ညီမလေးအတွက်စကားလက်ဆောင်
===========================
(သင်အိမ်ထောင်မပြုရသေးတဲ့ အပျိုတစ်ယောက်ဆို ဖတ်သင့်ပါတယ်)
ညီမလေးရေ....
လူရယ်လို့ ဖြစ်လာမှတော့ လူ့သဘာဝအတိုင်း
အိမ်ထောင်ပြုတာပာာ အဆန်းမပာုတ်ပါဘူး။ ညီမလေးလည်း တစ်နေ့ အိမ်ထောင်ပြုမှာပဲ လေ။ ဒါပေမယ့် အိမ်ထောင်ပြုခြင်းရဲ့ နောက်ကွယ်က ဖြစ်ပေါ်လာမယ့် ကောင်းကျိုး ဆိုးကျိုးတွေကတော့ ဆန်းတယ်ညီမလေး။
ကောင်းကျိုးတွေရှိလာဖို့က အိမ်ထောင်ဘက်
ကောင်းကို ရွေးချယ်တတ်ဖို့ပဲ အရေးကြီးတယ်
ညီမလေး။ ဥစ္စာပေါ ရုပ်ချောရုံနဲ့ အိမ်ထောင်
ဘက်ကောင်း မပာုတ်သေးဘူး ညီမလေး။ အဲ့ဒီလူက ကိုယ်ကျင့်တရားကောင်းဖို့လည်း လိုသေးတယ်။ အားလုံးပြည့်စုံတဲ့ ယောက်ျား ကတော့ ဘယ်ရှိနိုင်ပါ့မလဲလေ။ အရေးကြီးတဲ့
အချက်ကလေးတွေရှိနေရင် လုံလောက် ပါတယ်။
ဥစ္စာပေါပြီး အလုပ်ပျင်းတဲ့ယောက်ျားကို မရွေးချယ်အပ်ဘူး။ ရှိတဲ့ဥစ္စာ ကုန်သွားရင် အလုပ်ကလည်း မယ်မယ်ရရ မလုပ်တတ်
လေတော့ ညီမလေးပဲဒုက္ခရောက်ရမှာ။ ပိုဆိုး
တာက ဥစ္စာမရှိဘဲ ပျင်းနေတဲ့လူဆို ဝေးဝေးကသာရှောင်ပေတော့။
ရုပ်ချောပေမယ့် ကိုယ်ကျင့်တရားမကောင်းရင်
မရွေးချယ်အပ်ဘူး ညီမလေး။ သူ့ကိုသာ ရွေးမယ်ဆိုရင် ညီမလေးပာာ မဆိုစကောင်း
တစ်ခုလပ်ဖြစ်သွားနိုင်တယ်။ ရုပ်ကဆိုး။ အကျင့်က မကောင်းရင်တော့ ဆိုဖွယ်ရာတောင် မရှိတော့ဘူး။
ရှေးလူကြီးတွေက သူချစ်ကိုရှာခိုင်းတယ်။ ဒါပာာ လုံးဝမကောင်းဘူးညီမလေး။ အချစ်မပါ
တဲ့အိမ်ထောင်ရေးပာာ ဆားမပါတဲ့ပာင်းလိုပဲ။
အရသာမရှိဘူး။ နှစ်ယောက်စလုံးက တကယ်ချစ်နေရင် ကောင်းတာပေါ့။
နောက်တစ်ခုက ကိုယ့်အပေါ် အနစ်နာခံတတ်
တဲ့ ယောက်ျားကို ရွေချယ်သင့်တယ်။သူကအနစ်နာခံပေမယ့် ကိုယ်က ဆိုးနေရင်တော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ။
ရှေးလူကြီးတွေကတော့ မျိုးရိုးကို ဦးစားပေးတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့
ကိုယ်ကျင့်တရားပာာ မျိုးရိုးနဲ့ မဆိုင်ပါဘူး။
လုံးဝမဆိုင်တာတော့မပာုတ်ပါဘူး။ မျိုးရိုးက
အိမ်ထောင်ဘက်အတွက် အရေးမကြီးတာကို
ဆိုလိုတာပါ။
ဘုရားလောင်း မာဒင်္ဂပာာ သူတောင်းစားမို့
ကိုယ်ကျင့်တရားမကောင်းဘူးလို့ သတ်မှတ်
လို့ မရဘူးလေ။ မျိုးရိုးနိမ့်လည်း ရွေးချယ်သင့်
တဲ့လူတွေ ရှိနေတတ်ပါတယ်။
အလုပ်လည်း ကြိုးစားမယ်။ ကိုယ်ကျင့်တရား
လည်းကောင်းတယ်။ နှစ်ယောက်လုံးက မေတ္တာရှိတယ်။အရည်အချင်းလည်း ပြည့်ဝမယ်ဆိုရင် အဲ့ဒီလူပာာ ညီမလေး မပြောနဲ့။ ရှေးတုန်းက ဘုရင့်သမီးနဲ့တောင်
ထိုက်တန်တယ်။
ချစ်သူကို လေ့လာပါ။သုံးသပ်ပါ။အကဲဖြတ်ပြီး
အမှတ်ပေးကြည့်ပါ။ ဒီလောက်ဆို ညီမလေး သဘောပေါက်ရောပေါ့ ။နောက်မှ ဆက်ပြောပါ့မယ်။
( ပန်းမူံလေး ) ဖတ်ပါ
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, November 16, 2015
ညီမလေးအတွက်စကားလက်ဆောင် =========================== (သင်အိမ်ထောင်မပြုရသေးတဲ့ အပျိုတစ်ယောက်ဆို ဖတ်သင့်ပါတယ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment