Saturday, November 7, 2015

တကယ်ကြီးလား?ငါးပါးမှောက်ပြီ...ဒုက္ခပါပဲ...NLD ဝန်းရံသူတွေ ဘယ်လိုလုပ်ကြမလဲဗျို့

တကယ်ကြီးလား?
ငါးပါးမှောက်ပြီ...
ဒုက္ခပါပဲ...
NLD ဝန်းရံသူတွေ ဘယ်လိုလုပ်ကြမလဲဗျို့


မပြောဘူးလားဘာအခုမှမှားပါပြီလဲမဲမထည့်ရသေးဘူးနော်

အခုချိန်မှာပြင်မယ်ဆိုရင်ရသေးတယ်မိတ်ဆွေ


၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အမတ်နေရာအများစုရခဲ့လျှင်ပင် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသားကို လက်ထပ်ထားခြင်း၊ ၄င်း၏သားများမှာ အင်္ဂလန်နိုင်ငံသား ၊ အင်္ဂလိပ်လူမျိုးများဖြစ်နေခြင်းကြောင့် သမ္မတဖြစ်ခွင့်မရှိသလို ၄င်း၏ပါတီတွင် သမ္မတရာထူးနှင့်ထိုက်တန်သူ မရှိသောကြောင့် သမ္မတလောင်းရွေးချယ်ရေး ကိစ္စမှာ မဲဆန္ဒရှင်အများ စိတ်ဝင်စားသော ကိစ္စဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သူသမ္မတဖြစ်စေ၊ သူမသာ အုပ်ချုပ်မည်ဟု ပြောခဲ့သည့်အတွက် ရုပ်သေး သမ္မတ တင်မြောက်ပြီး နောက်ကွယ်က အုပ်ချုပ်မည့်သဘောဖြစ်ကာ ထိုသို့ ရုပ်သေးသမ္မတ တင်မြှောက်ရာတွင် ဘင်္ဂါလီကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာက ဒေါ်စုကို ဝေဖန်မှုများအား အဆုံးသတ်နိုင်ရန် အစ္စလာမ် ဘာသာဝင် ဦးကိုနီအား သမ္မတအဖြစ် တင်မြှောက်မည်ဟု သတင်းများပေါ်ထွက်နေချိန်တွင် ထိုသို့ မပြောချင်၍ မပြောချင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments: