Showing posts with label UJ. Show all posts
Showing posts with label UJ. Show all posts

Saturday, September 21, 2013

ဆီဒိုးးနားဗိဒီယို လင့်ီ

ဆီဒိုးနားဗီဒီယိုလင့် Friday, September 20, 2013 စိတ်မချရဘူး ဆိုတာက ... ကလစ်လိုက်ရင် - ၁။ ကိုယ့်ကွန်ပျူတာ ထိခိုက်နိုင်တဲ့ ဗိုင်းရပ်စ် ရောက်လာနိုင်တယ် ၂။ ကိုယ့်လျှို့ဝှက်နံပါတ် ပတ်စ်ဝပ်တွေ တောင်းတယ် (ပေးလိုက်မိရင် ကိုယ့် facebook, email အကောင့် ပျောက်မယ်) စသဖြင့် စသဖြင့်သော နောက်ဆက်တွဲ အခက်အခဲတို့နဲ့ ကြုံတွေ့ဖွယ်ရှိလို့ပါပဲ။ တချို့လင့်တွေက ဘာမှန်း သဲသဲကွဲကွဲ မသိရ၊ သို့မဟုတ် မည်းမည်းသည်းသည်းပဲ မြင်ရတဲ့ ဗီဒီယိုတွေ ဖြစ်နေတယ်လို့ ဆိုသူက ဆိုပါတယ်။ ဆီဒိုးနားဗီဒီယို ဆိုတာကို မနေ့က ကျယ်ကျယ်လောင်လောင်ကြားရတာ ဒီကနေ့လည်း အသံကျယ်နေဆဲပါ။ ဘာမှန်း တိတိကျကျ မသိကြသေးပါ။ http://www.irrawaddy.org နဲ့ http://burma.irrawaddy.org ဆိုတဲ့ ဧရာဝတီပင်မစာမျက်နှာများမှာတော့ ဒီအကြောင်းကို ဖော်ပြဖို့ သတင်းထောက်တွေ ရေးသားနေကြပြီလို့ သိရပါတယ်။ မနေ့ကတည်းက ဒီဗီဒီယိုလင့် အင်တာနက်ရဲ့ ဘယ်နေရာမှာ ရှိမယ် ဆိုတာကို ထောက်လှမ်းစုံစမ်း ရှာဖွေသူတွေ အများအပြား ရှိခဲ့တာပါ။ မနေ့က ညဦးပိုင်း နေရာအနှံ့အပြား မီးထစ်ချုန်းပျက်ခဲ့ပြီးနောက်ပိုင်းမှာလည်း ဒီလင့်ကို အသည်းအသန် ရှာဖွေမှုများ ဆက်လက် ဖြစ်ထွန်းနေတယ်လို့ သိရပါတယ်။ အကောင်းဆုံးကတော့ ဒီ ဗီဒီယိုလင့် ဆိုတာကြီး စိတ်ချရတဲ့ ၀က်ဆိုက်တခုခုမှာ ပေါ်လာတာကို စောင့်ဆိုင်းတာပဲ ဖြစ်ပါလိမ့်မယ်။ ဆီဒိုးနားဗီဒီယိုလင့်ဟာ အနှေးနဲ့အမြန် လုံခြုံစိတ်ချရတဲ့ လူကြည့်များဝက်ဆိုက်တွေမှာ ပေါ်လာမယ်လို့ ယူဆရပါတယ်။ ဧရာဝတီblog