Wednesday, November 18, 2015

အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ကောင်းမြတ်ထွဋ်ကတော့ သမ္မတနဲ့ တပ်မတော်ကို အာဏာသိမ်းဖို့ စကားတွေကို ပေါ်ပေါ်တင်တင်ကြီးပဲ ပြောခဲ့ပါတယ်။ သူပြောတာကို လေ့လာကြည့်ပါဦး။

အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဌ ကောင်းမြတ်ထွဋ်ကတော့ သမ္မတနဲ့ တပ်မတော်ကို အာဏာသိမ်းဖို့  စကားတွေကို ပေါ်ပေါ်တင်တင်ကြီးပဲ ပြောခဲ့ပါတယ်။ သူပြောတာကို လေ့လာကြည့်ပါဦး။

“ယခုအခါ စာရင်းအင်းတက်လာသော ရွေးကောက်ပွဲ ရလဒ်များအရ အစိုးရတရပ်ဖွဲ့နိုင်ရန် အလားလာရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ရွေးကောက်ပွဲမတိုင်မှီနှင့် ရွေးကောက်ပွဲအပြီး ပြည်တွင်းနှင့် နိုင်ငံတကာသို့ သမ္မတအထက်တွင် ၄င်းက တည်ရှိနေမည့် နိုင်ငံကို ဦးဆောင်သွားမည်။ မြန်မာနိုင်ငံတွင် ၄င်းတို့ တင်မြှောက်မည့် သမ္မတသည် အာဏာတစုံတရာ မရှိဘဲ ၎င်းကသာ ညွှန်ကြားစေခိုင်းမည်၊ စသော သဘော အဓိပ္ပါယ်ရသည့် အချက်များကို ထပ်ခါထပ်ခါ ရည်ရွယ်ချက်ရှိရှိ ဦးတည်ပြောကြားနေကြောင်း တွေ့ရပါသည်။ တိုအပြင် ရွေးကောက်ပွဲ မတိုင်မှီ ငြီမ်းချမ်းရေး လက်မှတ်ထိုးမှုကို ရှောင်လွှဲခဲ့သည့် ဝ အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအား ကမ်းလှမ်းခဲ့မှုသည်လည်းကောင်း၊ ရွေးကောက်ပွဲပြီးကာစ ၎င်းတို့၏ မဟာမိတ် SSPP/SSA တို့က ပြင်းထန်သော တိုက်ပွဲများ စတင်လာခြင်းသည်လည်းကောင်း ဆက်စပ် တွေ့ရှိရပါသည်။

အထက်ဖော်ပြပါ အချက်နှစ်ချက်နှင့် လက်ရှိနိုင်ငံရေး အခင်းအကျင်းကို ယှဉ်တွဲ စဉ်းစားမည်ဆိုလျှင် ပြည်တောင်စု မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အချုပ်အခြာ အာဏာပိုင်မှုကို (၁) နိုင်ငံရေးအရ (၂) စစ်ရေးအရ ထိပါးစော်ကားမှုများ ရှိနေပြီဟု မြန်မာအမျိုးသား ကွန်ဂရက်ပါတီက မှတ်ယူပါတယ်။ သို့ပါ၍ နိုင်ငံအကြီးအကဲဖြစ်သော နိုင်ငံတော် သမ္မတကြီးအနေဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုသော မြန်မာနိုင်ငံသားများအပေါ် ရင်ဝယ်သားကဲ့သို့ သက်ညှာ စောင့်ရှောက်သောအားဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့်အညီ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ ဖြစ်သင့်ဖြစ်ထိုက်သည်များ ဆောင်ရွက်သင့် ဆောင်ရွက်ထိုက်သည်များကို စတင်နိုင်ပါရန် ရိုသေလေးစားစွာ ပန်ကြားအပ်ပါသည်။”

ဆိုပြီး ဖြစ်ပါတယ်။

mizzimaburmese.com


No comments: