Friday, November 20, 2015

မနေ့ညက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား)ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ကိုနေရွှေသွေးအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံတဲ့သတင်းနဲ့ပတ်သက်လို့ The Voices မှာရေးသားဖော်ပြတာတွေတွေ့ရပါတယ်။

မနေ့ညက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(အငြိမ်းစား)ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေး ကိုနေရွှေသွေးအောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံတဲ့သတင်းနဲ့ပတ်သက်လို့ The Voices မှာရေးသားဖော်ပြတာတွေတွေ့ရပါတယ်။ အောက်က commentsတွေလည်းဖတ်ကြည့်တယ်။ စိတ်ထဲမှာတော့ကြိတ်ပြုံးမိပါတယ်။

❆ ❆ ❆  ကျနော်တင်ပြပါ့မယ်.... တပ်မတော်သမိုင်းနဲ့ မြန်မာနိုင်ငံရဲ့သမိုင်း ဘယ်လိုမှခွဲခြားလို့မရပါဘူး။ ရှည်ရှည်ဝေးဝေးထက် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀အတွင်းဆောင်ရွက်ချက်တွေပါ။ နှစ်ပေါင်း(၂၀)ကျော်ငြိမ်ဝပ်ပိပြားအောင်
အုပ်ချုပ်ခဲ့တယ်။ပြည်သူတောင့်တတယ်ဆို
တဲ့ဒီမိုကရေစီစနစ်ကိုအစပြုလမ်းခင်းပေးနိုင်ခဲ့
တယ်။ နိုင်ငံအတွက်ရော၊ တပ်မတော်အတွက်ရောအ
ကောင်းဆုံးခေါင်းဆောင်ပေးနိုင်မည့် ၊ လုပ်ပေးနိုင်မဲ့လူကြီးတွေ
လက်ထဲထည့်ပေးနိုင်ခဲ့တယ်။

❆ ❆ ❆အချိန်တန်ပြီယူဆလို့ရာဇပလ္လင်က အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်လွှဲပြောင်းပေး
သွားတယ်။ ဒီလိုလူအတွက်ပြန်ငဲ့စရာဘာမှမ
ရှိပါဘူး။ ကြောက်လို့သွားတောင်းပန်တာလဲမဟုတ်သလို တောင်းပန်စရာလဲအကြောင်းမရှိပါဘူး။ နောက်ကျောလုံပါလိမ့်မည်။

#မမှားခဲ့တဲ့အတွက်...အခုတွေ့ဆုံမှုကို
#တောင်းပန်တာလို့မထင်နဲ့။
#စိတ်တောင်မကူးဘူးဗျာ...ရှင်းရှင်းပဲ ။
အဲလိုပြောလို့ ရွေးကောက်ပွဲရလဒ်တွေ လွှတ်တော်တွေ အရင်ခေတ်လိုတွေဘာတွေ လျောက်လဲတွေးမနေကြပါနဲ့။ စိတ်မပူကြပါနဲ့ပေါ့ဗျာ။
ဒီသတင်းကို တရားဝင်ထုတ်ပြန်
ရင်လဲထုတ်ပြန်ပါလိမ့်မယ်။

မထုတ်ပြန်ရင်လဲ ထင်ယောင်ထင်မှားတွေ မထင်ကြပါနဲ့လို့ပြောချင်ပါတယ်။ တပ်မတော်သည် အမျိုးသားရေးကိုဘယ်တော့မှ သစ္စာမဖောက်ခဲ့ဘူးဗျ........



No comments: