Monday, November 23, 2015
ဗိုလ်မှူးကျော်နုမော် ရဲ့  အမှုကိစ္စ နဲ့ ပတ်သက်လို့  ... အွန်လိုင်းပေါ်က မှတ်ချက်တွေကို ... ဂရုတစိုက် ဖတ်ကြည့်တော့ ... အကြမ်းဖျဉ်း ဒီလိုခွဲခြားတွေ့ ရတယ် ...
ဗိုလ်မှူးကျော်နုမော် ရဲ့ အမှုကိစ္စ နဲ့ ပတ်သက်လို့  ...
အွန်လိုင်းပေါ်က မှတ်ချက်တွေကို ...
ဂရုတစိုက် ဖတ်ကြည့်တော့ ...
အကြမ်းဖျဉ်း ဒီလိုခွဲခြားတွေ့ ရတယ် ...
ပထမအုပ်စုက ...
ကလေးလေး နှိပ်စက်ညှင်းပမ်းခံရတာကို ...
သနားကရုဏာသက်တဲ့  သူတွေ ....
ဒုတိယအုပ်စုက ကလေးကိစ္စအပြင်
ချမ်းသာနေတဲ့ ကိစ္စပါ ပါလာတယ် ...
ဗိုလ်မှူးအဆင့်နဲ့  ...
ဒီလောက်အိမ်ပိုင်ရမလား ဆိုတဲ့  အယူအဆမျိုး ...
တတိယအုပ်စုကတော့ အိုဗာအုပ်စု ...
ဒီကိစ္စအတွက် ....
တပ်ချုပ်က တောင်းပန်ရမယ်ဆိုတာတောင် ...
တွေ့ မိသေးတယ် ...
အသေအချာ စဉ်းစားနေမိတယ် ...
ပထမအချက်က ကျွန်တော်တို့ နိုင်ငံမှာ ....
ဆင်းရဲချမ်းသာ ကွာဟမှု မြင့်တယ် ...
ချမ်းသာသူက လူနည်းစု ...
ယေဘုယျအားဖြင့် ဒီချမ်းသာတဲ့  လူနည်းစုဟာ ...
လူများစုရဲ့ မျက်မုန်းကျိုးခြင်းခံရတယ် ...
ဒုတိယကတော့ ....
တပ်မတော်ဟာ ၂၂ နှစ် အာဏာသိမ်းခဲ့စဉ်က ...
ထင်သလို လုပ်ခဲ့တဲ့  အကျိုးဆက်ကို ...
ဒီနေ့ ထိ လူမုန်းခံနေရတုန်းပဲ ...
ဒီအချက်နှစ်ချက်ကို ...
အထင်အရှားတွေ့ ရတယ် ...
ဒီကိစ္စမှာ...
ကျော်နုမော်သာ ဒီလောက် မချမ်းသာခဲ့လျှင် ...
ကျော်နုမော်သာ တပ်က ဗိုလ်မှူးမဟုတ်ခဲ့လျှင် ....
ဒီပြသနာဟာ ဒီလောက်ကြီးထွားလာမယ် မဟုတ် ...
ဒီနှစ်ခုပေါင်းစပ်သွားလို့ သာ ...
ဒီလောက်ကြီးကျယ်လာရခြင်း ဖြစ်တယ် ...
ကျွန်တော်တို့ တပ်မတော်ဟာ ...
တစ်ချို့ ကိစ္စတွေကို ...
အလေးအနက် ပြန်စဉ်းစားသုံးသပ်သင့်နေပြီ ...
လက်ရှိ အနေအထားဟာ ...
ကျွန်တော်တို့ ကို ...
တစ်ဖက်သတ် ၀ိုင်းတွယ်သလို ဖြစ်နေတယ် ....
ဒါကို ကျွန်တော်တို့  ဘယ်လိုအစီအစဉ်နဲ့  ခုခံမလဲ ?
ဘယ်လို တုန့် ပြန်မလဲ ?
တစ်ချို့ ကိစ္စတွေကတော့ ...
ကျွန်တော်တို့ ကိုယ်တိုင်လဲ ....
ပြင်သင့်တာတွေ ပြင်ရမယ် ....
မသမာမှု ခြစားမှုဆိုတာ ...
နိုင်ငံတိုင်းမှာ ...
အတော်ဖြေရှင်းရခက်တဲ့ ပြသနာဖြစ်တယ် ...
သို့ သော် သက်ဆိုင်ရာ စနစ်လေးတွေကိုတော့ ...
ပြန်သုံးသပ်ကြည့်ဖို့  လိုမယ်ထင်တယ် ...
ဥပမာ - အာမီရမ်လို ကိစ္စ ..
အရင်က အာမီရမ်ဟာ စက်ရုံမှာတောင် ...
အတုယူမလား အစစ်ယူမလား မေးခံရတဲ့  အနေအထား ...
ဒါပေမယ့် အခု ...
ပြင်ပတွင် ရောင်းချခွင့်မပြုဆိုတော့ ...
ဈေးကွက်ပျောက်သွားတယ် ...
ဈေးကွက်ပျောက်တော့ ...
အတုလဲ မထွက်လာတော့ဘူး ...
စနစ်ကို ပြင်လိုက်လို့  ...
အဆင်ပြေသွားတာကို ထောက်ပြချင်တာပါ ...
ခေတ်အဆက်ဆက် ...
ဂျီအီးတို့ ထောက်လှမ်းရေးတို့  ...
ထောက်ပို့ တို့ က လူတွေဟာ ...
များသောအားဖြင့် ...
အဆင်ပြေကြ ချမ်းသာကြတာ များတယ် ....
ဒါကို ဘယ်လိုကာကွယ်မလဲ ...
ဘယ်လိုထိန်းချုပ်မလဲ ....
ကျွန်တော်တို့  ပြန်သုံးသပ်ရင် ကောင်းမယ်ထင်တယ် ...
လက်ရှိ အခြေအနေဟာ ....
မင်းတို့ ရော ဘယ်လောက်ကောင်းလို့ လဲဆိုပြီး ...
အရပ်သားကို ပြန်လက်ညှိးထိုးနေလို့  ...
အဆင်မပြေနိုင်တော့ဘူး  ...
ဆောက်လုပ်ရေးက အရပ်သားအင်ဂျင်နီယာတွေ ...
သိန်းသောင်းချီ ချမ်းသာနေတာ တစ်ပုံကြီးပါ ....
ကိုယ့်လက်အောက်က အရပ်သားတပည့်တွေကို ...
အိမ်မှာခေါ်ခိုင်းနေတဲ့ အရပ်သားဆရာတွေလဲ အများကြီးပါ ...
လူတွေကိုး ...
လူတွေဆိုတော့ ဒီလိုကိစ္စတွေဟာ ...
နေရာတိုင်း နယ်ပယ်တိုင်းမှာ ရှိကြတယ် ....
သို့ သော် လက်ရှိအခြေအနေကတော့ ...
သူများတွေ ဘယ်လိုလုပ်လုပ် ဘာဖြစ်ဖြစ် ...
သိပ် ပြသနာ မရှိပါ ....
ကျွန်တော်တို့  တစ်ခုခုဖြစ်လိုက်တိုင်း ...
ကျွန်တော်တို့ ကို ၀ိုင်းဝိုင်းတွယ်ကြမှာပါ ...
ဒါ အရှိတရားပါပဲ ...
မြေပြင် အခြေအနေပါပဲ ....
ဘယ်လိုပဲဖြစ်ဖြစ် ....
ကျွန်တော်တို့ ဟာ ...
တစ်ဦး နဲ့  တစ်ဦး ပိုပြီး ချစ်ကြခင်ကြ ...
အသက်ပေးပြီး လက်တွဲလုပ်ကိုင်ကြတဲ့  ...
မင်းတို့ လဲ ဒါမျိုးတွေ ရှိတာပဲ ...
ငါတို့ လဲ ရှိမှာပေါ့လို့  ...
နေရာတကာ အပြင်လူတွေ အရပ်သားတွေနဲ့  ....
လိုက်တုနေလို့  မဖြစ်ပေပြန်ဘူး ...
ကျွန်တော်တို့  ...
ကိုယ့်တာကို ကိုယ်လုံအောင်လုပ်ရမယ် ....
သူများ တာကျိုးရင် ဘာမှမဖြစ် ...
ကျွန်တော်တို့ ကျိုးရင် ....
( ရဲမိုး )
No comments: