ဒါအစ်ရှ်ကို လုံးဝအမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် လေယာဉ်တင်သင်္ဘောတစ်စီး ပြင်သစ်စေလွှတ်
တနင်္လာ၊ နိုဝင်ဘာ ၁၆၊ ၂၀၁၅
ဒါအစ်ရှ်အကြမ်းဖက်များကို လုံးဝအမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် ပြင်သစ်မှ နျူးကလီးယားစွမ်းအားတပ် ချားလ်စ်ဒီဂေါလ် လေယာဉ်တင်သင်္ဘောကို စေလွှတ်နေသည်ဟု ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန်း က ပြောကြားသည်။
လေယာဉ်တင်သင်္ဘောသည် အရှေ့အလယ်ပိုင်းသို့ ကြာသပတေးနေ့တွင် ထွက်ခွာမည်ဖြစ်ပြီး ယင်းလှုပ်ရှားမှုက "ကျွန်ုပ်တို့၏စစ်အင်အားကို သုံးဆတက်စေလိမ့်မည်" ဟု တနင်္လာနေ့က ဗာဆိုင်းလ်စ် နန်းတော်၌ ပြုလုပ်သော ပါလီမန်အရေးပေါ်အစည်းအဝေးတွင် အော်လန်းက ပြောကြားခဲ့သည်။
"ကျွန်တော်ပြောနေတာ ဒါအစ်ရှ်ကို ဟန့်တား၊ တားဆီးဖို့အကြောင်း မဟုတ်ပါဘူး၊ လုံးဝ အမြစ်ပြတ်သုတ်သင်ရှင်းလင်းဖို့အကြောင်း ပြောနေတာဖြစ်ပါတယ်" ဟု အော်လန်း က ပြောကြားခဲ့သည်။
ချားလ်စ်ဒီဂေါလ် လေယာဉ်တင်သင်္ဘောအနေဖြင့် ယခုတစ်ကြိမ်သည် ဒေသတွင်း၌ ဒုတိယအကြိမ် တပ်စွဲခဲ့ရခြင်းဖြစ်ပေသည်။ ပထမအကြိမ်ခရီးစဉ်၌မူ အီရတ်ရှိပစ်မှတ်များကိုသာ အဓိကထားခဲ့သည်။ သို့သော် ဒါအစ်က ၎င်းတို့လက်ချက်ပါဟု ကြွေးကြော်ခဲ့သော ပြီးခဲ့သည့်အပတ်က အကြမ်းဖက်တိုက်ခိုက်မှုများ ပါရီတွင် ဖြစ်ပွားခဲ့ပြီးသည့်နောက်တွင် ပြင်သစ်မှ ဆီးရီးယားရှိအကြမ်းဖက်ပစ်မှတ်များကို "ကြီးမားလှသော"ထိုးစစ်တစ်ခု ဆင်နွှဲခဲ့သည်။
ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနမှ တနင်္ဂနွေနေ့က ထုတ်ပြန်သော ကြေငြာချက်အရ ဗုံးကြဲလေယာဉ် ၁၀ စင်းပါဝင်သော စစ်လေယာဉ် ၁၂ စင်းမှ ဒါအစ်ရှ်၏ (တရားမဝင်ဖြစ်သော်လည်း တရားဝင်သဖွယ်ဖြစ်နေသော)မြို့တော် ရက္ကာဟ်၌ ဗုံး အကြိမ် ၂၀ ကြဲချခဲ့သည်။
ဂျက်တိုက်လေယာဉ်များသည် ဂျော်ဒန် နှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့ရှိ အခြေစိုက်စခန်းများမှ ထွက်ခွာခဲ့ပြီး ဒါအစ်ရှ်အကြမ်းဖက်များအား တိုက်ခိုက်ရာ၌ ဦးဆောင်သူနေရာယူထားသည့် အမေရိကန်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ကြေငြာချက်၌ ရေးသားထားသည်။
ပြင်သစ်သည် ၎င်း၏ ဆီးရီးယားတွင်ပြုလုပ်နေသော လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်မည်၊ လာမည့်အပတ်များထိတိုင် ဆင်နွှဲနေဦးမည်ဟု အော်လန်မှ ကြေငြာခဲ့သည်။
"ပါရီက အကြမ်းဖက်တိုက်ခိုက်မှုကို စပွန်ဆာသမားတွေသိရမှာက သူတို့ရဲ့ရာဇဝတ်မှုက သူတို့ကို တိုက်ခိုက်ဖျက်ဆီးပစ်ဖို့ဆိုတဲ့ ပြင်သစ်ရဲ့ဆုံးဖြတ်ချက်ကို ပိုပြီးတော့တောင် ခိုင်ကျည်သွားစေတယ်" ဟု အော်လန်မှ ပြောကြားခဲ့သည်။
သောကြာနေ့ညပိုင်းက အကြမ်းဖက်သမားများက ပြင်သစ်မြို့တော်ပါရီရှိ နေရာအနှံ့အပြား၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ အနည်းဆုံး လူ ၁၃၂ ဦး သေဆုံးပြီး ၃၅၀ ကျော် ဒဏ်ရာရရှိသည်။
ဒမတ်စကတ်အစိုးရကို မတည်မငြိမ်ဖြစ်စေရန်အတွက် CIA မှ ဂျော်ဒန်တွင် ၂၀၁၂ ခုနှစ်က လေ့ကျင့်ပေးခဲ့သော ဒါအစ်ရှ်အကြမ်းဖက်များသည် ယခုအခါ ဆီးရီးယား နှင့် အီရတ်ရှိ နယ်မြေများကို သိမ်းပိုက်ထားသည်။ ၎င်းတို့သိမ်းပိုက်ထားသော နယ်မြေများတွင်လည်း လူမဆန်သော ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြသည်။
ဓာတ်ပုံများ
