ဗျူဟာ(ဟားခါး) တို့အပါအဝင် အနီးဝန်းကျင်ရှိ အုပ် ချုပ်ရေးအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့မှတာဝန်ရှိသူများ အားလုံးပူးပေါင်း ကာ တရားခံအား ဖမ်းဆီးနိုင်ရေးအ တွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြကြောင်း ဟားခါးခရိုင် ပြန်/ဆက် မှ သိရသည်။

ဟားခါးမြို့တွင် ဗုံးဖောက်ခွဲခံရ မှုနှင့် အလားသဏ္ဌာန်တူ တီးတိန်မြို့ ရှိ ချင်းအမျိုးသားတပ်ဦး(CNF) ၏ ဆက်ဆံရေးရုံးကိုလည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဗုံးဖောက် ခွဲခံခဲ့ရသည်။

(Yangon Times Journal, Vol-11, No-46)


တပ်မတော်က လက်နက်ကိုင်ဟု မှားယွင်းဖမ်းဆီးခံရသော အရပ်သားနှစ်ဦး ပြန်လွှတ် -----------------------------------

တပ်မတော်က လက်နက်ကိုင်ဟု မှားယွင်းဖမ်းဆီးခံရသော အရပ်သားနှစ်ဦး ပြန်လွှတ်
-----------------------------------

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့ဝင်ဟု ယူဆကာ တပ်မတော်က မှားယွင်းဖမ်းမိထားသော အရပ်သားနှစ်ဦးကို သက်ဆိုင်ရာ တပ်မတော်တပ်ရင်းက ပြန်လွှတ်ပေးကြောင်း ဒေသတွင်း အပစ်အခတ် စောင့်ကြည့်ရေးအဖွဲ့ စီမံကိန်း တာဝန်ခံ ကိုအောင်မျိုးဆန့်က ပြောကြားသည်။

မန်စီမြို့နယ်အတွင်းရှိ နောင်မွန်ကျေးရွာနှင့် နောင်လုတ်ကျေးရွာမှ ရွာသားနှစ်ဦး ဖြစ်သည့် စိုင်းရီလင်းနှင့် စိုင်းမောင်ဆမ်တို့သည် နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော် ခြေမြန်တပ်ရင်း ခမရ ၄၃၈ က လက်နက်ကိုင်အဖွဲ့ဝင်များဟု မှားယွင်းဖမ်းဆီးခဲ့ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၅ ရက်နေ့) တွင် ပြန်လည်လွှတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ရွာသားနှစ်ဦးမှာ မန်စီမြို့နယ် အင်ဘာပါကျေးရွာနှင့် ဂျန်မိုင်းကျေးရွာမှ တစ်ဆင့် မန်စီမြို့နယ် တရားရုံးတွင် ကျမ်းကျိန်လွှာ လာယူစဉ် ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တပ်မတော်က မန်စီရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းနောက် မန်စီရဲစခန်းက အာမခံဖြင့် လွှတ်ပေးသော်လည်း နိုဝင်ဘာ ၂၄ ရက်နေ့ ညနေတွင် တပ်မတော်မှ တာဝန်ရှိသူများက ထပ်မံ စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသတွင်း အပစ်အခတ်စောင့်ကြည့်ရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မန်စီမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “အဲဒါက ဘာကိစ္စလဲ ဆိုတာတော့ ကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ ဥပဒေနဲ့ မငြိစွန်းဘူးဆိုတော့ ပြန်လွှတ်ပေးလိုက်တာပါ၊ ဘယ်တပ်ကမှန်းကို မသိပါဘူး၊ စရဖကလည်း သူတို့ဘာသာ သူတို့ လုပ်တာပါ” ဟု ဆိုသည်။

အဆိုပါ လွတ်မြောက်လာသော ရွာသားနှစ်ဦးကို ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း ဒေသတွင်း အပစ်အခတ် စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

(ရဲနိုင်)


ဖိုးလပြည့်နှင့် တွေ့ဆုံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

ဖိုးလပြည့်နှင့် တွေ့ဆုံခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပြောသည်။

လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း နိုဝင်ဘာ ၂၆ ရက် နံနက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ လွတ်လပ်သည့် အာရှအသံ၏ မေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ၏ မိသားစုဝင်ဟု သုံးနှုန်းမေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “ဟုတ်ပါတယ်”ဟု အဖြေပေးခဲ့သည်။

သို့သော် မည်သည့်အတွက်ကြောင့် တွေ့ခဲ့သည် မည်သည့်အကြောင်းအရာများ ပြောဆိုခဲ့သည်ကိုမူ ပြောဆိုခြင်းမရှိပါ။

ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ပြောဆိုရာတွင်လည်း ပြောဆို ငြိနှိုင်းရန်များရှိနေပြီး “အခုတည်းက ငြိပြီးတော့ လုပ်ဖို့လိုတယ်၊ ဒါကြောင့်မလို့ တွေ့သင့်လူတွေနဲ့ တွေ့ဖို့ဆိုတာဟာ ဒီနိုင်ငံရဲ့ ကိစ္စအဝဝတွေကို ငြိမ်းချမ်းရေး အပါအဝင်အတွက် အများကြီး ကောင်းတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီးနောက် နိုင်ငံတကာမှ ဂုဏ်ယူကြောင်း ထုတ်ဖေါ်ပြောဆိုမှုများ ရှိခဲ့သည်။

အလားတူ နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင်လည်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သေးသည်။ အဆိုပါ တွေ့ဆုံမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က

“အားလုံးကတော့ တိုင်းပြည်အတွက် ဝမ်းသာကြတာပေါ့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားတော့မယ်ဆိုတာကို ဒီမိုကရေစီကို လိုလားတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လိုလားကြပါတယ်” ဟု ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု ယုံကြည်ရသည့် နိုဝင်ဘာ ၁၉ ရက် ညတွင် ကိုနေရွှေသွေးအောင်က သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စ်တွင် “ဒီနေ့ည သမိုင်တွင်မယ့် ညတစ်ည” ဟု ရေးသားထားခဲ့သည်။

credit: Mizzima


ခရစ်ယာန်ဘာသာသို့ကူးပြောင်းသည့်အတွက် အီဂျစ်မူဆလင်အမျိုးသမီးတစ်ဦး အသတ်ခံရ

ခရစ်ယာန်ဘာသာသို့ကူးပြောင်းသည့်အတွက် အီဂျစ်မူဆလင်အမျိုးသမီးတစ်ဦး အသတ်ခံရ
Thursday, November 26, 2015

အီဂျစ်နိုင်ငံတွင် မာဝါ အာမက် ဆိုသူ အသက် ၂၆ နှစ် အရွယ် အမျိုးသမီးကို ခရစ်ယာန်အမျိုးသားတစ်ဦးနှင့်လက်ထပ်ပြီး ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သည့်အတွက် သူမ၏မိသားစုက သတ်ပစ်လိုက်သည်။
မာဝါသည် ကော့ပတစ်ခရစ်ယာန်အမျိုးသားတစ်ဦးနှင့်အကြောင်းပါခဲ့ပြီးနောက် ဇာတိ တာမီယာဟ်မှ အလက်ဇန်းဒရီးယား သို့ ပြောင်းရွှေ့အခြေချနေထိုင်ခဲ့ပြီး ယောက်ျားလေး တစ်ဦး နှင့် မိန်းကလေးတစ်ဦး မွေးဖွားခဲ့သည်။
ပြီးခဲ့သည့်နှစ်ပတ်က မာဝါမှ သူမ၏ဇာတိ တာမီယာဟ် သို့ ခေတ္တအလည်အပတ်ပြန်လာခဲ့စဉ် သူမ၏ ဦးလေးဖြစ်သူနှင့် ဝမ်းကွဲ အစ်ကို၊ မောင်များက သူမကို သတ်ပစ်လိုက်ကြသည်။
----------------------------------------
Egyptian Muslim Women Killed for Converting to Christianity
http://egyptianstreets.com
Posted 2015-11-23 07:12 GMT
Marwa Ahmed, 26, has reportedly been killed by her family after converting to Christianity and marrying a man from Fayoum, Egypt.
According to al-Tahrir, Marwa had moved to Alexandria from the town of Tamiyyah with her Coptic Christian partner three years ago. Since then, she had given birth to a boy and girl.
Eshhad, an online platform that aggregates and collates alleged religious persecution and sectarian attacks in Egypt, reports that Marwa was killed nearly two weeks ago by her uncle and cousins when they learned of her short visit back to Tamiyyah.

Credit>>>Soe Moe Hlaing
မူရင်း>>>http://aina.org/news/20151123021214.htm


ကျော်ပုံနှိပ်တိုက် ပိုင်ရှင် အပါအဝင် ငါးဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲ ============================

ကျော်ပုံနှိပ်တိုက် ပိုင်ရှင် အပါအဝင် ငါးဦးကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲ
========================================

ရိုဟင်ဂျာ ပြက္ခဒိန်များ ရိုက်နှိပ်မှုကြောင့် ငွေဒဏ် ကျပ် ၁၀ သိန်းစီ ဒဏ်ရိုက်ခံခဲ့ရသည့် ‘ကျော်’ ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်နှင့် ပုံနှိပ်တိုက်မန်နေဂျာ အပါအဝင် ငါးဦးကို ယနေ့ (နိုဝင်ဘာ ၂၄ ရက်) မွန်းလွဲပိုင်းက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲဆိုခဲ့ကြောင်း ပုဇွန်တောင် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ပြက္ခဒိန် ဖြန့်ဝေဖြစ်ပါက ပြည်သူများအကြား ဆူပူမှုများ ဖြစ်စေ လာနိုင်သောကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုပေးရန် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း၊ ‘ကျော်’ ပုံနှိပ်တိုက်ပိုင်ရှင် အပါအဝင် ငါးဦးကို အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်လတ်က ပြောကြားသည်။

မြန်မာ-အင်္ဂလိပ်-အာရ်ဗီ သုံးဘာသာ ပါဝင်သော ပြက္ခဒိန်တွင် ရိုဟင်ဂျာကို ထောက်ခံသည့် ရုပ်ပုံနှင့် စာသားများကို ပုံနှိပ်ခဲ့သော ‘ကျော်’ ပုံနှိပ်တိုက်ပိုင်ရှင် အပါအဝင် အမျိုးသားငါးဦးကို နိုဝင်ဘာလ ၂၃ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးက တစ်ဦးလျှင် ကျပ် ၁၀ သိန်း ဒဏ်ငွေပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။


အာဏာလွှဲပြောင်းခြင်းမှသည် ဒီမိုကရေစီရွှေနိုင်ငံသစ်ဆီသို့ ================================

အာဏာလွှဲပြောင်းခြင်းမှသည် ဒီမိုကရေစီရွှေနိုင်ငံသစ်ဆီသို့
================================
မောင်ခိုင်မာ(အထက်မင်းလှ)
================================
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင်မြန်မာ နိုင်ငံတစ်ဝန်းလုံး ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါ သည်။ မြန်မာ့ရွေးကောက်ပွဲသမိုင်းတစ်လျှောက် လွတ်လပ်ပြီးပွင့်လင်းမြင်သာမှုအရှိဆုံးသော ရွေး ကောက်ပွဲကြီးဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရွေးကောက်ပွဲများအနက် ပထမဆုံးအကြိမ်အဖြစ် မျက်မမြင်သုံးသင်္ကေတ များပါသည့် Template (ပုံစံပြား) အသုံးပြုကာ မဲပေးနိုင်သည့်ထူးခြားသော ရွေးကောက်ပွဲတစ်ခု လည်းဖြစ်ပါသည်။ ဤရွေးကောက်ပွဲကြီး၏ အောင်မြင်မှုရလဒ်များအပေါ် မြန်မာတစ်မျိုးသား လုံးသာမက ကမ္ဘာ့အသိုက်အဝန်းကပင် ချီးကျူး ပြောဆိုနေကြပြီဖြစ်ပါသည်။
ရွေးကောက်ပွဲဟူသည် ဒီမိုကရေစီကို တိုင်း တာသည့် နိုင်ငံရေးပြဒါးတိုင်တစ်ခုဖြစ်သည်။ ရွေးကောက်ပွဲနှင့်ဒီမိုကရေစီသည် ခွဲခြား၍မရစ ကောင်းပါ။ ဒီမိုကရေစီအကြောင်းပြောလျှင် ရွေး ကောက်ပွဲနှင့်နှိုင်းယှဉ်သုံးသပ်သည်။ ရွေးကောက် ပွဲအကြောင်းပြောလျှင် ဒီမိုကရေစီနည်းလမ်းကျ မကျတိုင်းတာတတ်ကြသည်။ဒီမိုကရေစီဟူသည် နိုင်ငံရေး သို့မဟုတ် စီမံအုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်သောကျင့်နည်းကျင့်ထုံးလည်းဖြစ်သည်။ ဒီမိုကရေစီကျင့်နည်းကျင့်ထုံးအရ ပြည်သူတို့က နိုင်ငံရေးအသိဖြင့် နိုင်ငံတော်၏အရေးအရာများကို ကိုယ်တိုင်နိုးကြားတက်ကြွစွာ ပါဝင်လုပ်ဆောင် ရသည်ဖြစ်၏။ ဒီမိုကရေစီ၏တရားကိုယ်သဘော အရ နိုင်ငံတော်အာဏာသည် ပြည်သူတို့၏ အာဏာဖြစ်သည်။ အစိုးရဆိုသည်မှာလည်း ပြည်သူတို့အတွက် ပြည်သူတို့ကိုယ်တိုင်ပါဝင် သော ပြည်သူ့အစိုးရဖြစ်ရမည်။ သို့သော်ယနေ့ ကာလဝယ် ရှေးဦးဒီမိုကရေစီကဲ့သို့ တိုက်ရိုက်ဒီ မိုကရေစီကို ကျင့်သုံး၍ မဖြစ်နိုင်သောအခါ စုစည်းရလွယ်ကူသော လိုအပ်သည့် အရေ အတွက်ကိုသာ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ပေးလိုက်ရာမှ ရွေးချယ်ခံရသည့် ပြည်သူ့ ကိုယ်စားလှယ်များက ညီညွတ်မျှတစွာဖြင့် ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ကာ ပြည်သူ့အကျိုး ဆောင်ရွက်ရသော ကိုယ်စားပြုဒီမိုကရေစီစနစ် ကိုကျင့်သုံးနေရသည့် ကာလဖြစ်ပါသည်။ သို့ အတွက်လည်း လက်ရှိအစိုးရက လာမည့် ဒီမိုကရေစီအစိုးရသစ်တစ်ရပ်အတွက် ရွေး ကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးခြင်း ဖြစ်ပါသည်။ ပြည်သူတို့က မိမိတို့၏သဘောဆန္ဒ အတိုင်းလွတ်လပ်စွာမဲပေး၍ ဒီမိုကရေစီလမ်း ကြောင်းကိုလျှောက်လှမ်းခဲ့ကြပြီဖြစ်သည်။ ဤ သို့မဲပေးရွေးချယ်လိုက်သည့် ရလဒ်မှထွက်ပေါ် လာမည့်အစိုးရသစ်သို့ အာဏာလွှဲပြောင်းပေးရေး လုပ်ငန်းစဉ်သည် စိတ်ဝင်စားဖွယ်ရာဖြစ်၍ လက် လှမ်းမီသမျှ လေ့လာတင်ပြလိုပါသည်။
တာဝန်ရှိသူများ၏သဘောထား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံ တော်သမ္မတဦးသိန်စိန်သည် နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ရှိရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပပြုလုပ်သော နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များနှင့်တွေ့ ဆုံပွဲတွင် ''...ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းကာလအတွင်း မှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ် ထုံးလုပ်နည်းများ၊ ပြဋ္ဌာန်းချက်များအတိုင်းဆက် လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒုတိယအကြိမ်လွှတ်တော်များစတင်ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ လွှတ်တော်များအနေ နဲ့ဆောင်ရွက်ရန်ရှိသည်များကို အဆင့်ဆင့်ဆောင် ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာမယ့်အစိုးရ အဖွဲ့သစ်ထံသို့သတ်မှတ်ချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ ဖြစ်စေ ဖို့ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြား လိုပါတယ်'' ဟူ၍ ထည့်သွင်းမြွက်ကြားခဲ့ ပါသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံ သို့ တွေ့ဆုံခွင့်တောင်းခံသည့်အပေါ်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများပြီးဆုံးချိန်တွင် နှစ်ဖက်ညှိနှိုင်းဆောင် ရွက်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအလွန် ကြား ကာလတည်ငြိမ်အေးချမ်းမှုရရှိုစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်ရပ်ထုတ်ပြန်ထားပါသည်။ အလားတူ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းထံသို့လည်း တွေ့ဆုံခွင့်တောင်းခံမှုအပေါ် လက်ခံထားကြောင်း ကြားသိရပါသည်။
နိုဝင်ဘာ ၈ ရက် နံနက်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ဆန္ဒမဲပေးပြီးချိန်တွင် မဲရုံသို့လာရောက်သတင်းရယူကြသော သတင်း မီဒီယာများ၏မေးမြန်းမှုများကို ပြန်လည်ဖြေကြား ရာတွင် ''ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)မှ ရွေးကောက်ပွဲရလဒ်ကြေညာပြီးပါက ဘယ်သူပဲဖြစ်ဖြစ် လက်ခံရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်မှ ထွက်ပေါ်လာမည့် အစိုးရ ကို အာဏာလွှဲပြောင်းပေးရေးကိစ္စနှင့် ပတ်သက် ၍ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိပြီးဖြစ်ကြောင်း၊ Procedure အတိုင်း ဆက်လက်သွားရမည်ဖြစ် ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီရ ပိုင်ခွင့်အတိုင်း မှန်မှန်ကန်ကန်အသုံးချ၍ ယင်း ကျင့်စဉ်အတိုင်းသွားစေလိုပါကြောင်း'' ရှေး ဦးမဆွကပင် ပြောကြားခဲ့သည်ကို လေ့လာတွေ့ ရှိရပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ
အာဏာလွှဲပြောင်းရေးအတွက် အခြေခံကျ သော လွှတ်တော်သက်တမ်းနှင့်ပတ်သက်၍ ဖွဲ့ စည်းပုံအခြေခံဥပဒေကိုလေ့လာရာ ပုဒ်မ (၁၁၉) တွင် ''ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ်အစည်းအဝေး ကျင်းပသည့်နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်''ဟု လည်းကောင်း၊ ပုဒ်မ (၁၅၁)တွင် ''အမျိုးသား လွှတ်တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော် ၏သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့လွှတ် တော်၏သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုး သားလွှတ်တော်၏သက်တမ်းသည်လည်း ကုန် ဆုံးသည်''ဟုလည်းကောင်း ပြဋ္ဌာန်းထားသည့် အတွက် လက်ရှိပြည်သူ့လွှတ်တော်နှင့်အမျိုးသား လွှတ်တော်တို့၏သက်တမ်းသည် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ၃၁ရက်တွင်ကုန်ဆုံးမည်ဖြစ်ပါသည်။
လွှတ်တော်အစည်းအဝေးများ ကျင်းပခြင်း နှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၂၃)တွင် ''ပြည်သူ့လွှတ်တော်၏ သက် တမ်းတစ်ရပ်စတင်သောပထမအကြိမ် ပုံမှန် အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့မှ ရက်ပေါင်း ၉ဝ အတွင်း ကျင်းပရမည်''ဟုလည်းကောင်း၊ ပုဒ်မ၁၂၄(ခ) တွင် ''ပြည်သူ့လွှတ်တော်၏ နောင်သက်တမ်း များအတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေး များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ တာဝန်ဆက်လက်ထမ်းဆောင်လျက် ရှိသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူ ကျင်းပရမည်'' ဟုလည်းကောင်း၊ ပုဒ်မ ၁၅၄(က)တွင် ''အမျိုးသားလွှတ်တော်သက် တမ်းစတင်သည့်နေ့ရက်သည်ပြည်သူ့လွှတ်တော် သက်တမ်းစတင်သည့်နေ့ဖြစ်သည်''ဟုလည်း ကောင်း၊ပုဒ်မ ၁၄၅(ခ)တွင်''အမျိုးသားလွှတ် တော်၏ပထမအကြိမ်ပုံမှန်အစည်းအဝေးကိုယင်း လွှတ်တော်၏သက်တမ်းစတင်သည်နေ့မှ ခုနစ် ရက်အတွင်းကျင်းပရမည်'' ဟု လည်းကောင်း ပြဋ္ဌာန်းထားပါသည်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးနှင့် ပတ်သက်၍ပုဒ်မ(၇၈)တွင် ''ပြည်ထောင်စုလွှတ် တော်၏ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမအစည်းအဝေးစတင် သည့်နေ့မှ ၁၅ ရက်အတွင်း ကျင်းပရမည်။ ပြည် ထောင်စုလွှတ်တော် အစည်းအဝေးများကို ပြည် ထောင်စုလွှတ်တော်နာယကခေါ်ယူကျင်းပရမည်'' ဟုပြဋ္ဌာန်းထားပါသည်။
ဖော်ပြပါ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်များအရဆိုလျှင် ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်သစ်ကို ၂ဝ၁၆ခုနှစ် ဖေဖော် ဝါရီ ပထမပတ်နောက်ဆုံးထား၍ ကျင်းပကြပါ လိမ့်မည်။ ထို့နောက်အခြေခံဥပဒေပုဒ်မ (၇၈) အရပြည်သူ့လွှတ်တော်ပထမအစည်းအဝေးကျင်းပ ပြီး ၁၅ ရက်အတွင်း ပြည်ထောင်စုလွှတ်တော်ကို ကျင်းပကြပါလိမ့်မည်။ အဆိုပါ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် သမ္မတကတင်သွင်းသည့် အစိုးရအဖွဲ့ကိုပြည်ထောင်စုလွှတ်တော်ကအတည် ပြုပါလိမ့်မည်။ ထိုသို့ဖြစ်ပေါ်လာမည့် အစိုးရ အဖွဲ့သစ်သို့ အာဏာလွှဲပြောင်းပေးပါလိမ့်မည်။ထို့သို့ဖြစ်ပေါ်လာမည့်အစိုးရအဖွဲ့သစ်သို့ အာဏာ လွှဲပြောင်းပေးပါလိမ့်မည်။ ဤလုပ်ငန်းစဉ်နှင့်ပတ် သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲရလဒ်အရ ဆောင် ရွက်ခဲ့မှုများကိုပြန်လည် လေ့လာကြည့်မိပါသည်။

union daily



ပစ်ချခံရသော ရုရှားစစ်လေယာဉ်မှ ဒုတိယလေယာဉ်မှုးကို ဆီးရီးယားတွင် ကယ်ဆယ်ထား ***********************

ပစ်ချခံရသော ရုရှားစစ်လေယာဉ်မှ ဒုတိယလေယာဉ်မှုးကို ဆီးရီးယားတွင် ကယ်ဆယ်ထား
****************************************************************************************

မော်စကို နိုဝင်ဘာ ၂၅
ရုရှားနှင့် ဆီးရီးယား အထူးတပ်ဖွဲ့ဝင်များသည် တူရကီစစ်တပ်မှ ပစ်ချလိုက်သော ရုရှား စစ်လေယာဉ်မှ ဒုတိယလေယာဉ်မှူးကို ကယ်ဆယ်ခဲ့ကြောင်း၊ ၄င်းမှာ ယခု ဆီးရီးယားရှိ ရုရှားလေတပ်အခြေစိုက်စခန်းတွင် ရှိနေကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ကပြောသည်။

ကာကွယ်ရေးဝန်ကြီး ဆာဂိုင် ရှောင်ဂူ က စစ်ဆင်ရေး အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း၊ ကျွန်တော်တို့၏ အခြေစိုက်စခန်းသို့ ဒုတိယ လေယာဉ်မှူးကို ခေါ်ဆောင်ခဲ့ကြောင်း၊ အသက်ရှင်လျှက်နှင့် ကျန်းကျန်းမာမာ ရှိကြောင်း ပြောသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည်လည်း ဒုတိယလေယာဉ်မှူးကို ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ အဆိုပါ လေယာဉ်မှူးနှင့်အတူ ကယ်ဆယ်မှု စစ်ဆင်ရေးတွင် အခြား ပါဝင်ခဲ့ကြသူများကို နိုင်ငံတော် ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်၊

Ref : CNA

#Democracytoday


မန်ချက်စတာမြို့ခံနှစ်သင်းစလုံး နိုင်ပွဲပျောက်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၅) ဒုတိယနေ့

မန်ချက်စတာမြို့ခံနှစ်သင်းစလုံး နိုင်ပွဲပျောက်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ် (၅) ဒုတိယနေ့

“ဂျုဗင်တပ်စ် ၁-၀ မန်ချက်စတာစီးတီး”

မနှစ်က ဖိုင်နယ်တက်ခဲ့တဲ့ အီတလီချန်ပီယံ ဂျုဗင်တပ်စ်ကတော့ အိမ်ကွင်းမှာ မန်ချက်စတာစီး တီးကို အနိုင်ရခဲ့လို့ အုပ်စုမှာ ထိပ်ဆုံးနေရာကိုရောက်ခဲ့ပါတယ်။ ဒီပွဲမှာ မန်ချက်စတာစီးတီးက အဂွဲရိုး၊ ယာယာတိုရေး၊ဒီဘရိုင်းနေးတို့ လူစုံနီးပါး ပါဝင်ခဲ့သလို၊ ဂျုဗင်တပ်စ်မှာလည်း ပေါ့ခ်ဘာ၊ ဒီဘာလာ၊ မန်ဇူးကစ်၊ မာခီစီယို၊ ခီလီနီတို့ပါဝင်ခဲ့ပါတယ်။ ပထမပိုင်းမှာ နှစ်သင်းစလုံးဂိုးသွင်းခွင့် တွေရခဲ့ကြပေမယ့် ဂျုဗင်တပ်စ်က အပိုင်အခွင့်အရေးကို အသုံးချခဲ့လို့ အနိုင်ရခဲ့တာပါ။ ပထမပိုင်း မှာ ၁၈ မိနစ်မှာ ဆန်ဒရိုပေးတာကို မန်ဇူးကစ်က လှလှပပပိတ်ပြီး ဒီပွဲရဲ့ တစ်လုံးတည်းသောဂိုးကို ရယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းစလုံး နောက်ထပ်အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ဘူဖွန် နဲ့ ဂျိုးလ်ဟတ်တို့ လက်စွမ်းပြခဲ့လို့ ဂျုဗင်တပ်စ်က ၁ ဂိုး ဂိုးမရှိနဲ့နိုင်ခဲ့တာပါ။ ဒီပွဲရှုံးခဲ့တဲ့ မန်ချက်စ တာစီးတီးဟာ အုပ်စု D မှာ ၉ မှတ်နဲ့ပဲ ဒုတိယနေရာကိုကျသွားပါတယ်။ မန်ချက်စတာစီးတီးဟာ အုပ်စုနောက်ဆုံးပွဲကို အိမ်ကွင်းမှာ မိုချန်ဂလာဘတ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ဂျုဗင်တပ်စ်က အဝေး ကွင်းမှာ ဆီဗီးလားနဲ့ ကစားရဖို့ရှိပြီး သရေကျရုံနဲ့ အုပ်စုပထမနေရာရရှိမှာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက် ၀-၀ PSV”

ဒီပွဲအနိုင်ရရင် နောက်တစ်ဆင့်တက်နိုင်မှာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်တို့ ဒီအခွင့်အ ရေးကိုမယူနိုင်ခဲ့ပါဘူး။ အထူးသဖြင့် ဒီပွဲမှာ မန်ယူက တိုက်စစ်အားသန်တဲ့ ကစားသမားတွေ လူစုံပါဝင်ခဲ့ပေမယ့် လိုအပ်နေတဲ့ အနိုင်ဂိုးကိုတော့မယူနိုင်ခဲ့ပါဘူး။ မန်ယူက ဘောလုံးပိုင်ဆိုင် မှုအသာနဲ့ ဖိကစားထားနိုင်ခဲ့ပြီး ဂိုးရဖို့ အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသ ရေကျခဲ့တာပါ။ ဒီပွဲသရေကျခဲ့တဲ့ မန်ယူဟာ နောက်ဆုံးပွဲမှာ ၀ုလ်ဖ်ဘတ်ကို အဝေးကွင်းမှာကစား ရမှာဖြစ်ပြီး အနိုင်ရမှ နောက်တစ်ဆင့်ကို တက်ဖို့သေချာမှာဖြစ်ပါတယ်။

အုပ်စုB မှာတော့ ဂျာမန်ကလပ် ၀ုလ်ဖ်ဘတ်က အဝေးကွင်းမှာ CSKAမော်စကိုကို နှစ်ဂိုးပြတ်နဲ့ နိုင်ခဲ့ပါတယ်။ အစောပိုင်းက ကစားတဲ့ ဒီပွဲမှာ ဒုတိယပိုင်း ၆၅ မိနစ်ကျော်အထိ ဂိုးမရှိသရေဖြစ် နေခဲ့ပြီး ၆၇ မိနစ်မှာ မော်စကို ဂိုးသမား အကင်ဖိဗ် ကိုယ့်ဂိုးကိုယ်ပြန်သွင်းခဲ့လို့ ၀ုလ်ဖ်ဘတ်ဦး ဆောင်ဂိုးရခဲ့ပါတယ်။ အဲ့ဒီနောက် ၈၈ မိနစ်မှာ ချယ်လ်ဆီးကစားသမားဟောင်း အန်ဒရီရှားလာ့ခ် က ဒုတိယဂိုးသွင်းခဲ့လို့ ၀ုလ်ဖ်ဘတ်က အဝေးကွင်းမှာ အဖိုးတန် ၃ မှတ်ရခဲ့တာပါ။

အုပ်စု A မှာတော့ ထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးယဲယ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ နှစ်သင်းစလုံးနိုင်ပြီး နောက်တစ်ဆင့်ကို တက်ခဲ့ပါပြီ။ ပီအက်စ်ဂျီက အဝေးကွင်းမှာ ဆွီဒင်ကလပ် မဲလ်မိုကို ၀-၅ဂိုး နဲ့ နိုင်ခဲ့တာဖြစ်ပြီး ရီးယဲယ်မက်ဒရစ်က ယူကရိန်းမှာ ရှက်တာဒိုးနက်စ်ကို ၃-၄ ဂိုးနဲ့ နိုင်ခဲ့တာဖြစ် ပါတယ်။ ပီအက်စ်ဂျီအတွက် ပထမပိုင်းမှာ ရာလီယို့စ်၊ ဒီမာရီယာတို့ ဂိုးတွေ သွင်းခဲ့ကြပြီး ဒုတိယပိုင်းမှာ အီဘရာဟီမိုဗစ်၊ ဒီမာရီယာနဲ့လူးကပ်စ်မိုရာတို့ ဂိုးထပ်သွင်းပေး ခဲ့ကြလို့ ၅ ဂိုးပြတ်နဲ့ နိုင်ခဲ့တာပါ။

ဖိအားတွေများနေတဲ့ ရီးယဲယ်မက်ဒရစ်ကလည်း ယူကရိန်းမှာ ရှက်တာဒိုးနက်စ်ကို အကြိတ်အနယ်နဲ့ နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲယ်က ကွင်းလယ်မှာ လူအပြောင်းအလဲ အနည်းငယ်လုပ်ခဲ့တာကလွဲပြီး ဘာစီလိုနာနဲ့ ပွဲက လူစာရင်းအတိုင်း ပွဲထွက်ခဲ့ပါတယ်။ အုပ်စုထိပ်ဆုံးနေရာအတွက် ရီးယဲယ်က အနိုင်ရဖို့ ဖိကစားထားခဲ့ပြီး ပထမပိုင်းမှာ ရော်နယ်လ်ဒိုရဲ့ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ လူကာမိုဒရစ်၊ ဒန်နီကာဗာဂျယ်နဲ့ ရော်နယ်လ်ဒို တို့ ဂိုးတွေသွင်းခဲ့လို့ ၄ ဂိုးပြတ်နဲ့ နိုင်နေခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ရှက်တာဒိုးနက်စ်က ၃ ဂိုးပြန်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ ၃-၄ ဂိုးနဲ့ ရီးယဲယ် နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့ ရီးယဲယ်ဟာ အုပ်စုပထမနေရာသေချာသွားခဲ့ပါတယ်။

“ချန်ပီယံလိဂ်ရလဒ်များ”

မဲလ်မို ၀-၅ ပီအက်စ်ဂျီ

ရှက်တာဒိုးနက်စ် ၃-၄ ရီးယဲယ်မက်ဒရစ်

CSKA မော်စကို ၀-၂ ၀ုလ်ဖ်ဘတ်

မန်ချက်စတာယူနိုက်တက် ၀-၀ PSV

အဆန်တာ ၂-၂ ဘင်ဖီကာ

အက်သလက်တီကို မက်ဒရစ် ၂-၀ ဂါလာတာစာရေး

မိုချန်ဂလာဘတ် ၄-၂ ဆီဗီးလား

ဂျုဗင်တပ်စ် ၁-၀ မန်ချက်စတာစီးတီး

“ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့အသင်းများ”

“အုပ်စုA”

ရီးယဲယ်မက်ဒရစ် ( ပထမ)

ပီအက်စ်ဂျီ (ဒုတိယ)

“အုပ်စုC”

ဘင်ဖီကာ

အက်သလက်တီကိုမက်ဒရစ်

“အုပ်စုD”

ဂျုဗင်တပ်စ်

မန်ချက်စတာစီးတီး

“အုပ်စုE”

ဘာစီလိုနာ (ပထမ)

“F”

ဘိုင်ယန်မြူးနစ်( ပထမ)

“H”

ဇင်းနစ်( ပထမ)

ရှုံးထွက်အဆင့်၁၆ သင်းစာရင်းကို ပရီးမီးယားလိဂ်က မန်ချက်စတာစီးတီး တစ်သင်းပဲ တက်ရောက်နိုင်သေးပြီး၊ စပိန်လာလီဂါက ဘာစီလိုနာ၊ ရီးယဲယ်မက်ဒရစ်၊ အက်သလက်တီ ကိုမက်ဒရစ်တို့ တက်ရောက်နိုင်ခဲ့ကာ စီးရီးအေက ဂျုဗင်တပ်စ်၊ ဂျာမန်ဘွန်ဒက်စ်လီဂါက ဘိုင်ယန်မြူးနစ်၊ ပြင်သစ်က PSG ၊ ရုရှားက ဇင်းနစ်နဲ့ ပေါ်တူဂီက ဘင်ဖီကာတို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။

ပရီးမီးယာလိဂ်ကလပ်တွေကတော့အုပ်စု နောက်ဆုံးပွဲမှာ နောက်တစ်ဆင့်တက်ရေးအတွက် အနိုင်ရဖို့လိုအပ်နေပါပြီ။

“အိုလံပီယာကော့စ် - အာဆင်နယ်”

( ပထမအကျော့ အီမရိတ်မှာ၂-၃ ဂိုးနဲ့ ရှုံးထား)

နောက်တစ်ဆင့်တက်ဖို့ နှစ်ဂိုးပြတ်အနိုင်ရဖို့လိုအပ်နေ( ၂-၃၊ ၃-၄ အထက်နဲ့ နိုင်လည်း ဂိုးကွာခြားချက်နဲ့ တက်နိုင်)

“ချယ်လ်ဆီး - ပေါ်တို”

(ချယ်လ်ဆီးအနေနဲ့ အိမ်ကွင်းမှာသရေတစ်မှတ်ရရုံနဲ့ Head to Head, ဂိုးကွာခြားချက်တွေနဲ့ နောက်တစ်ဆင့်တက်နိုင်မှာ)

(ဒီနမိုကိဗ် နောက်ဆုံးပွဲမှာ အနိုင်ရပြီး ချယ်လ်ဆီးနဲ့ ပေါ်တိုသရေကျခဲ့ပါက သုံးသင်း ၁၁ မှတ်စီတူညီမှာဖြစ်ပါတယ်)

၃ သင်းရမှတ်တူရင် Head to Head, Goal Different, Most Goal တွေကိုကြည့်ရမှာဖြစ်ပါတယ်)

“၀ုလ်ဖ်ဘတ် - မန်ချက်စတာယူနိုက်တက်”

(မန်ချက်စတာယူနိုက်တက်အနေနဲ့ အနိုင်ရမှ နောက်တစ်ဆင့်ကိုတက်ဖို့သေချာမှာဖြစ်ပါတယ်။)



ဖားကန့်မြေပြိုမှု၌ သေဆုံးသူမိသားစုဝင်များကို ထောက်ပံ့ငွေများပေးအပ် ===============================================

ဖားကန့်မြေပြိုမှု၌ သေဆုံးသူမိသားစုဝင်များကို ထောက်ပံ့ငွေများပေးအပ်
===============================================

ဖားကန့် နိုဝင်ဘာ ၂၅

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနှင့် အဖွဲ့သည် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ကန်ခါ ကျေးရွာအနောက်ဘက်ရှိ စွန့်ပစ်မြေစာပုံပြိုကျရာသို့ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီက ရောက်ရှိပြီး မြေစာ ပြိုကျသည့်နေရာတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက် နေမှုကို ကြည့်ရှုသည်။

ဆက်လက်၍ တောင်းကော့ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ သေဆုံးသူများ၏ မိသားစုဝင်များအား အားပေးစကားပြောကြားကာ ပြည်နယ်အစိုးရအဖွဲ့ မှ သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ၁၁၄ သိန်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ နှစ်သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန မှ အမည်သိသေဆုံးသူ ၈၃ ဦးအတွက် ၈၃ သိန်း၊ မြန်မာ နိုင်ငံကြက်ခြေနီအသင်းမှ အမည်သိသေဆုံးသူ ၈၃ ဦး အတွက် ၈၃ သိန်း၊ ဖားကန့်မြို့နယ်မှ ဆန် ၁၁၄ အိတ် နှင့် ဆီ ၂၂၈ ပိဿာ၊ သတ္တုတွင်းဝန်ကြီးဌာနနှင့် ကျောက် မျက်လုပ်ငန်းရှင်များအသင်းမှ သေဆုံးသူတစ်ဦးလျှင် သုံးသိန်းနှုန်းဖြင့် ၃၄၂ သိန်း ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၂၅ ရက် နံနက် ၇ နာရီခွဲတွင် စုပေါင်းရုံးခန်းမ၌ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးနိုင်ဦး(ဖားကန့်)



Wednesday, November 25, 2015

ပြည်သူလူထုအားအဖြစ်မှန်ကို လေးစားစွာအသိပေးခြင်း။



ပြည်သူလူထုအားအဖြစ်မှန်ကို  လေးစားစွာအသိပေးခြင်း။

ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလမှာတော်ဝင်နှင်းဆီပိုင်ရှင်ဦးစိုးညွန့်ကကျွန်မအပေါ်မှာမမှန်မကန်စွပ်စွဲရေးသားချက်တွေပါတဲ့စာအုပ်တစ်အုပ်ရေးသားထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီစာအုပ်ထဲမှာပါတဲ့အချို့ ကိစ္စတွေဟာကျွန်မလုံးဝမသိရှိခဲ့တဲ့အပြင်နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေးအရ များစွာနစ်နာမှုများရှိခဲ့ပါတယ်။  ဥပမာ ဥပဒေအရအရေးတကြီးဖြေရှင်းဖို့လိုတဲ့အချက်ကကျွန်မဟာ၂၀၁၀ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့စဉ်ကမည်သူတစ်ဦးတစ်ယောက်ထံမှရွေးကောက်ပွဲရံပုံငွေရယူခဲ့ခြင်းမရှိပါဆိုတာပါပဲ။ ဒီအတိုင်းပဲတရားရုံးမှာကျမ်းကျိမ်ခဲ့ပြီးလည်းဖြစ်ပါတယ်။ ဒီစာအုပ်မှာပါတဲ့စွပ်စွဲချက်တစ်ခုဖြစ်တဲ့ အန်တီဒေါ်အောင်ဆန်းစုကြည်က ဦးခွန်သာမြင့် မှတဆင့်ညွှန်ကြားလို့ဦးစိုးညွန့်ကဗဟန်းမြို့နယ်တွင်ဒီမိုကရက်တစ်ပါတီအောင်နိုင်ရေးအတွက်ဦးသုဝေကိုအောင်နိုင်ရေးရန်ပုံငွေလှူဒါန်းခဲ့ကြောင်း။ ယင်းတို့ထောက်ခံအားပေးမှုဖြင့်ဒေါက်တာညိုညိုသင်းနှင့်ဦးမြင့်ကြည်တို့မှာထင်ပေါ်ကျော်ကြားသူများဖြစ်လာသည်ဆိုတဲ့အချက်မမှန်ကန်ကြောင်းချေပဖို့လိုလာပါတယ်။  ဒီလိုမှမရှင်းလင်းပေးရင်ကျွန်မဟာလိမ်လည်ကျမ်းကျိန်သူအဖြစ်လက်ရှိအနေအထားဖြစ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်ကိုပါပျက်ယွင်းစေပါတယ်။
သည်ကိစ္စအပါအဝင် တခြား တရားမဲ့ပြုကျင့်ခံရမှုများအတွက်အောက်တိုဘာလလယ်မှာမြို့နယ်ကော်မရှင်ကပါတီစုံညိနှိုင်းရေးကော်မတီခေါ်ယူပြီးညှိုနှိုင်းဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ကာယကံရှင်များကလာရောက်ခြင်းမရှိပဲတရားစွဲဆိုနိုင်ကြောင်းတစ်ဆင့်စကားပြန်ကြားခဲ့ပါတယ်။ ပါတီအကြီးအကဲများကိုလဲစာဖြင့် phone ဖြင့် ကိုယ်တိုင် လးစားစွာ အသိပေးခဲ့ပါတယ်။
ကြားထဲမှာလည်း NLD မှမိတ်ဆွေလူကြီးလူကောင်းများမှတစ်ဆင့်ညှိနှိုင်း အဖြေရှာဖို့ နှစ်ဖက်ကြိုးစားခဲ့ပါတယ်။  နောက်ဆုံးအဖြေထွက်မလာသေးသဖြင့် ဥပဒေအရ သတ်မှတ်ထားတဲ့နောက်ဆုံးရက်မှာမှ ရဲစခန်းတွင် FIR ပထမသတင်းပေးတိုင်ချက်ဖွင့်ရခြင်းဖြစ်ပါတယ်။  ဥပဒေပညာဖြင့် ပြည်သူများအပေါ်မတရားမှုများကိုကာကွယ်ရန်အမြဲကြိုးစားခဲ့သူကျွန်မအနေနဲ့ ထိုမမှန်ကန်မှုများကို မျက်ကွယ်ပြုမယ်ဆိုရင် ကျွန်မရဲ့ပညာနှင့်နိုင်ငံရေးရပ် တည်ချက်ဆိုတာမေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်။
ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲဥပဒေကိုဖောက်ဖျက်ပြီးအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းတချို့ အပေါ်မှာမမှန်မကန်အပုတ်ချတိုက်ခိုက်မှု့ တွေရှိခဲ့ပါတယ်။ ဒီလိုမတရားခံရတဲ့အမျိုးသမီးများကိုယ်စား ဥပဒေသမားတစ်ယောက်အနေနဲ့ အခုလို ချိုးဖောက်သူများကိုသတိပေးခြင်းအားဖြင့် နောင်မှာဒီလိုတွေ မဖြစ်အောင်လို့ရည်ရွယ်ပါတယ်။
ကြားထဲမှာလည်း NLD မှမိတ်ဆွေလူကြီးလူကောင်းများမှတစ်ဆင့်ညှိုနှိုင်းအဖြေရှာဖို့ နှစ်ဖက်ကြိုးစားခဲ့ပါတယ်။  နောက်ဆုံးမလွှဲသာလို့ဥပဒေအရ သတ်မှတ်ထားတဲ့နောက်ဆုံးရက်မှာမှ ရဲစခန်းတွင် ပထမသတင်းပေးတိုင်ချက်ဖွင့်ရခြင်းဖြစ်ပါတယ်။
တကယ်တော့ဒါဟာရွေးကောက်ပွဲကန့်ကွက်လွှာတင်ခြင်း မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုရေးအတွက်လွှတ်တော်ကိုယ်စားလှယ်လောင်းတိုင်း ဖြစ်စဉ်များကိုတင်ပြရန်တာဝန်ရှိလို့ တင်ပြရခြင်းဖြစ်ပါတယ်။
ကာယကံရှင်များက နားလည်မှုလွဲမှားပြီးရေးသားထုတ်ဝေခဲ့ခြင်းဖြစ်တယ်လို့ sorry စကားဆိုရင်တော့ ဒီမှာတင်ပဲ အားလုံးအေးချမ်းစွာပြီးဆုံးသွားလိမ့်မယ်။ အစစအရာရာအဆင်ပြေသွားဖို့မျှော်လင့်နေပါတယ်။ ကျေးဇူးတင်ပါတယ်။(ညိုညိုသင်း)