Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Friday, October 7, 2016

မီးသွေးတင်ဆောင်လာသည့် တအာင်းရွာသား၏ ကား(၂)စီးအား RCSS တပ်ဖွဲ့မီးရှို့


 


၂၀၁၆ ခုနှစ် အောက်တိုဘာလ ၆ ရက်

နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီးတွင် ယနေ့ ၁၃း၀၀ နာရီအချိန်ခန့်တွင် မီးသွေးတင်ဆောင်လာသည့် တအာင်းရွာသား၏ ကား(၂)စီးအား RCSS တပ်ဖွဲ့မှ မီးရှို့ ဖျက်ဆီးခဲ့သည်။

နမ့်ခမ်းမြို့မှ မန်ဟောင် ကူးတို့ဆိပ်သို့  မီးသွေးတင်ဆောင်လာသည့်ကား ၅ စီး ဖြတ်ကျော်သွားခဲ့သည်။ ထိုကား ၅ စီးတွင် ရှမ်းလူမျိုးပိုင်သည့်ကား ၃ စီး၊ တအာင်းလူမျိုးပိုင်သည့် ကား ၂ စီးဖြစ်သည်။ အဆိုပါ ကား ၅ စီးသည် နောင်ခမ်းကျေးရွာအနီးတွင် RCSS တပ်ဖွဲ့မှ တားဆီးကာ ရှမ်းလူမျိုးကား ၃ စီးအားလွတ်ပေးပြီး  တအာင်းလူမျိုး ကား ၂ စီးကိုမူ မီးရှို့ဖျက်ဆီးခဲ့သည်။

မီးအရှို့ခံရသည့် ကား ၂ စီးသည် ဝိန်းဆာအုပ်စု၊ လွယ်လိုင်ကျေးရွာနေ တားလှကျော်၏ကား နှင့် မန်စပ်အုပ်စု၊ နမ့်စိပ်ကျေးရွာနေ မိုင်းနိုင်စံ တို့၏ကားများဖြစ်သည်။ ထိုသူနှစ်ဦးမှလည်း ကိုယ်လွတ်ရုန်းထွက်ပြေးကာ အသက်အန္တရာယ်နှင့် ကင်းဝေးခဲ့ရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

Tuesday, August 30, 2016

မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ လူဦးရေ စုစုပေါင်း ၁၆၈,၄၆၂ ရှိသည်ဟုဆို

Posted: August 30, 2016

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ လုပ်သားအင်အား စစ်တမ်း ကလေးလုပ်သားနှင့် ကျောင်းအပြီး လုပ်ငန်းခွင် ၀င်ရောက်မှု အကူးအပြောင်း ဆန်းစစ်ခြင်း စစ်တမ်း အရ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့ဦးရေမှာ စုစုပေါင်း ၁၆၈,၄၆၂ ရှိကြောင်း သိရသည်။

အဆိုပါ ၁၆၈,၄၆၂ဦးတွင် ယောကျာ်းလေး ၈၃,၁၀၀ ဦးနဲ့ မိန်းကလေး ၈၅,၃၆၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

 

ယင်းစစ်တမ်းကို ILO အကူအညီဖြင့် ပူးပေါင်းကောက်ယူခဲ့ခြင်းဖြစ်ကာ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနဲ့ပြည်နယ် အသီးသီးတို့မှ စာရင်းကောက်ကွက်ပေါင်း ၁၅၀၀ က အိမ်ထောင်စုစုပေါင်း ၂၃,၀၀၀ ကျော်တို့ကို မေးခွန်းပေါင်း ၁၆၈ ခုဖြင့် မေးမြန်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင် နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၏ အမြဲတန်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

 

ယခု ကောက်ယူထားသော စစ်တမ်းသည် ILO ၏ စံနှုန်းသတ်မှတ်ချက်အရ တစ်ပတ်လျှင်

တစ်နာရီ အလုပ်လုပ်သည့် သူများမှာလည်း အလုပ်ရှိသည့် စာရင်းထဲပါသောကြောင့် အဆိုပါ စံနှုန်းသတ်မှတ်ချက်အရ အလုပ်လက်မဲ့ဦးရေသည် ၀.၈ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။

 

စစ်တမ်းတွင် မြန်မာတစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၆.၉ ရာခိုင်နှုန်းမှာလည်း အလုပ်ရှာနေဆဲ လူဦးရေဖြစ်သောကြောင့် ၄င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ထုတ်ပေးရန် လိုအပ်နေကြောင်း သိရသည်။

 

ဝသန်

The Ladies News