- ပြင်သစ်လေယာဉ်တင်သဘောင်္ "ချားလ်စ်ဒီဂေါလ်" (ပြင်သစ်ရေတပ်)
- ၂၀၁၅၊ နိုဝင်ဘာ ၁၆ နေ့ ဗာဆိုင်းလ်စ်နန်းတော်၊ ပါလီမန်အစည်းအဝေး၌ ပြင်သစ်သမ္မတ ဖရန်ဆွာ အော်လန် မှ မိန့်ခွန်းပြောကြားနေပုံ
---------------------------
France sending aircraft carrier to totally eliminate Daesh: Hollande
Mon Nov 16, 2015 10:4PM
France is sending its nuclear-powered Charles de Gaulle aircraft carrier to “totally eliminate” the Daesh Takfiri terrorists, says French President Francois Hollande.
The carrier would leave for the Middle East on Thursday and that such a move will “triple our military power,” said Hollande during a parliament emergency meeting in Versailles on Monday.
“I am not talking about deterring the Daesh but about eliminating it totally," he said.
The deployment will be the de Gaulle’s second in the region, although during its initial tour it focused primarily on targets in Iraq. However, following last week's terror attacks on Paris, claimed by Daesh, France started a “massive” offensive against Takfiri targets in Syria.
According to a statement released by France’s Defense Ministry on Sunday, 12 warplanes, including 10 fighter bombers, dropped 20 bombs on Takfiri targets in Daesh’s de facto capital Raqqah.
The jets had left from bases in Jordan and the United Arab Emirates to conduct the mission in coordination with US forces, at the head of a so-called coalition against the Takfiris, the statement added.
Hollande also announced that his country will step up its airstrikes in Syria and they will continue "in the weeks to come."
“The sponsors of the attack in Paris must know that their crimes further strengthen the determination of France to fight and to destroy them," he added.
At least 132 people were killed and 350 others injured after assailants struck several different venues in the French capital late on Friday.
Daesh terrorists, who were initially trained by the CIA in Jordan in 2012 to destabilize the government in Damascus, now control parts of Syria and Iraq. They have been engaged in crimes against humanity in the areas under their control.
France’s Charles de Gaulle nuclear aircraft carrier (French Navy)
French President Francois Hollande looks on as he delivers a speech to MPs during an exceptional joint gathering of parliament in Versailles on November 16, 2015. (AFP)
http://www.presstv.ir/Detail/2015/11/16/437942/France-aircraft-carrier-Daesh-Syria--
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, November 17, 2015
ဒါအစ်ရှ်ကို လုံးဝအမြစ်ပြတ်သုတ်သင်ရှင်းလင်းရန် လေယာဉ်တင်သင်္ဘောတစ်စီး ပြင်သစ်စေလွှတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment