Showing posts with label l. Show all posts
Showing posts with label l. Show all posts

Saturday, November 7, 2015

တကယ်ကြီးလား?ငါးပါးမှောက်ပြီ...ဒုက္ခပါပဲ...NLD ဝန်းရံသူတွေ ဘယ်လိုလုပ်ကြမလဲဗျို့

တကယ်ကြီးလား?
ငါးပါးမှောက်ပြီ...
ဒုက္ခပါပဲ...
NLD ဝန်းရံသူတွေ ဘယ်လိုလုပ်ကြမလဲဗျို့


မပြောဘူးလားဘာအခုမှမှားပါပြီလဲမဲမထည့်ရသေးဘူးနော်

အခုချိန်မှာပြင်မယ်ဆိုရင်ရသေးတယ်မိတ်ဆွေ


၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အမတ်နေရာအများစုရခဲ့လျှင်ပင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကို လက်ထပ်ထားခြင်း၊ ၄င်း၏သားများမှာ အင်္ဂလန်နိုင်ငံသား ၊ အင်္ဂလိပ်လူမျိုးများဖြစ်နေခြင်းကြောင့် သမ္မတဖြစ်ခွင့်မရှိသလို ၄င်း၏ပါတီတွင် သမ္မတရာထူးနှင့်ထိုက်တန်သူ မရှိသောကြောင့် သမ္မတလောင်းရွေးချယ်ရေး ကိစ္စမှာ မဲဆန္ဒရှင်အများ စိတ်ဝင်စားသော ကိစ္စဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သူသမ္မတဖြစ်စေ၊ သူမသာ အုပ်ချုပ်မည်ဟု ပြောခဲ့သည့်အတွက် ရုပ်သေး သမ္မတ တင်မြောက်ပြီး နောက်ကွယ်က အုပ်ချုပ်မည့်သဘောဖြစ်ကာ ထိုသို့ ရုပ်သေးသမ္မတ တင်မြှောက်ရာတွင် ဘင်္ဂါလီကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဒေါ်စုကို ဝေဖန်မှုများအား အဆုံးသတ်နိုင်ရန် အစ္စလာမ် ဘာသာဝင် ဦးကိုနီအား သမ္မတအဖြစ် တင်မြှောက်မည်ဟု သတင်းများပေါ်ထွက်နေချိန်တွင် ထိုသို့ မပြောချင်၍ မပြောချင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

Friday, September 13, 2013

ဝေဟင်ချစ်သူကို facebook အကောင့် hack လုပ်ခံရပြီထင်တယ်လို့ ပြောဆိုသံများကို ကြားသိရပါတယ်။ ဝေဟင်ချစ်သူဟာ admin တွေအများကြီးနဲ့ စာရေးနေတဲ့ copy paste လုပ်နေတဲ့ စာမျက်နှာမျိုး မဟုတ်ပါဘူး။ စတင်ကတည်းက ယနေ့အထိ ဝေဟင်ချစ်သူဆိုတာ တစ်ဦးတည်းပဲရှိပါတယ်။ မိမိဟာ လေယာဉ်ကိုချစ်မြတ်နိုးတယ် လေကြောင်းစွမ်းအားကိုအထင်ကြီးတယ် နိုင်ငံတော်နဲ့ တပ်မတော်ကို အသက်နဲ့ထပ်တူ ချစ်မြတ်နိုးပါတယ်။ ဒါကြောင့်လည်း ကိုယ့်ပတ်ဝန်းကျင်နဲ့ ကိုယ့်အသိုင်းအဝိုင်းကြားမှာ ရှိတဲ့ အသိပညာ အတတ်ပညာ ဗဟုသုတနဲ့ ကျွန်တော် ခံယူတဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို ရေးသားလေ့ရှိပါတယ်။ ကျွန်တော်ဟာ NLD နဲ့ ကြံ့ခိုင်ရေး အပါအဝင် နိုင်ငံရေးပါတီများကို အသားလွတ် နှိပ်ကွပ်တတ်တဲ့သူ မဟုတ်သလို အစိုးရလုပ်သမျှ အချို့လူကြီးတွေ လုပ်သမျှကိုလည်း မျက်စိမှိတ်ကောင်းတယ်လို့ ပြောဆို တတ်သူလည်း မဟုတ်ပါ။ ကျွန်တော် ဝေဟင်ချစ်သူ စတင်ကတည်းက ဖတ်ခဲ့တဲ့ စာဖတ်သူတွေဆိုရင် ကျွန်တော့်သဘောထားကို သိကြမှာပါ။ အမှန်တကယ် ဖြစ်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ အားနည်းချက်တွေ အားသာချက်တွေ တပ်မတော်ရဲ့ အားသာချက်တွေနဲ့ ဖြည့်ဆီးသင့်တယ်လို့ ယုံကြည့်တာလေးတွေကို အစဉ် စာရေးသားကာ ဆောင်းပါးလေးတွေအနေနဲ့ တင်ဆက်ခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်သည် တပ်မတော် ကောင်းကြောင်းရေးသည်ဖြစ်စေ ဝေဖန်သည်ဖြစ်စေ အခြားသော နိုင်ငံရေးနှင့် အစိုးရအဖွဲ့အစည်းများရဲ့ လုပ်ရပ်ကိုဝေဖန်သည်ဖြစ်စေ ဒါတွေဟာ ယနေ့ကျွန်တော်ခံယူထားတဲ့ နိုင်ငံတော်အပေါ် အမှန်တကယ် ကောင်းမွန်စေလိုတဲ့ စိတ်ခွန်အားတစ်ခုကြောင့်ဆိုတာ မလွဲဧကန်ပင်ဖြစ်ပါတယ်။ ကောင်းမွန်တာကို ချီးကျူးပြီး လိုအပ်တာကို ရဲဝံ့စွာ ထောက်ပြရဲတာမှ (ပုဂ္ဂိုလ်ရေးထိုးနှက်သော နိုင်ငံရေးမျိုး မပါဝင်ပါ နောက်ပြီး ရိုင်းစိုင်းစွာ အသားလွတ်ပုတ်ခတ်သော ဝေဖန်မှုမျိုးမပါဝင်ပါ) နိုင်ငံသားကောင်းတစ်ဦးလို့ ခံယူထားတာဖြစ်လို့ နောင်အနာဂတ်ကာလမှာလည်း မိမိသိရှိသမျှ သတင်းများနဲ့ ကိုယ်တွေ့ဖြစ်စဉ်များကို ပေါင်းစပ်သုံးသပ်ကာ အချက်အလက်ကျကျ ရေးသားဦးမှာဖြစ်ပါတယ်။ ဝေဟင်ချစ်သူ www.facebook.com/theuseofforce