Showing posts with label ဖေ့စ်ဘွတ်ခ်. Show all posts
Showing posts with label ဖေ့စ်ဘွတ်ခ်. Show all posts

Monday, September 26, 2016

မုံရွာတွင် ဂုဏ်သိက္ခာကျဆင်းအောင် ဖေ့စ်ဘွတ်ခ်၌ ရေးသားသူများကို အရေးယူပေးရန် တိုင်ကြားမှု နှစ်မှုရှိ

 ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရေး သားသူများကို အရေးယူပေးရန် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တိုင်ကြားမှု နှစ်မှုကို အ မှုဖွင့်စစ်ဆေးနေကြောင်း မုံရွာမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။

နိုင်ငံရေး၊ လူမှုရေး၊ စီးပွား ရေး၊ အသိုက်အ၀န်းများကြား ဂုဏ်သိက္ခာကျဆင်းစေရန်၊ အသ ရေညှိုးနွမ်းစေရန် ဖေ့စ်ဘွတ်ခ် တွင် မဟုတ်မမှန်ရေးသားခဲ့သည် ဆိုကာ စက်တင်ဘာ ၂၄ ရက်က မုံရွာမြို့ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားခြင်းဖြစ်သည်။

‘‘ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့အမှုဖွင့်ထားတာ နှစ်မှု မှာ တစ်မှုက တရားခံစုံစမ်းနေဆဲ ဖြစ်ပါတယ်။ ကျန်တဲ့တစ်မှုက တရားခံအမည်ဖော်ပြထားပေ မယ့် သေချာအောင် စစ်ဆေးရဦး မယ်။ အစိုးရသစ်တက်လာပြီးတဲ့ နောက်ပိုင်း မုံရွာအနေနဲ့ ဆက် သွယ်ရေးဥပဒေနဲ့ဖွင့်တာ ပထမ ဆုံးလို့ ပြောလို့ရတယ်’’ဟု မုံရွာ မြို့ မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်း ဆွေမြင့်က ပြောသည်။

ဖေ့စ်ဘွတ်ခ်တွင် မဟုတ်မ မှန်လီဆယ်၍ သူတစ်ပါးကို ထိ ခိုက်စော်ကားကာ ဆဲဆိုရေးသား နေသည့် ‘သီတာ’ ဟူသော အ ကောင့်ပိုင်ရှင်မှာ ဦးပြည့်ဖြိုးမောင် မောင်ဖြစ်သည်ဟု မုံရွာမြို့၊ နတ်လူ ထိပ္ပန်ရပ်ကွက် Foto စားသောက်ဆိုင်ပိုင်ရှင် ဦးအောင် နေမျိုးက မဟုတ်မမှန်ရေးသားခဲ့ သည်ဆိုကာ မုံရွာမြို့ ရုံးကြီးရပ် ကွက် ဟွန်ဒါမောင်မောင်ကုမ္ပဏီ လီမိတက် စီမံခန့်ခွဲမှုဒါရိုက်တာ ဦးပြည့်ဖြိုးမောင်မောင်က အမှု ဖွင့်တိုင်ကြားခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မုံရွာမြို့ မြို့မရဲစခန်းက ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အရ အမှုဖွင့်စစ်ဆေးနေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။

ထို့ပြင် မုံရွာမြို့ ဒေါနခြံရပ် ကွက်နေ ကျူရှင်ဆရာမ ဒေါ်သီ တာအေး ‘Htet Nay’ နှင့် ‘သီတာ’ ဟူသော ဖေ့စ်ဘွတ်ခ်အကောင့် ပိုင်ရှင်သည် မဟုတ်မမှန်လီဆယ် ၍ သူတစ်ပါးကိုထိခိုက်စော်ကား ဆဲဆိုမှုများရေးသားကာ ဓာတ်ပုံ များနှင့်တွဲ၍တင်သည့်အတွက် ‘Htet Nay’နှင့်  ‘သီတာ’အကောင့် ပိုင်ရှင်များကို ဥပဒေနှင့်အညီ အ ရေးယူပေးရန် ဒေါ်သီတာက အမှု ဖွင့် တိုင်ကြားခဲ့ကြောင်း ရဲမှတ် တမ်းအရ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ မုံရွာမြို့ မြို့မရဲစခန်းက ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)အရ အမှုဖွင့်စစ်ဆေးနေခြင်းဖြစ် ကြောင်း သတင်းရရှိသည်။